• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆန်ရှင်ရှောင်ရန် မြန်မာ့သစ်လုပ်ငန်း မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားငွေစာရင်း ဖွင့်

by ဧရာဝတီ
17 July 2023
in သတင်း
A A
ဆန်ရှင်ရှောင်ရန် မြန်မာ့သစ်လုပ်ငန်း မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားငွေစာရင်း ဖွင့်

စစ်ကောင်စီ၏ ဘဏ္ဍာငွေအရင်းအမြစ်တခုဖြစ်သော နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်းကလည်း အရေးယူပိတ်ဆို့မှုများအား ကျော်လွှားရန် ကြိုးပမ်းနေရသည်/AFP

3k
VIEWS
Share on FacebookShare on Twitter

နိုင်ငံပိုင်ဘဏ် ၂ ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့လိုက်ခြင်း ကြောင့် မြန်မာ့သစ်လုပ်ငန်း(MTE )သည် မြန်မာ့စီးပွားရေးဘဏ်(MEB)တွင် သီးခြားငွေစာရင်းဖွင့်လှစ်ရန် စီစဉ်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

MFTB နှင့် MICB တို့တွင် စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ရေနံ နှင့် သဘောဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အားလုံး၏ ပြည်တွင်းပြည်ပငွေပေးချေမှုများ လုပ်ဆောင်သော ငွေစာရင်းအကောင့်များ ဖွင့်လှစ်ထားကြသည်။

ထိုဘဏ်များ အရေးယူပိတ်ဆို့ခံလိုက်ရခြင်းကြောင့် စစ်ကောင်စီသည် နိုင်ငံပိုင်လုပ်ငန်းများ၏ ငွေစာရင်းအကောင့်များကို မြန်မာ့စီးပွားရေးဘဏ် အပါအဝင် အခြားဘဏ်များတွင် လျှို့ဝှက်ငွေစာရင်း အကောင့်များ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လာနေခြင်းလည်းဖြစ်သည်။

အမေရိကန်၊ အီးယူနှင့် ဗြိတိန်တို့၏ အရေးယူပိတ်ဆို့မှုခံထားရသော မြန်မာ့သစ်လုပ်ငန်းသည် မြန်မာ့စီးပွားရေးဘဏ်မှ တဆင့် ငွေပေးချေမှုများ လုပ်ဆောင်နိုင်ရန် ဇူလိုင်လ ဒုတိယအပတ်အတွင်းမှ စတင်ကာ စီစဉ်နေကြောင်း မြန်မာ့သစ်လုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။

“အဓိကတော့ MFTB နဲ့ MICB က သုံးမရတော့လို့ အစိုးရ အကောင့်တွေကို မြန်မာ့စီးပွားရေး ဘဏ်ကနေ တဆင့် ငွေလွှဲပေးဖို့ မြန်မာ့သစ်လုပ်ငန်းက စီစဉ်နေတာ။ နိုင်ငံခြားဘဏ် ၁၅ ခုလောက်နဲ့ ချိတ်ပြီး လွှဲလို့ရမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်မည့် ထိုဘဏ်အကောင့်သည် စင်္ကာပူ၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံရှိ ဘဏ်များမှတဆင့် ငွေလွှဲနိုင်ရန် ချိတ်ဆက်ထားပြီး ပြည်တွင်းငွေလွှဲမှုများကို ဧရာဝတီ (AYA) ဘဏ်၊ သမဝါယမ (CB) ဘဏ်နှင့် Abank တို့မှ တဆင့်လုပ်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသော်လည်း ဧရာဝတီအနေဖြင့် အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

ဘဏ်လုပ်ငန်း နှင့် ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးပညာရှင်တဦးက “နိုင်ငံတကာငွေပေးချေမှုတွေမှာက Banking rate တွေ သတ်မှတ်ထားတာရှိတယ်။ MFTB (မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်) လောက် မြန်မာနိုင်ငံက တခြားဘဏ်တွေက တန်းဝင်တာ မရှိဘူး။ အကုန်လုံးနီးပါးကလည်း MFTB ရဲ့ လက်ဝေခံ ဘဏ်ပုံစံမျိုးနဲ့ ရပ်တည်နေကြရတုန်းပဲဆိုတော့ MFTB ကို ပိတ်ထားတာဖြစ်တဲ့အတွက် တခြားဘဏ် တွေလည်း လုပ်ရကိုင်ရ ကြပ်နေမှာပဲ” ဟု သဘောထားမှတ်ချက်ပေးသည်။

လတ်တလော အခြေအနေများအရ စစ်ကောင်စီအနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများ၏ ငွေစာရင်းအကောင့်များကို တခြားဘဏ်များတွင် ပြောင်းလဲဖွင့်လှစ်ပြီး ငွေပေးချေမှုများ လုပ်ဆောင်နိုင်သော်လည်း ငွေအလွှဲအပြောင်း (Transaction) စရိတ်များ ပိုမိုကုန်ကျမည်ကိုမူ ရှောင်လွဲ၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဘဏ္ဍာငွေအရင်းအမြစ်တခုဖြစ်သော နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) ကို အနောက်နိုင်ငံများက အရေးယူပိတ်ဆို့ထားသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း၌ပင် ထိုနိုင်ငံများသို့ မြန်မာ့သစ်များ ဆက်လက်တင်ပို့နေကြောင်း အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ရေးရာ အဖွဲ့ Forest Trends က ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၁ နှစ်ဝန်းကျင်အထိ မြန်မာမှ အမေရိကန်၊ ဥရာပေသမဂ္ဂ (အီးယူ) နှင့် အနောက်နိုင်ငံများသို့ သစ်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားနိုင်ငံများသို့လည်း ဒေါ်လာ သန်း ၁၅၄ တန်ဖိုးရှိ သစ်များတင်ပို့ခဲ့သေးကြောင်း ထိုအဖွဲ့က ဆိုထားသည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(မေလ)အထိ မြန်မာနိုင်ငံမှ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၂၃၆.၆၂၇ အထိ ရှိကြောင်း သိရသည်။

မြန်မာ့သစ်လုပ်ငန်းနှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်တဦးက “တင်ဒါပိုက်ဆံတွေလည်း လွှဲလို့ ရမယ်တော့ သိရတယ်။ မြန်မာ့သစ်လုပ်ငန်းက လုပ်နေတဲ့ လမ်းကြောင်း အောင်မြင်သွားရင်တော့ တခြားအစိုးရဌာနတွေပါ ဒီလမ်းကို လိုက်လာမယ်လို့ ထင်တယ်“ ဟု ဆိုသည်။

ယခု ဇူလိုင်လအစပိုင်း၌ စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် မြန်မာ့စီးပွားရေးဘဏ်တွင် သီးခြားငွေစာရင်းဖွင့်ရန် မြန်မာဗဟိုဘဏ်ကို ပြောဆိုကြောင်း Myanmar Now သတင်းဌာနက ဖော်ပြလာခဲ့သည်။ ထိုသတင်းထွက်ပေါ်လာခဲ့ပြီးနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရုံးကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကာ အဆင့်မြင့်အရာရှိများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

စစ်ကောင်စီအတွက် နိုင်ငံပိုင်လုပ်ငန်းများသည် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့မှ ငွေစာရင်းများကို အသုံးပြုပြီး နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနေလျက်ရှိသလို စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို အဆင်ပြေစေရေးအတွက် အရေးပါသောကြောင့် အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးဌာနက အရေးယူပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

You may also like these stories:

ဘဏ်နှစ်ခု ဒဏ်ခတ်ခံရမှုဟာ စစ်ကောင်စီရဲ့ အသည်းနှလုံးကို ထိတာပဲ

နိုင်ငံပိုင် ရေနံဓာတ်ငွေ့လုပ်ငန်းကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

NLD အစိုးရကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်ဟု စစ်ခေါင်းဆောင် အပြစ်တင်

မြင့်လာနေသည့် ကုန်ဈေးနှုန်းကြား ပြည်သူများ ပို၍ ကျပ်တည်းလာ

မြန်မာပြည်တွင် ဒေါ်လာဈေး ၃ မျိုးဖြစ်လာပြီ

Your Thoughts …
Tags: မြန်မာ့စီးပွားရေးဘဏ်မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မြန်မာ့သစ်လုပ်ငန်းအမေရိကန်အရေးယူပိတ်ဆို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

စစ်အုပ်စုက ရှေးရိုးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ဖဲအဖြစ် ထုတ်သုံး

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved