• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ဒေါသနှင့် ASEAN အထူးသံတမန်၏ ရှေ့ခရီး

by ဧရာဝတီ
1 September 2021
in ဆောင်းပါး
A A
အာဆီယံအလံကို မီးရှို့ပြီး ရန်ကုန်တွင် ဇွန်လအတွင်းက ဆန္ဒပြခဲ့စဉ် 

အာဆီယံအလံကို မီးရှို့ပြီး ရန်ကုန်တွင် ဇွန်လအတွင်းက ဆန္ဒပြခဲ့စဉ် 

33.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအကြောင်း ဆွေးနွေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် အချိန် ၃ လနီးပါး ယူရသည်။

ထိုနောက် ဘရူနိုင်းမှ ဝါရင့်သံတမန် အာရီဝန်ယူဆွတ်ကို အကြမ်းဖက်ခံ မြန်မာနိုင်ငံသို့ အထူးသံတမန် အဖြစ် စေလွှတ်ရန် သဘောတူညီရေးအတွက် နောက်ထပ် ၃ လ အချိန်ယူရသည်။

ယခုအခါ ထိုအထူးသံတမန်ကို သြဂုတ်လ ၄ ရက်နေ့က ခန့်အပ်ပြီးနောက် မည်သို့ ဆက်လုပ်မည်ကို ASEAN က အရိပ်အရောင်ပင် မပြသလောက်ဖြစ်နေသည်။

ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝန်သည် မြန်မာစစ်အာဏာသိမ်းမှုအပြီး ၉ လအကြာ ASEAN ခေါင်းဆောင်များနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးကျင်းပမည့် နိုဝင်ဘာလတွင် တိုးတက်မှုများကို တင်ပြနိုင်မည်ဟု မျှော်လင့်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က လွန်ခဲ့သော အပတ်ကပြောသည်။

ကပ်ရောဂါနှင့် ပဋိပက္ခများ ရင်ဆိုင်နေရသော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ဆိုးရွားလှသော ကံကြမ္မာမှ လွတ်မြောက်ရန် ASEAN သို့မဟုတ် တရုတ်ကဲ့သို့ ပြင်ပမှ ပါဝင်ပတ်သက်သူများကို အားကိုးနိုင်ပါသလား။

“ASEAN ဟာ ကျနော်တို့မျှော်လင့်ထားသလို လျှင်မြန် ထိရောက်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခြေအနေကလည်း ခက်ခဲတဲ့ အခြေအနေပါ” ဟု ဘာလာခရစ်ရှ်နန်က Reuters သတင်းဌာနသို့ပြောသည်။

ကပ်ရောဂါနှင့် ပဋိပက္ခများ ရင်ဆိုင်နေရသော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ဆိုးရွားလှသော ကံကြမ္မာမှ လွတ်မြောက်ရန် ASEAN သို့မဟုတ် တရုတ်ကဲ့သို့ ပြင်ပမှ ပါဝင်ပတ်သက်သူများကို အားကိုးနိုင်ပါသလား။

ထိုမေးခွန်းသည် ထိပ်တန်းပညာရှင်များနှင့် ဝေဖန်သုံးသပ်သူများပါဝင်သည့် မကြာသေးမီက ကျင်းပသွားသည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် အဓိကမေးခွန်းဖြစ်နေသည်။

ASEAN သည် ဘုံသဘောထားရှာရန် မည်မျှခက်ခက်ခဲခဲလုပ်ရသည်ကို ဝေဖန်သူများ နားမလည်နိုင်ကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကမ္ဘောဒီးယား အင်စတီကျုက သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ဆွေးနွေးပွဲတွင် ASEAN ရေးရာဆောင်းပါးရှင် ကဗီ ချောင်ကစ်တာဗွန်က ပြောကြားလိုက်သည်။

ဇွန်လအတွင်း နေပြည်တော်လာရောက်သော ဘရူနိုင်းမှ ဝါရင့်သံတမန် အာရီဝန်ယူဆွတ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံတွေ့ဆုံစဉ်

“လူတိုင်းက အခက်အခဲဖြစ်နေတယ်။ အထူးသံတမန်ခန့်ဖို့အတွက် ASEAN က အချိန် အရမ်းယူရတယ်။ အဲဒီလို အချိန်ယူတဲ့အတွက် ကျနော်ကတော့ ဝမ်းသာတယ်” ဟု သူပြောသည်။

ဘရူနိုင်းမှ ထိပ်တန်းသံတမန်ဖြစ်သော အာရီဝန်သည် ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှားတို့က ၎င်းတို့၏ ကိုယ်စားလှယ်များကို အထူးသံတမန်ခန့်ရန် တွန်းအားပေးပြီးနောက် အပေးအယူဖြင့် ခန့်အပ်ခံရသူအဖြစ် မြင်ကြသည်။

အာရီဝန်သည် ယခုအပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်နိုင်ကြောင်း ASEAN အထွေထွေအတွင်းရေးမှူး၏ အထူးလက်ထောက်ဟောင်းဖြစ်သော ကာဝီ ချောင်ကစ်တာဗွန်ကပြောသည်။

သူမြန်မာနိုင်ငံသို့ သွားရောက်သောအခါ အာရီဝန်သည် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းရန် အာဏာအပြည့်အ၀ ရှိမည်ဖြစ်ပြီး သူ့တာဝန်၏ အဓိကအစိတ်အပိုင်းဖြစ်သော ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို စတင်နိုင်မည်ဖြစ်ကြောင်း ချောင်ကစ်တာဗွန်ပြောသည်။

လက်တွေ့တွင် နိုင်ငံတော် အကြမ်းဖက်မှုများသည် စစ်ကောင်စီခေါင်းဆောင် တက်ရောက်သည့် ဧပြီ ၂၄ ရက်နေ့ ဂျကာတာ အစည်းအဝေးနောက်ပိုင်းတွင် ပိုမိုမြင့်မားလာသည်။

ASEAN အထူးသံတမန် ခန့်အပ်ခြင်းသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုလျှော့ချရန် ASEAN နှင့် စစ်ကောင်စီ ခေါင်းဆောင်တို့အကြား ဧပြီလက ရရှိထားသော ဘုံသဘောတူညီချက် ၅ ချက်၏ အစိတ်အပိုင်းဖြစ်သည်။

အာရီဝန်ကို ရွေးချယ်ရန် အချိန်ယူရသောကြောင့် ASEAN သည် ဝေဖန်ခံရပြီး အချို့အဖွဲ့အစည်းများ အထူးသဖြင့် လူ့အခွင့်အရေးအဖွဲ့များက မြန်မာနိုင်ငံ အာဏာသိမ်းမှုအလွန် တင်းမာမှုလျှော့ချရန် နိုင်ငံတကာအသိုက်အဝန်း၏ အားထုတ်မှုတွင် ASEAN ကို အဓိကအခန်းမှ ထမ်းဆောင်ခိုင်းခြင်းအား တကမ္ဘာလုံးအနေဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်းပြောကြသည်။

ကုလသမဂ္ဂ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အခြားရွေးစရာမရှိသော သဘောထားမှာ ASEAN သည် ထိုတင်းမာမှုလျှော့ချရေးတွင် ၎င်း၏ခိုင်မာသောသြဇာကို သုံးသင့်သည်ဆိုသည့် သဘောထားဖြစ်သည်။

အထက်ပါဆွေးနွေးပွဲတွင်ပင် Iseas-Yusof Ishak Institute မှ ဒေါ်မိုးသူဇာက ASEAN ၏ လက်ရှိအချိန်အထိ အားထုတ်မှုများသည် အများအားဖြင့် အချည်းနှီးသာဖြစ်ကြောင်းပြောသည်။

မြန်မာစစ်တပ်အနေဖြင့် လက်နက်မဲ့အရပ်သားများကို လူသတ်လက်နက်များသုံးစွဲခြင်း ချက်ခြင်းရပ်ရန် ASEAN က အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်း သူပြောသည်။

“ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘာမှ ဖြစ်မလာဘူး။ အကြမ်းဖက်မှုတွေက ဆက်လက်ဖြစ်ပေါ်နေတယ်” ဟု သူ ပြတ်ပြတ်သားသားပြောသည်။

လက်တွေ့တွင် နိုင်ငံတော် အကြမ်းဖက်မှုများသည် စစ်ကောင်စီခေါင်းဆောင် တက်ရောက်သည့် ဧပြီ ၂၄ ရက်နေ့ ဂျကာတာ အစည်းအဝေးနောက်ပိုင်းတွင် ပိုမိုမြင့်မားလာကြောင်း သူပြောသည်။

“နောက်ပိုင်းလတွေမှာ သတ်ဖြတ်တဲ့ အရေအတွက် တစုံတရာ ကျဆင်းလာပေမယ့် ဖမ်းဆီးတဲ့ အရေအတွက်က တကယ်ကိုမြင့်မားလာတယ်” ဟု သူပြောသည်။

ASEAN သည် စစ်ကောင်စီကို တရားဝင်မှုပေးနေသည်ဆိုသည့် အမြင်ကြောင့် မြန်မာနိုင်ငံသားများအကြား ASEAN ကို မုန်းတီးသည့် စိတ်များကို ဖြစ်ကြောင်း ဒေါ်မိုးသူဇာ ပြောသည်။ သူသည် Iseas-Yusof Ishak Institute မှ မြန်မာနိုင်ငံ အစီအစဉ်ဆိုင်ရာ တွဲဖက်ညှိနှိုင်းရေးမှူးဖြစ်သည်။

ဇွန်လအတွင်းက ဆန္ဒပြသူအချို့သည် ASEAN အလံကို မီးရှို့ပြီး ASEAN အပေါ်ဒေါသကို ဖေါ်ပြခြင်းသည် လွန်စွာ တုန်လှုပ်စရာ ကောင်းကြောင်း သူပြောသည်။

“သူတို့ကို ဒီလိုဆိုးရွားတဲ့ ကံကြမ္မာမှာ ပစ်ထားတယ်လို့ မြန်မာပြည်သူတွေက ခံစားရတယ်။ အနာဂတ်မြန်မာ လူငယ်မျိုးဆက်သစ်တွေက ASEAN နဲ့ပတ်သက်ပြီး အဆိုးမြင်ကြတော့မယ်လို့ ကျမ ထင်တယ်” ဟု သူပြောသည်။

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို နားလည်ပြီး ဆက်သွယ်ပြောကြားဖို့ဆိုတာ အချိန်နဲ့အားထုတ်မှုလိုတယ်။ စဉ်ဆက်မပြတ်ဖို့လည်း လိုတယ်

ASEAN ဥက္ကဋ္ဌ ရာထူးသည် နှစ်စဉ်အလှည့်ကျပြောင်းနေသောကြောင့် အထူးသံတမန်လုပ်ငန်းများသည် အကန့်အသတ်ဖြစ်နေမည်ဆိုသည့် စိုးရိမ်မှုကိုလည်း သူပြောသည်။

အာရီဝန်၏ ဘရူနိုင်းသည် လက်ရှိ ASEAN ဥက္ကဋ္ဌဖြစ်ပြီး လာမည့်နှစ်တွင် ထိုတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ရယူမည်ဖြစ်သည်။

“မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးကို နားလည်ပြီး ဆက်သွယ်ပြောကြားဖို့ဆိုတာ အချိန်နဲ့အားထုတ်မှုလိုတယ်။ စဉ်ဆက်မပြတ်ဖို့လည်း လိုတယ်” ဟု သူပြောသည်။

ထိုင်းသုတေသီ ချောင်ကစ်တာဗွန်က အပစ်အခတ်ရပ်စဲမှုအသေးစိတ်များနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးပို့ရန်အစီအစဉ်မူကြမ်းများအပါအဝင် တိုးတက်မှုအချို့ရှိနိုင်ကြောင်းပြောသည်။ လူသားချင်းစာနာမှု အကူအညီများသည် လာမည့် တပတ် နှစ်ပတ်အတွင်း အဆင်သင့်ဖြစ်နိုင်ကြောင်း သူပြောသည်။

ထိုစီမံချက်များရေးဆွဲပြီးပါက အထူးသံတမန် အာရီဝန်၏ နောက်ပိုင်းမြန်မာနိုင်ငံခရီးစဉ်များတွင် ထောင်ချခံထားရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးလည်း ပါလာနိုင်ကြောင်း သူပြောသည်။

ASEAN သည် တချိန်လုံးတွင် မည်သည့်အလုပ်မျှမလုပ်ဘဲ ထိုင်ကြည့်နေသည်ဆိုသည့် အယူအဆကို သူဝေဖန်ပြီး သူသည် ASEAN အထူးသံတမန်ကို ယုံကြည်နေဆဲဖြစ်ကြောင်း သူပြောသည်။

နောက်ထပ်အာရုံစိုက်နေသောအချက်မှာ ထိုအထူးသံတမန်အပေါ် တရုတ်နိုင်ငံ၏ သဘောထားဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရီဝန်နှင့် သြဂုတ်လ ၁၈ ရက်နေ့တွင်တွေ့ဆုံသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်တစောင်အရ သိရသည်။

ရွှေလီ၊ ကျယ်ဂေါင်နှင့် ဝမ်တိန်နယ်စပ်ဒေသများတွင် ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်မားလာသောကြောင့် မြန်မာနိုင်ငံသားများကို အစုလ်ိုက်အပြုံလိုက် ပြန်လည်ပို့ဆောင်နေသည်။

နိုင်ငံတော်အာဏာကို ပြည်သူလူထုထံ စနစ်တကျပြန်ပေးရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် ဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းရေးကို အားပေးသည့် လမ်းကြောင်းတွင် သက်ဆိုင်သူအားလုံးနှင့် ကျိုးကြောင်းဆီလျှော်စွာနှင့် လက်တွေ့ကျစွာတွေ့ဆုံရန် ဝမ်ယိက အာရီဝန်ကို ပြောသည်ဟု သိရသည်။

ASEAN အထူးသံတမန်က ၎င်း၏တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်းအား ဘေ့ဂျင်းက အပြည့်အ၀ထောက်ခံကြောင်းနှင့် မြန်မာပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းမှပါဝင်ရန် စိတ်အားထက်သန်ကြောင်း တရုတ်နိုင်ငံ၏ ကြေညာချက်က ဆိုသည်။

ရွှေလီ၊ ကျယ်ဂေါင်နှင့် ဝမ်တိန်နယ်စပ်ဒေသများတွင် ကိုဗစ်နိုင်တင်းကူးစက်မှု မြင့်မားလာသောကြောင့် မြန်မာနိုင်ငံသားများကို အစုလ်ိုက်အပြုံလိုက် ပြန်လည်ပို့ဆောင်နေစဉ်တွင် ဝမ်ယိက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုမီ ထိန်းသိမ်းထားသောနေရာများတွင် အစားအစာနှင့်ရေမရှိသောကြောင့် မြန်မာနိုင်ငံသားများ မကျေနပ်ကြောင်း သြဂုတ်လအစောပိုင်းကတွေ့ရသည့် လူမှုကွန်ရက်စာများတွင် ဖေါ်ပြထားသည်။

ပြည်တွင်းကူးစက်မှု မြင့်မားနေသောကြောင့် နောက်ဆုံး အစီအစဉ်အနေဖြင့် ထိုဒေသများမှ တရုတ်ဒေသခံထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြောင်း South China Morning Post သတင်းစာက သောကြာနေ့တွင် ဖေါ်ပြသည်။

လိုအပ်သော စာရွက်စာတမ်း အထောက်အထားမရှိသည့် တရုတ်မဟုတ်သော နေထိုင်သူထောင်ဂဏန်း အနည်းငယ်ကို ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသော အရာရှိတဦးကို ကိုးကားပြီး သတင်းကဆိုသည်။ အများစုသည် မြန်မာနိုင်ငံမှဖြစ်သော်လည်း လာအိုမှ လူအနည်းငယ်ပါကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြစဉ်

နယ်စပ်ဖြတ်ကျော် ရောဂါကူးစက်ခြင်း ခြိမ်းခြောက်မှုသည် မြန်မာနိုင်ငံအခြေအနေက တရုတ်အတွက် မည်ကဲ့သို့ အရေးပါသည်ကို ပြသနေသော အချက်တခုဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု Institute of Peace မှ ဂျက်ဆင်တာဝါပြောသည်။

နယ်စပ်ဒေသများတွင်နေထိုင်သော မြန်မာနိုင်ငံသားများသို့ ကိုဗစ်နိုင်တင်းနှင့် ပတ်သက်သော အကူအညီများကို ပေးဝေရန် ဒေသခံ စီးပွားရေးအသင်းအဖွဲ့များကို တရုတ်အာဏာပိုင်များက အသုံးပြုခြင်းသည် ကြိုဆိုရမည့် လုပ်ရပ်ဖြစ်သည်။

“တရုတ်က ပြည်သူအမြင်မှာ တရားမဝင် အယုံအကြည်ကင်းမဲ့တဲ့ စစ်ကောင်စီနဲ့ပဲ ဆက်ဆံနေရင် ပြည်သူချင်းဆက်ဆံရေးကို ပြန်လည်စတင်ဖို့ ခက်ခဲလိမ့်မယ်” ဟု သူပြောသည်။

(South China Morning Post မှ As Asean’s foot-dragging fuels anger in Myanmar, what next for ‘special envoy’ Erywan Yusof? ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
773

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

စစ်ကောင်စီ ကိုယ်စားလှယ်ကို ဖိတ်သည့် အာဆီယံ ပါလီမန် အဝေဖန်ခံနေရ

အပြောနဲ့ အလုပ်မညီတဲ့ အာဆီယံ

Your Thoughts …
Tags: ASEAN အထူးသံတမန်ဘရူနိုင်း ဝါရင့်သံတမန်အာရီဝန်ယူဆွတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့အကျပ်အတည်းကို စူပါမန်းပင် ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း  ASEAN အထူးသံတမန် ပြောကြားလိုက်သည် / AFP

စူပါမန်းပင် မြန်မာအကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ASEAN အထူးသံတမန်ပြော

by ဧရာဝတီ
8 August 2022
9.8k

မြန်မာ့အကျပ်အတည်းကို စူပါမန်းပင် ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း ASEAN အထူးသံတမန် ပြောကြားလိုက်သည်။

ဇွန်လ ၄ ရက် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာရီဝန်ယူဆွတ်တို့ တွေ့ဆုံစဉ်

မြန်မာခရီးစဉ် မစတင်မီ သက်ဆိုင်သူအားလုံးနှင့် အပြည့်အ၀တွေ့ခွင့်ပေးရမည်ဟု ASEAN အထူးသံတမန်ပြော

by ဧရာဝတီ
13 October 2021
15.7k

လာမည့် ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာကို ချန်လှပ်ထားရန် အရှေ့တောင်အာရှ နိုင်ငံများအသင်းက ခြိမ်းခြောက်နေချိန်တွင် အသင်း၏ အထူးသံတမန်က နောက်ဆုံးအားထုတ်မှု ပြုလုပ်လိုက်သည်။

ASEAN အထူးသံတမန်နှင့် NLD ပါတီဝင်များ တွေ့ဆုံရန် စီစဉ်ပေးရေး မင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း ကမ္ဘောဒီးယားက ပြောသည် / ဧရာဝတီ

ASEAN အထူးသံတမန်နှင့် NLD ပါတီဝင်များ တွေ့နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
7 February 2022
10.2k

ဦးနေဘုန်းလတ်က ASEAN အထူးသံတမန်နှင့် မည်သည့်တွေ့ဆုံမှုမဆိုသည် ပါတီ၏ သဘောတူညီ ခွင့်ပြုချက် လိုကြောင်းပြောသည်။

၂၀၁၆ ခုနှစ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲတွင် ဦးဟင်နရီဗန်ထီးယူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အတူတကွ မြင်ရစဉ် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရန် Asean အထူးသံတမန်၏တောင်းဆိုမှု ငြင်းပယ်ခံရ

by ဧရာဝတီ
5 October 2021
19k

ဖြုတ်ချ ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အရှေ့တောင်အာရှနိုင်ငံများအသင်း Asean အထူးသံတမန် အာရီဝန်ယူဆွတ်၏တောင်းဆိုမှုကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ပယ်ချလိုက်သည်။

၂၀၂၁ ဇွန်လ ၄ ရက် နေပြည်တော်တွင် အာရီဝန်ယူဆွတ်ဖ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဉ်

ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ

by ဧရာဝတီ
13 August 2021
34.5k

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တဦး၏ အကျိုးစီးပွားပဋိပက္ခနှင့် စီးပွားရေးဆက်ဆံမှုကို ဝေဖန်စမ်းစစ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။

၂၀၂၂ နှစ်ဆန်းပိုင်း ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ရှောင်ဒုက္ခသည်များအား စားနပ်ရိက္ခာထောက်ပံ့နေကြစဉ် / ဧရာဝတီ

ASEAN ၏ မြန်မာဆိုင်ရာ ခြေလှမ်းသစ်

by Kavi Chongkittavorn
10 February 2023
3.6k

အရေးပါသည့် ပြဿနာတခုမှာ တတိယနှစ်အတွင်းရောက်လာသည့် မြန်မာအကျပ်အတည်းဖြစ်ကြောင်း ထင်ရှားသည်။

Next Post
ငွေစက္ကူ ၁ သောင်းတန်ဟောင်းများ / ဧရာဝတီ

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

WHO က ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ဆေးအတု

မြန်မာနှင့် နိုင်ငံတချို့ ၌ ကိုဗစ်ကာကွယ်ဆေးအတုများ တွေ့သဖြင့် WHO သတိပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved