• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပြည်ပ အမှာမရှိ၍ အထည်ချုပ်လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာ

by မျိုးပပစန်း
14 July 2020
in စီးပွားရေး
A A
လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားများကို ဧပြီလက တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ အလုပ်သမားများကို ဧပြီလက တွေ့ရစဉ် / မျိုးမင်းစိုး / ဧရာဝတီ

6.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ အထည်ချုပ်၏ အဓိက ဝယ်လက် ဥရောပနိုင်ငံများ၌ COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့်အတွက် အော်ဒါ အမှာများ မရရှိတော့သဖြင့် လက်ခစားအထည်ချုပ် လုပ်ငန်းများ (CMP) လည်ပတ် ရပ်တည်ရန် ခက်ခဲနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ခစား CMP လုပ်ငန်းများတွင် ကုန်ကြမ်း ပြတ်လပ်မှုကြောင့် အလုပ် အချိန်ပိုလျှော့ခြင်း၊ လုပ်သားအင်အား လျှော့ခြင်းနှင့် စက်ရုံများ ယာယီ ပိတ်သိမ်းခြင်း၊ အပြီးတိုင်ပိတ်သိမ်းခြင်းများ ရှိခဲ့ပြီး ယခုအခါ ဗိုင်း ရပ်စ်၏ နောက်ဆက်တွဲအဖြစ် ချုပ်ပြီးအထည် အော်ဒါမှာယူမှုမှာ လုံးဝ မရှိသည်အထိ ဖြစ်နေသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက “အော်ဒါက အခု သြဂုတ်လ အထိပဲ ရှိကြတယ်။ အဲဒီနောက်ပိုင်း အော်ဒါ မရှိဘူး။ အခုချိန်ထိ ချုပ်နေတဲ့ အော်ဒါတွေက ကိုဗစ် မဖြစ်ခင်က အပ်ထားတဲ့ အော်ဒါတွေ ဖြစ် တယ်။ အခုက အော်ဒါ မလာဘူး” ဟု ပြောသည်။

ဥရောပနိုင်ငံရှိ အထည်ဆိုင်များကလည်း ဖွင့်သည့်ဆိုင် ရှိသလို မဖွင့်သည့် ဆိုင်များလည်း ရှိသောကြောင့် ရောင်းအားကို ချိန်၍ မရသကဲ့သို့ ဂျပန်နိုင်ငံသည်လည်း ရောင်းအား တဝက်ခန့် ကျဆင်းနေသဖြင့် အော်ဒါအသစ်များ ဝင်မလာခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထိုအခြေအနေများကြောင့် လာမည့် သြဂုတ်လကုန် အထိသာ CMP စက်ရုံ အများစုက လုပ်ငန်း လည်ပတ်နိုင်မည် ဖြစ်ပြီး ယင်း နောက်ပိုင်းတွင် လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သည်ဟု ဦးမြင့်စိုးက သုံးသပ်သည်။

ထို့ကြောင့် စက်ရုံများ လည်ပတ်ရန် ခက်ခဲလာပါက လုပ်သက်နုသည့် လုပ်သားများကို လျှော့ချခြင်း၊ အလုပ်ပိတ်ရက်များ ကို ယခင် တရက် ပိတ်သည်မှ စနေ၊ တနင်္ဂနွေရက်များ ပိတ်ခြင်း၊ တပတ် နှစ်ရက်သာ အလုပ်ဆင်းရခြင်း၊ စက်ရုံယာယီ ပိတ်ခြင်း၊ အပြီး ပိတ်ခြင်း စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးမြင့်စိုးက “ဒီလိုမျိုးလုပ်ရင် လုပ်ခ လစာက ပြဿနာ တက်လာမယ်။ ကလေး တွေ ကျတော့လည်း လစာ မရရင် ဘာနဲ့သွားစားမလဲ၊ လုပ်ငန်းရှင်ကျတော့လည်း ဟိုဘက်က အော်ဒါမရှိ ဝင်ငွေ မရှိဘဲနဲ့ ဘယ်က နှိုက်ပေးရမယ်မှန်းမသိ အဲဒါက ပြဿနာပဲ” ဟု ရှင်းပြသည်။

ထို့ကြောင့် လုပ်ငန်းများ ပိတ်သိမ်းမှု မရှိစေရန်အတွက် လူမှုဖူလုံရေးကဲ့သို့သော ငွေကြေးဖြင့် အစိုးရ အလုပ်သမား ဝန်ကြီး ဌာနတို့က ကြားခံအဖြစ် ကူညီပေးနိုင်ရန် လိုအပ်နေကြောင်းအထည်ချုပ် လုပ်ငန်းရှင်များက အကြံပြုသည်။

လက်ရှိ ချုပ်ထည်များမှာ ဆောင်းတွင်းဝတ် အထည်များဖြစ်ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလများ တွင်တော့ နွေရာသီဝတ် အထည်များကို ချုပ်ရမည် ဖြစ်သော်လည်း ပြီးခဲ့သည့် မတ်လမှ စ၍ ယနေ့အထိ အော်ဒါအမှာစာ အနေနှင့် မေးမြန်းမည့် လုပ်ငန်းရှင်ပင် မရှိ ဖြစ်နေသည်။

လတ်တလော နာမည်ကျော်နိုင်ငံတကာ ကုန်အမှတ်တံဆိပ်လုပ်ငန်းများ ပိတ်နေခြင်းကလည်း မြန်မာ့ အထည်ချုပ်၊ ဖိနပ် ချုပ်၊ အိတ်ချုပ် လုပ်ငန်းများ၏ ဈေးကွက် ဝယ်လိုအားကို ၅၀ ရာခိုင်နှုန်းခန့် ထိခိုက်မှု ရှိသွားကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ဆိုသည်။

အထည်ချုပ် ပို့ကုန်များကို ဥရောပ နိုင်ငံများနှင့် ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံများသို့ အဓိကထားတင်ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ယခုအထိ ချုပ်ထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီ ယံကျော် ရရှိထားကြောင်း စီးပွား/ကူးသန်း က သိရသည်။

မြန်မာ့ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော်အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံ၊ စုစုပေါင်း ၄၂၀ ခန့်ရှိကြောင်း သိရသည်။ ယင်းစာရင်းသည် အသင်းသို့ ဝင်ရောက်ထားသည့် စာရင်းသာ ဖြစ်သည်။

“အရင်ကတော့ ကုန်ကြမ်းတွေ ပြတ်လပ်သွားသေးတယ်။ အခုက အော်ဒါတွေ သိပ်မရဘူး။ ကိုဗစ်ကြောင့်မို့ အထည်တွေ ကတော့ သိပ် စိတ်မဝင်စားကြတော့ဘူး။ အဲဒီတော့ အခု စက်ရုံတော်တော်များများ လူတွေ လျှော့ချတယ်” ဟု မြန်မာနိုင် ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ပြန်ကြားရေး တာဝန်ရှိသူ ကိုဝေလင်းက ဧရာဝတီသို့ အတည်ပြုသည်။

ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် လုပ်သားများကို EU မှ ထောက်ပံ့ပေးနေသည့် အဖွဲ့ ဖြစ်သည့် မြန်ကူ (Myan Ku) အဖွဲ့အစည်းက ယူရိုငွေ ၅ သန်း (ကျပ် ၈ ဘီလီယံနီးပါး) ပံ့ပိုး ပေးနေကြောင်းလည်း ၎င်းက ဆိုသည်။

လက်ရှိ ကိုဗစ်ကြောင့် CMP လုပ်ငန်း ၁၀၀ ကျော် ပိတ်သိမ်းလိုက်ရပြီး ထိုအထဲတွင် အထည်ချုပ်လုပ်ငန်း အများစု ပါဝင် နေသည်။

ကိုဝေလင်းက “အလုပ်လက်မဲ့ လူဦးရေ ၂ သောင်း၊ ၃ သောင်း ဝန်းကျင်လောက် ရှိတယ်။ အသင်းအနေနဲ့ လေ့လာနေတုံး ဖြစ်တယ်။ အသင်းမှာ အသင်းဝင်ထားတဲ့ နိုင်ငံခြားသား စက်ရုံ ၄၀ လောက်ထဲက စက်ရုံ ပိတ်ပြီး ပြန်တာတော့ အများကြီး တော့ မရှိသေးဘူး။ ဒါပေမယ့် ပိတ်ပြီး ပြန်တာ ၁၀ ရုံ ဝန်းကျင်လောက်တော့ ရှိတယ်” ဟု ပြောသည်။

လတ်တလော ပိတ်သိမ်းလိုက်ရသည့် နိုင်ငံခြားသားပိုင် စက်ရုံများထဲတွင် တရုတ်နိုင်ငံသားပိုင် စက်ရုံ အများစုပါပြီး ဂျပန် နှင့် ကိုရီးယား စက်ရုံ တရုံစ နှစ်ရုံစလည်း ပါရှိသည်။ ယင်းပြင် ပိတ်၍ထွက်ပြေးသွားသည့် စက်ရုံများလည်း ရှိနေသည်။

ရွှေပြည်သာ စက်မှုဇုန်တခုတည်းကပင် အလုပ်ရှင် ထွက်ပြေးသည့် စက်ရုံ ၅ ရုံအထိ ရှိကြောင်း အလုပ်သမား သမဂ္ဂများက သိရသည်။

အထည်ချုပ် လုပ်ငန်းပိုင်ရှင် ဦးမြင့်စိုးက “ကိုဗစ်ကြောင့် နိုင်ငံခြားစက်ရုံတွေ ပိတ်ပြီး ပြေးနေတာမျိုးတွေ ရှိနေတယ်။ အခု ရက်ပိုင်းကပဲ ရွှေပြည်သာက စက်ရုံ တရုံဆိုရင် လူဦးရေ ၇၀၀ လောက် ရှိတယ်။ အလုပ်ရှင် ထွက်ပြေးသွားတာ ဒါမျိုးက နောက်ထပ် ထပ်မဖြစ်ဘူး လို့လည်း အာမခံလို့ မရဘူး။ အထည်ချုပ်ကဏ္ဍ ပြန်လည် ကောင်းမွန်လာဖို့က တော်တော်ကြီး လုပ်ဖို့ လိုတယ်” ဟု ဆိုသည်။

CMP လုပ်ငန်းများ ပြန်လည် ရှင်သန်လာစေရန် အတွက်လည်း ကျန်းမာရေးကဏ္ဍတွင် အစိုးရနှင့် ပြည်သူ ပူးပေါင်း လုပ် ဆောင်သကဲ့သို့ အလုပ်သမားများနှင့် အလုပ်ရှင်ဘက် အချင်းချင်း အပြန်အလှည် ကြည့်ရှုကြရန်နှင့် အစိုးရအနေဖြင့်လည်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးရန် လိုကြောင်း ၎င်းက အကြံပြုသည်။

UNIHGTT အထည်ချုပ် စက်ရုံ ပိုင်ရှင် ဦးအောင်မျိုးဟိန်းက “ကမာ္ဘကြီးကလည်း သုံးလလောက် ရပ်သွားတဲ့အခါကျတော့ ၁ ရာသီစာ မရှိတော့တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အော်ဒါတခု ချဖို့က ၃ လလောက် ကြာတယ်။ အခု အော်ဒါတွေကို မေးတဲ့ သူတောင် သိပ်မရှိဘူး ဖြစ်နေတော့ တော်တော် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်”ဟု ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည့် တပတ်က အထည်ချုပ် စက်ရုံ ပိုင်ရှင်များဖြစ်သော မြန်မာ၊ တရုတ်၊ ဂျပန်နှင့် ကိုးရီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးထားသည့် အချက်များကို နိုင်ငံတော် အစိုးရသို့ အမြန်ဆုံး တင်ပြရန် စီစဉ်နေသည် ဟု ၎င်းက ဆိုသည်။

“အော်ဒါ မရရင် ၅၀ ရာခိုင်နှုန်းကျော်ကတော့ တော်တော်ဒုက္ခ ရောက်မယ့် အနေအထား ရှိတယ်။ တကယ်လို့ လုပ်ငန်း ရပ်ဆိုင်း၊ ဖျက်သိမ်း ရမယ်ဆိုရင် အစိုးရရဲ့ တာဝန်ယူမှု ဘယ်လောက်ထိ ရမလဲ၊ အမှန်ကို အမှန်အတိုင်းမြင်မှ ရတော့ မယ်” ဟု ၎င်းက ပြော ဆိုသည်။

အဆိုပါ အချက်များကို အဓိကထား ဆွေးနွေးထားသည့် အပြင် လုပ်ငန်းများ ခေတ္တ ရပ်နားရမည်ဆိုလျှင် အစိုးရအနေဖြင့် အလုပ်သမား အခွင့်အရေးကို မည်ကဲ့သို့ ထောက်ပံ့ပေးနိုင်မည်လည်း စသည့် အချက်များကို တင်ပြသွားမည် ဖြစ်ကြောင်း ဆိုသည်။

ဆက်လက်၍ ဦးအောင်မျိုးဟိန်းက “ကမာ္ဘကြီး ပုံမှန် အခြေအနေ ပြန်ဖြစ်သွားရင် အော်ဒါ ပြန်မရမှာတော့ မရှိဘူး။ ကျနော် တို့ ဘက်က အားသာတဲ့အချက်က ကိုယ့်ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ ကမော္ဘဒီးယားလို နိုင်ငံတွေက GSP ရုပ်သိမ်း ခံထားရ တော့ မြန်မာက အများကြီး သက်သာတဲ့ အနေအထားမှာ ရှိတယ်။ အများကီး ရောက်လာမယ်လို့ မျှော်လင့်လို့ ရတယ်” ဟု အခြေအနေကို ရှင်းပြသည်။

သို့သော် အော်ဒါ အမှာ မရှိဘဲ ဖြတ်သန်းရမည့် ကြားကာလမှာ မည်သည့်အချိန်ထိ ဆိုသည်ကို မှန်းဆမရသည့် အနေအ ထား ဖြစ်သောကြောင့် ယင်းကာလအတွင်း လုပ်ငန်းများ တောင့်ခံနိုင်ရန် အကူအညီ လိုနေကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မြန်မာအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ် ဈေးကွက် ပျက်ခဲ့စဉ် ကလည်း အလုပ်ချိန် လျှော့ချခြင်းများ၊ တပတ်လျှင်၂ ရက် အလုပ်ဆင်း၊ လုပ်ခလစာ ၅ ရက်စာပေးခြင်း စသည်တို့ လုပ် ဆောင်ခဲ့ခြင်း၊ ထိုထက် ဆိုးလာသည့်အချိန်၌ လုပ်သားအင်အားကို ၂၀ ရာခိုင်နှုန်းမှ စ၍ အဆင့်ဆင့် လျှော့ချခြင်း အပြင် စက်ရုံ ယာယီ ပိတ်သိမ်းခြင်း တို့ကို ပြုလုပ်ခဲ့ရကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
214
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
135
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက “ဥရောပနဲ့ အမေရိကကို ပို့တဲ့ စက်ရုံ တော်တော်များများကတော့ အော်ဒါ ကျဆင်းသွားတယ်။ အော်ဒါတွေလည်း ချုပ်ထားပေမယ့် ပို့လို့မရဘူး။ လက်ခံမယ့်သူ မရှိဘူး။ ကိုဗစ်ဂယက်က မငြိမ် သေးတော့ စတိုးဆိုင်တွေ အကုန်ပိတ်နေပြီ ဆိုတာကြောင့် ဖွင့််ပြီး ရောင်းလို့ မရမယ့် အတူတူ မပို့ခိုင်းတာ” ဟု ပြောသည်။

သို့သော် စက်မှုဇုန်များ၌ လက်ရှိအချိန်တွင် အားကစားနှင့် ပတ်သက်သော ဝတ်စုံများ ချုပ်လုပ်သည့် စက်ရုံများ၊ အား ကစားဖိနပ် ထုတ်လုပ်သည့် စက်ရုံများနှင့် ဆေးရုံသုံး ပစ္စည်း PPE ဝတ်စုံများ ထုတ်လုပ်သည့် စက်ရုံများက အော်ဒါ အမှာများရှိပြီး အခြေအနေ ကောင်းလာနေကြောင်း ၎င်းက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က “အော်ဒါ အမှာ ကိစ္စတော့ အကြမ်းဖျင်း CMP အသင်းဘက်က တင်ပြတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုကို ကုစားရေး ကော်မတီကတော့ ချေးငွေတွေ ပေးနေတာ ရှိတယ်။ ဒါက CMP လုပ်ငန်းတွေကို ပံ့ပိုးပေးတာ ဖြစ်တယ်”ဟု ဆိုသည်။

ကိုဗစ် ရောဂါ စတင် ဖြစ်ပွားချိန်တွင် ကုန်ကြမ်း ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသောကြောင့် ကုန်ကြမ်းများ ရရှိအောင် စီးပွား/ ကူးသန်း က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ယခုနှစ်တွင် CMP လုပ်ငန်းများက ယခင်ထက် ပို၍ တိုးတက်လာနိုင်သည့် အလားအလာ ရှိခဲ့သော်လည်း ကိုဗစ်ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် ကာလတူနှင့် နှိုင်းယှဉ်လျှင် အမေရိကန် ဒေါ်လာသန်း ၆၅ သန်းခန့် လျော့နည်းခဲ့ ကြောင်း စီးပွား/ကူးသန်း စာရင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင် စီးပွားရေး သံမှူးများ ခန့်အပ် စေလွှတ်ထားပြီး ၎င်းတို့မှ တဆင့် ဈေးကွက်များ ရရှိရန် ချိတ်ဆက် ဆောင်ရွက်နေကြောင်းလည်း လက်ထောက် အမြဲတမ်း အတွင်းဝန် လည်း ဖြစ်သူ ဦးခင်မောင်လွင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန် တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခု နှစ်တွင် မြန်မာ့ အထည်ချုပ် ကဏ္ဍမှ ပို့ကုန် တန်ဖိုးဒေါ်လာ ၁၀ ဘီလီယံ ရရှိရန် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက မျှော်မှန်းထားသည်။

အထည်ချုပ်လုပ်ငန်းများ မလဲပြိုစေရန်အတွက် အစိုးရအနေဖြင့် အလုပ်ရှင် အလုပ်သမားများကြား ဝင်ရောက် ဖြေရှင်းပေး ရန်နှင့် ချေးငွေ အလွယ်တကူရရှိရန်လည်း ဆောင်ရွက်ပေး၍ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသည့် မြန်မာ့ အထည်ချုပ်ကဏ္ဍကို ကျားကန်ထားပေးရန် လိုအပ်နေပြီဟု လုပ်ငန်းရှင်များက ပြောဆိုနေကြသည်။

You may also like these stories:

Mask ထုတ်လုပ်မည့် ပြည်ပစက်ရုံ တချို့ ခွင့်ပြုပေးရန်ရှိ

ဟောင်ကောင်အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်း မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်

ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

Your Thoughts …
Tags: CMPCOVID-19ပြည်ပ အမှာအထည်ချုပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

by ဧရာဝတီ
10 July 2025
2.5k

တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိကြောင်း စက်ရုံအလုပ်သမများက ဆိုသည်။

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

by ဧရာဝတီ
8 July 2025
1.6k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်အနေဖြင့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော်လည်း သွင်းကုန်များအပေါ်အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ မဖြစ်သင့်ကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှားနိုင်ငံသို့ သွားရောက်သော ခရီးစဉ်တွင် မော်စကိုမြို့၌ RTသတင်းဌာန၏...

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
1.1k

အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
696

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံအများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း

အပိုကြေး ကျပ် ၁၀၀၀ တိုးသော်လည်း စက်ရုံဝန်ထမ်းများအတွက် အပြောင်းအလဲမဖြစ်

by ဧရာဝတီ
9 October 2023
619

လတ်တလောတွင် အထည်ချုပ်စက်ရုံဝန်ထမ်းအများစုသည် တရက်လုပ်ခကျပ် ၄၈၀၀နှုန်းနှင့် ပျှမ်းမျှအားဖြင့် တလလျှင် ကျပ် ၂သိန်း ၅ သောင်းဝန်းကျင်မှ ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင်ရရှိကြပြီး လက်ရှိမြင့်မားနေသော ကုန်ဈေးနှုန်းများအရ တလစာ နေထိုင်စားသောက်စရိတ်သည် အနည်းဆုံး...

အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

by ဧရာဝတီ
28 August 2025
519

အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအမံကြောင့် မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းရှင်များ မှီခိုလုပ်ကိုင်နေသည့် CMP အထည်ချုပ်လုပ်ငန်းများအပါအဝင် စက်ရုံလုပ်သားများထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် အမေရိကန်သို့ ပို့ကုန်လုပ်ငန်းတွင် တန်ဖိုးကျဆင်းမှု၊ ထုတ်လုပ်မှုပမာဏလျော့ချခြင်းနှင့် အလုပ်လက်မဲ့များလာနိုင်ကြောင်း

Next Post
အမေရိကန်နိုင်ငံမှာ COVID-19 ကို မယုံကြည်လို့ Mask မတပ်ဆင်ကြသူတွေလည်း ရှိပါတယ်။

အမေရိကန်မှာ ကိုဗစ်ပါတီ တက်ရောက်သူတဦး သေဆုံး

ဖမ်းဆီးခံခဲ့ရတဲ့ မိခင်

ဂျပန်မှာ ၃ နှစ်အရွယ် ကလေးအား မိခင် ပစ်ထားတာကြောင့် အဆာလွန်သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved