ရန်ကုန်ရှိ သူ၏နေအိမ်တွင် အိပ်နေစဉ် လူအချို့ရောက်လာပြီး အသက် ၂၉ နှစ်အရွယ် ကိုသန်းထွန်းကို ခေါ်ဆောင်သွားသည်။ “သူဘာမှ ပြင်ဆင်ချိန် မရဘူး။ မှတ်ပုံတင်ကတ်၊ သန်းခေါင်းစာရင်းမိတ္တူနဲ့ အဝတ် နှစ်စုံယူလာဖို့ပဲ သူတို့ အမိန့်ပေးတယ်” ဟု သူ၏အမ မခင်မေက ပြောသည်။
စစ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကိုသန်းထွန်းကို စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းသွားခြင်း ဖြစ်သည်။ တနိုင်ငံလုံးတွင် လူအများ မုန်းတီးခံရသည့်စစ်တပ်က ဒီမိုကရေစီ လိုလားသော တော်လှန်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် သူ့ကို အတင်းအကျပ် စစ်တိုက်ခိုက်ခိုင်းမည် ဖြစ်သည်။
ကောင်စီသည် ပထမဆုံးအကြိမ်အဖြစ် အတင်းအကျပ် စစ်သားစုဆောင်းသည့် စစ်မှုထမ်းဥပဒေကို ယခုနှစ်တွင် စတင် အသက်သွင်းပြီးနောက် ထိုလုပ်ရပ်သည် နိုင်ငံတဝန်းတွင် ထိတ်လန့်တုန်လှုပ်စေသည်။
၎င်းတို့ လွတ်မြောက်ရေးအတွက် ပိုင်ဆိုင်သမျှ အရာရာကို ရောင်းချ၍ဖြစ်စေ၊ ငွေချေးယူ၍ဖြစ်စေ ထွက်ပြေးနိုင်သူများ ချက်ချင်း ထွက်ပြေးကြသည်။ သံရုံးများပြင်ပတွင် လူတန်းကြီးများ နာရီများစွာ စောင့်ဆိုင်းနေပြီး အများအပြားသည်လည်း အတိုက်အခံတို့ ထိန်းချုပ်ထားသည့် ဒေသများသို့ သွားရောက်ကြသည်။
ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ဆက်လက် ကျန်ရစ်သူများသည် အမြဲတမ်း ကြောက်လန့်နေရပြီး အတင်းအကျပ် စစ်သားစုဆောင်းမှု မခံရရေးအတွက် အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုးနေရသည်။
ရန်ကုန်ကဲ့သို့သော မြို့ကြီးများတွင် ဆက်လက် ကျန်ရစ်သူများသည် အမြဲတမ်း ကြောက်လန့်နေရပြီး အတင်းအကျပ် စစ်သားစုဆောင်းမှု မခံရရေးအတွက် အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုးနေရသည်။
၎င်းတို့၏ ဆွေမျိုးများကို နေအိမ်များမှ သို့မဟုတ် လမ်းမများမှ စစ်သားများက မည်သို့ဖမ်းပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရသည်ကို နိုင်ငံတဝန်းမှ မိသားစုများက Observer သို့ ပြောပြကြသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများကို အတင်းအကျပ် စစ်မှုထမ်းစေသည့်အမိန့် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ပြီး စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းသည့်လုပ်ငန်း စတင်သော ဧပြီလမှစတင်ပြီး လူပေါင်း ၂၅,၀၀၀ ကို စစ်သင်တန်းစခန်းများသို့ ပို့ဆောင်ခဲ့ကာ လူ ၅,၀၀၀ ကို ရှေ့တန်းပို့ပြီးပြီဟု ယူဆရသည်။
အရှက်တကွဲ အကျိုးနည်းစေသည် ရှုံးနိမ့်မှုများနှင့် ဘက်ပြောင်းမှု အများအပြားအပြီး လူအင်အား အကြီးအကျယ် မလုံမလောက် ဖြစ်နေသော စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေသည် ဆက်လက် ရပ်တည်ရေးအတွက် အရေးပါသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး သုံးနှစ်ကျော် ကြာသောအခါ စစ်တပ်သည် ၎င်းတို့အုပ်ချုုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင်အုပ်စုများကို မဟန့်တားနိုင်ဘဲ နယ်စပ်တလျှောက်မှ ကျယ်ပြန့်သောနယ်မြေများကို ထိန်းချုပ်မှု ဆုံးရှုံးသည်။
“စစ်တပ်က ဆက်တိုက် ရှုံးနိမ့်နေတယ်။ အဲဒီလို ရှုံးနိမ့်မှုတွေ အဲဒီအဆင့်အတိုင်း ဆက်ရှိနေရင် ရေရှည် မရပ်တည်နိုင်ဘူး” ဟု သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာအင်စတီကျု (IISS) မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ သုတေသီ မော်ဂန် မိုက်ကယ်က ပြောသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်များဟု လူသိများသည့် မဟာမိတ်အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းတွင် ရုတ်တရက် ထိုးစစ် စတင်သည့် လွန်ခဲ့သောနှစ် အောက်တိုဘာလမှ စစ်ရေးရှုံးနိမ့်မှုများ အရှိန်မြင့်မားလာသည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန် အရပ်သားများက ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များဟုခေါ်သည့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို ထိန်းချုပ်ရန် စစ်တပ်သည် ရုန်းကန်နေရပြီ ဖြစ်သည်။

ပိုမို လွတ်လပ်ရေးအတွက် စစ်တပ်ကို တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် အခြေကျပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အကူအညီဖြင့် PDF တပ်များကို အများအားဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။
ထိုပဋိပက္ခသို့ ညီနောင်မဟာမိတ်အဖွဲ့ ဝင်ရောက်လာခြင်းသည် စစ်တပ်ကို ပိုမို စစ်ပန်းစေသည်။ နောက်ပိုင်းလများတွင် တပ်ရင်းများအလိုက် အပါအဝင် စစ်သားထောင်ပေါင်းများစွာသည် လက်နက်ချကြသည်ဟု သိရသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို မည်သည့်လေ့ကျင့်မှု ပေးကြောင်း မသိရပေ။ ၎င်းတို့ကို မိုင်းရှင်းရန် သို့မဟုတ် စစ်သားများ ပစ်ခတ်မခံရစေရန် လူသားဒိုင်း ဓားစာခံများ သို့မဟုတ် ပေါ်တာ အထမ်းသမားများအဖြစ် သုံးမည်ကို အများအပြားက စိုးရိမ်နေကြသည်။
အတင်းအကျပ် စစ်သားစုဆောင်းခံရသူများကို မည်သည့်လေ့ကျင့်မှု ပေးကြောင်း မသိရပေ။ ၎င်းတို့ကို မိုင်းရှင်းရန် သို့မဟုတ် စစ်သားများ ပစ်ခတ်မခံရစေရန် လူသားဒိုင်း ဓားစာခံများ သို့မဟုတ် ပေါ်တာ အထမ်းသမားများအဖြစ် သုံးမည်ကို အများအပြားက စိုးရိမ်နေကြသည်။
ကိုသန်းထွန်းကို စစ်သင်တန်းပေးပြီး ရန်ကုန်သို့ ပြန်ပို့ကာ လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်ရမည်ဟု စစ်သားများက ကိုသန်းထွန်း၏ မိသားစုကို အာမခံသည်။ “အဲဒီလို ကြားရလို့ စိတ်သက်သာမိတယ်” ဟု မခင်မေက ပြောသည်။
သို့သော် ထိုစကားမမှန်ပေ။ သူ့ကို ရန်ကုန်သို့ ပြန်မပို့ဘဲ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေသည့် နေရာဖြစ်သော အနောက်ဘက်နယ်စပ် ရခိုင်ပြည်နယ်သို့ ပို့လိုက်သည်။ ရခိုင်ပြည်နယ်တွင် စစ်တပ်သည် ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် (AA) ကို မျှော်လင့်ချက်ကင်းမဲ့စွာ ခုခံနေရသည်။
ကိုသန်းထွန်းသည် ဖုန်းအဆက်အသွယ်ရတိုင်း မိသားစုထံ ဖုန်းဆက်သည်။ သူပြောသည့် စကားတိုင်းကို သူ၏အမ မှတ်မိနေသည်။ ပထမတွင် သူ့ကို ပြည်နယ်မြို့တော် စစ်တွေမြို့လယ်တွင် အစောင့်အဖြစ် တာဝန်ချထားသည်။ ထို့နောက် သူ့ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှ သင်္ဘောပေါ် တက်ခိုင်းသော်လည် ပြင်းထန်သော မုန်တိုင်းကြောင့် ၎င်းတို့သည် ပင်လယ်ပြင်တွင် သောင်တင်နေပြီး ရှေ့မဆက်နိုင်တော့ကြောင်း ပြောသည်။ “အစားအစာ မရှိတော့ဘဲ သူတို့ကို မိုးရေတွေ သောက်ခိုင်းတယ်” ဟု မခင်မေက ပြောသည်။
အခြားသူများသည် ထို့ထက် ပိုမိုဆိုးရွားသည့် ကံကြမ္မာကို ရင်ဆိုင်ရပြီး စစ်တပ်၏ ရေတပ်သင်္ဘောတစီးကို ဒရုန်းဖြင့် တိုက်ခိုက်ခံရသောအခါ စစ်သားအများအပြား ဒဏ်ရာရသည်။ ထိုစစ်သားများကို ကယ်ဆယ်ရန် သူတို့တပ်ဖွဲ့ကို မည်သို့ စေလွှတ်ကြောင်း ကိုသန်းထွန်းက မခင်မေကို ပြန်ပြောပြသည်။
မောင်တောသို့ စက်လှေဖြင့်သွားရကြောင်း ဇူလိုင်လ တညနေတွင် ကိုသန်းထွန်းက ဖုန်းဆက်ပြောသည်။ “အဲဒါ သူ့ဆီကလာတဲ့ နောက်ဆုံးဖုန်းပဲ။ အဲဒီကတည်းက အဆက်အသွယ် မရတော့ဘူး” ဟု မခင်မေက ပြောသည်။
စစ်တပ်က ၎င်းတို့သည် ယခုနှစ်ကုန်တွင် လူ ၆၀,၀၀၀ စုဆောင်းရန် ရည်ရွယ်ကြောင်း စစ်တပ်ကပြောပြီး ထိုသို့ လုပ်ခြင်းခြင်းဖြင့် နိုင်ငံကို မတည်ငြိမ်အောင်လုပ်နေသည့် အကြမ်းဖက်သမားအဖြစ် ၎င်းတို့ သတ်မှတ်ထားသည့် အတိုက်အခံများကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာက ဖော်ပြသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် စစ်တပ်က ၎င်းတို့သည် တိုက်ခိုက်မှု ရပ်ဆိုင်းပြီး ပြဿနာကို နိုင်ငံရေးအရ ရွေးကောက်ပွဲဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသည်ဟု ဖော်ပြသည်။ ထိုသို့ ကြေညာခြင်းသည် မကြုံစဖူး ကမ်းလှမ်းမှုဖြစ်ပြီး စစ်တပ်က ၎င်းတို့သည် တည်ငြိမ်ရေးအတွက် ဆုံးဖြတ်ထားကြောင်း ၎င်း၏မဟာမိတ် တရုတ်ကို ပြသခြင်းဖြစ်နိုင်သည်။
ပြည်သူများအကြားတွင်မူ ထိုကမ်းလှမ်းမှုသည် လိမ်လည်လှည့်ဖျား မရိုးသားသည့် ကမ်းလှမ်းမှုဖြစ်သည်ဟု ကျယ်ပြန့်စွာ ယုံကြည်ကြသည်။ ထို့နောက် နာရီပိုင်းကြာသောအခါ စစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုနှင့် မဟာမိတ်ဖွဲ့သည့် အဖွဲ့အစည်းများသည် စစ်တပ်ကို နိုင်ငံရေးမှ လုံးဝဖယ်ရှားလိုသည်။ ထိုအချက်ကို စစ်ကောင်စီက လက်ခံမည် မဟုတ်ပေ။
ကိုသန်းထွန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် လမ်းမများ ပေါ်ထွက်ပြီး ဆန္ဒပြသည့် သိန်းနှင့်ချီသောသူများတွင် ပါဝင်သည်။ ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်က စစ်အုပ်ချုပ်ရေးဆန့်ကျင်သည်ဟု သံသယရှိသည့် မည်သူ့ကိုမဆို ပစ်ခတ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့သာမက ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့်ပင် တုံ့ပြန်သည်။ ထို့ကြောင့် ပြည်သူများကို လက်နက်စွဲကိုင်ခုခံစေသည်။
နောက်ဆက်တွဲ ပဋိပက္ခသည် နိုင်ငံကို ဖရိုဖရဲဖြစ်စေသည်။ ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့ အခြေခံ ဝန်ဆောင်မှုများ ပြိုလဲပြီး သန်းပေါင်းများစွာ နေရပ်စွန့်ခွာရကာ ဆင်းရဲနွမ်းပါးမှုနှုန်း လွန်စွာမြင့်မားလာသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၂၃ ခုနှစ်ကုန်တွင် နိုင်ငံလူဦးရေ ထက်ဝက်နီးပါးသည့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်း တနေ့လျှင် ၁,၅၉၀ ကျပ်အောက်တွင် နေထိုင်ရကြောင်းနှင့် ၂၀၁၇ ခုနှစ်က ထိုသို့နေထိုင်ရသူ ၂၄ ဒသမ ၈ ရာခိုင်နှုန်းမှ တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လူငယ်များကို ထွက်ပြေးစေသည့် အတင်းအကျပ် စစ်သားစုဆောင်းခြင်းသည် စီးပွားရေး အကျပ်အတည်းကို ပိုမို ဆိုးရွားစေသည်။

စောဂျွန်သည်လည်း နေအိမ်မှ ဖမ်းဆီးခံရသည့် အခြားလူငယ်တဦး ဖြစ်သည်။ သူသည် စက်ဘီးဖြင့် အစားအသောက်များ လိုက်လံပို့ပေးသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုပြီး အသက်အရွယ်ကြီးသော မိဘများနှင့်အတူနေသည့်အိမ်တွင် တဦးတည်းသော ဝင်ငွေရှာသူ ဖြစ်သည်။ စစ်မှုထမ်းရန် ငြင်းဆန်သောကြောင့် သူ့ကို ရဲစခန်းသို့ ခေါ်သွားပြီး စစ်ကြောရေးဌာနသို့ပို့ကာ ထိုမှတဆင့် ရှမ်းပြည်မှ စစ်သင်တန်းစခန်းသို့ ပို့လိုက်သည်။
သူ၏မိဘများကို ထောက်ပံ့မည်ဟု ကတိပြုကြသော်လည်း တကယ်တမ်းတွင် ထောက်ပံ့ခြင်း မရှိပေ။ အိမ်လခ မပေးနိုင်သောကြောင့် အိမ်ရှင်က ၎င်းတို့ကို နှင်ချလိုက်သည်။
သူ၏မိဘများကို ထောက်ပံ့မည်ဟု ကတိပြုကြသော်လည်း တကယ်တမ်းတွင် ထောက်ပံ့ခြင်း မရှိပေ။ အိမ်လခ မပေးနိုင်သောကြောင့် အိမ်ရှင်က ၎င်းတို့ကို နှင်ချလိုက်သည်။
သြဂုတ်လကုန်တွင် စောဂျွန်၏မိခင် ကွယ်လွန်သည်။ “သူ့သားနဲ့ အဆက်အသွယ်ပြတ်လို့ စိတ်ထိခိုက်ပြီး သေတယ်လို့ ထင်တာပဲ” ဟု သူနှင့်ရင်းနှီးသည့် မိတ်ဆွေ ဦးဝင်းခိုင်က ပြောသည်။ “သူတို့သား အဖမ်းခံရပြီးနောက် သူတို့ တယောက်နဲ့တယောက် သိပ်စကားမပြောတော့ဘူး။ သူတို့ သေကြောင်းကြံမှာ စိုးရိမ်လို့ တလလောက်ကြာအောင် သူတို့ နှစ်ယောက်ကို ကျနော် ညဘက်မှာ စောင့်ကြည့်နေရတယ်” ဟု ပြောသည်။
ဒေါသထွက်ကြောင်း ဦးဝင်းခိုင်က ပြောသည်။ “ကျနော်လည်း လူသားပဲဆိုတော့ ဘာမှမတတ်နိုင်ဘူး။ သေနတ်တွေကနေ ကျနော့်ကိုယ်ကျနော် မကာကွယ်နိုင်ဘူး။ စစ်သားတွေ ညှဉ်းပန်းနှိပ်စက်တာကို ကျနော် မခံချင်ဘူး” ဟု ၎င်းက ပြောသည်။
အတင်းအကျပ် စစ်သားစုဆောင်းမှု အစောပိုင်းနေ့ရက်များတွင် ၎င်းတို့ရပ်ကွက်မှ လူများ စုဆောင်းပေးသည့် ဘဏ္ဍာရေးမက်လုံးကြောင့် အချို့သူများသည် စစ်သားစုဆောင်းခံရန် သဘောတူကြသည်။
ယခုအခါ ထိုသို့လက်ခံသူ လွန်စွာနည်းလာကြောင်းနှင့် ထို့ကြောင့် စစ်တပ်သည် ဖမ်းဆီးမှု အများအပြားလုပ်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။
ထိုသို့ ဖမ်းဆီးခံရသူများတွင် မသီတာ၏ အသက် ၂၇ နှစ်အရွယ် မောင်ငယ်လည်း ပါဝင်ပြီး လွန်ခဲ့သောလက သူနှင့် အခြားအလုပ်သမားများ မြေပဲခင်းတွင် အလုပ်လုပ်ပြီး အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ နောက် နှစ်ရက်ကြာသောအခါ ၎င်းတို့ကို ရှမ်းပြည်နယ်မှ တောင်ကြီးသို့ ပို့လိုက်သည်။
“အခု ကျမတို့က ရွာနားက တောစပ်ကိုတောင် မသွားရဲတော့ဘူး” ဟု မသီတာက ပြောသည်။ တရွာလုံး လွန်စွာ စိုးရိမ်ပူပန်နေကြသည်။ “ကျမ မောင်လေးနဲ့ တူသာမက တခြားအတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေက မောင်နှမဝမ်းကွဲတွေနဲ့ ဆွေမျိုးတွေပဲ။ ကျမ တူလေးမှာဆို ကိုယ်ဝန်ဆောင်ထားတဲ့ဇနီး ကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
“အခု ကျမတို့က ရွာနားက တောစပ်ကိုတောင် မသွားရဲတော့ဘူး” ဟု မသီတာက ပြောသည်။ တရွာလုံး လွန်စွာ စိုးရိမ်ပူပန်နေကြသည်။ “ကျမ မောင်လေးနဲ့ တူသာမက တခြားအတင်းအကျပ် စစ်သားစုဆောင်းခံရသူတွေက မောင်နှမဝမ်းကွဲတွေနဲ့ ဆွေမျိုးတွေပဲ။ ကျမ တူလေးမှာဆို ကိုယ်ဝန်ဆောင်ထားတဲ့ဇနီး ကျန်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
၎င်းတို့ စစ်တိုက်ရမည်ဆိုပါက စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးဘက်မှသာ ပါဝင်တိုက်ခိုက်စေလိုကြောင်း မသီတာက ပြောသည်။ “ကျမတို့မှာ ဘာလွတ်လပ်မှုမှ မရှိတော့ဘူး။ ကျမတို့ ဘယ်မှာ ရှိတယ်ဆိုတာကို စစ်တပ်က သိသွားမလားဆိုပြီး ကြောက်လန့်မှုနဲ့ ကျမတို့ အသက်မွေးဝမ်းကြောင်းတွေအတွက် လုပ်နေရတယ်” ဟု မသီတာက ပြောသည်။
ကိုသန်းထွန်း၏ အမကဲ့သို့ပင် သူလည်း သူ့မောင်၏ ကံကြမ္မာကို မသိရပေ။ အတင်းအကျပ် စစ်သားစုဆောင်းရာတွင် စစ်အရာရှိများနှင့် ချမ်းသာသူများ၏ ကလေးများကို ပစ်မှတ်မထားဘဲ အဆင်းရဲဆုံးလူများကို ပစ်မှတ်ထားကြောင်း မခင်မေက ပြောသည်။ စစ်အရာရှိများနှင့် ချမ်းသာသူများ၏ ကလေးများသည် ပြည်ပသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။
ကိုသန်းထွန်း အသက်ရှင်နေသေးပြီး သူ့ကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုက ဖမ်းဆီးထားမည်ဟု သူ၏ မိခင်က ယုံကြည်သည်။ သူ၏မိခင်တွင် ဆီးချိုနှင့်သွေးတိုးရှိပြီး ဧပြီလတွင် သူ့ကိုဖမ်းဆီးချိန်မှ စတင်ပြီး မိခင်၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာသည်။ သူ့မိခင်သည် သူဘေးကင်းရေးအတွက် မျက်ရည်များဖြင့် အမြဲတမ်း ဆုတောင်းနေသည်။
“ကျမ မောင် အသက်ရှင်လား၊ သေလားဆိုတာကို ကျမတို့ သိချင်တယ်။ သူသေဆုံးသွားပြီ ဆိုရင်လည်း ကျမတို့ သူ့အလောင်းကို ပြန်လိုချင်တယ် ” ဟု မခင်မေက ပြောသည်။
(တွေ့ဆုံမေးမြန်းခဲ့သူများ၏ အမည်များကို ပြောင်းလဲထားသည်။)
(The Guardian ပါ Esther J နှင့် Rebecca Ratcliffe တို့၏ Snatched from their beds, taken on the streets – the young men in Myanmar forced to fight the junta’s losing war ကို ဘာသာပြန်သည်။)
You may also like these stories:
HIV နှင့် ဆေးယဉ်ပါးတီဘီ ဖြစ်နေသူများ စစ်မှုထမ်းရန် ခေါ်ခံရ
မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ
ရန်ကုန်ရောက် ရခိုင်စစ်ရှောင်လူငယ်များ စစ်မှုထမ်းရန် ဖိအားပေးခံနေရ
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့
စစ်မှုထမ်းဥပဒေက လူငယ်များကို တော်လှန်ရေးထဲ ပို့ဆောင်ပေးနေ
စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ
စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ