• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ

by ဧရာဝတီ
1 July 2024
in သတင်း
A A
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ

ဗုံးကြဲမှုကြောင့် ထိမှန်ပျက်စီးသွားသည့် ကျောက်မဲမြို့လယ် ဟိုတယ်တလုံးနှင့် နေအိမ်များကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်/ PSLF/TNLA

1.8k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲ ယနေ့ တပတ်ပြည့်သည့်ချိန်တွင် မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနှင့် ကျောက်မဲမြို့ တို့ရှိ လက်ကျန်တပ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ပြောခွင့်ရှိသူ လွေးယေဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီနေ့က မိုးကုတ်ဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်၊ နောင်ချို၊ မိုးမိတ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မိုးကုတ်အနောက်ပိုင်းကတော့ တော်တော်များများကတော့ ရသွားပြီ။ သို့ပေမယ့် တပ်စခန်း တခုနှစ် ခုတော့ ကျန်ပါသေးတယ်” ဟု ဆိုသည်။

မိုးကုတ်မြို့ပေါ် တိုက်ပွဲများအတွင်း ယမန်နေ့က ရွှေမြက်ဝန်းတပ်စခန်း၊ ရွှေသာယာတပ်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အရှေ့ဘက်ခြမ်းသွားရာလမ်း ရွှေလိပ်ပြာတပ်စခန်းနေရာတို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုးမိတ်မြို့နယ်ရှိ ကင်းချောင်းတပ်စခန်းကိုလည်း ဇွန်လ ၂၉ ရက်ညပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။

ကင်းချောင်းစခန်းမှာ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်မှ ဆက်သွယ်ထားသည့် လမ်းကြောင်းရှိ အရေးပါသော တပ်စခန်းတခုဖြစ်ပြီး ထိုလမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့နိုင်ရေး တကျော့ပြန် စစ်ဆင်ရေး စတင်ကတည်းက TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်များသည် လမ်းကြောင်းပေါ်ရှိတပ်စခန်းများအား ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကင်းချောင်းတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ တဦးအား အရှင်ဖမ်းမိခဲ့ကြောင်းနှင့် ဒဏ်ရာရ စစ်သားများ စခန်းစွန့်ကာ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း PLA က သတင်းထုတ်ပြန်ထားသည်။

ဗုံးကြဲပြီး မြင်ရသည့် ကျောက်မဲမြို့လယ် မြင်ကွင်း CJ

PLA က “မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ် တွင်းငယ်နဲ့ မိုးမိတ်မြို့လမ်းပေါ်ရှိ အရေးကြီးတံတားဖြစ်ပါတယ်။ ခလရ ၂၂၃ က ဗိုလ်ကြီးအဆင့် ကွပ်ကဲပါတယ်။ တွင်းငယ်နဲ့ မိုးမိတ်လမ်းအား အပြည့်အဝ ထိန်းချုပ်လိုက်ပါတယ်” ဟု ပြော သည်။

TNLA ပူးပေါင်းတပ်များအနေဖြင့် မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ ကျောက်မဲမြို့တို့အား အပြီးသတ် သိမ်းပိုက်နိုင်ရေး အတွက် မြို့အနီး လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင်နေသည့်အပြင် မန္တလေးတိုင်းနှင့် ရှမ်းမြောက်ပိုင်းဒေသ ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း ထိန်းချုပ်စိုးမိုးနိုင်ရေး ဖြတ်တောက် တိုက်ခိုက်လျက်ရှိသည်။

ယနေ့ မနက်ပိုင်းကလည်း မန္တလေး-မိုးကုတ်လမ်း၊ စဉ့်ကူးမြို့နယ် ကျဉ်တောက်ပေါက်၊ နွယ်ရုံကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မှ မန္တလေးသို့ စစ်ဘေးတိမ်းရှောင်လာသည့် အရပ်သားများပိတ်မိနေကြောင်း မိုးကုတ် မြို့ခံတဦးက ပြောသည်။

၎င်းက “နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်းဘက်မှာ စစ်ပွဲဖြစ်ကြတော့ မန္တလေးဆင်းမယ့်ကားတွေတော့ ပေးမထွက်တော့ဘူး။ သုံးရက်လောက်တော့ ပိတ်ထားမယ် ထင်တယ်။ မနေ့က ထွက်လို့ရသွားတဲ့ ပြည်သူတွေလည်း ဇရပ်ကွင်းမှာ ပိတ်မိနေကြတယ်၊ လှည့်ပြန်လို့ရရင် ပြန်ခိုင်းတယ်၊ မပြန်တဲ့သူတွေကိုလည်း နေရာစီစဉ်ပေးပြီးထား ထားတယ်” ဟု ပြောသည်။

မန္တလေး- ပြင်ဦးလွင်- နောင်ချို- လားရှိုးလမ်းပိုင်းတွင်လည်း TNLA ပူးပေါင်းတပ်များက ပြင်ဦးလွင်နှင့်နောင်ချိုကြား အုမ္မသီးလမ်းခွဲအထိ ထိန်းချုပ်ထားပြီး နောင်ချိုမြို့အနီး အမှတ် ၆၀၆ ဒုံးတပ်ရင်းအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက် ရှိသည်။

တိုက်ပွဲများဖြစ်ပွားနေသည့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်တဝိုက်ကို ပြသသည့် မြေပုံ(ဧရာဝတီ)

လွေးယေဦးက “၆၀၆ ဒုံးတပ်ကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ အဲဒီမှာ စစ်ကောင်စီက ကျမတို့ ရထားတဲ့စာရင်းအရ ဆိုရင် တပ်အင်အား ၁၀၀ ကျော်ကျော်ပဲ ကျန်တော့တယ်။ တချို့ကလည်း ဒဏ်ရာရထားတာတွေ ရှိတယ်။ သူတို့က အဲဒီမှာ အပြင်းအထန် ခုခံကာကွယ်နေပါတယ်” ဟု ပြောသည်။

ထို့ပြင် ကျောက်မဲမြို့မြောက်ဘက်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) နှင့် လက်အောက်ခံ မြေမြန်တပ်ရင်း ခမရ ၅၀၁၊ ခမရ-၅၀၂ တပ်ရင်းဌာနချုပ်တို့အား ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး စစ်တပ်က လေကြောင်းပစ်ကူပေးလျက် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ကျောက်မဲမြို့ တိုက်ပွဲအတွင်း စစ်တပ်က မြို့ပေါ်လူနေရပ်ကွက်များအား လက်နက်ကြီး၊ လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းတွင် လက်နက်ကြီးကျရောက်မှုကြောင့် ၉ ရပ်ကွက်ရှိ စက်သုံးဆီဆိုင်တဆိုင် မီးလောင်ပျက်စီးခဲ့သည့်အပြင် ဇွန် ၃၀ ညပိုင်းကလည်း ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်မှုကြောင့် One Love ဟို တယ်၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ ခန့်ပျက်စီးခဲ့ရကြောင်း TNLA ထုတ်ပြန်ထား သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

မြို့ပေါ် အမှတ် ၁ ရက်ကွက်ရှိ One Love ဟိုတယ်အနီးသို့ ပေါင် ၅၀၀ ခန့်ရှိသည့် ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများပြားကြောင်း ကျောက်မဲမြို့ခံအမျိုးသားတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “လူတွေ အိပ်နေချိန် ဂျက်လေယာဉ်နဲ့ ဗုံးကြီး လာကြဲချသွားတာ။ မီးလောင်နေတာကို လှမ်းမြင်နေရတာပဲ၊ ဘယ်သူမှ မသွားကြည့်ရဲဘူးလေ။ အိမ်တွေ အများကြီး ပျက်စီးသွားတာ” ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ရုပ်အလောင်းများကို မတွေ့ရှိရသေးကြောင်း မြို့ခံများက ဆိုသည်။

ယမန်နေ့ည တရက်တည်းမှာပင် နောက်ချို့မြို့ မီးသတ်ရုံးအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်သောကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရပြီး အသေးစိတ်အချက်အလက်များကို ဆက်လက် စုံစမ်းနေဆဲဖြစ် ကာ ဖုန်းလိုင်းများမှာလည်း ပြတ်တောက်နေသည်။

ကျောက်မဲမြို့ပေါ် တိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိမှန်ပျက်စီးနေကြောင်း ကျောက်မဲအခြေစိုက် လူမှုကူညီရေးအသင်းများက ဆိုသည်။

မိုးကုတ်စစ်မျက်နှာတွင် တိုက်ခိုက်နေသည့် TNLA ပူးပေါင်းတပ်များ PSLF/TNLA

လတ်တလောတွင် မြို့ပေါ် ကျန်ရစ်နေသည့် ဒေသခံများလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာကို ထပ်မံတိမ်းရှောင်နေကြပြီး မြို့ပေါ်တွင် အိမ်စောင့်များအဖြစ်သာ ကျန်ရှိနေကြောင်း သိရသည်။

မြို့မြောက်ဘက် ၂ မိုင်အကွာက လက်ကျန်တပ်စခန်း ခြေလျင်တပ်ရင်း အမှတ်(၅၀၁၊ ၅၀၂)တပ်စခန်းများကို TNLAက ၂ ရက်အကြာ တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ယနေ့ နံနက် ၆ နာရီခန့်တွင် ပြန်လည်တိုက်ခိုက်နေပြီး လက်နက်ကြီးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။

နောင်ချို၊ ကျောက်မဲနှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ဦးအထိ ရှိလာကြောင်း၊ ထိုမြို့နယ် သုံးခုတွင် စစ်ဘေးရှောင် သုံးထောင်နီးပါးအထိ ရှိနေဟု TNLA က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ၁၀၂၇ တကျော့ပြန်ထိုးစစ်သည် ရှမ်းမြောက်ဒေသတွင်သာမက မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူကာကွယ်ရေး တပ်မတော်- မန္တလေး၊ မိုးကုတ်ဗျူဟာတပ်ရင်းများ၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) နှင့် PLA စသည့် PDF များလည်း ပါဝင်တိုက်ခိုက်လျက်ရှိသည်။

ယမန်နေ့က စဉ့်ကူးပေါ်ရှိ စစ်တပ်အထိုင်ချတပ်စွဲထားသော ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် အားကစားခန်းမ တို့အား ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ က သတင်း ထုတ်ပြန်ထားသည်။

မိုင်းခြိူဝ်းဇာရ် ပူးပေါင်းရေးသားသည်။

You may also like these stories:

မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး

ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို TNLA ဝင်တိုက်နေ

မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်

ရှမ်းမြောက်တိုက်ပွဲ အရပ်သားအများစု ပိတ်မိနေပြီး ထိခိုက် သေဆုံးမှုရှိ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးTNLAကျောက်မဲတိုက်ပွဲနောင်ချိုရှမ်းမြောက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကျောက်မဲမြို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ဆန်ရောင်းသူတွေကိုဖမ်းလို့ ဆန်စျေးကျမှာလား (ရုပ်/သံ)

ဆန်ရောင်းသူတွေကိုဖမ်းလို့ ဆန်စျေးကျမှာလား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved