• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာနေရာ လစ်လပ်နေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး

by ဧရာဝတီ
27 October 2021
in ဆောင်းပါး
A A
ASEAN ၏ ဗီဒီယို ထိပ်သီးဆွေးနွေးပွဲတွင် နေပြည်တော်မှ ကိုယ်စားလှယ် ပျက်ကွက်နေသည်။

ASEAN ၏ ဗီဒီယို ထိပ်သီးဆွေးနွေးပွဲတွင် နေပြည်တော်မှ ကိုယ်စားလှယ် ပျက်ကွက်နေသည်။

5.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးတွင် တိုးတက်မှုမရှိသည်ကို စိတ်ပျက်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN ခေါင်းဆောင်များက အင်္ဂါနေ့တွင်ပြောကြားခဲ့ပြီး ၎င်းတို့၏ ဗီဒီယို ထိပ်သီးဆွေးနွေးပွဲတွင် နေပြည်တော်မှ ကိုယ်စားလှယ် ပျက်ကွက်နေသည်။

ထိုအစည်းအဝေး၏ဓာတ်ပုံများတွင် ASEAN နိုင်ငံအကြီးအကဲ ၉ ဦးပါဝင်သည့် ဖန်သားပြင်ကို ပြသထားပြီး မြန်မာနိုင်ငံကိုယ်စားလှယ်နေရာတွင် မြန်မာဟူသော ထင်ရှားသည့် စာကိုသာ ရေးသားထားသည်။

မြန်မာနိုင်ငံသည် ASEAN မိသားစုဝင်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံသည် ၎င်း၏ များပြားရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အချိန်နှင့် နိုင်ငံရေးနယ်ပယ်လိုအပ်ကြောင်း အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်သည့် တရားဝင်ကြေညာချက်တစောင်တွင် ASEAN က ထပ်လောင်းပြောကြားသည်။ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပုံမှန်အခြေအနေသို့ ပြန်သွားရေးအတွက် မြန်မာ၏ အားထုတ်မှုများကို ထောက်ခံရန် ASEAN ကတိကဝတ်ပြုကြောင်းလည်း ထိုကြေညာချက်က ဆိုသည်။

သတင်းဌာနများသို့ ပေါက်ကြားထွက်လာသော ကြေညာချက်မူကြမ်းသည် မြန်မာကိုယ်စားလှယ်တက်ရောက်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံအမည်များဖြင့် စတင်ခဲ့သော်လည်း နောက်ဆုံးမူတွင် ထို နိဒါန်းပိုင်းကို ဖြတ်တောက်လိုက်ပြီး အစည်းအဝေးတက်ရောက်သော နိုင်ငံများစာရင်းကိုသာဖေါ်ပြပြီး မြန်မာနိုင်ငံအမည် ပါဝင်ခြင်း မရှိတော့ပေ။

မြန်မာနိုင်ငံသည် ASEAN မိသားစုဝင်အဖြစ် ဆက်လက်တည်ရှိနေကြောင်းနှင့် မြန်မာနိုင်ငံသည် ၎င်း၏ များပြားရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ဖြေရှင်းရန် အချိန်နှင့် နိုင်ငံရေးနယ်ပယ်လိုအပ်ကြောင်း အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်သည့် တရားဝင်ကြေညာချက်တစောင်တွင် ASEAN က ထပ်လောင်းပြောကြားသည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဘုံသဘောတူညီချက်အပေါ်အခြေခံခြင်းကို ဂုဏ်ယူသော ASEAN အသင်း၏ ခေါင်းဆောင်များ အစည်းအဝေးတွင် ထိုသို့ ကိုယ်စားလှယ် တနေရာ ပျက်ကွက်နေခြင်းက ထူးခြားသော အသွင်ဖြစ်သည်။

သဘောတူထားပြီးသော လမ်းပြမြေပုံကို အကောင်အထည်ဖေါ်ရန် မြန်မာစစ်ကောင်စီက ခေါင်းမာနေသောကြောင့် မြန်မာစစ်ကောင်စီခေါင်းဆောင်ကိုဖြစ်စေ နိုင်ငံရေးကိုယ်စားပြုသည့် မည်သူမဆိုကိုဖြစ်စေ ယခုအပတ် ထိပ်သီးဆွေးနွေးပွဲများသိုပ မဖိတ်ကြားရန် ASEAN နိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။ ထိုသူများကို ဖိတ်ကြားမည့်အစား ASEAN မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုသာ ဖိတ်ကြားခဲ့သော်လည်း ထိုဖိတ်ကြားမှုသည် နောက်ဆုံးအချိန်မှသာ ဖိတ်ကြားခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်သတင်းဌာန Nikkei သို့ပြောသည်။

ထိုအမြဲတမ်းအတွင်းဝန်သည် ပြဿနာများကို ဆွေးနွေးဆုံးဖြတ်ရန် မည်သည့်အခွင့်အရေးမျှလည်း မရကြောင်း သူပြောသည်။ “အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံအနေနဲ့ (ထိပ်သီးဆွေးနွေးပွဲမှာ) တန်းတူအခွင့်အရေး မရဘူးလို့ ကျနော်တို့ထင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ မတက်တာ” ဟု သူပြောသည်။

အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်သည့်ကြေညာချက်တွင် စစ်ကောင်စီက ၎င်းတို့၏ပါဝင်မှုအဆင့်လျှော့ချခြင်းကို လက်မခံကြောင်းဖေါ်ပြထားသော်လည်း ထိုသို့မတက်ရောက်ခြင်းသည် ASEAN ဆန့်ကျင်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မဟုတ်ကြောင်းဖေါ်ပြသည်။

ထိပ်သီးဆွေးနွေးပွဲ ပါဝင်တက်ရောက်သော ခေါင်းဆောင်အချို့က တရားဝင်ထုတ်ပြန်ကြေညာချက်ထက် ပြင်းထန်သည့် စကားများကို ပြောကြားခဲ့ပြီး ဂျကာတာတွင် လူကိုယ်တိုင် တက်ရောက်သည့် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူထားသည့် လမ်းပြမြေပုံသည် ၆ လကြာသော်လည်း တိုးတက်မှု မရှိသောကြောင့် စိတ်ပျက်ကြောင်းပြောကြသည်။ ထိုအစီအစဉ်တွင် ASEAN အထူးကိုယ်စားလှယ်သည် သက်ဆိုင်သူအားလုံးနှင့် လွတ်လပ်စွာတွေ့ဆုံမည့် ခရီးစဉ်တခုလည်း ပါဝင်သည်။ သို့သော် ထိုခရီးစဉ်ကို စတင်နိုင်ခြင်း မရှိသေးပေ။

အင်္ဂါနေ့နှောင်းပိုင်းက ထုတ်ပြန်သည့်ကြေညာချက်တွင် စစ်ကောင်စီက ၎င်းတို့၏ပါဝင်မှုအဆင့်လျှော့ချခြင်းကို လက်မခံကြောင်းဖေါ်ပြထားသော်လည်း ထိုသို့မတက်ရောက်ခြင်းသည် ASEAN ဆန့်ကျင်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မဟုတ်ကြောင်းဖေါ်ပြသည်။

ASEAN ခေါင်းဆောင်များ၏ ဧပြီလက ထိပ်သီးဆွေးနွေးပွဲသည် မိသားစု အဖွဲ့ဝင်များကို ကူညီရန် အားထုတ်မှုဖြစ်ကြောင်း အထက်ပါ ဘုံသဘောတူညီချက်ချမှတ်ရေးတွင် တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သော အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အင်္ဂါနေ့တွင်ပြောသည်။ “ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ မိသားစုတွေရဲ့အကူအညီကို မြန်မာစစ်တပ်က မကြိုဆိုဘူးဖြစ်နေတယ်” ဟု သူပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
52
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
69
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
945

“ကျနော်တို့က တဖက်မှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လေးစားသလို အခြားတဖက်မှာလည်း ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာရေးနဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ ညီတဲ့ အစိုးရ စတဲ့ ASEAN ပဋိညာဉ်ထဲက အခြားမူတွေကိုလည်း ဆုပ်ကိုင်ဖို့ တာဝန်ရှိနေတယ်” ဟု ဝီဒိုဒိုကပြောသည်။ နိုင်ငံရေးကိုယ်စားပြုသူ မဟုတ်သည့် မြန်မာကိုယ်စားလှယ်ကိုသာ ဖိတ်ကြားရန် ASEAN ၏ ဆုံးဖြတ်ချက်သည် ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်သော်လည်း လိုအပ်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း သူပြောသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး မငြိမ်သက်မှုသည် ASEAN အနေဖြင့် အဖွဲ့တွင်းပြဿနာများကို အဖွဲ့တွင်းတွင် ဖြေရှင်းနိုင်ခြင်း ရှိ မရှိ စမ်းသပ်နေကြောင်း စင်္ကာပူနှင့် ထိုင်းခေါင်းဆောင်များက ပြောကြသည်။

“တိုးတက်မှု နှေးကွေးတယ်။ ဒါဟာ မြန်မာပြည်သူတွေအတွက်နဲ့ စည်းမျဉ်းအခြေပြုအဖွဲ့အစည်းတခုအနေနဲ့ ASEAN ကို ယုံကြည်နိုင်မှုအပေါ် တကယ့်ကို အကျိုးဆက်တွေဖြစ်လာစေတယ်” ဟု စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း ပြောသည်။

“ကျနော်တို့က တဖက်မှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လေးစားသလို အခြားတဖက်မှာလည်း ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးလေးစားလိုက်နာရေးနဲ့ ဖွဲ့စည်ပုံအခြေခံဥပဒေနဲ့ ညီတဲ့ အစိုးရ စတဲ့ ASEAN ပဋိညာဉ်ထဲက အခြားမူတွေကိုလည်း ဆုပ်ကိုင်ဖို့ တာဝန်ရှိနေတယ်” ဟု ဝီဒိုဒိုကပြောသည်။

“ဒါကြောင့် အထူးသံတမန်နဲ့အပြည်အဝနဲ့ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ကောင်စီကို ကျနော်တို့ တိုက်တွန်းတယ်” ဟု လီကပြောကြားပြီး ASEAN အပေါ် ယုံကြည်အားထားနိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ပြုလုပ်ရသည့် စစ်ကောင်စီခေါင်းဆောင်အား မဖိတ်ကြားရေး ခက်ခဲသော ဆုံးဖြတ်ချက်ကို စင်္ကာပူက အပြည့်အ၀ ထောက်ခံကြောင်း ဖေါ်ပြသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွဒ် ချန်အိုချာကလည်း အလားတူ သဘောထားမျိုးပြောကြားပြီး မြန်မာနိုင်ငံတွင်းမှ အခြေအနေသည် ASEAN အား ၎င်းတို့ဒေသတွင်း ပြဿနာများ ကိုယ့်ဖာသာဖြေရှင်းနိုင်စွမ်းရှိ မရှိကို စမ်းသပ်နေစေကြောင်းပြောသည်။ “ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ASEAN ရဲ့အခန်းကဏ္ဍဟာ အရမ်းကို အရေးပါပြီး ဒီကိစ္စအပေါ်ကျနော်တို့ရဲ့ဆောင်ရွက်ချက်ဟာ နိုင်ငံတကာ အသိုက်အဝန်းရဲ့အမြင်မှာ ASEAN အပေါ် ယုံကြည်အားထားနိုင်မှုအတွက် သက်ရောက်မှုတွေ ရှိနေတယ်” ဟု သူပြောသည်။

သို့သော် လေ့လာသူအချို့က တိုးတက်မှုအလားအလာနှင့် ပတ်သက်ပြီး အကောင်းမမြင်ကြပေ။

“ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ပျက်ကွက်တယ်ဆိုတဲ့အချက်က အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ASEAN ရဲ့ကြားဝင်မှုကို အလေးမထားကြောင်း ပြသနေတယ်” ဟု The Economist Intelligence Unit မှ ဘရိုင်ယန်စီ ကပြောသည်။ “ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီကို ချန်လှပ်ထားခဲ့ပေမယ့် ASEAN အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု လုပ်နိုင်ခြေမရှိတော့ ဒေသတွင်းမှာ အထီးကျန်မှု နက်ရှိုင်းနေရင်တောင်မှ မြန်မာစစ်ကောင်စီက အကြမ်းဖက်ချေမှုန်းတာတွေ ဆက်လုပ်ပြီး ပြန်လည်သင့်မြတ်ဖို့ လမ်းမမြင်ဘူး” ဟုလည်း သူပြောသည်။

“ထိပ်သီးဆွေးနွေးပွဲမှာ စစ်ကောင်စီကို ချန်လှပ်ထားခဲ့ပေမယ့် ASEAN အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု လုပ်နိုင်ခြေမရှိတော့ ဒေသတွင်းမှာ အထီးကျန်မှု နက်ရှိုင်းနေရင်တောင်မှ မြန်မာစစ်ကောင်စီက အကြမ်းဖက်ချေမှုန်းတာတွေ ဆက်လုပ်ပြီး ပြန်လည်သင့်မြတ်ဖို့ လမ်းမမြင်ဘူး”

တချိန်တည်းတွင် ခေါင်းဆောင်များသည် ဒေသတွင်း ရင်ဆိုင်နေရသည့် အခြားပြဿနာများဖြစ်သော ကိုဗစ်နိုင်တင်း၊ ရာသီဥတုပြောင်းလဲမှုမှသည် ပြင်းထန်လာနေသည့် တရုတ်-အမေရိကန်အားပြိုင်မှုအထိ ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း သေနင်္ဂဗျူဟာ မျှခြေကို ထိန်းသိမ်းထားနိုင်ရေး ASEAN ၏ ညီညွတ်မှုနှင့် အချက်အခြာကျမှုကို အာမခံနိုင်ရမည်ဖြစ်ကြောင်း ထိုင်းမှ ပရာယွဒ် ပြောပြီး အာရှပိစိဖိတ် လုံခြုံရေးစနစ်တွင် ကျောရိုးအဖြစ် ASEAN ၏ အချက်အခြာကျမှုကို ရည်ညွှန်းပြောကြားသည်။

ကိုးကား။ ။ Nikkei Asia

You may also like these stories:

ASEAN ထိပ်သီးအစည်းအဝေးတွင် မြန်မာ စစ်အာဏာသိမ်းမှုကို ဂျိုးဘိုင်ဒင် ရှုတ်ချ

မြန်မာစစ်အာဏာသိမ်းမှု တရားမဝင်ကြောင်း ASEAN အသိအမှတ်ပြု

စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုမှု ပိုမိုပေါ်လွင်ဟု NUG ဆို

အာဆီယံအနေဖြင့် NUG နှင့် တရားဝင်တွေ့ဆုံရန် APHR တိုက်တွန်း

Your Thoughts …
Tags: Aseanထိပ်သီးအစည်းအဝေးဘုံသဘောတူညီချက်အာဏာသိမ်းစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်

စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်

by ဧရာဝတီ
1 July 2025
10.3k

ဒုဗိုလ်ချုပ်ကြီး မင်းနိုင်သည် အော်စလိုဖိုရမ် ၂၀၂၅ တက်ရောက်ရန် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အော်စလိုသို့ရောက်ခဲ့သည်

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

အယူအဆမှားများထဲ သံတမန်တွေ တဝဲလည်လည်

by Igor Blazevic
27 July 2024
4.7k

၎င်းတို့သည် မြန်မာမှ ပကတိအခြေအနေနှင့် လုံးဝ ကင်းကွာသည့် ၎င်းတို့အယူအဆများကိုသာ ပဲ့တင်ထပ်သော ခန်းမများတွင်သာ နေထိုင်ကြပုံရသည်။

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

Next Post
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော မူဆယ်မြို့  / ဧရာဝတီ

တရုတ်၏ နယ်နိမိတ်လုံခြုံရေး တိုးမြှင့်မှု နယ်စပ်ရှိ မြန်မာများ အခက်တွေ့

တင်းမရွာသားများ နေရပ်ပြန်နိုင်ရေး အစည်းအဝေးတရပ် ပြုလုပ်စဉ်

တင်းမရွာသားများ နေရပ်ပြန်ရန် ကြိုးပမ်းမှု စစ်ကောင်စီ ခွင့်မပြု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved