• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သမ္မတအပေါ် အဂတိဖြင့် တရားစွဲမှု ဥပဒေလုပ်ထုံးနှင့် မညီ၍ ကန့်ကွက်ချက် ပယ်ချခံရ

by ဧရာဝတီ
18 February 2022
in သတင်း
A A
၂၀၁၈ ခုနှစ်က တွေ့ရသည့် သမ္မတဦးဝင်းမြင့်  / ဧရာဝတီ

၂၀၁၈ ခုနှစ်က တွေ့ရသည့် သမ္မတဦးဝင်းမြင့် / ဧရာဝတီ

19.2k
VIEWS
Share on FacebookShare on Twitter

သမ္မတ ဦးဝင်းမြင့်အား အဂတိမှုဖြင့် တရားစွဲမှုတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသဖြင့် ကန့်ကွက်ချက် အပေါ် အထူးတရားရုံးက ပယ်ချခဲ့ပြီး တရားလို တင်ပြသည့် သက်သေခံများအား လက်ခံလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။

ယနေ့ နေပြည်တော် အထူးသီးသန့်တရားရုံးတွင် သမ္မတဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ် ရေး ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှုများနှင့် ပတ်သက်၍ အဂတိမှုဖြင့် တရားစွဲဆိုမှုတွင် သက်သေခံတင်ပြမှုများ အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဥပဒေတို့အရ စွဲဆိုခွင့်မရှိကြောင်းနှင့် ဥပဒေလုပ်ထုံး လုပ်နည်းများအရလည်း ညီညွတ်မှုမရှိကြောင်း တင်ပြကာ ရှေ့ နေအဖွဲ့က ကန့်ကွက်မှုများပြု လုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တရားရုံးနှင့် နီးစပ်သူတဦးက “ တရားရုံးကတော့ ကျယ်ကျယ်ပြန့်ပြန့် အများကြီးမသုံးသပ်တော့ဘူး ၊ သက်သေခံကို လက်ခံလိုက်တယ်၊ အမှုကိုဆက်စစ်တယ်၊ ဒီနေ့မှာလည်း သက်သေခံ ထပ်ပြီးတင်ပြတာတွေကိုလည်း သမ္မတရဲ့ ရှေ့နေအဖွဲ့က ထပ်ပြီးကန့်ကွက်ခဲ့တယ်”ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် သဘာဝဘေး အန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေး ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူသည့်ကိစ္စနှင့်ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့လည်း အဂတိမှုများဖြင့် တရားစွဲထားသည်။

ရဟတ်ယာဉ်ငှားရမ်းသုံးစွဲရာတွင် အချိန်ပြည့်အသုံးမချခဲ့ခြင်းအတွက် အဂတိမှု ၃ မှု၊ ဝယ်ယူရာတွင် ပြင်ဆင်စရိတ် များ ကြိုတင်ပေးသွင်းထားနှင့် နိုင်ငံတော်ငွေကြေးနစ်နာမှုများရှိသည်ဟုဆိုကာ အဂတိမှု ၂ မှု၊ စုစုပေါင်း အဂတိမှု ၅ မှုဖြင့် ၎င်းတို့သုံး ဦးစလုံးအား စွဲဆိုထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အနေဖြင့် စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင် ခံထားရခြင်း ဖြစ်သော်လည်း ဒေါက်တာဝင်းမြတ်အေးမှာ လွတ်မြောက်ခဲ့ပြီး လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် လျှက်ရှိသည်။

၎င်းတို့အပေါ် ယခုကဲ့သို့ အဂတိမှုဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ယနေ့ရုံးချိန်းတွင် တရားလို ဦးအောင်ခန့် (စစ်ကောင်စီ၏ သြဇာခံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး) အား စစ်ဆေးခဲ့ပြီး ဖေဖါ်ဝါရီ ၂၅ ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုခဲ့ကြောင်းသိရသည်။

ယင်းအပြင် ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လက်ခံရယူခဲ့သည်ဟုစွပ်စွဲကာ အဂတိမှုဖြင့် တရားစွဲဆိုထားမှုအား စွဲချက်တင်သင့်/ မတင်သင့်ဆုံးဖြတ်ရန် တရားလို ဘက်က ဥပဒေအရာရှိမှ လျှောက်လဲချက်ပေးခဲ့ပြီး နောက်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်းသိရသည်။

You may also like these stories :

တရားခွင်မှာ သမ္မတ ဦးဝင်းမြင့် ဘာတွေ ထွက်ဆိုခဲ့လဲ

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
91

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲခံရ

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ရဟတ်ယာဉ်သမ္မတဦးဝင်းမြင့်အဂတိ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

ရွှေဗျိုင်းဖြူ ဦးသိန်းဝင်းဇော်အပါအဝင် လုပ်ငန်းရှင်တချို့ကို တရားစွဲရန် စီစဉ်နေ

by ဧရာဝတီ
17 October 2023
23.4k

လတ်တလော ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် စက်သုံးဆီလုပ်ငန်းရှင်များ နှင့် အမေရိကန်ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်သူ အများအပြားပါဝင်နေသောကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်း ထားမှုများအတွက် ငွေပေးချေမှုများ နောက်ကျမည်ကို စိုးရိမ်လျက်ရှိကြကြောင်း

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
မိုးဗြဲတိုက်ပွဲမြင်ကွင်း  / Loikaw PDF

တိုက်ပွဲပြင်းထန်ခဲ့သည့် မိုးဗြဲနှင့် ခင်ဦးတွင် PDF ၃၀ ဝန်းကျင် ကျဆုံး

PLA တပ်ဖွဲ့ဝင်များ  / The Sangai Express

စစ်ကောင်စီက PDF ကို တိုက်ရာတွင် ကသည်းသူပုန်များသုံးနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved