• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

Mytel သုံးစွဲသူ နှစ်ဆတိုးရန် ဗီယက်တဲလ် မျှော်မှန်းဟု ဆို

by ဧရာဝတီ
7 January 2019
in စီးပွားရေး
A A
ရန်ကုန်မြို့ Mytel ဆင်းကဒ်ဆိုင်တွင် ဝယ်ယူရန် စောင့်ဆိုင်းနေသူများ  / ထက်ဝေ / ဧရာဝတီ

ရန်ကုန်မြို့ Mytel ဆင်းကဒ်ဆိုင်တွင် ဝယ်ယူရန် စောင့်ဆိုင်းနေသူများ / ထက်ဝေ / ဧရာဝတီ

11.4k
VIEWS
Share on FacebookShare on Twitter

ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီကြီး ဗီယက်တဲလ်(Viettel) က မြန်မာ့ဈေးကွက်တွင် လက်ရှိ အသုံး ပြုသူ ၅သန်းမှ ယခု နှစ်ကုန်တွင် ၁၀သန်းအထိ နှစ်ဆတိုး ရောက်ရှိအောင် ကြိုးပမ်းနေကြောင်း ၎င်း ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် လီဒန်ဇုက ပြောကြောင်း Reuters သတင်းက ဆိုသည်။

“တယ်လီကွန်းရဲ့ ဈေးကွက်မှာတော့ မြန်မာရဲ့ တိုးတက်မှု အလားအလာဟာ ရှားရှားပါးပါးပါပဲ၊ အဲဒီ တိုးတက်တာတောင်မှ လိုအပ်ချက်ရှိ နေတုန်းပါပဲ” ဟု ပြီးခဲ့သည့် သောကြာနေ့က ဟနွိုင်မြို့၌ Reuters သတင်းဌာနနှင့် တွေ့ဆုံစဉ် လီဒန်ဇုက ထိုသို့ ပြောကြားခြင်းဖြစ်သည်။

ဗီယက်တဲလ်သည် ကမ္ဘာတဝှန်း ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၂၂ ဘီလီယံ ပိုင်ဆိုင်ထားပြီး၊ မြောက်ကိုရီးယားနှင့် ကျူးဘားတို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဗီယက်တဲလ်နှင့်၎င်း၏ ပြည်တွင်း စီးပွားရေးမိတ်ဖက်များက ယမန်နှစ် ဇွန်လအတွင်း ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ 4G ကွန်ရက်ကို အလားအလာအရှိဆုံးဈေးကွက်တခုအနေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဗီယက်တဲလ်သည် မြန်မာ့တပ်မတော် ကျောထောက်နောက်ခံပြုထားသည့် Star Highနှင့် Myanmar National Holding Public Ltd တို့ဖြင့် ပူးပေါင်း၍ Mytel ကွန်ရက်ကို လုပ်ဆောင်နေပြီး သုံးစွဲသူပေါင်း ၅ သန်းဝန်းကျင် ရရှိထားကြောင်း၊ ယင်းအရေ အတွက်ကို ယခုနှစ်ကုန်ပိုင်း နှစ်ဆတိုး လာရန် မျှော်မှန်းထားကြောင်း လီဒန်ဇုက ဆက်လက်ပြောသည်။

အလားတူ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ တယ်လီကွန်လုပ်ငန်း ရှယ်ယာများ ဝယ်ယူရန်လည်း ဆွေးနွေးနေကြောင်း၊ သဘောတူညီချက်ဆိုင်ရာများမှာ ထိလွယ် ရှလွယ်ရှိ၍ အသေးစိတ်ကိုမူ ထည့် သွင်း ပြောကြားခြင်း မရှိပေ။

ဗီယက်တဲလ်ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် 5 G ကွန်ရက်အဖြစ် ပထမဆုံးအဆင့်မြှင့်တင်သွားရန် ရှိပြီး အချက် အလက် ဝန်ဆောင်မှု မြန်ဆန်လာစေရေး အလေးပေး လုပ်ဆောင်နေကြောင်း၊ ၎င်းတို့ အနေဖြင့် ကိုယ်ပိုင် 5G chipset အဆင့်မြှင့်တင်ရေး ဒေါ်လာသန်း ၄၀ လျာထားပြီး၊ အဲရစ်ဆင်နှင့် နိုကီရာတို့ထံမှ နည်းပညာများ သုံးရန်လည်း စိတ်ဝင် စားကြောင်း ဆိုသည်။

ထို့အပြင် ဥရောပမိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာ ၂၀ ရာခိုင် နှုန်းဝယ်ယူရန် မိမိတို့ ကုမ္ပဏီနှင့် ညှိနှိုင်းနေကြောင်း လီဒန်ဇုက ပြောကြားခဲ့သော်လည်း အကျယ် တဝင့်ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ဗီယက်တဲလ်အုပ်စု(Viettel Group) ဟု တရားဝင်နာမည်ပေးထားသော စစ်တပ်ပိုင်လုပ်ငန်းသည် ဗီယက်နမ်နိုင်ငံတွင် သုံးစွဲသူသန်း ၆၀ ရရှိထားပြီး အာရှနှင့်အာဖရိကဒေသအများစုရှိ နိုင်ငံ ၁၀ နိုင်ငံတို့တွင် သုံးစွဲပေါင်းသန်း ၃၀ ကျော် ရရှိထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.7k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

အာဖရိကဈေးကွက်တွင် ဗီယက်တဲသည် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်နေမှုကို ရပ်တန့်ရန် စီစဉ်ထားသော် လည်း စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးခြင်းကြောင့် ကုမ္ပဏီအနေဖြင့် အကျိုးအမြတ်ရရန် ရုန်းကန်နေရ ဆဲဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ် လီဒန်ဇုက ပြောကြားသည်။

မြောက်ကိုရီးယားတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် ဗီယက်တဲလ်အနေဖြင့် ကြိုးပမ်းလျက်ရှိ ကြောင်း လည်း သိရသည်။

“၂၀၁၀ ပြည့်နှစ်က အဲဒီမှာ မိုဘိုင်းကွန်ရက်တခုတည်ဆောက်ဖို့ မြောက်ကိုရီးယား အစိုးရဆီကနေ ကျနော်တို့ ပထမဆုံး ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဈေးကွက် ပွင့်လာဖို့အတွက် ပိတ်ဆို့မှု ပြန်ရုတ်သိမ်းရေးကို ကျနော်တို့ စောင့်ဆိုင်းနေရတုန်းပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းနိုင်ငံတွင် မြောက် ကိုရီးယားအစိုးရနှင့် အီဂျစ်နိုင်ငံမှ Orascom တို့အကြား ပူးတွဲလုပ်ကိုင် နေသည့် Koryolink ရပ်တည်နေပြီး ၂၀၀၈ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကာ သုံးစွဲသူပေါင်း သန်းနှင့်ချီ၍ ရှိသည်။

ဆက်စပ်ဖတ်ရှု့ရန်

မျှတစွာ ယှဉ်ပြိုင်ရေးကို Mytel က ပိုအလေးထားလာစေ

၂ လအတွင်း ဈေးကွက် ၄ ရာခိုင်နှုန်း Mytel သိမ်းပိုက် 

Mytel ၏ အခမဲ့ အစီအစဉ် ရပ်ရန် ညွှန်ကြားခံရ

Your Thoughts …
Tags: Mytelဈေးကွက်တိုးချဲ့ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

by ဧရာဝတီ
17 August 2023
5.6k

စစ်ကောင်စီအာဘော် မြဝတီသတင်းစာ တခုတည်းသာ ရွှေဗျိုင်းဖြူရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ဖော်ပြပြီး ကျန် စစ်ကောင်စီမီဒီယာများ ဖော်ပြခြင်း မရှိပေ။

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

by ဧရာဝတီ
24 July 2023
4.6k

ယခုကဲ့သို့ ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်မှုကြောင့် ဈေးကွက်များ ပျက်သွားနိုင်သလို ပုံမှန်မဟုတ်သော ဈေးကွက်များ ဖြစ်သွားနိုင်သဖြင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.7k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

Next Post
ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြိုတိုင်းရင်းသားများ စစ်ဘေးရှောင်လာ (ရုပ်/သံ)

ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြိုတိုင်းရင်းသားများ စစ်ဘေးရှောင်လာ (ရုပ်/သံ)

အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူ ၃ ဦးအား ရုံးထုတ်လာစဉ်  / မျိုးမင်းစိုး / ဧရာဝတီ

သရုပ်ဆောင်အောင်ရဲထွေး အမှု စွပ်စွဲခံရသူများ၊ လူသတ်မှုဖြင့် စွဲချက်တင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved