• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောင်းသားများကို ကွပ်မျက်မည်ဆိုသည့် သတင်းကြောင့် မိသားစုဝင်များ စိုးရိမ်

by ဧရာဝတီ
5 December 2022
in သတင်း
A A
သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ  / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္

သေဒဏ် ချမှတ်ခြင်းခံရသော ဒဂုံတက္ကသိုလ် ကျောင်းသားများ / ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္

3.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ကမာ္ဘ့ရတနာဘဏ်မန်နေဂျာ အသတ်ခံရမှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံရသော ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ဦးအား ဒီဇင်ဘာ ၇ရက်တွင် ကွပ်မျက်မည်ဟု သတင်းများထွက်ပေါ်လာသောကြောင့် မိသားစုဝင်များက စိုးရိမ်သောကရောက်နေသည်။

သေဒဏ်ချမှတ်ခံခဲ့ရသူများမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး ၊ ကိုခန့်လင်းမောင်မောင် တို့ဖြစ်ပြီး ၎င်းတို့သည် ဒဂုံတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် ကျောင်း တက်နေဆဲ အသက် ၂၄ မှ ၁၈ နှစ်အတွင်း လူငယ်များဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

သေဒဏ်ချမှတ်ခံထားရသူတဦး၏ မိသားစုဝင်တဦးက “အမေက အငိုသမားဆိုတော့ ယူကျုံးမရပေါ့။ တယောက်နဲ့ တယောက် နှစ်သိမ့်ပေးနေရတယ်။ စစသိချင်းတုန်းကဆို မစားနိုင်မသောက်နိုင်နဲ့ လက်မခံနိုင်ကြဘူး။ ဒီလိုမျိုး ပြစ်ဒဏ်ချလိုက်တာကို လက်မခံနိုင်ကြဘူး။ လိုက်လုပ်ပေးနေကြတာပဲ။ နောက်ဆုံး သေဒဏ်ကနေ တသက်တကျွန်း လောက် ဖြစ်သွားပါစေဆိုပြီး ဆုတောင်းရတာပေါ့။ သတင်းကတော့ အတိအကျမသိရသေးဘူး။ မဖြစ်ပါစေနဲ့ ဆုတောင်း နေရတယ်” ဟု ပြောသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတဦးကလည်း ထွက်ပေါ်နေသည့် သတင်းများကို အတည်ပြု၍ မရ သေးသော်လည်း စိုးရိမ်မှုများ လူတိုင်းတွင် ရှိနေကြောင်း ပြောသည်။

သေဒဏ်ချခံရသူ ကျောင်းသားတဦး၏ နောက်ထပ်မိသားစုဝင်တဦးကလည်း “သေဒဏ်ချလိုက်တာကို နောက်နေ့မနက်မှာ မှ သတင်းတွေမှာ တွေ့လိုက်တော့မှ သိလိုက်ရတယ်။ မျိုးဆက်ထဲမှာမှ တူအကြီးဆုံးပဲ။ သိလိုက်ရတော့ ပြောမပြတတ် အောင်ပဲ စိုးရိမ်တာပေါ့။ လုပ်လို့ရသလောက် ရှေ့နေနဲ့ အယူခံဝင်လို့ရမယ့် ကိစ္စတွေလိုက်ဖို့တော့ ရှိတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်၏ သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမိသားစုဝင်များက အယူခံဝင်ရန် ရှေ့နေများနှင့် တိုင်ပင်လျက်ရှိကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေတဦးက အယူခံတက်နိုင်ရန် အဆင့် ၂ခုရှိကြောင်း ၊အယူခံများကို ကြားနာရန် သီးခြားဖွဲ့စည်း ထားသည့် စစ်ခုံရုံးအယူခံအဖွဲ့တွင် အယူခံတက်ရပြီး အယူခံပယ်ချခံရပါက လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ထံ အသနားခံစာတင်ရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ပြစ်ဒဏ်လျှော့ပေါ့ကာ သေဒဏ်မှ တသက်တကျွန်းဒဏ် ပြောင်းလဲခြင်း မျိုးရှိခဲ့ကြောင်း ရှင်းပြသည်။

၎င်းတို့အနေဖြင့် သေဒဏ်ချမှတ်ခံခဲ့ရသည့်အပြင် ကျန်အမှု ၃ မှုအတွက်လည်း ဆက်လက်တရားရင်ဆိုင်ရန် ရှိပြီး သေဒဏ်ချမှတ်ခဲ့သူများမှာ ၎င်းတို့အပါအဝင် ၁၂ ဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က ကမာ္ဘ့ရတနာဘဏ်အား ဓားပြတိုက်ရန် ရောက်လာပြီး မန်နေဂျာဦးစောမိုးဝင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည်ဆိုကာ အဆိုပါ လူငယ် ၇ဦးကို ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကမာ္ဘ့ရတနာဘဏ်သည် ယခင်က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ပြောင်းလဲထားခြင်းဖြစ်ပြီး သေဆုံးသူ မန်နေဂျာ ဦးစောမိုးဝင်းမှာ ဒုဗိုလ်မှူကြီး ဟောင်း တဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာတွင် ရှိသည်ကို မသိရဘဲ အဆက်အသွယ် ပြတ်နေရာ ယခုအခါ အင်းစိန်ထောင်တွင်း အကျဉ်းကျနေပြီး လူသတ်မှု ပုဒ်မ ၃၀၂ (၁) (က)ဖြင့် သေဒဏ်ချမှတ် ခံခဲ့ရ ခြင်းဖြစ်သည်။

မိသားစုဝင်များအနေဖြင့် ၎င်းတို့အား ၁လလျှင် ၂ကြိမ် ထောင်ဝင်စာပို့ခွင့်ရခဲ့ပြီး ထောင်တွင်းအဆင်ပြေသည့် အကြောင်းသာ ပြန်လည်ကြားသိရကြောင်း၊ စစ်ခုံရုံးမှ တရားစီရင်ခဲ့ပြီး ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းကို သတင်းများတွင် ဖော်ပြမှသာလျှင် သိခဲ့ရကြောင်း မိသားစုဝင်များက ဆိုသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည် ကြောင်း ပြသသည့်အနေဖြင့် လက်ဖဝါးပေါ်တွင် Stop Executing our students ၊ Stop Executing our friends ဆိုသည့် စာသားဖြစ်စေ သေဒဏ်ချမှတ်ခံထားရသည့် ကျောင်းသားတဦးဦး၏ အမည်ကိုဖြစ်စေရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေသည့် ကမ်ပိန်းတခုကို ပြုလုပ်လျက်ရှိသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Turk က စစ်တပ်အနေဖြင့် သေဒဏ်ကို နိုင်ငံရေးလက်နက်သဖွယ် အသုံးချနေပြီး စစ်ကောင်စီ၏ စစ်ခုံရုံးများမှ လူ ၁၃၉ ဦး ထက်မနည်းကို သေဒဏ်ချမှတ်ထားကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့ သည်။

“စစ်တပ်က အတိုက်အခံကို ချေမှုန်းဖို့ သေဒဏ်ကို နိုင်ငံရေးကရိယာအဖြစ် အသုံးပြုခြင်းအားဖြင့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ စစ်တပ်က ဖန်တီးထားတဲ့ လူ့အခွင့်အရေးအကျပ်အတည်းက မြန်မာ လွတ်မြောက်စေဖို့ နိုင်ငံတကာ ဆွေးနွေးပွဲအတွက် အားထုတ်မှုတွေကို မထေမဲ့မြင်လုပ်ကြောင်း အတည်ပြုလိုက်တာ ဖြစ်တယ်”ဟု သူက ပြောသည်။

စစ်ကောင်စီသည် လွတ်လပ်မှုနှင့် တရားမျှတမှုကို အာမခံချက်ပေးသည့် အဓိကကျသော တရားစီရင်ရေးကို ဆန့်ကျင်ကာ လျှို့ဝှက် တရားရုံးများတွင် တရားစွဲမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၈ ဦးထိရှိပြီး ဖမ်းဆီးခံထားရ သည့် ကျောင်းသားဦးရေ ၄၀ ဦးခန့်ရှိကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

You may also like these stories:

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ဦး သေဒဏ်ချမှတ်ခံရ

အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား

သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်

Your Thoughts …
Tags: စစ်ခုံရုံးဒဂုံတက္ကသိုလ်ကျောင်းသားသေဒဏ်အယူခံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.6k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

by အေးချမ်းဆု
28 May 2024
11.1k

စစ်ရေးအရ ရှုံးနိမ့်မှု အကျိုးဆက်အဖြစ် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ မြို့ပေါင်း ၆၀ ကျော်ခန့် လက်လွှတ်ခဲ့ရပြီဖြစ်၏။

လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို

လက်နက်ချ ဗိုလ်မှူးချုပ်များကို အရေးယူမှုက အာဏာဖီဆန်မှုများ ဖြစ်လာနိုင်ဟုဆို

by ဧရာဝတီ
23 January 2024
10.7k

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် လက်နက်ချအညံ့ခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးအနက် ၃ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပြီး ကျန် ၃ ဦးအား ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂

by အေးချမ်းဆု
30 May 2024
9.9k

အခြေအနေအား ကုစားနိုင်ရန် စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး တပ်သားသစ် စုဆောင်းရေးကို အတင်းအဓမ္မ ပြုလုပ်နေသည်ကို တွေ့ရသည်။

တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ

တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ

by စွယ်တော်
30 May 2024
7.3k

တပ်အားလုံးအား တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ်လိုက်သည့်အတွက် ခွင့်မဲ့ပျက်ကွက်ဖြစ်သည့် မည်သည့် စစ်သားမဆို ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် သေဒဏ်အထိ ချမှတ်နိုင်တော့မည်ဖြစ်သည်။

Next Post
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း မီးရှို့ခံထားရသော ကျေးရွာများ / Tigyaing Revolution-TR

ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး

၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်က အနိုင်ရစဉ်တွေ့ရသော အမ်ဘတ်ပေ

ပြင်သစ်-အင်္ဂလန် ပွဲကြီးပွဲကောင်းနဲ့ ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved