• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီက တရားစွဲထားသည့် အနုပညာရှင်များ၏ အမှုအခြေအနေ

by ဧရာဝတီ
27 May 2021
in သတင်း
A A
စစ်ကောင်စီက တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေကြရသည့် အနုပညာရှင်များ

စစ်ကောင်စီက တရားစွဲထားသဖြင့် အမှုရင်ဆိုင်နေကြရသည့် အနုပညာရှင်များ

68.7k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်တို့ ၃ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးထားသော အမှုအား သက်ဆိုင်ရာ ရဲစခန်းမှ တရားရုံးသို့ ယနေ့တွင် အမှု စွဲတင်ခဲ့ကြောင်း သိရသည်။

ပိုင်တံခွန်၏ ရှေ့နေဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဒီနေ့ ရုံးတင် တရားစွဲတာပါ။ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင်အမှုက သက်ဆိုင်ရာ ရဲစခန်းကနေ ဒီနေ့မှ အမှုကို စွဲတင် တာပေါ့” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

ထို့ပြင် ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်၏ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှ စတင်ကာ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည်ဟု မေလ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် မှုခင်း စီမံ ခန့်ခွဲမှုအပြီး အစည်းအဝေး၌ ဆုံးဖြစ်ခဲ့ကြကြောင်း ပြောသည်။

ဦးခင်မောင်မြင့်က “တဖက်က စစ်ဆေးမယ့် ဥပဒေအရာရှိရယ် တရားသူကြီးရယ် ကျနော်တို့ရယ်ပေါ့။ အဲဒီတော့ ကျနော်တို့ က အဲဒီအမှုကို ရိုးရှင်းတဲ့အမှုလို့ သတ်မှတ်ပြီးတော့ တရားရုံးစွဲတင်တဲ့နေ့ မေလ ၄ ရက်ကနေ ရက်ပိုင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ဖြစ်ပါတယ်။ လာမယ့် ဇွန်လ ၉ ရက်မှာ တရားလို ဒုရဲမှူး မျိုးမြင့်အောင်ကို စစ်မှာ ဖြစ်ပါတယ်။ ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံးမှာပဲ စစ်မှာပါ” ဟု ပြောသည်။

ထို့ပြင် ဥပဒေပုဒ်မ၂ ခုဖြင့် တရားစွဲဆို ဖမ်းဆီးခြင်း ခံထားရသည့် သရုပ်ဆောင် ရဲတိုက်အမှုကိုမူ လသာမြို့နယ် တရားရုံးနှင့် မရမ်းကုန်းမြို့နယ် တရားရုံးတို့တွင် ဇွန်လ ၁ ရက်နှင့် ဇွန်လ ၃ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် အနုပညာရှင်များသည် သီးသန့် အကျဉ်းထောင်များတွင် ကျန်းမာစွာ ရှိနေကြပြီး သတင်းမှားများ မတင်ကြရန် ၎င်းတို့၏ ရှေ့နေက ပြောသည်။

“တချို့ Facebook မှာလည်း မမှန်မကန် ကောလဟလတွေ တင်နေကြတာ ရှိပါတယ်။ တရားရုံးမှာတော့ ကျနော်တို့နဲ့ တပတ်တကြိမ် နှစ်ပတ်တကြိမ် တရားရုံးရဲ့ချိန်းဆိုမှုပေါ် မူတည်ပြီးတော့ တွေ့နေရတာပဲ။ အွန်လိုင်းပေါ်မှာ ပြောနေကြ တာတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အားလုံးက ကိုယ်ရောစိတ်ရော ကျန်းကျန်းမာ မာပါပဲ။ အားလုံး ကျန်းမာမှုရှိပါတယ်။ ဆိုး ဆိုးရွားရွားအခြေအနေ တခုမှ မဟုတ်ပါဘူး” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

စစ်ကောင်စီမှ ဧပြီလ ၃ ရက်တွင် သရုပ်ဆောင် ရဲတိုက်အား ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် ဖမ်းဆီးခဲ့ပြီး ဧပြီလ ၈ ရက်တွင် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်အား နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကို သတင်းပေးသူတဦးကြောင့် ဧပြီလ ၉ ရက်တွင် ၎င်းတို့ နေအိမ်၌ပင် ဖမ်းဆီးခံခဲ့ ရပြီး မေတိုးခိုင်ကိုလည်း ဧပြီ ၁၄ ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

You may also like these stories:

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ပိုင်တံခွန် ကျန်းမာရေး ဆိုးရွားနေ

ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ

မိုက်ကယ်ကျော်မြင့်နှင့် ဒေါ်မိုးမိုးခိုင်တို့၏ အမှုများ စစ်ကောင်စီက ရုပ်သိမ်းပေး

Your Thoughts …
Tags: ၅၀၅ (က)ပိုင်တံခွန်ပြေတီဦးအိန္ဒြာကျော်ဇင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

by ဧရာဝတီ
27 January 2025
1.6k

လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

ပြည်ပရောက်နေလည်း ရုပ်ရှင်တွေနဲ့ လွတ်မြောက်ရေး တိုက်ပွဲကို ဆက်ပံ့ပိုးနေ

by Scott Roxborough
16 September 2024
1.5k

မြန်မာရုပ်ရှင်သမားများဖြစ်သည့် ဒါရိုက်တာ ဏကြီးနှင့် ပိုင်ဖြိုးသုတို့သည် နိုင်ငံလွတ်မြောက်ရေး အတွက် လွန်ခဲ့သော သုံးနှစ်အတွင်း ပြည်ပမှ ဆက်လက် တိုက်ပွဲဝင်နေသည်။

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

by ဧရာဝတီ
30 June 2023
21.1k

စစ်ကောင်စီသည် ဧရာဝတီ သတင်းဌာနကို တရားစွဲဆိုပြီး ပထမဆုံးအကြိမ် ဖြိုခွဲရန် ကြိုးစားပြီးနောက် တနှစ်ခွဲအကြာတွင် သူ့ကိုဖမ်းဆီးခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်းကြေညာထားသည့် အနုပညာရှင်များ

နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းဖြင့် တော်လှန်စိတ်ကို ရပ်၍မရ

by ဧရာဝတီ
14 April 2022
21k

စစ်အစိုးရရှိနေစဉ် ကာလမှာတော့ နိုင်ငံသားဖြစ်လည်း ကျနော်တို့လို ပြည်ပရောက်နေသူတွေက ပြည်တွင်း ပြန်ဝင်လာလို့ မရတာကြောင့် ဘာမှ မထူးခြားပါဘူး။ သဘောကတော့ ဖမ်းမမိတဲ့သူတွေ၊ အဝေးရောက်သွားတဲ့သူတွေကို၊ သူတို့ကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေတဲ့သူတွေကို မစားရတဲ့အမဲ သဲနဲ့ပက်တာပေါ့ဗျာ။ မြန်မာပြည်မှာ နိုင်ငံသားမှတ်ပုံတင်ကြီး...

Next Post
မတ်လအတွင်း ရန်ကုန်မြို့ တနေရာတွင် ကားတာယာမီးခိုးများကြား စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတဦးကို မြင်ရစဉ် / ဧရာဝတီ

လုပ်ကြံသတ်ဖြတ်သူတဦးနှင့် တွေ့ဆုံခြင်း

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်သည် PDF တပ်ဖွဲ့ဝင်များ  / CJ

ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved