• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း

by Kavi Chongkittavorn
6 November 2021
in သူ့အတွေး သူ့အမြင်
A A
၂၀၁၇ ခုနှစ် ဘေဂျင်းသို့ ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ခံတွေ့ဆုံစဉ် / Xinhua

၂၀၁၇ ခုနှစ် ဘေဂျင်းသို့ ရောက်လာသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ခံတွေ့ဆုံစဉ် / Xinhua

13.6k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မိသားစုဝင်အဖြစ် မြန်မာနိုင်ငံ၏ ကံကြမ္မာနှင့် ASEAN ၏ အရေးအကြီးဆုံး ဆွေးနွေးဘက် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို လာမည့် ၃ ပတ်ကာလက ဆုံးဖြတ်မည်ဖြစ်သည်။ ပြဿနာမှာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည့် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်မဖိတ် ဆိုသော ပြဿနာဖြစ်သည်။ ဘေ့ဂျင်းက မည်သို့ဆုံးဖြတ်သည်ဖြစ်စေ ထိုဆုံးဖြတ်ချက်သည် ASEAN-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အနာဂတ်တွင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ပေးမည်ဖြစ်ပေသည်။

မြန်မာနိုင်ငံအခြေအနေကို ကိုင်တွယ်ရာတွင် ဝေဖန်မှုများစွာ လအတန်ကြာခံစားရပြီးနောက် လက်ရှိ ASEAN ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံသည် ASEAN ၏ ဆက်စပ် ထိပ်သီးဆွေးနွေးပွဲများတွင် အရှေ့အာရှခေါင်းဆောင်များ အပြည့်အ၀ တက်ရောက်မှုအတွက် ချီးကျူးဂုဏ်ယူစရာ အောင်နိုင်သူအဖြစ် ထွက်ပေါ်လာသည်။ ASEAN ၏ အချက်အခြာကျမှုသည် ခိုင်မာလာသော်လည်း ASEAN အတွင်း သွေးစည်ချစ်ကြည်မှုကမူ အနာတရဖြစ်ခဲ့ရသည်။

လက်တွေ့တွင် နေပြည်တော်သည် ASEAN ဥက္ကဋ္ဌက နောက်ဆုံးတွင် အညံ့ခံလိမ့်မည်ဟု ထင်ကာ ASEAN တခုလုံးအနေဖြင့် တုံ့ပြန်မှုအပေါ် အတွက်အချက်မှားခဲ့သည်။ ASEAN ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်သော မြန်မာစစ်ကောင်စီ၏ စာသည် မည်သည့်ရလဒ်ကောင်းမျှ ထွက်မလာစေခဲ့ပေ။

လက်တွေ့တွင် နေပြည်တော်သည် ASEAN ဥက္ကဋ္ဌက နောက်ဆုံးတွင် အညံ့ခံလိမ့်မည်ဟု ထင်ကာ ASEAN တခုလုံးအနေဖြင့် တုံ့ပြန်မှုအပေါ် အတွက်အချက်မှားခဲ့သည်။ ASEAN ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်သော မြန်မာစစ်ကောင်စီ၏ စာသည် မည်သည့်ရလဒ်ကောင်းမျှ ထွက်မလာစေခဲ့ပေ။ ထိုဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၁၅ ရက်နေ့က ချမှတ်ပြိး ကျန်အဖွဲ့ဝင် ၉ နိုင်ငံလုံး သဘောတူသည်။ ထိုနိုင်ငံရေး ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး သူ၏စစ်ကောင်စီက သဘောမတူကြောင်း မှတ်တမ်းတင်ထားရန် စစ်ကောင်စီနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ASEAN ဥက္ကဋ္ဌကို ပြောသည်။

သုံးရက်ကြာ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသောအခါ ဘရူနိုင်းလ် ဘုရင် ဆူလတန် ဟက်ဆန် ဘိုလ်ကီးယားက ASEAN သည် မြန်မာကို မိသားစုဝင်အဖြစ်သာ ဆက်ဆံကြောင်း၊ ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ခြင်းလိုက်နာရန် တိုက်တွန်းကြောင်းပြောသည်။ စစ်ကောင်စီက လတ်တလော လုပ်ရမည့် ကိစ္စမှာ လအတန်ကြာ နှောင့်နှေးနေသော ASEAN အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) အာရီဝန် ယူဆွတ် ၏ ခရီးစဉ်ကို လက်ခံရေးဖြစ်ကြောင်း ထင်ရှားသည်။ ပိုမိုတိုးတက်ကြောင်းပြသသည့်အနေဖြင့် စစ်ကောင်စီသည် ASEAN နှင့် နိုင်ငံတကာ လူသားချင်း စာနာမှုအကူအညီများကို နိုင်ငံတွင်းသို့ ဝင်ခွင့်ပေးသင့်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် သဘောထားကွဲလွဲသွားသော ASEAN ကို စစ်ကောင်စီက လိုသလို အသုံးချနိုင်မည်ဆိုသည့် မှားယွင်းသော တွေးခေါ်မှုကို ပြင်ဆင်ရန် လုံလုံလောက်လောက် နှိမ့်ချရမည်ဖြစ်သည်။

ASEAN ၏ အချက်အခြာကျမှုကို ထိခိုက်ခြင်းမရှိဘဲ ဥက္ကဋ္ဌသစ် ဝန်ကြီးချုပ်ဟွန်ဆန်အောက်မှ ကမ္ဘောဒီးယားကလည်း တာဝန်ထမ်းဆောင်လိုက်သောအခါ ASEAN သည် ထိပ်တန်းခေါင်းဆောင်များ နှင့် အဖွဲ့ဝင်များအကြား ဆက်ဆံရေးသစ်ကို တွေ့ရတော့မည်ဖြစ်သည်။ ASEAN ကို ထိုသို့ ထိခိုက်စေသည့် ဆုံးဖြတ်ချက်ချမှတ်ရန် ဖိအားဖြစ်စေသည်မှာ မြန်မာနိုင်ငံ၏ လုပ်ရပ်သာဖြစ်ကြောင်း ဟွန်ဆန်က ပြတ်ပြတ်သားသားပြောကြားသည်။ ASEAN ၏ သွေးစည်းချစ်ကြည်မှုသည် အနာတရဖြစ်သွားသော်လည်း ကိုယ့်ပြဿနာ ကိုယ်ရှင်းနိုင်သည်ဆိုသည့် အရည်အသွေးကြောင့် လေးစားခံရသည်။ နိုဝင်ဘာလ ၂၅-၂၆ တွင် ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာရှ-ဥရောပအစည်းအဝေးသို့ မြန်မာကို ဖိတ်မည် မဖိတ်မည်ကိုလည်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ပြင်ပမှ စွက်ဖက်ခြင်းကို လက်မခံကြောင်း မြန်မာစစ်တပ်၏ သမိုင်းကလည်း ထင်ရှားစွာ ပြသနေသည်။ အကျဉ်းချုံးပြောရပါက စစ်ကောင်စီသည် ပြင်ပဖိအား သို့မဟုတ် စိုးရိမ်ပူပန်မှု မည်မျှဖြစ်နေစေ ဂရုမစိုက်ဘဲ ၎င်းတို့အတွက် သင့်တော်သည့် မည်သည့်အရာမဆို လုပ်မည်ဖြစ်သည်။ သို့သော် ၎င်း၏ ထုတ်ပြန်ချက်အဆုံးတွင် ASEAN ဥက္ကဋ္ဌက ပြည်တွင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် မြန်မာနိုင်ငံကို အချိန်နှင့် နယ်ပယ်ပေးသင့်ကြောင်း ရှင်းလင်းစွာ ဖေါ်ပြသည်။ စစ်ကောင်စီက စိတ်အားထက်သန်မှု ဆက်လက်မပြသပါက စစ်ကောင်စီသည် ၎င်းကိုယ်တိုင်နှင့် ASEAN ကို ထိခိုက်စေပြီး အချိန်နှင့် လှုပ်ရှားနိုင်သည့် နယ်ပယ် လျှော့နည်းလာမည်ဖြစ်သည်။

ထိုကိစ္စကို အဆုံးအဖြတ်ပေးမည်မှာ နှစ် ၃၀ မြောက်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ်ကျင်းပမည့် ASEAN-တရုတ် အထူးထိပ်သီးဆွေးနွေးပွဲဖြစ်သည်။ ထိုဝန်ထုတ်ဝန်ပိုးသည် ထိုအရေးပါသော ထိပ်သီး ဆွေးနွေးပွဲကို ပထမဆုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသော တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပုခုံးပေါ်သို့ ရောက်ရှိသွားသည်ကို သံသယဖြစ်စရာ မလိုပေ။ ထိုထိပ်သီးဆွေးနွေးပွဲသည် တနှစ်အတွင်း တရုတ်အတွက် ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲဖြစ်သည်။ စစ်ကောင်စီခေါင်းဆောင်ကို တရုတ်က ထိုအစည်းအဝေးသို့ဖိတ်ကြားမည်လား။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
500
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
193

ASEAN-တရုတ် အထူးထိပ်သီး ဆွေးနွေးပွဲက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပုခုံးပေါ်သို့ ရောက်ရှိသွားသည်ကို သံသယဖြစ်စရာ မလိုပေ။ စစ်ကောင်စီခေါင်းဆောင်ကို တရုတ်က ထိုအစည်းအဝေးသို့ဖိတ်ကြားမည်လား။

လွန်ခဲ့သော ၉ လတာကာလအတွင်း တရုတ်၏ တုံ့ပြန်မှုများကို အခြေခံ ဆုံးဖြတ်ရပါက ဘေ့ဂျင်းသည် လွန်ခဲ့သော အပတ်က ASEAN ထိပ်သီးစည်းဝေးပွဲ၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာမည့် သဘောရှိသည်။ အခြားလမ်းကြောင်းရွေးစရာ အကြောင်းမရှိပေ။ ထိပ်သီးဆွေးနွေးပွဲ ပထမဆုံးနေ့တွင် တရုတ်နှင့်သြစတြေးလျကို ကျယ်ပြန့်သော သေနင်္ဂဗျူသာ မိတ်ဘက် (CSP) အဖြစ် သတ်မှတ်ရေးတွက် သေးငယ်သော သံတမန်ရေး ကသိကအောက်ဖြစ်မှု ဖြစ်ပွားသည်။ ဆွေးနွေးဘက်နိုင်ငံများနှင့် အချို့ ASEAN နိုင်ငံများအတွက် စိတ်ပျက်စရာကောင်းသော ကိစ္စမှာ ထိပ်သီးဆွေးနွေးပွဲပြီး နောက်နေ့တွင် ထုတ်ပြန်ရမည့် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ကြေညာချက်ကို တရက်ကြာ ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ASEAN-တရုတ်ဆက်ဆံရေးတွင် ညှိနှိုင်းပေးသူအသစ်ဖြစ်သည့် မြန်မာနိုင်ငံသည် ASEAN ထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မရခြင်းက အစီအစဉ်တခုလုံးကို ဖရိုဖရဲဖြစ်သွားစေသည်။ ASEAN ဥက္ကဋ္ဌက မြန်မာနိုင်ငံနေရာ အစားထိုးခြင်းအတွက် တာဝန်ခံရသည်။ ASEAN-သြစတြေးလျ ညှိနှိုင်းသူအသစ် လာအိုသည် ၎င်း၏လုပ်ဖေါ်ကိုင်ဘက် နိုင်ငံများ၏ သဘောထားများနှင့် သုံးသပ်ချက်များကို စုစည်းရာတွင် ပြဿနာ မရှိပေ။ ထို့ကြောင့်ပင် ASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲအပြီး နောက်တနေ့မှ ကျင်းပသည့် ASEAN-သြစတြေးလျ ထိပ်သီးဆွေးနွေးပွဲကြေညာချက်ကို ထိုထိပ်သီးဆွေးနွေးပွဲပြီးလျှင်ပြီးချင်း ထုတ်ပြန်ပြီး ASEAN-တရုတ်ကြေညာချက်ထက်ပင် စောသောကြောင့် ASEAN သည် သြစတြေးလျကို CSP အဆင့် စောလျှင်စွာပေးလိုက်သည်။ သို့သော် ထိုကိစ္စသည် အရေးမပါပေ။

နောက်ဆုံးသတင်းစာ ရှင်းလင်းပွဲတွင် တရုတ်၊ သြစတြေးလျ တို့နှင့် CSP အဆင့် ထူထောင်ခြင်းကို သဘောတူကြောင်း ကြေညာသည်မှာ ဆူလတန် ဟက်ဆန် ဘိုလ်ကီးယားဖြစ်သည်။ အချို့ ASEAN နိုင်ငံများက ချွင်းချက်များ ရှိနေသော်လည်း ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်သည်မှာ ဘရူနိုင်းဖြစ်သည်။ လက်တွေ့တွင်မူ ASEAN သည် CSP နှင့်ပတ်သက်ပြီး ယခင်အဆင့်မြင့်အရာရှိများ စည်းဝေးပွဲကပင် ဆုံးဖြတ်ထားပြီး နောက်ထပ်ဆက်လက်ဆွေးနွေးစရာများ ရှိနေသေးကြောင်း မူအားဖြင့် သဘောတူထားသည်။ နက်နက်ရှိုင်းရှိုင်းပြောရမည်ဆိုပါက ASEAN သည် တရုတ်နှင့် သြစတြေးလျကို မျက်နှာသာပေးခြင်းအား ရှောင်ရှားလိုသည်။ အမှန်တရားကိုပြောရပါက ထိုနှစ်နိုင်ငံလုံးသည် အရေးပါသော မိတ်ဘက်များဖြစ်သည်။

လာမည့် ၃ ပတ်အတွင်းတွင် စစ်ကောင်စီ၏ သေရေးရှင်ရေးဖြစ်လာသည်။ စစ်ကောင်စီက ASEAN ဘုံသဘောတူညီချက်ကို ဆက်လက် မလိုက်နာက ရှေ့မည့် ထိပ်သီးဆွေးနွေးပွဲများနှင့် အခြားအလွတ်သဘော နိုင်ငံတကာညီလာခံများကို တက်ရောက်နိုင်မည် မဟုတ်ပေ။

အရာရာကို ထည့်သွင်းစဉ်းစားလိုက်သောအခါ လာမည့် ၃ ပတ်အတွင်းတွင် စစ်ကောင်စီ၏ သေရေးရှင်ရေးဖြစ်လာသည်။ စစ်ကောင်စီက ASEAN ဘုံသဘောတူညီချက်ကို ဆက်လက် မလိုက်နာက ရှေ့မည့် ထိပ်သီးဆွေးနွေးပွဲများနှင့် အခြားအလွတ်သဘော နိုင်ငံတကာညီလာခံများကို တက်ရောက်နိုင်မည် မဟုတ်ပေ။ သို့သော် ASEAN ဘုံသဘောတူညီချက်နှင့် ပတ်သက်သည့် အကောင်အထည်ပြနိုင်သော တိုးတက်မှုရှိပါက အထူးသဖြင့် ကာလကြာရှည် စောင့်နေသည်ASEAN အထူးသံတမန်၏ ခရီးစဉ်နှင့်ပတ်သက်သည့် တိုးတက်မှု ရှိပါက အိမ်ရှင်နိုင်ငံက မြန်မာကို လက်ခံနိုင်သည်။ အရေးအကြီးဆုံး အခြေအနေတွင် ထိုဆက်ဆံရေးကို ညှိနှိုင်ပေးမည့် စေ့စပ်ညှိနှိုင်းပေးသူမရှိခြင်းသည် ASEAN-တရုတ် ဆက်ဆံရေးတွင် မမျှော်လင့်သော ဆုံးရှုူံးမှု များနိုင်ကြောင်း တရုတ်က ကောင်းစွာသိသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် တရုတ်၏ သဘောထားမှာ ရှင်းလင်းသည်။ ငြိမ်းချမ်းရေး ဆောင်ယူပေးပြီး မြန်မာအကျပ်အတည်း ရေရှည်ပြေလည်ရေးအတွက် ASEAN ၏ အားထုတ်မှု အားလုံးကို ထောက်ခံသည်။ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု အမြန်ဆုံး ပြန်လည်ရရှိသည်ကို မြင်လိုသောကြောင့် တရုတ်နိုင်ငံသည် ပဋိပက္ခ၏ ဘက်အားလုံးနှင့် မျှတစွာ ဆက်ဆံနေသည်ဟု သတင်းများက ဆိုသည်။ သို့သော် မြန်မာပြည်တွင်းအခြေအနေ ဆက်လက် ဆိုးရွားနေပါက တရုတ်နိုင်ငံ၏ သဘောထားသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အနှစ်ချုပ်အားဖြင့်ဆိုရပါက တရုတ်နှင့်မြန်မာအကြား အထိမခံနိုင်တော့သည့် စည်းအနီကို ရေးဆွဲထားပြီးဖြစ်သည်။ ယခုအချိန်သည် နေပြည်တော်ကသာ ဆုံးဖြတ်ရတော့မည့်အချိန်ဖြစ်သည်။ ဘေ့ဂျင်းက အပြည့်အ၀ ထောက်ခံထားသည့် ASEAN ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေပါက စစ်ကောင်စီခေါင်းဆောင်သည် ASEAN-တရုတ် ထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ရမည်မဟုတ်ကြောင်း ထပ်မံပြောကြားနိုင်သည်။ ဖြုန်းတီးပစ်ရန် အချိန်မရှိတော့။ ရပ်တည်ရန်နေရာလည်း မရှိတော့ပေ။

(ကဗီ ချောင်ကစ်တာဗွန်သည် အာဆီယံနှင့် ဒေသတွင်း သံတမန်ရေးရာ ကျွမ်းကျင်သူ ဝါရင့် ထိုင်းသတင်းစာဆရာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN and the Myanmar Quagmire: China’s Next Move ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်

စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ

Your Thoughts …
Tags: AseanASEAN-တရုတ် ထိပ်သီးဆွေးနွေးပွဲတရုတ်၏ နောက်ထပ်ခြေလှမ်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာအကျပ်အတည်း
Kavi Chongkittavorn

Kavi Chongkittavorn

Contributor

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

Next Post
NUG နိုင်ငံခြားရေးဝန်ကြီးနှင့် UK အာရှရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးမှု  / NUG

NUG နှင့် UK အာရှရေးရာဝန်ကြီးတို့ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆွေးနွေး

လူထု သပိတ်မှောက်ခံထားရတဲ့ Mytel သုံးလအတွင်း ဒေါ်လာ ၂၄ သန်းကျော် ဆုံးရှုံး (ရုပ်/သံ)

လူထု သပိတ်မှောက်ခံထားရတဲ့ Mytel သုံးလအတွင်း ဒေါ်လာ ၂၄ သန်းကျော် ဆုံးရှုံး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved