• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာရှင်လက်အောက် NLD ပါတီ ဒုတိယအကြိမ် ဖျက်သိမ်းခံရ

by ဧရာဝတီ
29 March 2023
in သတင်း
A A
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ

4.5k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည့် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပါအဝင် ပါတီလေးဆယ်အား မှတ်ပုံတင်ပယ်ဖျက်ကာ ဖျက်သိမ်းလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။

ယင်းသို့ NLD နှင့်အတူ ဖျက်သိမ်းခံရသည့် ပါတီများတွင် ဒေသအလိုက် လူထုထောက်ခံမှုများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) စသည့် ပါတီများလည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က ၎င်းတို့အသစ်ပြဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေအရ ၆၃ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး NLD အပါအဝင်အခြားသော ပါတီများသည် မှတ်ပုံတင် ပြန်လည် လျှောက်ထားခြင်း မရှိသည့်အတွက် မှတ်ပုံတင် ပယ်ဖျက်ကြောင်း ကြေညာခဲ့သော်လည်း ဥပဒေပုဒ်မ-၃ အရ ပါတီသစ်လျှောက်ထားလိုသူများ ဆက်လက်လျှောက်ထားနိုင်ကြောင်း ဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)အနေဖြင့် ယခုကဲ့သို့ ပါတီဖျက်သိမ်းမခံရမီကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်တိုက် ခိုက်မှု၊ ဖမ်းဆီးမှုများအား ကြုံတွေ့ခဲ့ရသည့်အပြင် ယခုကဲ့သို့ စစ်အာဏာရှင်များလက်အောက်တွင် ပါတီဖျက်သိမ်းခံရခြင်းမှာလည်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက “ဖျက်သိမ်းကြောင်း ကြေညာတိုင်းလဲ ကျနော်တို့ပါတီက မပျက်ပါဘူး၊ ပါတီ လုပ်ငန်းစဉ်တွေဟာ ပုံမှန်ပဲရှိနေမှာပါ။ လုပ်လို့ရတဲ့ နည်းလမ်းတွေနဲ့ လုပ်နေမှာပါ၊ ပါတီက ပြည်သူ ကြားထဲက ပေါက်ဖွားလာပြီးတော့ ပြည်သူ့အကျိုးကိုသာ ဆက်တိုက်သယ်ပိုးလာတဲ့ သမိုင်းကြောင်းရှိနေတာမို့လို့ ပြည်သူကပဲ အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်၊ အဲဒီတော့ ပြည်သူရှိနေသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှိနေမှာ ဖြစ်တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် NLDပါတီကိုဖျက်ဆီးရေးရည်ရွယ်၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးကာ မတရား အမှုဆင် ထောင်ချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့အထိ ပါတီဝင် ၁၂၃၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၆ ဦးမှာ စစ်ကြောရေး စခန်းများနှင့် ထောင်များအတွင်း သေဆုံးခဲ့ရသည့်အပြင် ၆၃ ဦးမှာ အကြောင်းမဲ့သတ်ဖြတ်ခံရကြောင်း NLD က ယနေ့ ထုတ်ပြန်သည်။

ပါတီဗဟိုကော်မတီဝင်တဦးဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးလည်းဖြစ်သူ ဦးဖြိုးဇေယျာသော်ကိုလည်း စစ်ကောင်စီက ပွင့်လင်းမြင်သာမှုနှင့် ခုခံချေပခွင့်မရှိသည့် စစ်ခုံရုံးဖြင့် သေဒဏ်ချကာ ကြိုးပေးသတ်ဖြတ်ခဲ့သည်။

ယင်းအပြင် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင် ၃၇၁ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများ ချိတ်ပိတ် သိမ်းဆည်း ခံထားရသည့်အပြင် ရန် ကုန်မြို့ရှိ ပါတီဗဟိုဌာနချုပ်ရုံးနှင့် အခြားသောပါတီရုံးမှာလည်း အကြိမ် ၁၂၀ ခန့် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ဖျက်ဆီး ခံခဲ့ရကြောင်းလည်း NLD ကဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ

ယခုကဲ့သို့ အကြမ်းဖက်မှုများအပြင် နိုင်ငံတဝှမ်း ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီ လက်အောက်တွင် NLD ဖျက်သိမ်းခံရမည့်အရေးကို အများက ကြိုတင်တွေးဆထားပြီး ဖြစ်သည့်အပြင် စစ်ကောင်စီက အသစ်ပြဌာန်းသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေကပင်လျှင် ဒေါ် အောင်ဆန်းစုကြည်အား နိုင်ငံရေးမှ ဖယ်ထုတ်ရေးဖြစ်ကြောင်း နားလည်ထားကြပြီး ဖြစ်သည်။

စစ်ကောင်စီပြဌာန်းသည့် ပါတီမှတ်ပုံတင်ဥပဒေသစ် ပုဒ်မ ၁၀-င တွင် ထောင်ဒဏ်ကျခံနေရသူများအား ပါတီဝင်အဖြစ် မစည်းရုံးရဟု ကန့်သတ်ထားပြီး ပုဒ်မ ၁၂-က၊ ပုဒ်မခွဲ-၈ တွင်လည်း ပုဒ်မ ၁၀ ပါ အချက် တချက်ချက်နှင့် ကိုက်ညီမှု မရှိသူများအား ပါတီဝင်အဖြစ်က ထုတ်ပယ်ခြင်း မပြုဘဲ တမင်ထိန်ချန်ထားပါက ပါတီမှတ်ပုံတင်အား ပယ်ဖျက်ကာ ပါတီဖျက်သိမ်းရမည်ဟု ပြဌာန်းထားသည်။

ထိုအချက်သည် ၎င်းတို့စွပ်စွဲထောင်ချထားသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ်တန်းခေါင်းဆောင်များအား ပါတီဝင်အဖြစ်က ထုတ်ပယ်ရန်ဖြစ်သည်။

ထိုကန့်သတ်ချက်သည့် ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်လည်း ၂၀၁၀ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ ဒေ ပြဌာန်းစဉ်ကလည်း လုပ်ဆောင်ခဲ့သည်။

ထို့အချက်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ခံဝန်ထိုးရမည့် ကန့်သတ်ချက်များ ကြောင့် လည်း ထိုစဉ်က NLD ပါတီအနေဖြင့် ပါတီမှတ်ပုံမတင်ခဲ့သည့်အတွက် တရားမဝင်အသင်းအဖြစ် ကြေညာခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်သည် NLD ပါတီအပေါ် ပြင်းထန်သည့်အရေးယူမှုမရှိခဲ့သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲ အပြီး ၎င်းသမ္မတ ဖြစ်လာချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသဘောတူညီမှု ရခဲ့သည့်အတွက် ပါတီမှတ်ပုံတင်ဥပဒေ ပြင်ဆင်ကာ ၂၀၁၁ ခု နှစ်၊ ဒီဇင်ဘာလတွင် မူလအတိုင်း “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” အမည်ဖြင့်ပင် NLD ပါတီ မှတ်ပုံတင်ခြင်းကို လက်ခံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်စေခဲ့သည်။

ထိုအခြေအနေသည် သမိုင်းတပတ်လည်နေသည်ဟု ထင်မြင်ယူဆစရာရှိသော်လည်း လူထု၏ သဘောထားနှင့် အခြေအနေများသည် များစွာကွာခြားလျှက်ရှိသည်။

လက်ရှိအခြေအနေမှာ စစ်အာဏာရှင်အမြစ်ဖြုတ်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့်ခုခံ တိုက်ခိုက်နေကြပြီ ဖြစ်သကဲ့သို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်ရဲတာမရှိဟုဆိုကာ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် NLD ပါတီအပေါ် မည်မျှအထိ ဖိနှိပ်ကိုင်တွယ်မည်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ပါတီဖျက်သိမ်းကြောင်းမကြေညာမီ ၎င်းတို့ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲတွင် NLD ပါတီဝင်ရေးအတွက် ကြိုးပမ်းမှုများလည်း မအောင်မမြင်ဖြစ်ခဲ့ရသည်။

စစ်ကောင်စီသည် NLD ပါတီဝင်ဟောင်းများဖြစ်သည့် ဒေါ်စန္ဒာမင်းနှင့်ဦးတိုးလွင်တို့အား ၎င်းတို့ထောင်ချထားသည့် ဒေါ်အောင်ဆန်းစု ကြည်ထံ သွားရောက်တွေ့ဆုံခွင့်ပေးကာ စည်းရုံးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လက်မခံခဲ့ကြောင်း ပါတီ နှင့်နီးစပ် သူများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

NLD ပါတီဗဟိုအလုပ်ကော်မတီအနေဖြင့်လည်း စစ်ကောင်စီနှင့် လက်တွဲရန်ကြိုးပမ်းခဲ့သည် ဒေါ်စန္ဒာမင်းနှင့် ဦးတိုးလွင်တို့အား ပါတီက ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

ထိုလုပ်ရပ်သည် စစ်ကောင်စီလက်အောက်တွင် ပါတီရုံးများဖွင့်ကာ ရပ်တည်ရေးနှင့် စစ်ကောင်စီ တရားဝင်မှုအတွက် အထောက်အပံ့ဖြစ်စေမှုများအတွက် NLDပါတီ ထိပ်ပိုင်းခေါင်းဆောင်များက လက်ဦးမှုရယူကာ ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူတဦးက ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
102
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

၎င်းက “ ပါတီပယ်ဖျက်လိုက်လို့ ပိုပြီးတော့ ကောင်းသွားတာပေါ့၊ မှတ်ပုံတင်လိုက်မှာကိုပဲ စိုးရိမ်သောကဖြစ်နေတာ၊ NLD မှတ်ပုံတင် လိုက်ရင် တော်လှန်ရေး အရှိန်ပျက်သွားမှာစိုးလို့။ ပါတီမှတ်ပုံတင်လိုက်လို့ရှိရင် ရွေးကောက်ပွဲရလဒ်ပယ်ဖျက်တာကို လက်ခံလိုက်တဲ့ သဘောဆိုတော့ စစ်ကောင်စီက ဒီဖက်တို(De Facto) အစိုးရ ဖြစ်သွားတာပေါ့၊ ဒီဂျူရီ (De Jure) အစိုးရလည်း ဖြစ်သွားနိုင်တာပေါ့၊ အခုက ဒီဖက်တိုတောင်မဖြစ်ဘဲနဲ့ ဒီဂျူရီကို ကြိုးစားနေတာလေ။ ရွေးကောက်ပွဲဝင်လိုက်ရင်သူက ဒီဂျူရီဖြစ်သွားမှာပေါ့” ဟု ပြောသည်။

ပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြောက်မှုနှင့် မဟုတ်ဘဲ အာဏာကိုင်တွယ် ကျင့်သုံး နိုင်သည့် အစိုးရတရပ်အား ဒီဖက်တိုအစိုးရ အဖြစ် ယူဆနိုင်ပြီး အာဏာလက်ခံအစိုးရ ဟုခေါ်သည့် ဒီဂျူရီအစိုးရသည် ပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြှောက်မှုဖြင့် အာဏာအပ်နှင်းသော အစိုးရဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက အာဏာကိုင်တွယ်ကျင့်သုံးနေသော်လည်း လူထုအများစုက လက်မခံဘဲ ခုခံတော်လှန်လျှက်ရှိရာတွင် စစ်ကောင် စီထိန်းချုပ်နယ်မြေများ တဖြေးဖြေး လျော့ကျ လာနေသည့်အတွက် နိုင်ငံရေးထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ဖန်တီး ကြိုး စားနေခြင်းလည်းဖြစ်သည်။

ထိုအခြေအနေအပေါ်တွင် ၎င်းတို့ကျင်းပဖို့ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအပေါ် လက်မခံသည့် ပါတီများအပေါ် စစ်ကောင်စီ၏ အငြိုးထားတိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်ပြီး အထူးသဖြင့် NLD ပါတီအပေါ်တွင် ပိုမိုဖိနှိပ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “မှတ်ပုံမတင်လို့ မကျေနပ်ဘူးပေါ့၊ သူတို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းကြီးမှာ မပါဝင်တဲ့အတွက် NLD ကိုအငြိုးထားမယ်။ ပါတီဝင် တွေကို လိုက်ပြီးအရေးယူတာတွေလုပ်လာနိုင်တာပေါ့၊ ပွဲကကြမ်းလာနိုင်တာပေါ့၊ အခုက စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အရလို့သာ ဆို တယ်။ အာဏာသိမ်းထားတာ၊ ဘာမှ ခန့်မှန်းလို့မရဘူး၊ လုပ်ချင်တာလုပ်မှာ” ဟု ပြောသည်။

ယင်းအတွက် NLD ပါတီရုံးများအား စစ်ကောင်စီက အဓမ္မသိမ်းဆည်းမှုများ ပြုလုပ်ခြင်းကဲ့သို့ ဆောင်ရွက်မှုများအပြင် ၎င်းတို့က တရား မဝင်အဖွဲ့အစည်းများဖြစ်ကြောင်း ကြေညာထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသား ညီညွတ် ရေးအစိုးရ(NUG)တို့နှင့် ဆက်နွယ်ပူးပေါင်းသည်ဟု စွပ်စွဲကာ အရေး ယူခြင်းများရှိလာနိုင်ကြောင်းလည်း ၎င်းကခန့်မှန်းသုံးသပ်သည်။

လက်ရှိတွင်မူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် အာဏာသုံးရပ်အား ချုပ်ကိုင်ကာ ထင်တိုင်းကြဲနေသော်လည်း အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံအားတည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင် ရွေးကောက်ပွဲမည်သည့်အချိန်တွင် ကျင်းပမည်ကို ကြေညာနိုင်ခြင်းမရှိဘဲ ပါတီမှတ်ပုံတင်ရေးဥပဒေသစ်ပြဌာန်းကာ နိုင်ငံရေးပါတီများအပေါ် ထိန်းချုပ်ရန် ကြိုးစားနေခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲသုံးပစ္စည်းများ ဝယ်ယူရေးအတွက် ယမန်နှစ် အောက်တိုဘာလက တင်ဒါခေါ်ယူထားမှုအား ပယ်ဖျက်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပြန်လည် ကြေညာခဲ့သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများက ဝေဖန်မေးခွန်းထုတ်ကြသလို NLD ဗဟိုအလုပ်ကော်မတီအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်သူများကလည်း စစ်ကောင်စီအား တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာထား သည့်အပြင် ၎င်းတို့ကျင်းပရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည်လည်း တရားမဝင်ကြောင်းနှင့် လက်ခံမည် မဟုတ်ကြောင့် ကန့်ကွက် ထုတ်ပြန်ထားကြသည်။

လက်ရှိတွင်လည်း NLD ပါတီအနေဖြင့် ဥပဒေအရ ပြစ်မှုကျူးလွန်ခြင်းကြောင့် ဖျက်သိမ်းခံရခြင်းမဟုတ်ဘဲ တရားဝင်မဟုတ်သည့် စစ် ကောင်စီက ပြဌာန်းသည့်ဥပဒေအရ မှတ်ပုံတင်လျှောက်ထားခြင်းမပြုသည့်အပေါ် ပါတီဖျက်သိမ်းကြောင်း ကြေညာခံရခြင်းသာဖြစ်သည့် အတွက် ပါတီ၏ရပ်တည်မှုအပေါ် တစုံတရာဆုံးရှုံးနစ်နာမှုမရှိဘဲ လူထုနှင့်အတူ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း NLD ပါတီအကြီးတန်းအကြံပေးတဦးက ပြောသည်။

ပါတီရပ်တည်မှု နှစ်ပေါင်း ၃၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်များသည် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီး အကျဉ်းချ ဖိနှိပ်မှုများကို အကြိမ်ကြိမ် ရင်ဆိုင်ကြုံတွေ့ခဲ့ရသကဲ့သို့ ပါတီဖျက်သိမ်းခံရမှုသည်လည်း ဒုတိယအကြိမ်ဖြစ်သည့်အတွက် နိုင်ငံတဝှမ်း လူထုထောက်ခံယုံကြည်မှု အများဆုံးဖြစ်သော NLD အား ဖျက်ဆီးပစ်ရေးသည် စစ်ကောင်စီ၏ သုံးနေကျနည်းလမ်းဟောင်း တခုသာ ဖြစ်သည်။

You may also like these stories:

NLD ပါတီ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရဖွယ်ရှိ

NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ

စစ်ကောင်စီ ရွေးကောက်ပွဲ ဘယ်ပါတီတွေ မှတ်ပုံတင်ကြပြီလဲ

တပါတီတည်း ကြီးစိုးရေး စစ်ကောင်စီရဲ့ ကလိမ်ကကျစ် အကြံအစည်

စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ဥပဒေသစ် NLD ဖယ်ထုတ်ရေးလား

Your Thoughts …
Tags: NLDနိုင်ငံရေးပါတီမှတ်ပုံတင်ရေး ဥပဒေပါတီဖျက်သိမ်းရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ထူးကြီးကျေးရွာတွင် လှူဒါန်းထားသော လက်ရက်ကန်းစင် / S&C

လက်ခတ်သံတွေ ပြန်ကြားရနိုင်ပါစေ

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ် / AFP

ရွေးကောက်ပွဲပြီးလျှင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းပြန်ပြီး အဖမ်းခံမည်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved