ဆောင်းပါး

ကြီးထွားလာသည့် အွန်လိုင်းပေါ်က မြန်မာ့ရှားပါး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု

တလသားအရွယ် “ဒီးဒီ” ဟု နာမည်ပေးထားသော မျောက်အထီးလေးကို တောရိုင်းတိရစ္ဆာန်များ ရောင်းလေ့ရှိသော Facebook group တခုမှ ကိုလမင်း (နာမည်လွဲ) က ဝယ်ယူရရှိခဲ့သည်။

ထိုမျောက်လေးသည် သာမန်မျောက်မျိုးစိတ်တခုမဟုတ်ဘဲ နှစ်လိုဖွယ်ကောင်းသော ရုပ်သွင်ပြင်၊ ခဲရောင်မကျ၊ အဖြူရောင် မကျသော ကိုယ်ထည်နှင့် မျက်ကွင်းအဖြူရောင်ရှိပြီး နိုင်ငံတကာ သဘာဝ ထိန်းသိမ်းစောင့် ရှောက် ရေးအဖွဲ့ (IUCN) က မျိုးသုဉ်းတော့မည့် အန္တရာယ်အမြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားခံရသည့် မျောက်မျက်ကွင်းဖြူ (Trachypithecus Phayrei) တကောင်ပင် ဖြစ်သည်။

သို့သော် ဒီးဒီ အတွက် အွန်လိုင်းဈေးကွက်၏ သတ်မှတ်ဈေးနှုန်းသည် ကျပ် ၃ သိန်း ၈ သောင်းသာ ဖြစ်သည်။

“နေ့စဉ်နေ့တိုင်းဗျာ သူတို့အကောင်လေးတွေ မိပြီဆိုရင် တင်ပြီးကြွားတဲ့ မုဆိုးဂရုထဲမှာ ကျနော်တွေ့တာ၊ မအေကြီးကို ပစ်လိုက်တာမှာ ဒီကလေးလေး ပါလာတာပေါ့။ တွေ့တာနဲ့ပဲ ကျနော်ချက်ချင်း ကောက်ဝယ်လိုက်တာ” ဟု ကိုလမင်းက သူဝယ်ယူရနိုင်ခဲ့ပုံကို ပြန်ပြောပြသည်။

ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ မုဆိုးတဦးထံမှ ဒီးဒီကို သူဝယ်ယူရရှိခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

သိန်းငှက်၊ စွန်ရဲ အစရှိသည့် တောတွင်းမှ ဖမ်းဆီးရမိသော သားရဲ ငှက်မျိုးစိတ်များနှင့် တခြားသော နို့တိုက်သတ္တဝါတချို့ကို အရောင်းအဝယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ကိုလမင်းသည် ရန်ကုန်မြို့အခြေစိုက် အွန်းလိုင်းမှတဆင့် တောရိုင်းတိရစ္ဆာန်များ အရောင်းအဝယ်လုပ် ဆောင်သူတဦး၊ အထူးသဖြင့် သိန်းငှက်၊ စွန်ရဲ အစရှိသည့် တောတွင်းမှ ဖမ်းဆီးရမိသော သားရဲ ငှက်မျိုးစိတ်များနှင့် တခြားသော နို့တိုက်သတ္တဝါတချို့ကို အရောင်းအဝယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

ဒီးဒီ၏ အရောင်းအဝယ်သည် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း တရှိန်ထိုးမြင့်တက် လာသော မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များနှင့် တခြား တောရိုင်းတိရစ္ဆာန်များကို အွန်လိုင်းမှတဆင့် အရောင်းအဝယ်ဖြစ် မှု တသောင်းကျော်ထဲမှ ဖြစ်ရပ်တခုပင် ဖြစ်သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF) က ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် နောက်ဆုံး ထုတ်ပြန်ထားသော အစီအရင်ခံစာအရ တိရစ္ဆာန်အရှင်ရောင်းဝယ်မှုသည် ၂၀၂၀ မှ ၂၀၂၁ ခုနှစ် တနှစ်အတွင်း အကြိမ်ရေ ၁၁၀၄၆ ကျော်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။

သီတင်း ပတ် ၁ ပတ်အတွင်း တောရိုင်း တိရစ္ဆာန်အရောင်းအဝယ် ပို့စ်ပေါင်း ၃၀ ကျော်အထိ ရှိကြောင်း WWF က ဆိုထားသည်။

အရောင်းအဝယ်လုပ်ဆောင်သည့် ကုန်သည်များ၏ Facebook အကောင့်ပေါင်း ၆၃၉ ခု တွေ့ရှိရခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ကျော်အထိရှိသည့် အကြီးဆုံး တောရိုင်းတိရစ္ဆာန် အရောင်းအဝယ်လုပ်ဆောင်သော Facebook group တခုတွင်လည်း သီတင်း ပတ် ၁ ပတ်အတွင်း တောရိုင်း တိရစ္ဆာန်အရောင်းအဝယ် ပို့စ်ပေါင်း ၃၀ ကျော်အထိ ရှိကြောင်း WWF က ဆိုထားသည်။

အများစုမှာ ငှက်မျိုးစိတ်များဖြစ်ပြီး ထိုအထဲတွင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော အောင်လောင်၊ အောက်ချင်း ငှက်များလည်း ပါဝင်ကာ ဆင်၊ ဝက်ဝံ၊ မြွေ၊ မျောက်၊ ကြောင်ဝံပိုက် (ကြောင်ကတိုး)၊ တောဆိတ် အစရှိသော တောရိုင်း တိရစ္ဆာန်များကိုလည်း အရောင်းအဝယ် လုပ်ဆောင်လာလျှက် ရှိသည်။

မိချောင်းသားပေါက်များကိုပါ အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချနေသည့် ပို့စ်များကို ဧရာဝတီသတင်းဌာနက အွန်လိုင်းပေါ်တွင် တွေ့ရှိခဲ့ရသည်။

ထို့အပြင် မျိုးသုဉ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များဖြစ်သည့် သစ်ကြောင် (Leopard Cat)၊ သင်းခွေချပ်နှင့် လိပ် မျိုးစိတ်များလည်း ပါဝင်ကြောင်း သိရှိရပြီး တချို့ ပို့စ်များတွင် မိချောင်းသားပေါက်များကိုပါ အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချနေသည့် ပို့စ်များကို ဧရာဝတီသတင်းဌာနက အွန်လိုင်းပေါ်တွင် တွေ့ရှိခဲ့ရသည်။

ဧရာဝတီသတင်းဌာနက ဆက်သွယ်ခဲ့သော မန္တလေးမြို့မှ အွန်လိုင်းတောရိုင်းတိရစ္ဆာန် အရောင်းအဝယ် လုပ်ဆောင်သူတဦး၏ ပြောပြချက်အရဆိုလျှင် သတ်မှတ်ဈေးနှုန်းအတိုင်း ပေးပါက မိမိလိုချင်သော မည်သည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်ကိုမဆို သူ့ထံတွင် အမှာစာ ကြိုပေးထားနိုင်ကြောင်း သိရသည်။

သို့သော် တောရိုင်းတိရစ္ဆာန်များကို အရောင်းအဝယ်လုပ်ဆောင်ခြင်းသည် ဥပဒေအရ ငြိစွန်းပြီး တရားမဝင်ကြောင်း သိရှိသောကြောင့် အသေးစိတ်ဖြေကြားပေးရန် သူက ငြင်းဆန်သည်။

“လူတွေက ဆက်ပြီး တောရိုင်းတိရစ္ဆာန်တွေကို အိမ်မွေးတိရစ္ဆာန်တွေအဖြစ် မွေးနေကြမယ်၊ တော ကောင်သားတွေကို စားသုံးနေကြမယ်၊ တိရစ္ဆာန်အစိတ်အပိုင်းက ရတဲ့ ပစ္စည်းတွေကို လက်ဝတ် ရတနာတွေအဖြစ် သုံးနေကြမယ်၊ တိုင်းရင်းဆေးတွေမှာ သုံးနေကြဦးမယ် ဆိုရင်တော့ ကျနော်တို့ ပြန်ပေးဆပ်ရမှာက မြန်မာနိုင်ငံရဲ့ တောတောင်၊ ရေမြေ၊ ကောင်းကင်တွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာမယ့် အခြေအနေပါ” ဟု WWF ၏ အာရှ-ပစိဖိတ်ဒေသ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် ဆိုက်ဘာ ရာဇဝတ်မှုခင်းဆိုင်ရာ စီမံကိန်းဦးဆောင်သူ Shaun Martin က ဧရာဝတီသို့ ပြောသည်။

ထို့အပြင် ယခု တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူခြင်းသည် ပြည်သူ့ ကျန်းမာရေးနှင့် ပတ်သက်ပြီး အကြီးအကျယ် ထိခိုက်နိုင်သကဲ့သို့ လူနှင့် တိရစ္ဆာန်များအကြား ကူးစက်နိုင်သော ရောဂါများလည်း ဖြစ်ပွားလာနိုင်ကြောင်း သူက သတိပေးပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းပေါ်မှ တောရိုင်းတိရိစ္ဆာန်များ အရောင်းအဝယ်မြင့်တက် မှုတွင် ပြည်တွင်းဝယ်ယူ ရောင်းချမှုများကို အများဆုံးတွေ့ရ

စစ်အာဏာသိမ်းပြီးနောက် အွန်လိုင်းပေါ်မှ တောရိုင်းတိရစ္ဆာန်များ အရောင်းအဝယ်မြင့်တက်မှုတွင် ပြည်တွင်းဝယ်ယူ ရောင်းချမှုများကို အများဆုံးတွေ့ရသော်လည်း တရုတ်-မြန်မာနယ်စပ်နှင့် အိန္ဒိယသို့ ရောင်းချမည့် ပို့စ်တချို့ကိုလည်း တွေ့ရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF) ၏ စောင့်ကြည့်စစ်တမ်း ယူထားသည့် အစီအရင်ခံစာအရ သိရသည်။

တရုတ်ဘာသာစကားဖြင့် တင်ထားသော အရောင်းအဝယ်ပို့စ်တချို့ကိုလည်း တွေ့ရှိရကြောင်း ဆိုသည်။ ဒ

ယခင် အစိုးရအဆက်ဆက်များကတည်းက တောရိုင်းတိရစ္ဆာန်ရာဇဝတ်မှုများ ကိုင်တွယ်မှု၌ အလေးထားခြင်း အားနည်းခဲ့သလို၊ မြန်မာ့တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေများတွင်လည်း လိုအပ်ချက်ရှိခြင်းကြောင့် ထိရောက်သည့် အရေးယူမှုများ မလုပ်ဆောင်နိုင်ခဲ့ကြပေ။

ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်နေသော ကာလ၌ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုသည် တရားမဝင်မှ တရားဝင် စီးပွားရေးတခုကဲ့သို့ပင် လွတ်လွတ်လပ်လပ် လုပ်ဆောင်လာကြသည်ကို WWF ၏ ယခုစစ်တမ်းက မီးမောင်းထိုးပြ လာနေပြီ ဖြစ်သည်။

မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များအတွက်လည်း မျိုးပွားမှုနှုန်း လျော့ကျသွားစေနိုင်ကြောင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်များက ဆိုကြသည်။

တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ကုန်သွယ်ခြင်းနှင့် အမဲလိုက်သတ်ဖြတ်ခြင်းသည် တောရိုင်း တိရစ္ဆာန် အရေအတွက် လျှင်လျှင်မြန်မြန် လျော့ကျစေသကဲ့သို့ အထီး၊ အမ မမျှတနိုင်တော့သည့် အခြေအနေကြောင့် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များအတွက်လည်း မျိုးပွားမှုနှုန်း လျော့ကျသွားစေနိုင်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ပညာရှင်များက ဆိုကြသည်။

ထို့အပြင် တောရိုင်းတိရစ္ဆာန်များကို အခြားတိရစ္ဆာန်များနှင့် နီးနီးကပ်ကပ်ထားရှိခြင်းကြောင့် တောရိုင်းတိရစ္ဆာန်မှ အိမ်မွေးတိရစ္ဆာန်များ အကြား ရောဂါကူးစက်မှုများနှင့် တိရစ္ဆာန်များမှ လူသို့တဆင့် ကူးစက်သော ကပ်ရောဂါအသစ်များ ဖြစ်ပွားခြင်း၏ အဓိက ရင်းမြစ်များဖြစ်ကြောင်း ပညာရှင်များက ပြောဆိုကြသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ (COVID 19) နှင့် SARS ရောဂါများသည်လည်း တောရိုင်းတိရစ္ဆာန်များမှတဆင့် လူသို့ ကူးစက်သည့် ရောဂါများပင် ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ (COVID 19) နှင့် SARS ရောဂါများသည်လည်း တောရိုင်းတိရစ္ဆာန်များမှတဆင့် လူသို့ ကူးစက်သည့် ရောဂါများပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ မွေးမြူခြင်း မြင့်တက်လာခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် သစ်တောဦးစီးဌာနက တရားဝင်ကာကွယ်ထားသော တောရိုင်း တိရစ္ဆာန်မျိုးစိတ် ၉၀ ကျော်ကို လိုင်စင်ဖြင့် စီးပွားဖြစ် မွေးမြူခွင့်ပြုလိုက်ခြင်းကလည်း တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုကို တားဆီးရန် လုပ်ကိုင်သည့်နေရာတွင် ရှုပ်ထွေးသွားစေခဲ့သည်။

သို့သော်လည်း ထိုစီးပွားဖြစ် မွေးမြူခွင့် လိုင်စင်နှင့် ပတ်သက်ပြီး ယခုအချိန်အထိ အများပြည်သူသိရှိစေရန် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က “အခုက တောထဲက အကောင်တွေက ပေါက်ဖွားလာတဲ့ အကောင်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မွေးနေကြတာ။ ဒါကိုက လွဲမှားနေတာ။ အမှန် ဥပဒေမှာက လူတွေလက်ထဲမှာ မွေးမြူထားတဲ့ အထီး၊ အမကနေ မြေးအဆင့် ပေါက်ဖွားထားတဲ့ သတ္တဝါတွေ ဖြစ်ရမယ်။ လေ့ကျင့် ထားတဲ့ သတ္တဝါတွေ ဖြစ်ရမယ်” ဟု ပြောဆိုသည်။

Facebook တွင် တွေ့ရသည့် မြန်မာနိုင်ငံမှ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုများ

လက်ရှိပြဌာန်းထားသော တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဥပဒေများတွင် မည်သည့် တောရိုင်းတိရစ္ဆာန်ကို လက်ဝယ်အရှင်ထားရှိခြင်း၊ တိရိစ္ဆာန်အစိတ်အပိုင်းများကို လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း မပြုရဟု ပြဌာန်းထား ခြင်းကြောင့် လတ်တလော တောရိုင်းတိရစ္ဆာန်များ မွေးမြူခြင်းများသည် တရားမဝင်ဟု ပြောဆို၍ ရကြောင်း သူက ဆိုသည်။

ဒေါက်တာသိန်းအောင်က “အောင်လောင်၊ အောက်ချင်းဆိုရင် ပိုဆိုးတယ်၊ သူတို့တွေက သစ်သီးတွေကိုပဲ အဓိကစား တယ်။ သစ်သီးကို စားတဲ့အခါမှာ ခန္ဓာကိုယ်ကြီးတဲ့အတွက် အစာကို အများကြီး စားရတယ်။ အမျိုးစုံအောင် စားရတယ်။ တောတတောမှာ အောင်လောင်၊ အောက်ချင်းရှိပြီဆိုရင် သစ်ခေါင်းပါတဲ့ သစ်ပင်တွေမှာပဲ နေတဲ့အတွက် သက်တမ်းကြီး တဲ့၊ သက်တမ်းရင့်အပင်တွေရှိမယ်။ အဲဒီ တောကြီးသည် သစ်သီးပေါင်းစုံလင်တဲ့ အပင်တွေ ပေါပေါများများ ပေါက်တဲ့ တောဖြစ်တယ်” ဟု တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအတိုင်း ရှင်သန်နေထိုင်မှုက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိပုံကို ပြောပြသည်။

ထို့အပြင် လူကို အန္တရာယ်ဖြစ်စေနိုင်သော တောရိုင်းတိရစ္ဆာန်များကို မွေးမြူထားပြီးနောက် လွတ်ထွက် သွားကာ တခြားသောလူများအပေါ် အန္တရာယ်ဖြစ်ပေါ်လာပါက မည်သို့ တာဝန်ယူမည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသေးကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့တွင်လည်း တောင်ငူမြို့ရှိ ဝက်ဝံများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသူ တဦးသည် သူမွေးမြူထားသော ဝက်ဝံနှစ်ကောင်နှင့်အတူ အိပ်နေစဉ်တွင် ဝက်ဝံအကိုက်ခံရ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။

တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် လုံးဝမမွေးမြူသင့်ကြောင်း ပြောဆိုမှုကို တောရိုင်းတိရစ္ဆာန်များအား အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူသူတချို့က လက်မခံပေ။

သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသည့် ပညာရှင် များဘက်က တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် လုံးဝမမွေးမြူသင့်ကြောင်း ပြောဆိုမှုကို တောရိုင်းတိရစ္ဆာန်များအား အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူသူတချို့က လက်မခံပေ။

သူတို့လက်မခံရသည့် အကြောင်းအရင်းကလည်း ခိုင်ခိုင်မာမာရှိနေသည်။ ထိုအကြောင်းမှာ မြန်မာနိုင်ငံတွင် တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အသိပညာပေးမှုများ တွင်တွင်ကျယ်ကျယ် မလုပ်ဆောင်နိုင်ခြင်းနှင့် ကျေးလက်နေပြည်သူအများစု၏ ဝင်ငွေနည်းပါးသောကြောင့် အမဲလိုက်မှု မြင့်မားနေခြင်းတို့ကြောင့်ပင် ဖြစ်သည်။

“မြန်မာနိုင်ငံ အနေအထားနဲ့ ဒီတောကောင်လေးတွေက မုဆိုးတွေ လက်ချက်ကြောင့် တောထဲမှာထက် ကျနော်တို့ လက်ထဲမှာက ပိုတောင် အသက်ရှည်ရှည်နေရဦးမယ်” ဟု ကိုလမင်းက ပြောဆိုသည်။

Lizzo & Mammo ကော်ဖီဆိုင်မှ တာဝန်ရှိသူကလည်း တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုကို အားမပေး သော်လည်း တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် မမွေးမြူသင့်ဆိုသည့် ပြောဆိုချက်ကို လက်မခံပေ။

တလသား အရယ် မျောက်လေး ဒီးဒီး

ထိုကော်ဖီဆိုင်သည် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန် (မျောက်မျိုးစိတ်တချို့) နှင့် အိမ်မွေး တိရစ္ဆာန်များဖြင့် ပြသဖွင့်လှစ်ထားသော ရန်ကုန်မြို့ရှိ လူသိများသော ကော်ဖီဆိုင်တဆိုင် ဖြစ်သည်။

“Wild (တောရိုင်းတိရစ္ဆာန်) နဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ပြောကြတယ်။ လူတွေမွေးသင့်၊ မမွေးသင့်ပေါ့။ ကျနော် ကတော့ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်မှုကိုတော့ လုံးဝအားမပေးဘူး။ ဒါပေမယ့် စနစ်တကျ ဆိုရင်တော့ ရှိကိုရှိ သင့်တယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုရင် တိရစ္ဆာန်တွေကို ကာကွယ်ဖို့ပဲ” ဟု သူက ပြောဆိုသည်။

သူက ဆက်လက်ပြီး “ဥပမာ Macaw ဆိုရင် သဘာဝမှာ မျိုးသုဉ်းသွားပြီ။ ဒါပေမယ့် လူတွေလက်ထဲ ရှိနေသေးတယ်။ အဲဒါက သဘာဝမှာ မျိုးသုဉ်းသွားပြီးတော့ လူတွေလက်ထဲမှာ ဘာလို့ကျန်နေရသေးလဲ ဆိုရင် Wild life ကို Pet အနေနဲ့ စနစ်တကျ မွေးမြူထားတဲ့ လူတွေ၊ ပြန်သားဖောက်ထားတဲ့ လူတွေကြောင့်ပဲ” ဟု ဆိုသည်။

တောရိုင်းတိရစ္ဆာန်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထိန်းသိမ်းခြင်းသည် လိုအပ်သည့်အရာဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် စနစ်တကျ မွေးမြူခြင်းနည်းစနစ်နှင့် ဥပဒေများ အသေအချာရှိရန် လိုအပ် နေသေးကြောင်း၊ အများစုမှာ အပျော်မွေးမြူနေကြသူများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု တရှိန်ထိုးမြင့်တက်လာမှုက မြန်မာ့မြေပေါ်တွင် ကျင်လည်ကျက်စားသော တောရိုင်း တိရစ္ဆာန်မျိုးစိတ်တချို့ ပျောက်ကွယ်သွားရန် လမ်းစဖြစ်လာနေသည်

ထို့သို့ ငြင်းဆိုချက်များရှိနေသော်လည်း သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း များ အနုတ်လက္ခဏာ ရောက်ရှိနေပြီး ယခုကဲ့သို့ တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှု တရှိန်ထိုးမြင့်တက်လာမှုက မြန်မာ့မြေပေါ်တွင် ကျင်လည်ကျက်စားသော တောရိုင်း တိရစ္ဆာန်မျိုးစိတ်တချို့ ပျောက်ကွယ်သွားရန် လမ်းစဖြစ်လာနေ သည်မှာ အမှန်ပင်ဖြစ်သည်။

“ဒီအရှိန်က ထပ်ပြီး မြင့်တက်လာနေနိုင်တဲ့ အခြေအနေရှိတယ်။ အခုက ငှက်တောင်မှ အကောင်ကို တကောင်ချင်း ဖမ်းတော့တာမဟုတ်ဘူး။ ဒီသစ်ပင်မှာ အသိုက်ရှိရင် သစ်ပင်ပါ ခုတ်လှဲပြီး အကောင်ပေါက်တွေပါ အကုန်ယူနေတာ ဆိုတော့ တချို့အကောင်တွေအတွက် မျိုးသုဉ်းဖို့ ပိုများသွားပြီ” ဟု မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြောဆိုသည်။

You may also like these stories:

တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ

တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ရေး ကြော်ငြာတွေကို Facebook ဖယ်ရှား

ဧရာဝတီလင်းပိုင် စီးပွားဖြစ် မွေးမြူခွင့် ကန့်ကွက်ခံနေရ

မိန်းမလှကျွန်းက မိကျောင်းနဲ့ လူ ပဋိပက္ခ

မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျောက်မျက်ကွင်းဖြူများ

Loading