• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖားကန့်မှာ မြေပြိုပြီး လူသေတာ ရေမဆေးသမားတွေက တရားခံတဲ့လား

by သဲကို
21 September 2020
in ဆောင်းပါး
A A
ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရှာဖွေနေသူ / ဇော်ဇော် / ဧရာဝတီ

ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရှာဖွေနေသူ / ဇော်ဇော် / ဧရာဝတီ

15k
VIEWS
Share on FacebookShare on Twitter

“ကျမ ဘာအပြစ်မှမလုပ်ထားဘူး။ ဒီ အထဲက ထွက်ချင်တယ်” ဟု အသက် ၅၇ နှစ်အရွယ်ရှိ ရခိုင်ပြည်နယ် ပေါက်တောမှ တဆင့် ဖားကန့်မြို့၊ ဝှေခါကျေးရွာတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ ဒေါ်မမ က ရခိုင်တိုင်းရင်းသား စကားသံ ဝဲဝဲဖြင့် တရားရုံးအကျဉ်းထောင်ထဲမှ နေ၍ ပြောပါသည်။

ဒေါ်မမ အပါအဝင် ရေမဆေးလောပန်းဟု အမည်တပ်၍ ရေမဆေးသမား ၁၃ ဦးကို ဖားကန့်မြို့ အနောက်တောင်ဘက် ၁၄ မိုင်ခန့်အကွာ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာအနီးရှိ ယခင် Jade Lion၊ ကျောက်စိမ်းသစ်ရွက်နှင့် စိမ်းရွှေဝါ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်များအကြား ရေကန်အတွင်းသို့ ကျောက်ကြောမြေကမ်းပါးယံ ပြိုကျမှုကြောင့် ရေကန်ပတ်ဝန်းကျင်တွင် တရားမဝင် ရေမဆေးကျောက်ရှာဖွေနေသူ ၁၇၂ ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့သည့် ကမ္ဘာကျော်ဖြစ်ရပ်ဆိုး၏ တရားခံများအဖြစ် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခဲ့သည်။

ထိုသို့ဖမ်းဆီးအရေးယူရန် လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး ဦးဆောင်သည့် အဖွဲ့မှ ဆေးရုံတက် ကုသမှု ခံယူလျက် ရှိသော ဒဏ်ရာရရှိသူများကို စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထွက်ဆိုချက်များတွင် အဆိုပါ ၁၃ ဦးဖြစ်သည့် ရေမဆေး ကျောက်လောပန်းများက တရားမဝင် ရေမဆေးကျောက်တူးရန် အတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ ကျောက်တူးရန် လိုအပ်သော ကိရိယာများ ထုတ်ပေးခြင်း၊ ရရှိလာသော ကျောက်စိမ်းအား လောပန်းထံသို့ အပ်နှံရပြီး ၎င်းတို့၏ အစီအမံဖြင့် အကျိုးအမြတ်ခွဲဝေရခြင်း စသည် တို့ကြောင့် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ပုဒ်မ ၅၀ (က) ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေ ၅၀ (က) မှာ ကျောက်မျက်ရတနာအရိုင်းကို ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်မညီဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် တနည်းနည်းဖြင့် ရယူခြင်း၊ လွှဲပြောင်းခြင်း၊ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ၁ နှစ်မှ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ပြဋ္ဌာန်းထားပါသည်။

ထိုပုဒ်မဖြင့် တရားမဝင်ရေမဆေးလောပန်း အမည်တပ်ခံရသူ ၁၃ ဦးတို့မှာ ဖမ်းဆီးအရေးယူရန် ဝရမ်းထုတ်ခံခဲ့ရပြီး ၁၃ ဦး အနက် ၃ ဦးဖြစ်သည့် ဒေါ်မမ၊ ဦးရွှေလုံး (ခ) ဦးထွေးစံနှင့် ဦးဆန်ကြာ တို့ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး ကျန်သူများမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဟု သိရသည်။

လောပန်းလောင်းအိပ်မက်တွေနဲ့ ဖားကန့်က ရေမဆေးကျောက်ရှာသူများ (ရုပ်/သံ)

လက်ရှိ အဖမ်းခံထားရသည့် ဒေါ်မမ၏ ညီမဖြစ်သူ ဒေါ်စန်းက “ကျမ အစ်မက မုဆိုးမပါ။ သားတယောက်နဲ့ လုပ်စားနေတာပါ။ သူ ရေမဆေးလည်း မမွေးပါဘူး။ လောပန်းလည်း မဟုတ်ပါဘူး။ သူသားလည်း မြေပြိုတဲ့အထဲ ပါသွားပါတယ်။ ကျန်းမာရေး ခဏ ခဏမကောင်းလို့ ဆေးကုနေရတာပါ။ အသက်ကလည်း ၆၀ ပြည့်တော့မှာပါ။ ကျောက်ရှာတာလည်း မကြာသေးပါဘူး။ အရင်က သူ့သားက ရှာတာပါ။ အရင်က တောင်ယာလုပ်စားတာပါ။ အခုဆိုရင် ၂ လ ကျော်ပါပြီ အဖမ်းခံထားရတာ။ ဘာမှလည်း မသိရဘူး။ ဘာအမိန့်မှလည်း မသိရပါဘူး” ဟု ပြောသည်။

ထိုလူများကို ၅၀(က) ဖြင့် ဖမ်းဆီးထားခြင်းသည် အထက်ဖော်ပြပါ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိပြီး ပြစ်မှု ထင်ရှားကြောင်း သက်သေပြနိုင်ရန် လိုအပ်ကြောင်း၊ ထွက်ဆိုချက်တခုတည်းဖြင့် ဖမ်းဆီးအရေးယူထားမှုသည် “တရား မျှတမှု ရှိပါသလား”ဟု မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ပြောသည်။

“ပါးစပ်ပြောနဲ့ အမှုကို ဘယ်တည်ဆောက်လို့ရမလဲ။ အစိုးရက နိုင်ငံရေးအရ တာဝန် မခံချင်တဲ့ အခါကျတော့ လွှဲချစရာ ရှာတာပဲ။ တရားခံလိုက်ရှာတဲ့ အခါကျတော့ သေတဲ့လူတွေ တရားခံလုပ်လို့လည်း မဖြစ်သေးဘူး။ ရေမဆေးတွေကို လွှဲချလို့ မရသေးတဲ့ အခါကျတော့ နင် မဟုတ်ရင် နင့်အဖေ၊ နင့် အဖေ မဟုတ်ရင် နင့် အမေ၊ ငါတော့ မပါဘူး။ အဲဒီလို ဖြစ်နေတဲ့ အခါကျတော့ သူတို့ခိုင်းလို့၊ သူတို့ ပိုက်ဆံတွေပေးလို့ သွားရှာရတယ်။ အဲဒီ အဖြေကို နောက်ဆုံးကျတော့ ယူလိုက်ပြီး အမှုကို တည်ဆောက်တာ” ဟု ရေမဆေးလောပန်းများကြောင့်ဟု တရားခံရှာ အပြစ်ပုံချခြင်း အပေါ် ဦးကြီးမြင့်က သုံးသပ် ပြပါသည်။

မြေပြိုခြင်းဖြစ်စဉ်သည် သံတိုင်၊ ပေါက်ပြားသုံး ရှာဖွေနေကြသည့် ရေမဆေးသမားများ၏ လောဘကြောင့်ဟု ပြည်ထောင်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သယံဇာတဝန်ကြီး ဦးအုံးဝင်းနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး တို့က ပြောကြားခဲ့သည့်အတွက် ဝေဖန်မှုများစွာလည်း ရှိခဲ့သည်။

ထိုသို့ လူ ၂၀၀ နီးပါး အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ရပ်ဆိုးသည် ရေမဆေးလောပန်းများ၏ အပြစ်ဟု အရေးယူခဲ့ သည့် အစိုးရ၏ လုပ်ရပ်အပေါ် သဘာဝသယံဇာတစီမံခန့်ခွဲမှု အကြံပေးအဖွဲ့ (NRGI -Natural Resource Governance Institute) မှ မြန်မာနိုင်ငံ ကိုယ်စားလှယ်ဟောင်းဖြစ်သူ၊ လာမည့် ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်မှ ပါဝင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့သယံဇာတအရေး ကျွမ်းကျင်ပညာရှင် ဦးမော်ထွန်းအောင်က ယခုကဲ့သို့ သုံးသပ်ပြပါသည်။

ဖားကန့်ဒေသရှိ ရေမဆေးကျောက် ရှာဖွေနေသူ /ဇော်ဇော်/ဧရာဝတီ

“ကျနော်ကတော့ လောဘကြောင့် ဖြစ်တယ်ဆိုတာကို သဘောမတူဘူး။ စနစ်ရဲ့ လိုအပ်ချက်ကို မပြောဘဲ Skip လုပ်သလို သူများကို ပုံချလိုက်တာ။ ဒီဟာက ရေတာရှည် အနာဖြစ်နေပြီ။ ရေမဆေး ဆိုတာက စက်ယန္တရား အင်အားကြီးတွေနဲ့တူနေ တာ မဟုတ်ဘူး။ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားနဲ့ ကုမ္ပဏီတွေက စက်ယန္တရားတွေ၊ ယမ်းဘီလူး တွေနဲ့ ဖောက်ခွဲပြီး လုပ်နေတာက ရေမဆေးတွေရဲ့ တနိုင်တပိုင်လုပ်နေတာနဲ့ ယှဉ်ရင် ဘယ်ဟာက ပိုပြီး သဘာဝဘေး အန္တရာယ် ဖြစ်စေမလဲပေါ့။ ဒါက သာမာန်လူ စဉ်းစားရင်တောင် သိနိုင်တယ်” ဟု မှတ်ချက်ပြုသည်။

ဆက်လက်ပြီး ဦးမော်ထွန်းအောင်က “ရေမဆေးတွေကြောင့် ဖြစ်တယ်ဆိုတာဟာ ထမင်းရည် လျှာပူလွှဲ အလွယ်လုပ်တဲ့ သုံးသပ်ချက်မျိုးလို့ သုံးသပ်တယ်။ အန္တရာယ်ရှိတဲ့နေရာမှာ ဝင်လုပ်တယ်၊ အန္တရာယ်ရှိတဲ့ နေရာမှာ ဝင်လုပ်တဲ့လူရဲ့ အပြစ် ပေါ့နော်။ ဒီအန္တရာယ် ရှိလာအောင် နှစ်ပေါင်းများစွာ၊ ဒါမှမဟုတ် ဒီအန္တရာယ်ရှိတဲ့ အနေအထားကို စောင့်ကြည့်ဖို့ပျက်ကွက်ခဲ့တဲ့ အစိုးရ အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက်တွေကိုရော မထောက်ပြတော့ဘူးလား။ ဥပဒေပိုင်း ဆိုင်ရာတွေမှာ ဆက်စပ်နေတဲ့ လူတွေပေါ့။ ဒီလူတွေရဲ့ ပျက်ကွက်မှုကိုရော မထောက်ပြတော့ဘူးလား။ ဒီလို ဖမ်းလိုက်ရုံနဲ့ ပြီးသွားမှာလား။ ပြဿနာက မပြေလည်သွားဘူး။ နောင်လည်း ထပ်လာဦးမှာပဲ” ဟု ထောက်ပြပြောဆိုသည်။

ဖားကန့် ပြဿနာသည် တရက်တည်း၊ တနေ့တည်းဖြစ်လာသော ဖြစ်စဉ် မဟုတ်သည့်အတွက် ထိုသို့ ဖြစ်ရပ်ဆိုးများထပ်မံ မဖြစ်ပွားစေရန်မှာ စီမံအုပ်ချုပ်မှုပိုင်းက ရှိပြီးသားဥပဒေများကို ထိထိရောက်ရောက် ဖော်ဆောင်ရန်နှင့် အစိုးရပိုင်းမှ ယခု ကဲ့သို့ ပြဿနာများကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းနိုင်ရန် အတွက် ဥပဒေကောင်းများကို ပြဌာန်းပေးရန် လိုအပ် ကြောင်း၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနှင့် ပတ်သက်ပြီး ကောင်းသော စည်းမျဉ်း စည်းကမ်းများ မည်မျှ ရေးဆွဲထားသလဲ၊ ရှိနေပြီးသော စည်းမျဉ်း စည်ကမ်းများကို ဘယ်လောက်ထိ လိုက်နာဆောင်ရွက်သလဲ၊ ထိုအပိုင်းနှစ်ခုလုံးတွင် အားနည်း ချက်များ ရှိနေကြောင်း၊ ထိုအားနည်းချက်များကို ပြုပြင်နိုင်ရန် အစိုးရက ပထမဆုံး လက်ခံရန် လိုအပ်ကြောင်းလည်း ဦးမော်ထွန်းအောင်က ပြောကြားပါသည်။

စာရင်းထုတ်ပြန်သူများတွင် ရေမဆေးလောပန်း အစစ်အမှန်များ ပါကောင်းပါနိုင်သော်လည်း ယခု ဖမ်းဆီးခံထားရသူ ၃ ဦးမှာ ရေမဆေးလောပန်းများ မဟုတ်သည့်အတွက် လွဲမှားစွာ ဖမ်းဆီးခံထားရကြောင်းကို NLD ပါတီ၏ ရပ်ကျေးအလုပ် အမှုဆောင်အဖွဲ့၊ ဆိပ်မူအုပ်စု ဖားကန့် မြို့နယ်၊ ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားပါသည်။

“ လောလောဆယ် သိရသလောက်ကတော့ ၁၃ ယောက်အမည်စာရင်းထုတ်ပြန်ပြီး ဝရမ်းထုတ်ဖမ်းခိုင်းတာရှိတယ်။ အဲဒီထဲကနေပြီးတော့ ၃ ယောက် ဖမ်းထားတာရှိတယ်။ အဖမ်းခံထားရသူတွေက ရေမဆေးတွေကို မွေးပြီးတော့မှ ရေမဆေးကျောက်ရှာတဲ့၊ လောပန်းအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ မိသားစု ရေမဆေး ကျောက်ရှာတဲ့ သူတွေပဲ ဖြစ်တယ်။ သူတို့ က ရေမဆေး လောပန်းမပြောနဲ့ စားဖို့ သောက်ဖို့တောင် မရှိတဲ့သူတွေ ဖြစ်တယ်ဆိုတာ သေချာတယ်” ဟု ဆိုသည်။



ဖားကန့်က မြေမြိုခံနေရသူများ (ရုပ်/သံ)

ဖမ်းဆီးခံထားရသည့် ရေမဆေးလောပန်းအမည်ခံ ၃ ဦးနှင့် ပတ်သက်၍ ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့အား အကူအညီ တောင်းခံမှုများ ရှိသည့်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းရင်းသားဝန်ကြီးများထံသို့ အကူအညီတောင်းခံမှုများ ဆောင်ရွက်ထားပြီး ပြည်သူလူထုများနှင့် သက်ဆိုင်ရာ မိသားစုဝင်များက လွဲမှားစွာ ဖမ်းဆီး အရေးယူ ခံထားရသည့် အတွက် အချိန်နှင့် တပြေးညီ တာဝန်ရှိသူများက အမြန်ဆုံး စိစစ်ပြီး အပြစ်မရှိသူများကို အမြန်ဆုံးလွှတ်ပေးရန် လိုလားနေကြသည်ဟုလည်း ဦးရွှေသိန်းက ဆက်လက်ပြောကြားပါသည်။

ဖားကန့်သမိုင်းတွင် ရေမဆေးကျောက်တူးသူ အစုလိုက်အပြုံလိုက် အသေအပျောက် အများဆုံး ကျောက်စိမ်းလုပ်ကွက် မြေပြိုမှုများထဲမှ တခုဖြစ်သည့် ဝှေခါမှော် မြေပြိုကျမှုဖြစ်စဉ်သည် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင်လည်း အလားတူဖြစ်ရပ်ဆိုးမျိုး ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့ဖူးသည်။ ထိုဖြစ်စဉ်သည်လည်း ပေ ၁၅၀၀ အမြင့်ရှိသော မြေစာပုံကြီး ပြိုကျမှုကြောင့် လျှပ်တပြတ်အတွင်း လူ ပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရသည်။

၂၀၀၀ ခုနှစ်မှ ၂၀၂၀ အထိ နှစ်ပေါင်း ၂၀ ကာလ ဖားကန့်တွင် မြေပြိုမှု၊ မြေစာပုံပြိုမှု၊ နွံရည်ကန်ပေါက်ကျမှု၊ လူနေရပ်ကွက် ကျေးရွာ မြေများ ပြိုကျမှု စသည့် ဖြစ်စဉ် အများအပြားရှိခဲ့သည်။ ထို့ပြင် ရေကြီးရေလျှံမှု၊ ချောင်းမြောင်းများ တိမ်ကောမှု၊ ရေမြေတောတောင် သဘာဝ လျှိုမြောင်ချိုင့်ဝှမ်းများ ပျက်စီးမှု၊ မြို့ပျက်ရွာပျက်မှုနှင့် ဒေသခံ ပြည်သူများ၏ စီးပွားပျက်၊ ဘဝပျက်မှုများ မရေမတွက်နိုင်အောင် များပြားခဲ့သည်ဟုလည်း သိရပါသည်။

ဖမ်းဝရမ်းတွင် ဦးဆန်ကြာဟု ဖော်ပြထားပြီး ဖမ်းခံထားရသူ အသက် ၃၃ နှစ်အရွယ် ဦးဆန်ကြိုင်၏ အမျိုးသမီးဖြစ်သူ မနှင်းနှင်းခိုင်ကလည်း “ ဥက္ကဋ္ဌကလည်း ဖမ်းသွားကတည်းက ဘာမှမပြောဘူး။ ဟိုတ လောကမှ တရားရုံးလာပြီး ရှေ့နေငှားလိုက်တဲ့၊ အာမခံပေးလို့ မရဘူးတဲ့၊ ထောင်ကျရင်လည်း အလွန်ဆုံး ၁နှစ်တဲ့၊ အနည်းဆုံး ၆ လလောက်နဲ့ ပြန်လွတ်မှာတဲ့၊ အဲဒီလိုပဲ ပြောသွားတယ်။ သူတို့က ကျမတို့က ရေမဆေးလောပန်းတွေ မဟုတ်ဘူး၊ ရေမဆေးတွေ မမွေးဘူးဆိုတာ သိတယ်။ ရပ်ကွက်လူကြီးလည်း သိတယ်။ ဥက္ကဋ္ဌလည်း သိတယ်။ ဒါကြီးကို ကျမတို့ကို မဖြေရှင်းပေးဘဲနဲ့ ဒီအတိုင်း လောပန်းဆိုပြီး အထက်ကခိုင်းလို့ လုပ်တာပါ ဆိုပြီး သူတို့နဲ့ မဆိုင်သလိုဘဲ နေတယ်” ဟုပြောပါသည်။

ဝှေခါရွာ မြေစာပုံပြိုကျမှုမှ ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်စဉ်/ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

ဒေသခံများအနေဖြင့် မရှိမဖြစ် လုပ်စားရခြင်းဖြစ်သည့်အတွက် လောပန်း မဟုတ်သည့် လက်လုပ်လက်စားများကို အမြန်ဆုံးလွှတ်ပေးစေချင်ကြောင်း၊ ရောဂါပိုးများ ပျံ့နှံ့နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးခံထားရသည့်အတွက် စိုးရိမ် ပူပန်မှုများစွာရှိကြောင်း၊ ၃ နှစ်အရွယ် ကလေးတယောက်ဖြင့် ဒုက္ခရောက်နေသည့်အတွက် သက်ဆိုင်ရာက ကူညီပေးကြစေလိုသည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူ အသက် ၃၃ နှစ်အရွယ် ဦးရွှေလုံး (ခ) ဦးထွေးစံ၏ အမျိုးသမီးဖြစ်သူ မစံအိခိုင်ကလည်း “ ရေမဆေး လောပန်းမဟုတ်ဘဲ မတရားဖမ်းဆီးခံထားရလို့ လွှတ်ပေးကြပါ။ အခု အချုပ်ထဲမှာ ဖျားနေတယ်။ ဘာမှလည်း မစားဘူး။ ငိုပဲ ငိုနေတယ်။ အရမ်းလည်းပိန်သွားတယ်။ ရုံးထုတ်တာ ၆ ကြိမ်ရှိပြီ တစ်ခါမှ မစစ်သေးဘူး” ဟု ပြောပါသည်။

ဖားကန့်ကျောက်စိမ်းမှော် ဒေသတခွင်တွင် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီများ၏ စည်းကမ်းမဲ့ တူးဖော်မှု၊ မြေစာလှန်မှု၊ စက်ယန္တရားများ အလွန်အကျွံ အသုံးပြုမှုများ၊ အသက်အန္တရာယ်ရှိမှန်း သိလျက်ဖြင့် စည်းကမ်းမဲ့ ရေမဆေးသမားကြောင့် အစုလိုက်၊ အပြုံလိုက် သေဆုံးရမှုပေါင်းသည် ဖားကန့်ဒေသတွင် အမြဲတစေ ဖြစ်ပျက်နေသော ဖြစ်ရပ်ဆိုးများဖြစ်ပါသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
554
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ဝှေခါ မြေပြိုမှုတွင် ရေမဆေးလောပန်းများကို ကျောက်မျက်ရတနာ ဥပဒေ ၅၀(က) ဖြင့် ဥပဒေကြောင်းအရ ဖမ်းဆီး အရေး ယူခြင်းကို ဆောင်ရွက်မည်ဆိုပါက မြေစာပုံပြိုကျ၍ သေဆုံးမှုများဖြစ်သည့် ကံခါမှ ၁၁၄ ဦး သေဆုံးမှု ၊ ဖဝါမှော်က ၂၉ ဦး သေဆုံးမှု၊ ဖားပြင်ရွာနှင့် မမုံရွာက ၂၇ ဦး သေဆုံးမှု၊ မော်မောင်းလျံက ၅၄ ဦးသေဆုံးမှု၊ ကောင်စံရွာက ၂၁ ဦး သေဆုံးမှု များ၏ တရားခံများကိုလည်း ဥပဒေကြောင်းအရ တရားမျှတမှု ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု ဒေသခံများက ဆိုကြသည်။

ရေမဆေးလောပန်းများဟု အမည်တပ်၍ ဖမ်းဆီးခံထားသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာများသို့ အသနားခံစာများ၊ အကူအညီတောင်းခံမှုများ ပြုလုပ်ထားသော်လည်း ယနေ့ အချိန်ထိ ထူးခြားမှု တစုံတရာ မရှိသေးကြောင်းလည်း သိရသည်။



ကူးစက်ရောဂါ မပျံ့အောင် အပ်ဝေတယ် (ရုပ်/သံ)

အကြီးကျယ်ဆုံး ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်ဆိုးများဖြစ်ပွားရခြင်းသည် ဖားကန့်ဒေသ၌ NLD အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင် ယိုင်နဲ့မှုများနှင့် သြဇာလွှမ်းမိုးမှု မရှိခြင်းများကြောင့်ဟု ဝေဖန်မှုများ ရှိနေသည်အပေါ် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် သယံဇာတဝန်ကြီးဟောင်း ဦး H လအောင် က ယခုကဲ့သို့ ဖြေကြားခဲ့ပါသည်။

“ပြည်သူတွေအမြင်ကတော့ ကျနော်တို့ NLD အစိုးရက မလုပ်ပေးနိုင်ဘူးထင်တယ်။ ဒါက NLD အစိုးရမှ မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဒီအတိုင်းပဲ။ ကျနော်တို့ဆီမှာ ဘာဖြစ်လာလဲဆိုတော့ NLD အစိုးရလက်ထက်ကျတော့ ဒါကြီးက ပုံကျလာတယ်။ အစဉ်အဆက်ဖြစ်လာတဲ့ ဖြစ်စဉ်အားလုံးက ကျနော်တို့ဆီ ပုံကျလာတယ်။ အရင်တုန်းက ကြပ်လို့ရတယ်။ ကျနော်တို့က ကြပ်လို့မရဘူး။ ကျနော်တို့ သွားနေတာက ဒီမိုကရေစီသွားနေတာ၊ ဆိုတော့ကာ လူထုကို ဦးစားပေးရတဲ့ အပိုင်းတွေရှိတယ်။ လူထုအစိုးရ ဖြစ်လာဖို့က လူထုရဲ့ ဆန္ဒကိုလည်း ခံယူရတယ်။ အဲဒီဒေသမှာ လူထုဆိုတာက ရေမဆေးလည်း လူထုပဲ။ သူတို့ရဲ့ စားဝတ်နေရေးကအစ ကျနော်တို့ အစားမထိုးပေးနိုင်ဘူး။ အဲဒီလိုပဲ မူးယစ်ဆေးဝါးလည်း မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဒါပေမယ့် ဒါကို ကျနော်တို့ အစားမထိုးပေးနိုင်တဲ့ အခြေအနေမှာ ဒီလိုဖြစ်လာတယ် ” ဟု ဖြေကြားခဲ့ပါသည်။

ဖားကန့်၊ ဝှေခါး မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သူများနှင့် ဒဏ်ရာရရှိသူများတွက် အစိုးရနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းငွေ မြန်မာငွေ ကျပ်သိန်းပေါင်း ခြောက်ထောင်ကျော်ရရှိပြီး သေဆုံးသူ မိသားစုဝင်များကို တအိမ်ထောင်လျှင် သိန်း ၃၀ နှင့် ဒဏ်ရာရရှိသူများကို ၁ ဦး လျှင် ၅ သိန်းကျပ် ထောက်ပံ့ကူညီထားကြောင်း၊ ယခုလက်ရှိတွင် သေဆုံးသူ ၁၇၂ ဦးထဲမှ ၁၄၉ ဦးကို နစ်နာကြေးပေးဆောင်ပြီးဖြစ်ကြောင်း ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ သိရပါသည်။

ရတနာမြေဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် ဖားကန့်ကျောက်စိမ်းမြေသည် ယခုအခါတွင် လူပေါင်းများစွာ၏ အသက်များ စတေးထားရသည့် သဘာဝသယံဇာတ ကျိန်စာသင့်မြေဖြစ်နေပြီ ဖြစ်သည်။ ဖားကန့် မှော်ဝိုင်းများထဲမှ ရေမဆေးသမားများသည်လည်း လောပန်းလောင်း အိမ်မက်ကိုယ်စီဖြင့် အသက်ကို စတေး၍ အိပ်မက်နောက်လို့ လိုက်သူများ ရှိကြသလို၊ မူးယစ်ဆေး၏ သားကောင်၊ လောင်းကစား၏ သားကောင်း ဘဝသို့ ထိုးဆင်းသွားကြသူများလည်းရှိသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲ ကြမ်းတမ်းသောနယ်မြေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံး နယ်မြေ၊ တရား ဥပဒေစိုးမိုးမှု မရှိဆုံးသော နယ်မြေ၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေရှိမှ အသက်ဆက်နိုင်သောနယ်မြေ၊ အစိုးရ တပ်မတော် အပါအဝင်၊ KIO/KIA လက်အောက်ခံ (လက်နက်ကိုင်) တပ်ဖွဲ့များ စိတ်ကြိုက် ချယ်လှယ် မင်းမူခွင့် ရရှိ နေသော နယ်မြေဟုလည်း ခေါ်ဆိုနိုင်သော ရတနာမြေမှ လူတို့၏ ဘဝများ ငြိမ်းချမ်းလုံခြုံနိုင်ရေးနှင့် အစဉ်အဆက် ဖြစ်ပျက်နေဦးမည့် ဖြစ်ရပ်ဆိုးများအတွက် အဖြေရှာပေးရေး အသိပေးရင်း နိဂုံးချုပ်ပါသည်။

မြေစာပုံနဲ့ ပြည့်တန်ဆာပဲ ဖားကန့်မှာ ကျန်တော့မယ် (ရုပ်/သံ)

You may also like these stories:

အန္တရာယ်ချောက်ကမ်းပါးပေါ်က ခကျန်ရွာ

မုဒိမ်းကျင့်ခံရသလိုပဲ ခံစားနေရပါတယ်

ဖားကန့်ကျောက်စိမ်းကုမ္ပဏီများ အကျိုးစီးပွားပိုင်ဆိုင်သူကို ဖော်ပြရန် ပျက်ကွက်နေ

ဖားကန့်ဒေသ သယံဇာတ အရှုပ်တော်ပုံ အစိုးရ ကိုင်တွယ်နိုင်မလား

Your Thoughts …
Tags: ဖားကန့်ရေမဆေးကျောက်လောပန်းဝှေခါ
သဲကို

သဲကို

Contributor

Similar Picks:

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

by ဧရာဝတီ
14 March 2024
8.9k

တောင်နှင့်မြောက်ဘက်တို့တွင် မြေပြင်လမ်းကြောင်းများ တစိတ်တပိုင်း ဖြတ်တောက်ခံထားရသည့် ဗန်းမော်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေကြောင်းမှတဆင့် စစ်ကူ၊ ရိက္ခာဖြည့်တင်းနိုင်သည့် အခြေအနေ ရှိသော်လည်း ထိုရေလမ်းသည် PDF များအားကောင်းရာ ထီးချိုင့်၊ ကသာ၊ ရွှေကူမြို့နယ်တို့အား ဖြတ်သန်းရမည်

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

by စောရယ်
1 October 2023
5.2k

ကချင်ပြည်နယ်တွင် တော်လှန်ရေး ပူးပေါင်းတပ်များအချင်းချင်း ချိတ်ဆက်မှုနှင့် စုဖွဲ့ပြင်ဆင်မှုများ အားကောင်းနေပြီး တိုက်စစ်အတွက် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ကြောင်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

ဖားကန့်ကို ပိတ်ဆို့ထိန်းချုပ်ရန် KIA ပူးပေါင်းတပ် ကြိုးပမ်း

by ဧရာဝတီ
28 February 2024
4.4k

ကချင်ပြည်နယ်၊ ဖားကန့်မြို့အဝင် လမ်းပိုင်းများအား ဖြတ်တောက်ပိတ်ဆို့ပြီး ထိန်းချုပ်နိုင်ရေး ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

by ဧရာဝတီ
11 April 2024
3.4k

ကမ္ဘာ​ကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းများပေါ်မှ တပ်စခန်းများကို ထိုးစစ်ဆင်သိမ်းပိုက်ပြီးနောက် ဖားကန့်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက်မရှိ၍ ကျောက်စိမ်းဈေးကွက်ပျက်

by ဧရာဝတီ
4 June 2024
2.8k

ကျောက်စိမ်းရောင်းဝယ်ခြင်းများကို အွန်လိုင်း (We Chat)မှ တဆင့် ပြုလုပ်နေကြသော်လည်း တန်ဖိုးကြီး ကျောက်များအရောင်းအဝယ်ဖြစ်မှု အလွန်နည်းကြောင်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျောက်မျက်ဈေးတွင်လည်း We Chat အရောင်းအဝယ်များကိုပါ တရုတ်ရဲတပ်ဖွဲ့က မကြာခဏ ဝင်ရောက်ဖမ်းဆီးခြင်းများ ပြုလုပ်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့် ဖားကန့်ကို စစ်ဆင်

by ဧရာဝတီ
24 April 2025
2.7k

ကာမိုင်း-ဖားကန့်လမ်းရှိ အရေးပါသော နန့်ယားစစ်တပ်စခန်းအား KIA ပူးပေါင်းတပ်များမှ ယမန်နှစ် ဧပြီ ၁၁ ရက်က တိုက်ခိုက် သိမ်းပိုက်ကာ ဖားကန့်အဝင်လမ်းအား ဖြတ်တောက်ပိတ်ဆို့ထားပြီး လတ်တလော စစ်ရေးတင်းမာမှုများကြောင့် ယင်းလမ်းကြောင်းအား စစ်တပ်ရော KIA တို့ နှစ်ဖက်...

Next Post
ကွယ်လွန်သူ တရားသူကြီး Ruth Bader Ginsburg

Ruth Bader Ginsburg ကွယ်လွန်မှုအပေါ် ဟောလိဝုဒ် အနုပညာရှင်များ ဝမ်းနည်းစကားဆို

အဆိုတော် ဝိုင်းလေး  / Wyne Lay's Facebook

ကိုယ်တိုင်ရေးဆို သီချင်းကို ခွင့်ပြုချက် မတောင်းဘဲဆိုလို့ စိတ်မကောင်းဖြစ်နေတဲ့ ဝိုင်းလေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved