အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချထားသည့် နိုင်ငံရေး အကျဉ်းသားများအား အင်းစိန်ထောင်အတွင်း နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ပြီး သီးခြားနေရာတခုတွင် စုစည်းထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
ပြီးခဲ့သည့်ရက်အတွင်း သေဒဏ်ချထားသည့် ဒီမိုကရေစီလိုလားသူ နိုင်ငံရေး အကျဉ်းသားများဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား စစ်ကောင်စီက တိတ်တဆိတ် ကွပ်မျက် သတ်ဖြတ်ခဲ့ ပြီးနောက် ကျန်ရှိသည့် သေဒဏ်ချမှတ်ခံထားသည့် နိုင်ငံရေး အကျဉ်းသားများအား သီးခြားနေရာတွင် စုစည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
“အရင်ကဆို တခြား ပြစ်ဒဏ်ကျတဲ့ အကျဉ်းသားတွေနဲ့ ပေါင်းထားတယ်။ တသက်တကျွန်း ကျတဲ့သူတွေနဲ့ အတူ ထား တာတွေ ရှိတယ်။ အဲဒီလူတွေကို တခန်းထဲမှာ သီးသန့် စထားပြီပေါ့။ ကိုဂျင်မီတို့လို အစဖျောက်ခံရမှာ စိုးရိမ်ရတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် သက်ဆိုင်သူ ကာယကံရှင်များအား ကြိုတင် အသိပေးခြင်းမရှိဘဲ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား ဇူလိုင်၂၂ ရက်နေ့ (သောကြာနေ့) က မိသားစုဝင်များနှင့် ဗီဒီယို ကွန်ဖရန်းဇင်းက တဆင့် မိနစ် ၂၀ ကြာ ပေးတွေ့ပြီးနောက် တိတ်တဆိတ်သတ်ဖြတ်ကာ အစ ဖျောက်ခဲ့သည်။
ယင်းအတွက် မိသားစုဝင်များ အနေဖြင့် စစ်ကောင်စီက သတ်ဖြတ်လိုက်ပြီဆိုသည့် အတည်ပြုချက်သာ သိရှိရပြီး ကျန်ရစ် သည့် ရုပ်အလောင်းအား မြင်တွေ့ခွင့်၊ ပြန်လည် ရယူခွင့်မရကြသလို မည်သည့်နေ့ရက်၊ အချိန်တွင် ကွပ်မျက်ခဲ့သည်ကို ပင် မသိရှိရပေ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ ဇူလိုင် ၂၅ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း ပြီးနောက် စစ်ကောင်စီ လက်အောက်တွင် အသက်မပြည့်သေးသည့် ကလေးနှစ်ဦး အပါအဝင် ၇၂ ဦး သေဒဏ်ချခံထား ရပြီး မျက်ကွယ် သေဒဏ်အနေဖြင့်လည်း ၄၁ ဦး ချမှတ် ခံထားရသည်။
ယင်းသို့ သေဒဏ် ချမှတ်ခံထားရသူများအနက် ၄၁ ဦးမှာ အင်းစိန်ထောင်အတွင်း၌ ချုပ်နှောင်ခံထားရကြောင်းလည်း သိရ သည်။
You may also like these stories:
စစ်ကောင်စီ ကွပ်မျက်ခြင်းခံလိုက်ရသူ ၄ ဦးထဲက လူသိနည်းသူ ၂ ဦး
ပြည်သူနှင့် နိုင်ငံတော်ကြား တရားမျှတရေးအတွက် ကွပ်မျက်ခြင်းဖြစ်ဟု စစ်ကောင်စီပြော
ကြိုးပေးကွက်မျက်သောကြောင့် စစ်ကောင်စီကို ကမ္ဘာက ရှုတ်ချ