• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ

by ဧရာဝတီ
13 March 2023
in သတင်း
A A
၂၀၂၁ ခုနှစ်က ဘန်ကောက်ရှိ ကုန်စည်ပြပွဲတခုတွင် ဆေးခြောက်ရွက်ပါဝင်သည့် လက်ဖက်ရည်ကို မိတ်ဆက်ရောင်းချစဉ် / AFP

၂၀၂၁ ခုနှစ်က ဘန်ကောက်ရှိ ကုန်စည်ပြပွဲတခုတွင် ဆေးခြောက်ရွက်ပါဝင်သည့် လက်ဖက်ရည်ကို မိတ်ဆက်ရောင်းချစဉ် / AFP

4.3k
VIEWS
Share on FacebookShare on Twitter

အဓိကကျသည့် ဆေးခြောက်ဥပဒေ မရေမရာဖြစ်နေချိန်တွင် ထိုင်းနိုင်ငံသည် ရွေးကောက်ပွဲရာသီအတွင်း ဝင်ရောက်လာပြီ ဖြစ်သောကြောင့် လွန်ခဲ့သောနှစ်က ဆေးခြောက်နှင့် ပတ်သက်သည်များကို ရာဇဝတ်မှုစာရင်းမှ ရုတ်တရက် ပယ်ဖျက်ခဲ့ခြင်းသည် ဆေးခြောက်ထုတ်ကုန်များ ရောင်းချခြင်းနှင့် သုံးစွဲခြင်း ထွန်းကားနေချိန်တွင် မဲဆွယ်ပွဲအကြောင်းအရာတခု ဖြစ်လာမည်ဖြစ်သည်။

ထိုင်းပါလီမန်သည် မေလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု မျှော်လင့်ရသည့် ရွေးကောက်ပွဲမတိုင်မီ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဆေးခြောက်ဥပဒေ မူကြမ်းဆိုင်ရာ နောက်ဆုံးအစည်းအဝေး ကျင်းပခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိခဲ့သောကြောင့် နိုင်ငံတွင် ဆေးခြောက်အသုံးပြုခြင်းကို စည်းကမ်းထိန်းကြောင်းမည့် လွှမ်းခြုံသောဥပဒေ မရှိဖြစ်နေသည်။

ထိုင်းနိုင်ငံသည် လွန်ခဲ့သောနှစ်တွင် ဆေးခြောက်နှင့် ပတ်သက်သည့် ကိစ္စများကို ရာဇဝတ်မှုစာရင်းမှ ပယ်ဖျက်ခဲ့သည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာသော်လည်း ထိုသို့လုပ်ပြီး တပတ်အတွင်းမှာပင် ကလေးငယ်များ ဆေးခြောက်သုံးစွဲခြင်း အပါအဝင် အတားအဆီးမရှိ အသုံးပြုနိုင်မှုများကို ထိန်းချုပ်ရန် နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်း အများအပြားကို ကမန်းကတန်းထုတ်ပြန်ရသည်။

ဆေးခြောက်ကို ရာဇဝတ်မှုစာရင်းမှ ပယ်ဖျက်ခဲ့ပြီးချိန်မှစတင်ပြီး ဆေးခြောက်ဆိုင်နှင့် ဆေးခြောက်လုပ်ငန်း ထောင်ပေါင်းများစွာ ဘန်ကောက်နှင့် ခရီးသွားအချက်အခြာမြို့များတွင် ပေါ်ပေါက်လာသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်တွင် ကျင်းပသည့် ပွဲတော်တခုတွင် ဆေးခြောက်များ ပြသနေစဉ် / AFP

ပြီးခဲ့သောဇွန်လက ပါလီမန်တွင် စတင်ဆွေးနွေးသည့် ဆေးခြောက်ဥပဒေ အတည်ပြုရေးသည် မကြာသေးမီလများအတွင်း လွန်စွာ နိုင်ငံရေးဆန်လာပြီး နိုင်ငံတွင် ကာလကြာရှည်စွာ ဖြစ်တည်နေသည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး စိတ်ဓာတ်များကို ထင်ဟပ်နေကြောင်း သုတေသီများက ပြောသည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအတွင်းက ဆေးခြောက်ကိစ္စဖြင့် မဲဆွယ်ပြီး ဆေးခြောက်ဥပဒေကို အောင်မြင်စွာ တွန်းအားပေးခဲ့သည့် ဘုမ့်ဂျိုင်ထိုင်းပါတီသည် အတိုက်အခံများနှင့် အစိုးရအတွင်းမှ ညွန့်ပေါင်းအဖွဲ့ဝင်များ၏ ဝေဖန်တိုက်ခိုက်မှု ခံနေရသည်။

ဆေးခြောက်ကို ဖျော်ဖြေရေးအတွက် အသုံးပြုခြင်းသည် လူ့အဖွဲ့အစည်းအတွက် အထူးသဖြင့် လူငယ်များအတွက် ခြိမ်းခြောက်မှုဖြစ်စေကြောင်း အတိုက်အခံ ဖွေထိုင်းပါတီက ပြောသည်။ ထိုပါတီ၏ ခေါင်းဆောင်သည် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူများတွင် ထိပ်ဆုံးမှပြေးနေသူတဦး ဖြစ်သည်။

“ကျနော်တို့ပါတီက ဆေးခြောက်ကို ဆေးဝါးကုသရေး ရည်ရွယ်ချက်တွေအတွက် အသုံးပြုတာကိုပဲ ထောက်ခံတယ်” ဟု ပါတီပြောခွင့်ရသူ ထရီချဒါ ဆရီတာနာက ပြောသည်။

ဘုမ့်ဂျိုင်ထိုင်း ညွန့်ပေါင်းမဟာမိတ်အဖွဲ့ဝင် ဒီမိုကရက်တစ်ပါတီမှ ဥပဒေပြုအမတ် ဆာတစ် ဝွန်နွန်တိုရေးကလည်း စနစ်ကျသည့် ဥပဒေမရှိဘဲ ဆေးခြောက်ကို ရာဇဝတ်မှုမှ ပယ်ဖျက်ခြင်းသည် အမှားတခုဖြစ်ကြောင်း ပြောကြားပြီး ရွေးကောက်ပွဲပြီးလျှင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကြောင်း ကတိပြုသည်။ သူ၏ပါတီက ဆေးခြောက်ကို ဆေးဝါးအတွက် အသုံးပြုခြင်းကိုသာ ထောက်ခံကြောင်းလည်း ပြောသည်။

သို့သော် ဘုမ့်ဂျိုင်ထိုင်းပါတီသည် လာမည့်ရွေးကောက်ပွဲအပြီး နောက်ပါလီမန်တွင် ယခင်တင်ခဲ့သည့် ဥပဒေကြမ်းကို ပြန်လည်တင်သွင်းရန် စီစဉ်နေသည်ဟု ပါတီဝါရင့်ခေါင်းဆောင် ဆူပါချိုင် ဂျိုင်စမွတ်က ပြောသည်။

“ဆေးခြောက်ဥပဒေ တခုရှိရင် ရာနှုန်းပြည့် ကျနော်တို့ ထိန်းကြောင်းလို့ရတယ်။ အခုရှိပြီးသား စည်းကမ်းနဲ့တောင် ၇၀ ရာခိုင်နှုန်းလောက် စည်းကမ်းထိန်းကြပ်လို့ ရနေပြီ” ဟု သူကပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
122
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
33

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
54

ကိုးကား ။ ။ Reuters သတင်း Thailand heads into polls with burning cannabis issue in limbo

You may also like these stories:

ထိုင်းမှ တရားဝင် ဆေးခြောက်အကြောင်း သိကောင်းစရာ ၅ ချက်

ကင်ဆာ ရောဂါသည်များအတွက် ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေလိုက်တဲ့ ထိုင်းနိုင်ငံ

ဟက်ပီးဝါးတား စိတ်ကြွဆေးရည်ဆိုတာ ဘာလဲ

စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ

Your Thoughts …
Tags: ဆေးခြောက်ဥပဒေဆေးဝါးကုသရေးထိုင်းထိုင်းပါလီမန်ဖွေထိုင်းပါတီဘမ်ဂျိုင်ထိုင်းပါတီမူးယစ်ဆေးဝါးမဲဆွယ်ပွဲရာဇဝတ်မှုရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

Next Post
စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပေါက်မြို့နယ် ဒေသခံများ / CJ

ပေါက်မြို့နယ်ကျေးရွာများ စစ်တပ်ဝင်စီး၊ ဒေသခံများ အဖမ်းခံထားရ

တီးတိန်ဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညတွင် PDF Zoland တိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ- CJ)

စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းကို CDF တိုက်ခိုက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved