• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

by ဧရာဝတီ
21 September 2023
in သတင်း
A A
ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

သြဂုတ်နှင့် စက်တင်ဘာလက ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် စစ်ကောင်စီ မော်တော်ယာဉ်များ/ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

3.2k
VIEWS
Share on FacebookShare on Twitter

ချင်းတွင်းမြစ်ကြောင်းတလျှောက် မောင်းနှင်လာသော စစ်ကောင်စီ၏ ရေယာဉ်တန်းမှ ကုန်တင်ယာဉ် ၁ စီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် တိမ်းမှောက်ခဲ့ရာ လူ ၁၀၀ နီးပါး ပျောက်ဆုံးနေကြောင်း ဒေသခံများနှင့် ကာကွယ် ရေးတပ်ဖွဲ့များထံမှ သိရသည်။

လူ ၁၀၀ ကျော်ပါသော အဆိုပါကုန်တင်ယာဉ်သည် မင်းကင်းမြို့နယ်၊ ရှဲရွာအနီး၌ စက်တင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ကျောက်ဆောင်ကိုဝင်တိုက်ပြီး သင်္ဘော ၁ စီးလုံး နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးက “မောင်းသူအပါ ၇ ယောက် အသက်ရှင်တာကို တွေ့ခဲ့ရတယ်။ ကျန်လူတွေကတော့ ဖလပ်ကြီးထဲ မြုပ်ပြီးတော့ အကုန်သေကုန်မှာပေါ့။ အဲဒီနေရာက ရေစီးကလည်း တော်တော်သန်တာ။ ကျောက်ဆောင်လည်း ရှိတယ်။ အဲဒီကျောက်ဆောင်က အခုချိန် ရေပေါ်မှာတော့ ပေါ်မနေဘူး” ဟု ဧရာဝတီကို ပြောသည်။

စစ်ကောင်စီတပ်သားများပါ တင်ဆောင်လာသည့် စစ်သင်္ဘော ၃ စီး အပါအဝင် ရေယာဉ် ၁၃ စီးပါ ယင်းရေယာဉ်တန်း သည် စက်တင်ဘာ ၁၉ ရက်တွင် မင်းကင်းမြို့နယ်၊ တောင်ဖြူမှ ထွက်လာပြီးနောက် ရှဲရွာအနီး၊ ရှဲနတ်တောင်ခြေနား၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့တိမ်းမှောက်ပြီးနောက် သင်္ဘောမောင်းသူ အပါအဝင် ၇ ဦး အသက်ရှင်လျက်တွေ့ရကြောင်း၊ ယင်းနေ့တွင်ပင် ရုပ်အလောင်း ၇ လောင်း တွေ့ရှိထားပြီး ကျန်လူများမှာ ပျောက်ဆုံး နေကြောင်း မျက်မြင်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သြဂုတ်နှင့် စက်တင်ဘာလက ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် စစ်ကောင်စီ မော်တော်ယာဉ်များ/ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

တိမ်းမှောက်သွားသည့်ယာဉ်သည် ဟုမ္မလင်း၊ ခန္တီးမှ ကျောက်စိမ်းတန်ချိန် ၁၀၀ ကျော် သယ်ဆောင်လာသောသင်္ဘော ဖြစ်ပြီး ယင်းသင်္ဘောပေါ်တွင် စစ်ကောင်စီတပ်သား ၁၇ ဦးနှင့် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား များ၊ ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားများနှင့် Non-CDM ဆရာ/ဆရာမများ အပါ အဝင် စုစုပေါင်း လူ ၁၀၀ လိုက်ပါလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီသင်္ဘောအနေဖြင့် ဒေသခံများမပါဘဲ ချင်းတွင်းမြစ်ရိုးအတိုင်း စုန်ဆင်းလာပါက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုခံရမည်ကို စိုးရိမ်သဖြင့် အဝေးသင်ကျောင်းတက်ချိန်နှင့်ကိုက်ပြီး မင်းကင်းဒေသရှိ ကျေးရွာ အချို့မှ အဝေးသင်ကျောင်းသားများအား ခေါ်တင်လာခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံရွာသားတဦးက “ကျောက်စိမ်းတွေတင်လာတဲ့ သင်္ဘောတွေပေါ်ကို Non-CDM တွေရယ်၊ အဝေးသင်တက်မယ့် ကျောင်းသားလေးတွေရယ်ကို ခေါ်လာတာ။ သူတို့က (စစ်ကောင်စီ) ကျောင်း သားတွေ၊ ဒေသခံတွေပါလာရင် PDF က မပစ်အောင်လို့ ခေါ်လာတာ။ ခေါ်ချင်လို့တော့ မဟုတ်ဘူး။ ကျောက်စိမ်းကြီး ကို ကာဗာလုပ်တာ” ဟု ပြောသည်။

သြဂုတ်နှင့် စက်တင်ဘာလက ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် စစ်ကောင်စီ မော်တော်ယာဉ်များ/ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ချင်းတွင်းမြစ်တွင် ယခုကဲ့သို့ ရေယာဉ်တန်းများ ဟုမ္မလင်း-မုံရွာ အသွားအပြန်ပြုလုပ်နေပြီး ဖြတ်သန်းသွားချိန်၌ ဒေသ ကာကွယ်ရေးအဖွဲ့များက မြစ်ကမ်းပါးဘက်မှ အဝေးပစ်လက်နက်များ၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိ သလို စစ်ကောင်စီကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မြစ်ကမ်းဘေးကျေးရွာ များရှိဒေသခံများ ထိခိုက်သေဆုံးမှုရှိကာ ထွက်ပြေးတိမ်းရှောင်ရမှုများလည်း ရှိသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
2
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
39
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
16

သင်္ဘောမှောက်မှုမှ အသက်ရှင်လျက် လွတ်မြောက်လာသူထဲ သင်္ဘောမောင်းသည့် တောင်ဖြူရွာက ပျူစောထီး ခေါင်းဆောင် ကိုနိုင်ဝင်းဇော်ဆိုသူလည်းပါဝင်ပြီး ၎င်းသည် လက်ကျိုးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ တဖွဲ့ဖြစ်သော Student Revolutionary Force ထံမှ သိရသည်။

အဆိုပါ ကိုနိုင်ဝင်းဇော်ကို ရဲစခန်းတွင် အမူဖွင့်ထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်း မရှိပေ။

သြဂုတ်နှင့် စက်တင်ဘာလက ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် စစ်ကောင်စီ မော်တော်ယာဉ်များ/ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

ကိုနိုင်ဝင်းဇော် ဆိုသူသည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်ဖြူရွာတွင် ပြီးခဲ့သော ၂၀၂၁၊ ဇူလိုင်လက PDF အဖွဲ့ဝင် ၅၇ ဦးကို တိုက်ပွဲမဖြစ်ရအောင် ညှိနှိုင်းပြောဆိုမည်ဟု လှည့်ဖြားခေါ်ဆောင်ကာ ဖမ်းဆီးခဲ့သည့်ထဲ ပါဝင်သူ တဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင် သင်္ဘောမှောက်ခဲ့သည့်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများပါဝင်သော အင်အား ၃၀ ခန့်ပါ အဖွဲ့တခုကိုထားခဲ့ပြီး ကျန်ရှိနေသောသင်္ဘောများ ပြန်လည်ထွက်ခွာသွားကာ ကနီမြို့နယ်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ဒေသခံတဦးက “ကျန်တဲ့သင်္ဘောတွေက ကနီနယ်ထဲကို ရောက်သွားပြီ။ ရှာဖွေရေးကလည်း ပြည်သူ့မော်တော်ဆို ရှာရဲဖွေရဲကြမှာလေ။ အခုကတော့ ဘယ်သူမှ မရှာရဲကြဘူး။ နောက်ရက်တွေကျ အလောင်းတွေပုပ်ပွပြီး မျောလာမှာတော့ ရှိရင်ရှိမှာပေါ့” ဟု ပြောသည်။

သင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံး၊ ပျောက်ဆုံးနေသူများနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ရန် စစ်ကိုင်း တိုင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

အဆိုပါ နစ်မြုပ်ခဲ့သောရေယာဉ်၌ လုံခြုံရေးလိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၉ ဦး စုစုပေါင်း ၁၂ ဦး ပျောက်ဆုံးနေကြောင်း၊ ယင်းရေယာဉ်တန်းသည် ခန္တီးမြို့မှ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ရေယာဉ်ဖြစ်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

You may also like these stories:

မင်းကင်း၌ ရွာတချို့ စစ်တပ်က မကြာခဏစီးနင်းသဖြင့် ရွာသားများ တိမ်းရှောင်နေရ

မင်းကင်းတွင် စစ်ကောင်စီက ဒေသခံများကို တောနင်းရှာဖွေပြီး ၄ ဦးကို ပစ်သတ်

မင်းကင်းတွင် ရွာများကို ဝင်စီးသည့် စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်

မင်းကင်းတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်၍ PDF ၁၃ ဦး သေဆုံး

မင်းကင်းတွင် PDF အဖွဲ့ဝင် ၅၀ ကျော် ထောင်ချောက်ဆင် ဖမ်းခံရ

Your Thoughts …
Tags: ချင်းတွင်းမြစ်စစ်ရေယာဉ်တန်းမင်းကင်းမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

by ဧရာဝတီ
18 July 2025
4.7k

မန္တလေးမြို့ ကမ်းနားလမ်းပေါ်ရှိ ဂေါဝိန်ဆိပ်နှင့် ရတနာပုံသင်္ဘောကျင်းများမှ ထွက်ခွာလာသည့် စစ်သင်္ဘောများ အပါအဝင် ရေယာဉ် အစီး ၂၀ ကျော်သည် လေကြောင်းပစ်ကူများဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရာ ယနေ့ နံနက် ၁၁ နာရီကျော်၌ စဥ့်ကူးမြို့နယ် ပေါက်ကုန်းကျေးရွာသို့...

မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ

မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ

by ဧရာဝတီ
3 June 2024
1.7k

မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ ယနေ့နံနက် ၈ နာရီခန့်တွင် မင်္ဂလာဆောင်တခုအား စစ်ကောင်စီ ဗုံး ကြဲခဲ့ရာ ကလေးငယ်များအပါဝင် သေဆုံးသူ ၂၇ ဦးထိ ရှိလာပြီး ၃၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိ

ချင်းတွင်းမြစ်တွင်း သွားလာနေသည့် စစ်ကောင်စီ ရေယာဉ်များ / ချင်းတွင်ချစ်သူ

ချင်းတွင်းမြစ်တွင်း ရေယာဉ်များတိုက်ခိုက်ခံရ၊ စစ်သား ၁၂ဦးခန့် သေဆုံးဟုဆို

by ဧရာဝတီ
9 September 2022
6.3k

မြောင်မြို့နယ်၊ ရွှေတချောင်းနှင့် နနွင်းကိုင်းကျေးရွာကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်အား ၃၀ ကျော်ဖြင့် ချင်း တွင်းမြစ်အတိုင်း ဆန်တက်လာခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးကာ လက်နက်နှင့်...

ကနီမြို့ အနီး ချင်းတွင်းမြစ် တနေရာ / ပေးပို့

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

by ဧရာဝတီ
6 May 2021
43.4k

စစ်ကိုင်းတိုင်း၊ ကနီမြို့ အထက်ပိုင်းသို့ ချင်းတွင်းမြစ်ကြောင်းမှတဆင့် ရေယာဉ် ၂ စီးဖြင့် သွားနေသည့် စစ် ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များကြား ယနေ့ နေ့လယ် ၁၂ နာရီခန့်က ရေ ကြောင်းထဲတွင်...

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ကမ်းပြိုလုပ်ငန်းများ ဆောင်ရွက်နေစဉ် /  မန္တလေးတိုင်း ရေအရင်းအမြစ် ဦးစီးဌာန

ချင်းတွင်းနှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်မည်

by ဒီလှိုင်းဝင်း
23 January 2020
3k

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်း ကောင်းမွန်ရေး နှင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း ကျပ်သန်း ၉ ထောင်ကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ကနီ၊ ယင်းမာပင် မြို့နယ်များအတွင်းရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြစဉ် (ဓာတ်ပုံ- CJ) / CJ

ကနီတိုက်ပွဲ လူငယ်တဦး သေဆုံး၊ လူ ၂ သောင်းကျော် တိမ်းရှောင်

by ဧရာဝတီ
7 May 2021
7.4k

စစ်ကောင်စီတပ်ဖွဲ့များက အထက်ကင်းရွာနှင့် မိချောင်းကွင်းရွာများတွင် ပိုက်စိတ်တိုက် ရှာဖွေစစ်ဆေးနေကြောင်းနှင့် အထက်ကင်းရွာ စာသင်ကျောင်းများတွင် တပ်စွဲထားကာ၊ ယင်းရွာမှ ပုန်းရှောင်ရင်း စားနပ်ရိက္ခာကို ရွာမှ ပြန်လာယူသူများကိုလည်း ဖမ်းဆီးထား

Next Post
မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved