၃ နှစ်အရွယ် ကလေးနဲ့အတူ ခုန်ချသွားတဲ့ မိခင် အပါအဝင် ဩဂုတ်လ နောက်ဆုံးပတ် ၁ ပတ်အတွင်းမှာ သေကြောင်း ကြံစည်မှု ၄ ခု ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။
အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးဟာ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က လူကူးကုန်းကျော် တံတားကနေ ဩ ဂုတ်လ ၂၅ ရက်နေ့က ခုန်ချပြီး သေကြောင်းကြံစည်တာကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီလိုပဲ ကမာရွတ်မြို့နယ် အင်းလျားကန်မှာလည်း အသက် ၃၀ အရွယ် အမျိုးသားတဦးဟာ ဩဂုတ်လ ၂၉ ရက်နေ့က ခုန်ချပြီး အဆုံးစီရင်ခဲ့ပြန်ပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့ကတော့ သေကြောင်းကြံစည်မှု ၂ ခုတောင် ရှိခဲ့ပါတယ်။
အဲဒီနေ့မှာ ပြည်မြို့က နဝဒေးတံတားပေါ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးဟာ ၃ နှစ် အရွယ် သမီးငယ်နဲ့အတူ ခုန်ချခဲ့တာ ဖြစ်ပါတယ်။
အဲဒီနေ့မှာပဲ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက် ၁၉ လမ်းမှာလည်း အမျိုးသား ၁ ဦးဟာ ကြိုးဆွဲချသေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေဟာ နေရာဒေသမတူညီကြသလို ကိုယ်စီရင်ဆိုင်ရတဲ့ ပြဿနာတွေ မတူညီနေပါဘူး။
မြန်မာပြည်မှာ သေတဲ့သူတွေက အသက်ရှုရပ်သွားပြီး ရှင်ကျန်သူတွေမှာ အသက်ရှုကျပ်နေရတာဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကြောင့် ဖြစ်ပါတယ်။
မြန်မာပြည်မှာ သေတဲ့သူတွေက အသက်ရှုရပ်သွားပြီး ရှင်ကျန်သူတွေမှာ အသက်ရှုကြပ်နေရတာဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကြောင့် ဖြစ်ပါတယ်။
ကြိုးဆွဲချသေဆုံးခဲ့တဲ့ မော်လမြိုင်က အမျိုးသားဟာဆိုရင် အသက် ၄၈ နှစ်အရွယ် အနှေးယာဉ်လုပ်သားတဦးပါ။ ဝင်ငွေနည်းပါးပြီး ဆင်းရဲနွမ်းပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“သူ့မိသားစုက ချို့ချို့တဲ့တဲ့ပဲ။ တော်တော်ချို့တဲ့တယ်။ အိမ်ကကြမ်းတွေတောင် နင်းရတာ နင်းလို့ မလွယ်တဲ့ အနေအထားပဲ” လို့ ဒေသခံတဦးက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကိုဗစ်ကပ် ရောဂါဘေး၊ စစ်အာဏာသိမ်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စီးပွားပျက်ကပ် စတဲ့ ပြဿနာမျိုးစုံကို တပြိုင်တည်း ရင်ဆိုင်နေရသလို နိုင်ငံသား အများစုဟာ အနာဂတ်မဲ့နေတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရတာပါ။
စိတ်ဓာတ်ကျဆင်းတာတွေ၊ စိတ်ပျက်အားလျော့တာတွေနဲ့၊ ကလေးငယ်တွေရဲ့ ပညာရေးကစလို့ စားဝတ်နေရေး အဆုံး အနာဂတ်အတွက် အဖြေမရှိတဲ့ ပြဿနာတွေကို ပုံစံမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒါကြောင့်လည်း အဲဒီလို ပြဿနာတွေအပြင် နောက်ထပ် ဆိုးရွားတဲ့ ပြဿနာတခုခုကို ရင်ဆိုင်ရပြီဆိုတဲ့အချိန်မှာ သေ ကြောင်း ကြံစည်ပြီး ထွက်ပေါက်ရှာလာကြတယ်လို့လည်း ယူဆသူတွေ ရှိနေပါတယ်။
စိတ်ကုထုံးပညာရှင် တဦးဖြစ်တဲ့ Seng ကတော့“ဒီနှစ်ပိုင်း အတွင်းမှာ ဘာကိုတွေ့လဲ ဆိုတော့ တော်တော်များများက မျှော်လင့်ချက်မဲ့တယ် ဆိုတာမျိုးပေါ့။ အရှေ့ကို မမြင်ရဘူးဆိုတဲ့ ခံစားချက်မျိုး ကြားရတယ်”လို့ ဆိုပါတယ်။
အဆုံးစီရင်မှုတွေကို လေ့လာဆန်းစစ်ထားတဲ့ စာတမ်းတစောင်အရတော့ မျှော်လင့်ချက်မရှိခြင်းဟာ အဆုံးစီရင်ဖို့အတွက် အရေးကြီးဆုံး အကြောင်းပြချက် တခုဖြစ်နေတတ်ပါတယ်။
အဆုံးစီရင်မှုတွေကို လေ့လာဆန်းစစ်ထားတဲ့ စာတမ်းတစောင်အရတော့ မျှော်လင့်ချက်မရှိခြင်းဟာ အဆုံးစီရင်ဖို့အတွက် အရေးကြီးဆုံး အကြောင်းပြချက် တခုဖြစ်နေတတ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ သတ်သေမှုတွေ လျော့နည်းလာဖို့အတွက် “လုပ်ဆောင်မှုတွေကနေ မျှော်လင့်ချက် ဖန်တီးစို့”လို့ ကြွေးကြော်ထားပါတယ်။
WHO ရဲ့ စာရင်းဇယားတွေအရ နှစ်စဉ်ဆိုသလိုပဲ ကမ္ဘာပေါ်က လူဦးရေ သန်း ၁၀၀ လောက်ဟာ သေကြောင်း ကြံစည်နေကြတယ်လို့ သိရပါတယ်။
တနေ့ကို လူ ၇ သိန်းကျော်လောက် သတ်သေနေပြီး ဒီနှုန်းဟာ ၄၅ စက္ကန့်တိုင်းမှာ လူ ၁ ဦးနှုန်း သတ်သေနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အထူးသဖြင့် ကိုဗစ်ကာလနောက်ပိုင်းမှာ သတ်သေမှုနှုန်းတွေ တိုးလာတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် နှစ်စပိုင်းက စာရင်းဇယားတွေအရတော့ မြန်မာနိုင်ငံဟာ လူဦးရေ ၁ သိန်းမှာ ၂ ဒသမ ၉ ယောက်နှုန်း(၃ ယောက်ခန့်) သတ်သေနှုန်းရှိခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံပေါင်း ၁၈၀ ကျော်ထဲ အမှတ်စဉ် ၁၆၅ နေရာမှာ ရှိနေပါတယ်။
အာဏာသိမ်းခံရပြီးတဲ့နောက် မြန်မာနိုင်ငံဟာ အကျပ်အတည်းမျိုးစုံနဲ့ ကြုံတွေ့နေရသလို စာရင်းဇယား ကိန်းဂဏန်းတွေ အမှန်အတိုင်း ထုတ်ပြန်နိုင်စွမ်းလည်း နည်းလာတာကြောင့် ဒီကိန်းဂဏန်းကနေ မြင့်တက်လာသလားဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။
ဒါပေမယ့်လည်း ဒီလို ဆက်တိုက်သေကြောင်းကြံစည်မှုတွေ မြင်တွေ့လာရတာဟာ ဆိုးရွားတဲ့ အခြေအနေတခုဆီကို ဦးတည်နေပြီလို့ ဆိုရမှာပါ။
မြန်မာနိုင်ငံဟာ အခုလိုပဲ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်ကဆိုရင်လည်း အဆုံးစီရင်မှုနှုန်းဟာ ၁ သိန်းမှာ ၄ ဒသမ ၅ ယောက်တောင် ရှိခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံဟာ အခုလိုပဲ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်ကဆိုရင်လည်း အဆုံးစီရင်မှုနှုန်းဟာ ၁ သိန်းမှာ ၄ ဒသမ ၅ ယောက်တောင် ရှိခဲ့ဖူးပါတယ်။
ကမ္ဘာ့စီးပွားပျက်ကပ် သက်ရောက်မှုနဲ့ အိမ်ခြံမြေဈေးတွေ အလွန်အကျွံမြင့်တက်ခဲ့တဲ့ ကာလဖြစ်ပြီး စစ်အာဏာရှင်ဟောင်း လက်ထက်လည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ်အထိ ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံရဲ့အဆုံးစီရင်နှုန်းဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်အထိ လူ ၁ သိန်းကို ၃ ယောက်အထက် အဆုံးစီရင်နေကြဆဲ ဖြစ်ပါတယ်။
နိုင်ငံတွင်းက အကျပ်အတည်းနဲ့ မရေရာမှုတွေဟာ သတ်သေမှုကို ဖြစ်စေနိုင်လောက်တဲ့ အချက်တွေ မဟုတ်ပေမယ့်လည်း တစိတ်တပိုင်းတော့ သက်ဆိုင်နေပြန်ပါတယ်။
လက်ရှိနိုင်ငံရဲ့ အခြေအနေဟာ စပါးဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးက စလို့ ကြက်ဥတစ်လုံးဈေးတောင် မသေချာ မရေရာ၊ မခန့်မှန်းနိုင်တဲ့အခြေအနေမှာ စိတ်ကျရောဂါ ဖြစ်ဖို့ အလားအလာတွေက ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး စိတ်ဝေဒနာတွေထဲမှာ စိတ်ကျဝေဒနာ (Depression) ဟာ နံပါတ် ၁ နေရာမှာ ရပ်တည် နေတဲ့ ရောဂါတမျိုး ဖြစ်ပြီးတော့ ဒီရောဂါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေနဲ့ အများဆုံးဆက်စပ်မှုရှိတဲ့ ဝေဒနာ တမျိုးလို့ ပညာရှင်တွေက ဆိုပါတယ်။
စိတ်တက်ကြွမှု နည်းပါးလာတာတွေ၊ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာတာတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့ လာတာတွေ၊ အရာရာ အပြစ်ရှိသလို ခံစားလာရတာတွေ၊ အလွယ်တကူ စိတ်ဆိုးဒေါသထွက် လွယ်လာတာတွေ၊ ပူပင် သောက များလာတာ၊ အိပ်မပျော်တာတွေက အခြေခံကျတဲ့ စိတ်ဝေဒနာတွေပါပဲ။
စိတ်တက်ကြွမှု နည်းပါးလာတာတွေ၊ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာတာတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့ လာတာတွေ၊ အရာရာ အပြစ်ရှိသလို ခံစားလာရတာတွေ၊ အလွယ်တကူ စိတ်ဆိုးဒေါသထွက် လွယ်လာတာတွေ၊ ပူပင် သောက များလာတာ၊ အိပ်မပျော်တာတွေက အခြေခံကျတဲ့ စိတ်ဝေဒနာတွေပါပဲ။
အခုလက်ရှိ နိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားတွေ အများဆုံးခံစားနေရတဲ့ စိတ်ဝေဒနာတွေလို့လည်း ဆိုနိုင်ပါတယ်။
“နိုင်ငံတူတဲ့ လူတွေဆီမှာ ဖြစ်ပျက်နေတာတွေကနေတဆင့် စိတ်ဖိစီးစေတယ်။ Social Media ကနေ ကြည့်လိုက်ရင် သတင်းတွေက လူသေတာတွေ အကြမ်းဖက်ခံရတာတွေ အရမ်းများတော့။ ကိုယ်ဆီမှာ တဆင့်ခံတဲ့ စိတ်ဒဏ်ရာရစေတဲ့ ဖိစီးမှုတွေ လာဖြစ်တာပေါ့။ ဖြစ်တဲ့အခါကျတော့ ကိုယ့်မှာ ဖြစ်သလို ရတာပေါ့။ စိတ်ဖိစီးမှုတွေကတော့ ခါတိုင်း နဂိုအခြေအနေထက် ပိုပြီးတော့ များနေတယ်ပေါ့”လို့ Seng ဆိုပါတယ်။
နိုင်ငံရေးအခြေအနေ၊ ပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေဟာ သတ်သေတဲ့လူတွေဆီကို တနည်းမဟုတ် တနည်း သက်ရောက်နေတယ်ဆိုတာကို ဩစတြေးလျက စိတ်ကုထုံးပညာရှင် ဂယ်ဘရီရယ်လာကလည်း သဘောတူပါတယ်။
နိုင်ငံရေး အပါအဝင် အခြေအနေအကုန်လုံး မြန်မာပြည်ထဲမှာရှိနေတဲ့ လူတွေအတွက် ဖိအား အမျိုးမျိုးရနေတာကြောင့် အရင်တုန်းကထက်စာရင် သတ်သေမှုတွေ တဖြည်းဖြည်းတွေ ပိုများလာနိုင်တယ်လို့လည်း သူကဆိုပါတယ်။
“နိုင်ငံရေးက Rule တခုထုတ်လိုက်လို့ ဒီလူ သတ်သေသွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် ရေထဲကို ခဲတလုံးချ လိုက်ရင် အဲဒီရေက ရေလှိုင်းတွေ ထွက်လာတယ်လေ။ ဒီလိုပုံစံမျိုးပဲပေါ့”လို့ သူက ဆိုပါတယ်။
အဲဒီလို စိတ်ဖိစီးမှုတွေ၊ အကျပ်အတည်းတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေမှာ ပတ်ဝန်းကျင်ရဲ့ ကူညီအားပေးမှုက အရေးကြီးတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။
အဲဒီလို စိတ်ဖိစီးမှုတွေ၊ အကျပ်အတည်းတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေမှာ ပတ်ဝန်းကျင်ရဲ့ ကူညီအားပေးမှုက အရေးကြီးတယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ်မေလတွင်းက ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့သူဟာ အသက် ၂၃ ပဲ ရှိသေးတဲ့ အမျိုးသားတဦးပါ။ သူ့ရည်းစား ဖြစ်သူက သူ့ကို ထားရစ်ခဲ့ပြီး အခြားသူတဦးနဲ့ ချစ်ကြိုက်သွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆုံးစီရင်သွားခဲ့သူပါ။
သူရဲ့ အိမ်နီးချင်း တဦးရဲ့ ပြောပြချက်တွေအရ သူဟာ အဆုံးစီရင်မှု မတိုင်ခင်လေးမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အိမ်နီးချင်းက “သူသေခါနီးမှာ စိတ်ကျတဲ့ စာတွေ အများကြီးတင်တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စာတွေ အများကြီးတင်တယ်။ သူ suicide လုပ်တာ မနက် ၄ နာရီမှာ။ ၄ နာရီမတိုင်ခင် ၃ နာရီလောက်မှာလည်း သူလုပ်တော့မယ် ဆိုတာကို တင်သေးတယ်။ ကြိုးတွေ အဆင်သင့်ပဲ ဆိုပြီး ပုံတင်တာ”လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အတူနေ အဘွားဖြစ်သူဟာ ဒါကို ကြိုပြီး သတိမထားမိသလို သူငယ်ချင်းတွေကလည်း သတိမထား မိခဲ့ပါဘူး။
အချစ်ရေးကိစ္စနဲ့ ပတ်သက်ပြီး သတ်သေသွားပေမယ့်လည်း တကယ်တမ်းတော့ သူ့ရဲ့ သတ်သေမှုဟာ အာဏာသိမ်းမှုနဲ့တော့လည်း တနည်းတဖုံ ဆက်စပ်နေခဲ့ပြန်ပါတယ်။
ကျောင်းတက်ရမယ့် လူငယ်ဘဝမှာ ကျောင်းမတက်ရတဲ့အပြင် အပေါင်းအသင်းတွေနဲ့ သွားလာနေနိုင်တာမျိုး မရှိတာ ကြောင့်လည်း ဒီလိုဖြစ်ရပ်ဆိုးကို ကြုံခဲ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
“အိမ်ထဲမှာပဲ ပိတ်မိပြီးတော့ သူ့မှာ အာရုံစိုက်စရာ ဒီကိစ္စ ချစ်သူ ရည်းစားကိစ္စပဲ ရှိတော့တာ။သူငယ်ချင်း အပေါင်းအသင်း တွေနဲ့လည်း မတွေ့ရဘူးလေ။ အပြင်မှာသာ အပေါင်းအသင်းတွေနဲ့ သွားလာ စာသင်နေရင် ဒီလို သတ်သေချင်တဲ့ စိတ်မျိုးက ဖြစ်ချင်မှ ဖြစ်မှာပေါ့”လို့ သေဆုံးသူရဲ့ အိမ်နီးချင်းက ဆိုပါတယ်။
အနာဂတ်မှာ မျှော်လင့်စရာ၊ ဘဝအတွက် မျှော်လင့်ချက် မရှိတာ၊ အဓိပ္ပာယ်မရှိတာ၊ လက်ရှိ အခြေအနေကိုက စိတ်ဖိစီးမှုတွေ အရမ်းများတဲ့ အခါတွေမှာ သေလမ်းကို ထွက်ပေါက်အနေနဲ့ ရွေးချယ်လာကြတယ်
စိတ်ကုထုံးပညာရှင်တဦးဖြစ်တဲ့ ဂယ်ဘရီရယ်လာကလည်း အနာဂတ်မှာ မျှော်လင့်စရာ၊ ဘဝအတွက် မျှော်လင့်ချက် မရှိတာ၊ အဓိပ္ပာယ်မရှိတာ၊ လက်ရှိ အခြေအနေကိုက စိတ်ဖိစီးမှုတွေ အရမ်းများတဲ့ အခါတွေမှာ သေလမ်းကို ထွက်ပေါက်အနေနဲ့ ရွေးချယ်လာကြတယ်လို့ ဆိုပါတယ်။
အဆုံးစီရင်မယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူတယောက်ဆီမှာ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ အရာလည်း မဟုတ်ဘူးလို့ သူကဆိုပါတယ်။
“သတ်သေမယ်ဆိုတဲ့ အိုင်ဒီယာက ချက်ချင်းလုပ်ပြီး ချက်ချင်းဖြစ်တာ မဟုတ်ဘူး။ နောက်ကွယ်ကနေ အခြေတည် ဖြစ်လာတာပေါ့”လို့ သူက ဆိုပါတယ်။
ဒါကြောင့်လည်း အဆုံးစီရင်မှုတွေဟာ မဖြစ်အောင် ကာကွယ်လို့ ရတဲ့ အခြေအနေမှာ ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောတဲ့ လူတယောက် စိတ်ဓာတ်ကျလာပြီဆိုတာနဲ့ ဖြစ်လာတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။
အမြဲလိုလို အကြောင်းမဲ့စိတ်နှလုံးညိုးနွမ်းလာတာ၊ ဝမ်းနည်း ငိုကြွေးလွယ်လာတယ်၊ အမြဲလို မောပန်းနွမ်းနယ်နေတာ၊ လေးလံထိုင်းမှိုင်းနေတာ၊ အာရုံစူးစိုက်မှု လျော့နည်းလာတာ၊ မပျော်မရွှင်ဖြစ်လာတာ၊ အစား အအိပ်မမှန် ဖြစ်လာတာ မျိုးတွေ ရှိလာနိုင်ပါတယ်။
အလွန်အကျွံကို မအိပ်တော့တာ၊ အလွန်အကျွံအိပ်တာ၊ အိပ်ချိန် မမှန်၊နေ့နဲ့ ညမှားတာမျိုးတွေဖြစ်လာသလို ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးလာတာတွေဖြစ်လာနိုင်တဲ့အပြင် အနာဂတ်မျှော်လင့်ချက်ကင်းမဲ့တယ်လို့ ခံစားလာရလေ့ရှိပါတယ်။
အဲဒီအချက်တွေထဲကနေ အတော်များများဖြစ်ပြီးရင်တော့ နောက်ဆုံးအဆင့်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုစိတ် ပေါ်လာ တာတွေ ဖြစ်နိုင်ပါတယ်။
အဲဒီအချိန်မှာ ကိုယ်ကိုယ်တိုင် ရုန်းထွက်ဖို့ ကြိုးစားတာ ဒါမှမဟုတ် ကိုယ့်ပါတ်ဝန်းကျင်မှာ တွေ့မြင်ရရင် ရုန်းထွက်နိုင် အောင် ကြိုးစားပေးတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။
ဘေးကနေ ဖေးမမှုတွေ ရှိရင် Cushion ပေါ့ တခုခုပေါ်ကနေ ပြုတ်ကျရင် အောက်မှာ Cushion ခံထား တယ်ဆို အဲဒီလောက် မထိဘူးလေ။ အခုက အဲဒီ Cushion တွေ မရှိတော့ ဖန်ခွက် ၁ ခွက် အောက်ကျရင် ကွဲသွား တာပေါ့။ Support System တွေ ရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ အထိ မရှိဘူးပေါ့
ဂယ်ဘရီရယ်လာက “ ဘေးကနေ ဖေးမမှုတွေ ရှိရင် Cushion ပေါ့ တခုခုပေါ်ကနေ ပြုတ်ကျရင် အောက်မှာ Cushion ခံထား တယ်ဆို အဲဒီလောက် မထိဘူးလေ။ အခုက အဲဒီ Cushion တွေ မရှိတော့ ဖန်ခွက် ၁ ခွက် အောက်ကျရင် ကွဲသွား တာပေါ့။ Support System တွေ ရှိတယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေတဲ့ အထိ မရှိဘူးပေါ့”လို့ ဆိုပါတယ်။
ကိုယ့်ရဲ့ ခံစားချက်တွေကို အနီးအနားကလူတွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့လိုသလို ကိုယ့်ဘေးနားမှာ ဖြစ်နေတဲ့သူ သတိထားမိရင်လည်း ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးဖို့ လိုတယ်လို့ သူကဆိုပါတယ်။
အာဏာသိမ်းပြီးနောက်မှာ အလုပ်က ပြုတ်သွားရုံမက ဇနီးဖြစ်သူက ရင်သားကင်ဆာ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို သတ်သေလုလု အဆင့်ကနေ ရုန်းထွက်လာရသူတဦးကတော့ ကိုယ်တိုင်ရုန်းထွက်နိုင်အောင် ကြိုးစားဖို့ အကြံပြုပါတယ်။
အလုပ်ပြုတ်ပြီး ဝင်ငွေမရှိတဲ့အချိန်မှာ ဇနီးရဲ့ ရောဂါအတွက် သိန်း ၁၀၀ ဝန်းကျင်ကုန်မှာ ဖြစ်ပေမယ့် သူ့လက်ထဲမှာ ငွေ ဆိုလို့ ၆ သောင်းသာ ရှိတော့တာကြောင့် ဇနီးရော၊ သူ့အသက်ရောကို အဆုံးခံလိုက်တော့မယ်လို့ တွေးခဲ့ဖူးတယ်လို့ သူက ပြောပြပါတယ်။
တကယ်လို့သာ သတ်သေမယ်လို့ တွေးတဲ့လူတွေရှိရင် ကိုယ့်ထက်ဆိုးနေတဲ့ စစ်ကိုင်းမှာ ရွာလုံးကျွတ် မီးရှို့လို့ နေစရာ မရှိတဲ့လူတွေ တောထဲမှာ စစ်ရှောင်နေတဲ့လူတွေ စစ်တပ်အာဏာသိမ်းလို့ မိသားစုလိုက် သေသွားတဲ့လူတွေ၊ နေစရာ မရှိတော့တဲ့လူတွေရဲ့ ဘဝကို ကိုယ်ချင်းစာကြည့်
ဒါပေမယ့် စစ်အာဏာရှင် လက်အောက်မှာ ကိုယ့်ထက် ဆိုးရွားတဲ့ ဘဝတွေကို မြင်အောင်ကြည့်ပြီးတော့ ကိုယ့်ရဲ့ အခြေ အနေကနေ ရုန်းထွက်ဖို့ ပြောပါတယ်။
“တကယ်လို့သာ သတ်သေမယ်လို့ တွေးတဲ့လူတွေရှိရင် ကိုယ့်ထက်ဆိုးနေတဲ့ စစ်ကိုင်းမှာ ရွာလုံးကျွတ် မီးရှို့လို့ နေစရာ မရှိတဲ့လူတွေ တောထဲမှာ စစ်ရှောင်နေတဲ့လူတွေ စစ်တပ်အာဏာသိမ်းလို့ မိသားစုလိုက် သေသွားတဲ့လူတွေ၊ နေစရာ မရှိတော့တဲ့လူတွေရဲ့ ဘဝကို ကိုယ်ချင်းစာကြည့်”လို့ သူက ဆိုပါတယ်။
“အကုန်လုံးကို ပြောချင်တာက ကိုယ့်အောက်က လူတွေကိုကြည့်ပါဦး သူတို့တောင် ဘယ်လိုရုန်းထွက်ခဲ့လဲ၊ ငါတို့ ဘယ်လို ရုန်းထွက်မလဲ ဆိုတာကို ပြန်စဉ်းစားပါ”
You may also like these stories:
ထိုင်းမှ တရားဝင် ဆေးခြောက်အကြောင်း သိကောင်းစရာ ၅ ချက်
ပျက်စီးသွားတဲ့ ကျန်းမာရေးစနစ် NUG လည်ပတ်ပေးနိုင်မလား
ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား
မြန်မာကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ထိုင်းက နယ်စပ်ဖြတ်ကျော်ခွင့်ပေးပါ