• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

by Han Fook Kwang
14 September 2023
in သူ့အတွေး သူ့အမြင်
A A
စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

စင်ကာပူ သမ္မတ မစ္စတာ သာမန်း ရှမ်မူဂါရက်နမ်/CNA

3.7k
VIEWS
Share on FacebookShare on Twitter

အာဏာ အကန့်အသတ်နဲ့ပဲရှိပြီး နိုင်ငံရေးနဲ့ မဆိုင်တဲ့ရာထူးဟာ နိုင်ငံရေးအရ ထူးခြားမှု မရှိဘူးလို့ ယူဆကြပေမယ့် စင်ကာပူ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ သာမန်း ရှမ်မူဂါရက်နမ်ရဲ့ တောင်ပြိုကမ်းပြို အောင်ပွဲဟာ နိုင်ငံရေးအရ အရေးပါတယ်။

အကြောင်းအချက် မျိုးစုံကြောင့် ၂၀၂၃ စင်ကာပူ သမ္မတရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲတွေထက် နိုင်ငံရေးအရ သက်ရောက်မှု ပိုမိုများစွာ ရှိပါတယ်။

ပထမဆုံးအချက်ကတော့ ပုဂ္ဂလိကအမြင်အဆင့်မှာ ကျနော့်ဆန္ဒ ပြည့်ဝသွားတယ်။ ၂၀၁၇ ခုနှစ်က သမ္မတ ဟာလီမာယာကော့ တဦးတည်းအရွေးခံပြီး အလွယ်တကူ အောင်ပွဲရတာနဲ့ မတူဘဲ ဒီတကြိမ်မှာ ယှဉ်ပြိုင်မှု ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း CNA သတင်းဌာနမှာ ဆောင်းပါးတပုဒ် ရေးသားခဲ့တယ်။

အဲဒီတုန်းက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ်လို့ ကြေညာဖို့ ဘယ်သူမှ ထွက်မလာသေးသလို ဘယ်လောက်များမယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရဘူး။

အကောင်းဆုံးပြိုင်ပွဲက ပြည်သူ့အရေးတော်ပုံပါတီ (PAP) ပါတီဝန်ကြီးဟောင်း တယောက်နဲ့ အာဏာရပါတီနဲ့ မသက်ဆိုင်တဲ့သူ တဦးဦး ယှဉ်ပြိုင်တာပဲလို့ ကျနော်ရေးခဲ့တယ်။

ဒါဟာ အားလုံးအတွက် အနိုင်ရတဲ့အခြေအနေ ဖြစ်နိုင်တယ်။ တကယ်လို့ ဝန်ကြီးဟောင်း နိုင်ခဲ့ရင် ပြည်သူတွေက အာဏာရပါတီနဲ့ နီးကပ်သူကို ရွေးချယ်ရတာ ပြဿနာမရှိဘူးဆိုတာ ပြသလိုက်ပြီး ပါတီနဲ့ပတ်သက်တဲ့ ပြဿနာကို အပြီးတိုင် အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

PAP မဟုတ်တဲ့ သမ္မတလောင်းနိုင်ရင် တသီးပုဂ္ဂလကဏ္ဍက ပုဂ္ဂိုလ်တယောက် အောင်ပွဲရနိုင်တယ်ဆိုတာကို ပြသပြီး အနာဂတ်မှာ ပိုမိုများပြားတဲ့ အဲဒီလိုလူတွေ ရှေ့ထွက်လာမယ်။

ရွေးကောက်ပွဲမှာ မစ္စတာ အန်း ကော့ဆောင်နဲ့ မစ္စတာ တန်ကင်လျှန်တို့က တသီးပုဂ္ဂလ ကဏ္ဍကနေ မစ္စတာ သာမန်းကို ယှဉ်ပြိုင်ခဲ့ပေမယ့် သူတို့နှစ်ဦးလုံးက ယှဉ်ပြိုင်မှုကို အပြင်းအထန် သက်ရောက်အောင် မလုပ်နိုင်ကြဘူး။

PAP မဟုတ်တဲ့ သမ္မတလောင်းနိုင်ရင် တသီးပုဂ္ဂလကဏ္ဍက ပုဂ္ဂိုလ်တယောက် အောင်ပွဲရနိုင်တယ်ဆိုတာကို ပြသပြီး အနာဂတ်မှာ ပိုမိုများပြားတဲ့ အဲဒီလိုလူတွေ ရှေ့ထွက်လာမယ်။

ဘာကြောင့် မစ္စတာ သာမန်းက မဲအပြတ်အသတ်အနိုင်ရတာလဲ။

မစ္စတာ သာမန်းက အမှန်တကယ် ရေပန်းစားတယ်။ သူ့အတွက် လူထုထောက်ခံမဲ ၇၀ ဒသမ ၄ ရာခိုင်နှုန်းရပြီး အတိုက်အခံ ကျောထောက်နောက်ခံပြု မစ္စတာ တန်က ၁၃ ဒသမ ၈၈ ရာခိုင်နှုန်းပဲ ရတယ်ဆိုတာက ထုံးစံအားဖြင့် အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို မဲပေးတဲ့ ပြည်သူအချို့ (ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းလောက်) က မစ္စတာ သာမန်းကို ရွေးခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်။

ဒါဟာ တော်တော် ထူးခြားတယ်။ ကိစ္စအများအပြားမှာ သဘောထား ကွဲလွဲနေနိုင်တဲ့ မဲဆန္ဒရှင်တွေဟာ စင်ကာပူရဲ့ ၉ ယောက်မြောက် သမ္မတ ဘယ်သူဖြစ်စေချင်တယ်ဆိုတဲ့ ကိစ္စမှာ သဘောတူညီမှု ရနိုင်ခဲ့ကြတယ်။

အဲဒီသဘောအရဆိုရင်သူဟာ ညီညွတ်ရေးခေါင်းဆောင်ပဲ။

ဒါပေမယ့် အခြားသမ္မတလောင်း နှစ်ဦးရဲ့ အားနည်းချက်ကလည်း အခုရလဒ်မှာ အရေးပါတဲ့ အခန်းက ပါဝင်တယ်။

မစ္စတာ အန်းက ဇူလိုင်လမှာ သမ္မတလောင်းစာရင်း မသွင်းခင်အထိ လူသိနည်းတယ်။ စကတည်းကနေ မဲဆွယ်ပွဲအထိ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှုရှိတယ်လို့ ထင်အောင် အာဏာရှိသူတွေက သူ့ကိုဝင်ပြိုင် ခိုင်းထားတာ ဖြစ်တယ်ဆိုတဲ့ ထင်မြင်ချက်ကြောင့် သူ ဒုက္ခရောက်နေတယ်။

သူနှင့်မတူတဲ့အချက်က မစ္စတာ တန်က လူသိ အရမ်းများနေနိုင်တယ်။ ဒါပေမယ် မှားယွင်းတဲ့ အကြောင်းတွေအတွက် လူသိများတာ ဖြစ်တယ်။

သမ္မတလောင်း သုံးဦးဖြစ်သည့် မစ္စတာ အန်း ကော့ဆောင်၊ မစ္စတာ သာမန်း ရှမ်မူဂါရက်နမ်နှင့် မစ္စတာ တန်ကင်လျှန် / CNA

သူက ၂၀၁၁ သမ္မတရွေးကောက်ပွဲမှာ စပေါ်ငွေ ဆုံးရှုံးပြီး သမ္မတအဖြစ် ရေရှည်တည်တံ့မှုကို သံသယဖြစ်စရာ လူမှုကွန်ရက် ပို့စ်တွေလည်း ရှိတယ်။

အဲဒီလို ရွေးချယ်မှုတွေနဲ့ ရင်ဆိုင်ရတော့ မဲဆန္ဒရှင်တွေက နိုင်ငံရဲ့အမြင့်ဆုံးရာထူးကို အကျိုးပြုပြီး ကျော်ကြားတဲ့၊ လေးစားလောက်တဲ့ အရည်အသွေးနဲ့ တာဝန်ထမ်းဆောင်မယ့် သမ္မတဘက်ကို လှည့်လိုက်ကြတယ်။

ဒီထက်မကတာတွေလည်း ရှိနိုင်သေးလား။

လူမျိုးရေးအယူအဆ သက်တမ်းကုန်တော့မည်

သူ့ရဲ့အဆုံးအဖြတ်ကျတဲ့ အောင်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ထူးခြားတယ်လို့ ထင်စေတာ အချက် သုံးချက်ရှိတယ်။

ပထမဆုံးအချက်က သူကိုယ်တိုင်နဲ့ ဆိုင်တယ်။ လူအများအပြားက သူဟာ ဝန်ကြီးချုပ် ဖြစ်ခဲ့သင့်တယ်လို့ ထင်တယ်။

သူ့မှာ ရေပန်းစားမှုနဲ့ စွမ်းရည်တွေရှိပေမယ့် အဲဒီပါတီက သူဟာ ဝန်ကြီးချုပ် လီရှန်လွန်းကို ဆက်ခံနိုင်သူလို့ မယူဆဘူး။

၂၀၁၉ ခုနှစ်မှာ ဒုဝန်ကြီးချုပ် ဟန်ဆွီးကိ ပေးတဲ့ အကြောင်းပြချက် တခုကတော့ အသက်အရွယ် ကြီးတဲ့ စင်ကာပူနိုင်ငံသားတွေက တရုတ်မဟုတ်တဲ့ ဝန်ကြီးချုပ်ကို လက်မခံနိုင်ဘူး ဆိုတာပဲ။ ဒါပေမယ့် လူမျိုးစုနဲ့ ပတ်သက်တဲ့ အချက်ဟာ စင်ကာပူနိုင်ငံသားတွေအတွက် အရေးပါမှု လျော့ကျလာတယ်လို့ စစ်တမ်းတွေက ဖော်ပြတော့ အဲဒီပြောဆိုချက်က အထူးသဖြင့် လူငယ်တွေကြားမှာ အမှန်တရားနဲ့ ဆန့်ကျင်နေပါတယ်။

တရုတ်မျိုးနွယ် အများစုရဲ့ ထောက်ခံမှုနဲ့ သမ္မတရွေးကောက်ပွဲမှာ မစ္စတာ သာမန်း အနိုင်ရတာက လူမျိုးရေးကိစ္စဟာ သက်တမ်းကုန်ဆုံးတော့မယ် ဆိုတာပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။

တရုတ်မျိုးနွယ် အများစုရဲ့ ထောက်ခံမှုနဲ့ သမ္မတရွေးကောက်ပွဲမှာ မစ္စတာ သာမန်း အနိုင်ရတာက လူမျိုးရေးကိစ္စဟာ သက်တမ်းကုန်ဆုံးတော့မယ် ဆိုတာပြသတဲ့ လက္ခဏာ ဖြစ်ပါတယ်။

လေ့လာသူများက ကိုးကားပြောဆိုတဲ့ အခြားအကြောင်းရင်း တခုကတော့ မစ္စတာ သာမန်းဟာ သူ့ လုပ်ဖော်ကိုင်ဘက်တွေထက် ပိုမို လွတ်လပ်စွာ တွေးခေါ်တတ်တာကြောင့် ဝန်ကြီးချုပ်ရာထူးကို စဉ်းစားမှာ မဟုတ်ဘူးလို့ ထင်ကြသလို လူမှုကွန်ရက်က သူ့အမြင်တွေက လက်ဝဲယိမ်းကြောင်း ဖော်ပြနေတယ်။

အစိုးရက အငြင်းပွားဖွယ်ရာ ၁၉၈၇ ခုနှစ် မာ့က်စ်ဝါဒ ကြိုတင်ကြံစည်မှုအဖြစ် လူမှုဝန်ထမ်းတွေကို လက်ဦးမှုရယူ ဖမ်းဆီးခဲ့တဲ့ အစိုးရရဲ့လုပ်ရပ်ကို သဘောမတူဘူးလို့ ပြောလို့ သူလည်း ပြည်တွင်းလုံခြုံရေးဌာနက အဲဒီ ဖမ်းဆီးခံထားရသူတွေနဲ့ ဆက်စပ်မှုကို တပတ်လောက် စစ်ဆေးခံရပါတယ်။

ဒီလို မှတ်တမ်းတွေကြောင့် သူ သမ္မတလုပ်ရင် အရင်သမ္မတတွေထက် ပိုမိုစိတ်လှုပ်ရှားစရာတွေကို မျှော်လင့်ကြတယ်။

မစ္စတာ သာမန်းက ရွေးကောက်ပွဲအလွန် တွေ့ဆုံမေးမြန်ခန်းတခုမှာ သူရွေးကောက်ပွဲ ဝင်ရောက်ရတဲ့ အကြောင်းရင်းတခုက စင်ကာပူမှာ ဘဏ္ဍာရေးဝန်ကြီး လောရင့်ဝေါင်းက နောက်ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုတဲ့ နိုင်ငံရေး အပြောင်းအလဲကြောင့်လို့ ပြောခဲ့တယ်။

“ကျနော်တို့ဟာ အရမ်းအရေးပါတဲ့ အပြောင်းအလဲကို ဖြတ်သန်းရတော့မယ်လို့ထင်ပြီး ကျနော်ပြောခဲ့တဲ့အတိုင်း နိုင်ငံရေးခေါင်းဆောင်မှု ပြောင်းလဲတဲ့ အတားအဆီးတခုကို ရှင်းလင်းလိုက်တဲ့ ကိစ္စတခုတည်း မဟုတ်တော့ဘူး” လို့ သူကပြောပါတယ်။

“တကယ်တော့ ကျနော်တို့က ခေတ်သစ်ရောက်နေပြီ။ စင်ကာပူ လူ့အဖွဲ့အစည်းက ပြောင်းလဲနေတယ်။ စင်ကာပူ နိုင်ငံရေးက ပြောင်းလဲနေတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ်အကြား ဆက်ဆံရေးက ပြောင်းလဲနေတယ်လို့ ကျနော်ထင်တယ်။ ဝန်ကြီးချုပ်သစ်ဟာ အပြုသဘောဆောင်သူ ဖြစ်သင့်တယ်။ အဲဒီလိုဖြစ်အောင် ကျနော်တို့ လုပ်နိုင်တယ်လို့ထင်တယ်” လို့လည်း သူက ဆက်ပြောတယ်။

ထူးခြားစိတ်ဝင်စားစရာ အကောင်းဆုံး တခု

လွတ်လပ်တဲ့ စိတ်ဓာတ်ကြောင့် အရမ်း လူကြိုက်များတဲ့ သမ္မတတယောက်က ဝန်ကြီးချုပ်သစ် တဦးနဲ့ အလုပ်ဖြစ်တဲ့ ဆက်ဆံရေးသစ် ထူထောင်မယ့် အလားအလာဟာ ဘေးကင်းလုံခြုံပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ စင်ကာပူမှာ ထူးခြား စိတ်ဝင်စားစရာကောင်းတဲ့ ကိစ္စဖြစ်တယ်။

နိုင်ငံရေးအရ ထူးခြားမှု ရှိ၊ မရှိဆိုတာ မစ္စတာ သာမန်းက သူလိုလားတဲ့ တန်ဖိုးတွေနဲ့ ကိုက်ညီတဲ့နည်းလမ်းနဲ့ ဒီအခြေအနေကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အခွင့်အလမ်းကို ဘယ်လို အသုံးချ မလဲဆိုတဲ့ အချက်အပေါ် မူတည်တယ်။

နောက်ရာထူးသက်တမ်းတွေမှာ ဆက်လက် ရွေးကောက်ခံရရင် သူ့မှာ အဲဒီလိုလုပ်ဖို့ ၁၂ နှစ်မကတောင် အချိန်ရပြီး အဲဒီလောက် ကာလဟာ နိုင်ငံရေးမှာ ရှည်ကြာတဲ့ကာလဖြစ်ပြီး အပြောင်းအလဲဖြစ်စေဖို့ လုံလောက်တာထက် ပိုမိုရှည်ကြာတဲ့အချိန် ဖြစ်တယ်။

ဒုတိယနိုင်ငံရေးသက်ရောက်မှုက သူအနိုင်ရတဲ့ရာခိုင်နှုန်းက အတိုက်အခံတွေနဲ့ သက်ဆိုင်နေတယ်။

ထင်ရှားတဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာ တန်ချန်းဘော့၊ ဒေါက်တာ ချီဆွန်းဂျန်၊ မစ္စတာ တန်ဂျီးဆေးနဲ့ မစ္စတာ လင်မ်တင်းတို့က မစ္စတာ တန်ကင်လျှန်ကို ထောက်ခံကြောင်း ကြေညာပေမယ့် သမ္မတလောင်းက အတိုက်အခံမဲ အများအပြားရဖို့ ဖြစ်နိုင်စေတယ်။

စင်ကာပူတွင် ရွေးကောက်ပွဲ မဲပေးသူများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် / CNA

ထုံးစံအားဖြင့် အတိုက်အခံမဲက အနည်းဆုံး ၃၀ ရာခိုင်နှုန်း ရှိတယ်။ နောက်ဆုံးတော့ အတိုက်အခံလှိုင်းဟာ အကောင်အထည် ပေါ်မလာပါဘူး။

အဓိက အတိုက်အခံပါတီဖြစ်တဲ့ အလုပ်သမားပါတီက အရင်ထုံးစံအတိုင်း တစုံတဦးကို သမ္မတလောင်းအဖြစ် မထောက်ခံခဲ့တာကလည်း ထူးခြားပါတယ်။

စင်ကာပူနိုင်ငံဟာ နှစ်ပါတီနိုင်ငံဖြစ်နေသေးပြီး အခြားအတိုက်အခံတွေက မဲဆန္ဒရှင်တွေအပေါ် သြဇာသက်ရောက်ဖို့ အဝေးကြီး လိုသေးသလို မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို အလကားမရဘူး ဆိုတာလည်း ပြသလိုက်ရာရောက်တယ်။

သမ္မတရွေးကောက်ပွဲမှာ အရေးကြီးတဲ့ပြဿနာ မရှိသလို မဲဆန္ဒရှင်တွေကကလည်း ဒါက နိုင်ငံရေးဘက်လိုက်မှုလို့ မမြင်ဘူး။ မစ္စတာ တန်ကို ထောက်ခံပြီး အတိုက်အခံ အလံလွှင့်ခဲ့သူတွေအတွက် နာကျင်စရာ သင်ခန်းစာဖြစ်ပြီး ရွေးချယ်ထားသူတွေက အရည်အချင်း မရှိကြောင်း သိလာရတဲ့အခါ ထိခိုက်ဆုံးရှုံးရတယ်။

လာမည့် အထွေထွေရွေးကောက်ပွဲအပေါ် သက်ရောက်မှု

နောက်ဆုံးအချက်ကတော့ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နိုင်တာက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပရမယ့်ကျင်းရမယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအပေါ် ၂၀၂၃ သမ္မတရွေးကောက်ပွဲ ရလဒ်က ဘယ်လို အကျိုးသက်ရောက်မလဲဆိုတာပဲ ဖြစ်ပါတယ်။

အယူအဆ နှစ်မျိုး ရှိပါတယ်။

တခုကတော့ PAP က ထောက်ခံတဲ့ သမ္မတလောင်းအတွက် မဲအများအပြား ရတာဟာ အာဏာရပါတီအတွက် ဆိုးကျိုးဖြစ်နိုင်ပါတယ်။ အစိုးရနဲ့ ခိုင်မာအလုပ်ဖြစ်တဲ့ ဆက်ဆံရေးရှိတဲ့၊ လုံခြုံအားထားရတဲ့ သမ္မတကို ယုံကြည်သူတွေက သူတို့မဲနဲ့ အခွင့်အရေးယူဖို့ ပိုမို စိတ်အားထက်သန်နိုင်ပါတယ်။

အဲဒီအခြေအနေမှာ အတိုက်အခံ ဒုတိယသော့ဟာ ကောင်းမွန်စွာ စောင့်ရှောက်ထားသူတွေ လက်မှာ ရှိနေတာကိုသိတော့ မျှော်လင့်ထားတာထက် အခြေအနေကောင်းပါတယ်။

အဲဒီအယူအဆနဲ့ ဆန့်ကျင်တဲ့ဘက်ကတော့ မစ္စတာ သာမန်း အကြီးအကျယ် အနိုင်ရတာက မကြာသေးမီက PAP ကို အကျပ်ဆိုက်စေတဲ့ ပြဿနာတွေကြောင့် အခြေအနေမကောင်းဘူးဆိုတဲ့ စကားတွေဟာ ချဲ့ကားပြောတာပဲလို့ ပြောပါတယ်။ အခြေအနေ အရမ်းဆိုးနေရင် မစ္စတာ သာမန်းဟာ မဲလျော့နည်းပြီး အကျိုးဆက်ကို ခံစားရမှာ ဖြစ်ပါတယ်။

အဲဒီလိုဆိုရင် PAP ဟာ လာမယ့်နှစ် ဒါမှမဟုတ် အဲဒီနောက်တနှစ်မှာ ရွေးကောက်ပွဲအတွက် စိုးရိမ်စရာမရှိဘူး။

ဘယ်အယူအဆမှန်လဲ။ ဘာပဲဖြစ်ဖြစ် အရေးပါတယ်လို့ ကျနော်မထင်ဘူး။

အထွေထွေရွေးကောက်ပွဲတခုမှာ အရေးပါတဲ့ ပြဿနာတွေက လွှမ်းမိုးပြီး ကိုယ်စားလှယ်လောင်း တဦးစီရဲ့ အရည်အသွေးကို မဲဆန္ဒရှင်တွေက အနီးကပ်လေ့လာတဲ့အတွက် လုံးဝကွဲပြားခြားနားတဲ့ အခြေအနေဖြစ်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးအတွက် သမ္မတရွေးကောက်ပွဲရလဒ်ကို မေ့ထားပြီး မဲဆန္ဒရှင်တွေ၊ သူတို့ကလေးတွေဘဝ တိုးတက်ဖို့အတွက် ဘာအရေးအကြီးဆုံးလဲ ဆိုတာကို မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်လေ့လာဖို့ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးအတွက် သမ္မတရွေးကောက်ပွဲရလဒ်ကို မေ့ထားပြီး မဲဆန္ဒရှင်တွေ၊ သူတို့ကလေးတွေဘဝ တိုးတက်ဖို့အတွက် ဘာအရေးအကြီးဆုံးလဲ ဆိုတာကို မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်လေ့လာဖို့ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၂၀၂၃ ရွေးကောက်ပွဲဟာ သင်ခန်းစာတခုဖြစ်ပေမယ့် ဟောင်းနွမ်းသွားပြီ ဖြစ်ပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
446
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k

မဲဆန္ဒရှင်တွေကို စိတ်လှုပ်ရှားစေတာက လိမ္မာပါးနပ်တဲ့ စကားတွေ၊ ဆုပ်ကိုင်မရတဲ့ အတွေးအခေါ်တွေ သို့မဟုတ် ကတိတွေ မဟုတ်ဘဲ ပိုမိုအခြေခံကျပြီး လူသားဆန်တဲ့ သူတို့နဲ့ ကိုယ်စားလှယ်လောင်းကို ဆက်စပ်ပေးတာတွေ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းကို ယုံကြည်နိုင်သလား၊ အလုပ်လုပ်ဖို့ အားကိုးလို့ရလားဆိုတာတွေ ဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်လုပ်ရပ်တွေနဲ့ အပြုအမူတွေဟာ အဲဒီ ကိုယ်စားလှယ်ကို ယုံကြည်မှု တိုးစေသလား ဒါမှမဟုတ် လျော့စေသလားဆိုတာတွေ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းဟာ ငါ့အနာဂတ်အတွက် ယုံကြည်ရတဲ့ ဘယ်လိုလူမျိုးလဲဆိုတာ ဖြစ်ပါတယ်။

တနည်းတဖုံ ထူးဆန်းတာကတော့ ၂၀၂၃ သမ္မတရွေးကောက်ပွဲကနေ အသုံးအဝင်ဆုံး သင်ခန်းစာကို လေ့လာနိုင်တဲ့ပါတီကတော့ PAP ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝါရင့်အဖွဲ့ဝင်ဟောင်း တယောက်က သူတို့ ထင်ထားတာထက် အပြတ်အသတ် အောင်ပွဲရသွားတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံသားတွေက ပါလီမန်မှာ ပိုမိုများပြားတဲ့ အတိုက်အခံကိုယ်စားပြုမှု လိုချင်ပေမယ့် ဒီနေ့ဒီခေတ်မှာ ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အတိုက်အခံပါတီအနေနဲ့ မစ္စတာ သာမန်း လုပ်နိုင်ပုံရသလိုမျိုး စင်ကာပူ နိုင်ငံသားတွေရဲ့ယုံကြည်မှု ပြန်လည်ရယူဖို့လိုပါတယ်။

အဲဒီပါတီအနေနဲ့ ဒါကိုလုပ်နိုင်ရင် ၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲရဲ့ နိုင်ငံရေးအရ ထူးခြားမှုဟာ သိသာမြင်သာ ဖြစ်လာပါမယ်။

(Channel News Asia ပါ Han Fook Kwang ၏ Commentary: Why the 2023 Presidential Election results are politically significant ကို ဘာသာပြန်သည်။ )

You may also like these stories:

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

မြန်မာရေတပ်သို့ တားမြစ်ပစ္စည်းရောင်းခဲ့ကြောင်း စင်ကာပူ နိုင်ငံသား ၂ ဦး ဝန်ခံ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

မြန်မာအိမ်အကူများ သေဆုံးခြင်းနှင့် စင်ကာပူ၏ ဥပဒေဟာကွက်

Your Thoughts …
Tags: စင်ကာပူနိုင်ငံရေးမာ့က်စ်ဝါဒရွေးကောက်ပွဲ
Han Fook Kwang

Han Fook Kwang

ဟန်ဖွတ်ကွန်းသည် ဝါရင့်သတင်းစာ အယ်ဒီတာနှင့် နန်ယန်းနည်းပညာတက္ကသိုလ်၊ အက်စ် ရာဂျာရတ်နမ် နိုင်ငံတကာလေ့လာရေးကျောင်းမှ ဝါရင့်သုတေသီ ဖြစ်သည်။

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်

မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved