• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဥရောပနည်းပညာကို မြန်မာစစ်တပ်ဒရုန်းများတွင် တွေ့ရ

by ဧရာဝတီ
9 August 2025
in သတင်း
A A
ဥရောပနည်းပညာကို မြန်မာစစ်တပ်ဒရုန်းများတွင် တွေ့ရ

စစ်အုပ်စုအဖွဲ့ဝင်များကို ဒရုန်းများ၊ ဒရုန်းနှင့်တိုက်ခိုက်ရာတွင်သုံးသည့် ဗုံးများနှင့်အတူ တွေ့ရစဉ် / pro-regime Telegram channel

3.3k
VIEWS
Share on FacebookShare on Twitter

ဥရောပသမဂ္ဂက ကျယ်ပြန့်သည့် အရေးယူပိတ်ဆို့မှုများ ခံထားရသော်လည်း မြန်မာစစ်တပ်သည် ၎င်း၏ ဒရုန်းများကို နှောင့်ယှက်မှုမှ အကာအကွယ်ပေးရန်အတွက် ဥရောပသမဂ္ဂထုတ် အဆင့်မြင့် anti-jamming နည်းပညာကို အသုံးပြုနေသည့် အထောက်အထားများကို Conflict Armament Research (CAR) က ထုတ်ပြန်လိုက်သည်။

ညီနောင်မဟာမိတ်များနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ပြုလုပ်သည့် စစ်ကောင်စီဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် အကြီးအကျယ် ဆုံးရှုံးပြီးနောက် စစ်အုပ်စုသည် ၎င်းတို့တပ်များကို အဆင့်မြင့်ဒရုန်းများ တပ်ဆင်ပေးသည်။ ယခုအခါ ထိုဒရုန်းများကို တော်လှန်ရေးအင်အားစုများကိုသာမက အရပ်သားများကိုပါ ဗုံးချရန် ကျယ်ပြန့်စွာ အသုံးပြုနေသည်။

မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်နီ (ကယား) ပြည်နယ်တွင် ဖြန့်ကြက်ထားသည့် ၎င်းတို့၏ ကွင်းဆင်း စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်က ပစ်ချခံရသော စစ်ကောင်စီဒရုန်းမှ ရရှိထားသည့် ဥရောပသမဂ္ဂထုတ် အဆင့်မြင့်လမ်းကြောင်းရှာ ကိရိယာ နှစ်ခုကို မှတ်တမ်းတင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် အထက်ပါ စုံစမ်းစစ်ဆေးရေး သုတေသနအဖွဲ့က မကြာသေးမီတွင် ဖော်ပြသည်။

CAR ၏ အဆိုအရ ထိုကိရိယာများသည် ကြားဖြတ်မှု တိုက်ဖျက်ရေးနည်းပညာ ပါဝင်ပြီး တိကျမှုမြင့်မားသည့် Global Navigation Satellite System (GNSS) ဖမ်းယူသည့် ကိရိယာများ တပ်ဆင်ထားသည်ဟု သိရသည်။

ထိုကိရိယာများသည် ဒရုန်းများ ပျံသန်းနေစဉ် ကြားဖြတ်ခြင်းနှင့် အချက်ပြမှုအမှားပေးပို့ခြင်းစသည့် အီလက်ထရွန်းနစ် တန်ပြန်အစီအမံများကို ခံနိုင်သည့် ဒရုန်းများ၏ စွမ်းရည်ကို မြှင့်တင်ပေးသည်။

ထိုကိရိယာကို ထုတ်လုပ်သူက ကိရိယာ သုံးခုအား တရုတ်မှ အထူးစိစစ်ထားသည့် ဖြန့်ချိသူတဦးထံ ပေးပို့ခဲ့ပြီး ထိုသူက ကိရိယာများကို ပိုမိုကြီးမားသော မောင်းသူမဲ့ ဒရုန်းအစိတ်အပိုင်း ပေါင်းစပ်သည့် ကိရိယာများနှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပြန်လည် ရောင်းချခဲ့သည်ဟု CAR က ပြောသည်။

ထိုပစ္စည်းထုတ်လုပ်သူသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီတွင် အခြေစိုက်သည့် ကုမ္ပဏီတခုသို့ ကိရိယာ ၁၂၀ ရောင်းချခဲ့သည်။ ရွှေလီသည် ရှမ်းပြည်မြောက်ပိုင်း နယ်စပ်တဖက်တွင် တည်ရှိသော ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်သည်။

ရွှေလီမှ အဆိုပါကုမ္ပဏီသည် ဥရောပသမဂ္ဂထုတ် ထိုကိရိယာများကို နောက်ဆုံးအတည်ပြုထားသည့် တရားဝင် လက်ဝယ်ရရှိထားသူဖြစ်သည်ဟု အထက်ပါ သုတေသနအဖွဲ့က ပြောသည်။

စစ်တပ်၏ ဒရုန်းများနှင့် ဒရုန်းမောင်းနှင်သူများ

စစ်တပ်၏ ထိုကိရိယာ တပ်ဆင်ထားသည့် ဒရုန်းကို ၂၀၂၄ ခုနှစ်၊ မတ်လနှောင်းပိုင်းနှင့် ဇွန်လ အစောပိုင်းအတွင် ရရှိခဲ့ခြင်းဖြစ်သောကြောင့် ရွှေလီရှိ ကုမ္ပဏီသို့ ရောင်းချပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာစစ်တပ်ထံ ရောက်သွားခြင်းဖြစ်သည်။

ထိုကိရိယာများကို စစ်ဘက်သုံးအဖြစ် အလျင်အမြန် ပြောင်းလဲပစ်ခြင်းသည် စစ်အုပ်စုက ဒရုန်းထုတ်လုပ်မှု အရှိန်မြှင့်တင်ရန် ညွှန်ကြားရေးမှူးရုံးသစ် ထူထောင်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အထက်ပါအဖွဲ့က ပြောသည်။

“ထိုကိရိယာများကို စစ်ဘက်အတွက် အသုံးမပြုဆိုသည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးထားသော်လည်း တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသည့် စီးပွားရေးအဖွဲ့အစည်းတခုက ကိရိယာများကို ရရှိပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုကိရိယာများကို ပြောင်းလဲခဲ့ကြောင်း CAR ၏ စုံစမ်းစစ်ဆေးမှုက ပြသနေသည်။ အရေးယူပိတ်ဆို့ခံ အဖွဲ့အစည်းများသည် ပြုပြင်ပြီး အဆင့်မြှင့်တင် လက်နက်ထုတ်လုပ်ရန် စီးပွားရေးလုပ်ငန်းသုံး အစိတ်အပိုင်းများ ရရှိနေသည်ဆိုသည့်အချက်ကို ထိုတွေ့ရှိချက်က ပိုမိုခိုင်မာစေသည်။ ထိုအချက်မှာ CAR က အမြဲတမ်းတွေ့နေရသော အချက်ဖြစ်သည်” ဟုလည်း ထိုအဖွဲ့က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂက မြန်မာသို့ လက်နက်စီးဆင်းမှု တားဆီးရန် နိုင်ငံများကို တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ အနောက်နိုင်ငံ အများအပြားနှင့် ဥရောပသမဂ္ဂကလည်း စစ်အုပ်စုကို အရေးယူပိတ်ဆို့ခဲ့သည်။ ဥရောပသမဂ္ဂသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ပိတ်ဆို့မှုကို စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စစ်အုပ်စုကို ပစ်မှတ်ထားသည့် ကန့်သတ်ချက်များကို ပိုမိုခိုင်မာအောင် ပြုလုပ်သည်ဟု CAR က ဖော်ပြသည်။

CAR ၏ တွေ့ရှိချက်နောက်ပိုင်းတွင် လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar (JFM) က ထိုကိစ္စသည် အရေးယူပိတ်ဆို့မှုကို ရှောင်ရှားခြင်းဖြစ်ကြောင်း အထင်အရှားဖော်ပြနေပြီး စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများကို ထိန်းချုပ်မှု ပိုမိုတင်းကျပ်ရန် လိုအပ်ချက်ကို မီးမောင်းထိုးပြနေသည်ဟု သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာသည်။

“ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် မြန်မာအပေါ် ကန့်သတ်သည့်အစီအမံများ အကောင်အထည်ဖော်မှု တောင့်တင်းအောင် လုပ်ရမည်ဖြစ်ပြီး မည်သည့် လက်နက်၊ ကိရိယာ သို့မဟုတ် နည်းပညာမှ စစ်အုပ်စုထံ မရောက်အောင် လုပ်ရမည်” ဟု JFM က ပြောသည်။

စစ်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုပြီး မြန်မာစစ်အုပ်စုသည် စစ်အုပ်စု ဆန့်ကျင်ရေးအင်အားစုများထံ ဆုံးရှုံးသွားသည့် ဒေသများမှ အရပ်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် တော်လှန်ရေးအင်အားစုများကို အပြင်းအထန် ဆက်လက် ဗုံးကြဲတိုက်ခိုက်နေပြီး နိုင်ငံတဝန်းတွင် အရပ်သားထိခိုက်သေဆုံးမှု အများအပြားဖြစ်စေသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
169
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
33
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
70

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ EU Drone Technology Found in Myanmar Military Drones ကို ဘာသာပြန်သည်။)

You may also like these stories:

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း

ဖယ်ခုံ ဘက ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက် (ရုပ်/သံ)

တရုတ်ဒရုန်းများ မြန်မာစစ်တပ် ပိုသုံးလာ

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

မြန်မာ့စစ်တပ်အတွက် စစ်လက်နက် တင်သွင်းပေးနေတဲ့ ခရိုနီကြီးများ

မြန်မာ့စစ်လက်နက်ထုတ်လုပ်မှု ကြီးထွားလာနေ

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုစီးပွားရေးတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုအရပ်သားပစ်မှတ်အရေးယူပိတ်ဆို့မှုဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မမိုးဆန်းစုကြည် လွတ်ရက်စေ့သော်လည်း တရားထပ်စွဲ၍ ထောင်သို့ပြန်ပို့

မမိုးဆန်းစုကြည် လွတ်ရက်စေ့သော်လည်း တရားထပ်စွဲ၍ ထောင်သို့ပြန်ပို့

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

ပလတ်စတစ် ပြဿနာ ကျန်းမာရေး ကဏ္ဍမှာ ၁ နှစ်ကို အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၅ ထရီလျံခန့် ထိခိုက်နိုင်လို့ ဆို

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved