• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြက်သွန်ဥဖြင့် ခိုးသွင်းသည့် မူးယစ်ဆေးများ မြောင်းမြထောင်တွင် ဖမ်းမိ

by ဆလိုင်းသန့်စင်
12 June 2019
in သတင်း
A A
ကြက်သွန်ဥထဲ သိုဝှက်ပြီး ခိုးသွင်းလာသည့် မူးယစ်ဆေးများ  /  မြောင်းမြရဲစခန်း

ကြက်သွန်ဥထဲ သိုဝှက်ပြီး ခိုးသွင်းလာသည့် မူးယစ်ဆေးများ / မြောင်းမြရဲစခန်း

52.7k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ရှိ အကျဉ်းထောင်အတွင်းသို့ ကြက်သွန်နီဥများအတွင်း မူးယစ်ဆေးဝါးများ ထည့်သွင်းကာ မူးယစ်ဆေးဝါးများ ပေးပို့ရန်ကြိုးပမ်းသည့် အမျိုးသမီးတဦးကို အကျဉ်းထောင် အရာရှိများနှင့် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “အဲဒီအမျိုးသမီးက ထောင်ဝင်စာ လာတွေ့တဲ့ အချိန်မှာ ထောင်ဝင်စာနဲ့ ပါလာတဲ့ ကြက်သွန်နီဥတွေက မသင်္ကာ ဖွယ်ရာ ဖြစ်နေလို့ စစ်ဆေးကြည့်တဲ့အခါမှာ ကြက်သွန်နီဥထဲမှာ မူးယစ်ဆေးဝါးတွေကို ပလတ်စတစ်အိတ် ၁ ထပ်၊ ခဲစက္ကူ ၁ ထပ်နဲ့ထုပ်ပြီး သယ်လာတာ တွေ့ရှိရတယ်။ ဒါကြောင့် မညွန့်ညွန့်စန်းကို ဖမ်းဆီးပြီး စစ်ဆေးလျှက် ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်နေ မညွန့်ညွန့်စန်း (ခ) သဇင်ဆိုသူ အမျိုးသမီးမှာ မြောင်းမြထောင်တွင် ထောင်ဒဏ် ၂၄ နှစ်ကျခံနေရသူ မြတ်လင်းစံ (ခ) လင်းလင်းထံသို့ ထောင်ဝင်စာလာပို့သော ပါဆယ်ထုပ်အတွင်း ပါရှိသည့် ကြက်သွန်နီဥများမှာ မသင်္ကာဖွယ်ရာ ဖြစ်နေသည့်အတွက် အကျဉ်းထောင်အရာရှိများက ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မြောင်းမြစခန်းမှ ဒုရဲအုပ် တင်ကိုကိုလင်းနှင့် အဖွဲ့မှာ သက်သေများ ရှေ့မှောက်တွင် ထောင်ဝင်စာထုပ်အား စစ်ဆေးခဲ့ရာ ကြက်သွန်နီဥများအတွင်း ပလပ်စတစ် ၁ ထပ်၊ ခဲရောင်စက္ကူ ၁ ထပ်တို့ဖြင့် ထုပ်ထားသည့် WY စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ မူးယစ်ဆေးဝါးများ တွေ့ရှိရသည့် အတွက် ထောင်ဝင်စာလာတွေ့သူ မညွန့်ညွန့်စန်း (ခ) မသဇင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မညွန့်ညွန့်စန်း (ခ) မသဇင် (၃၃) နှစ် သယ်ဆောင်လာသည့် ကြက်သွန်နီဥ ၂၉ လုံးအတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၀၀ ပြား၊ အစိမ်းရောင် ၁၀ ပြား တွေ့ရှိရပြီး အလေးချိန် ၁၄၁ ဂရမ်ရှိကာ တန်ဖိုးအားဖြင့် ၄၂ သိန်း ၃ သောင်းကျပ် တန်ဖိုးရှိကြောင်း သိရသည်။

မြောင်းမြ အကျဉ်းထောင် (ဓာတ်ပုံ – ဧရာဝတီ)

ထို့ပြင် ကျပ် ၁၂ သိန်း တန်ဖိုးရှိသည့် ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၂၄ ဂရမ်ကိုလည်း မညွန့်ညွန့်စန်းထံမှ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများ မြောင်းမြထောင်အတွင်း ပို့ဆောင်ရန်ကြိုးပမ်းခဲ့သူ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ယမုံနာ ၂ ရပ်ကွက်နေ၊ ဈေးရောင်းအလုပ် လုပ်ကိုင်သူ မညွန့်ညွန့်စန်း (ခ) မသဇင် (၃၃ နှစ်) နှင့် မြောင်းမြထောင်မှ အကျဉ်းသား မြတ်လင်းစံ (ခ) လင်းလင်း (၃၇ နှစ်) တို့အား အရေးယူပေးရန် ဒုရဲအုပ် ဝေလင်း၏ တိုင်တန်းချက်အရ မြောင်းမြမြို့မရဲစခန်းက မူးယစ်(ပ) ၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီး ကာကွယ်ရေး ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၏ စာရင်းများအရ မြောင်းမြအကျဉ်းထောင်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ လက်ရှိ ဇွန်လအထိ အချိန် ၇ လအတွင်း ထောင်ဝင်စာ ပါဆယ်ထုပ်မှတဆင့် ထောင်အတွင်းသို့ မူးယစ်ဆေးဝါး သွင်းရန်ကြိုးပမ်းမှု ၄ မှု ဖမ်းဆီးရမိခဲ့ပြီး အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျနေသည့် အကျဉ်းသားထံမှ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၁ မှု၊ စုစုပေါင်း မူးယစ်မှု ၅ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့ခံ ဦးဝင်းရွှေ က “ထောင်ဆိုတာ လုံခြုံရေးတင်းကြပ်တဲ့နေရာဖြစ်တယ်။ ဒီလိုနေရာမျိုးကိုမှ ရည်ရွယ်ချက်ရှိရှိ မူးယစ်ဆေးဝါးတွေ ယူလာပြီး သွင်းဖို့လုပ်တယ်ဆိုတော့ ယခင်က သွင်းခဲ့ဖူးတဲ့လမ်းစရှိလို့ လာနေတာလားဆိုတာ စဉ်းစားစရာ ဖြစ်နေတာပေါ့။ ထောင်ဆိုတာ လူတွေရဲ့စာရိတ္တတွေကို ပြုပြင်ပေးရမယ့် နေရာလေ။ အဲ့လိုမဟုတ်ဘဲ ထောင်ထဲမှာ မူးယစ်ဆေးဝါး၊ အရက် အကုန်ရနေမယ်ဆိုရင်တော့ အခြေအနေက မတွေးဝံ့စရာ ဖြစ်နေပြီ။ ဒီအခြေအနေတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက် သင့်ပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မြောင်မြအကျဉ်းထောင်မှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးမောင်စန်းမှ ထောင်ကျအကျဉ်းသား စိုးနိုင်အတွက် သယ်ယူလာသည့် ထောင်ဝင်စာထုပ်ထဲမှ WY စိတ်ကြွရူးသွပ် ဆေးပြား ၂၂၇၆ ပြား ဖမ်းဆီးရမိခဲ့သဖြင့် မြောင်းမြထောင်ဝန်ထမ်း ဦးမောင်စန်းကို ရဲတပ်ဖွဲ့က အမှုဖွင့် ဖမ်းဆီးခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြောင်းမြထောင်တွင် ထောင်ဒဏ် ၂၉ နှစ် ကျခံနေရသည့် အကျဉ်းသား နိုင်လင်းထွန်း (ခ) ဖိုးခွေး (ခ) တင်ကိုဦး ထံသို့ ပို့ဆောင်သည့် ထောင်ဝင်စာထဲတွင် Clear Man ခေါင်းလျှော်ရည်ဗူးအတွင်း ထည့်သွင်းထားသော စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀ ပြား ဖမ်းဆီးရမိခဲ့သည့်အတွက် ထောင်ဝင်စာပို့သူ ဇော်မင်းကိုကို (ခ) ရာမန်နှင့် မပိုးအိဖြူတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ၂၀၁၉ ခုနှစ် မတ်လ ၁၃ ရက်နေ့က ဟိန်းမင်းလတ် (ခ) မင်းမင်း (၂၅) နှစ်မှာ မြောင်းမြထောင်တွင် မုဒိန်းမှု၊ လူသတ်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေသူ နေလှိုင်း (၃၁) နှစ် ထံသို့ ပေးပို့သည့်ထောင်ဝင်စာ ပါဆယ်ထုပ်အတွင်း WY ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀ ပြား၊ ICE အမျိုးအစား အဖြူရောင်အခဲ ၁ ဒဿမ ၂၅ ဂရမ်တို့အား စစ်ဆေး တွေ့ရှိရသည့်အတွက် ဟိန်းမင်းလတ် (ခ) မင်းမင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက် နေ့တွင် သတင်းအရ အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အကျဉ်းသား ဘူကြီး (ခ) ဝင်းလှဆိုသူအား မြောင်းမြထောင် တာဝန်ရှိ သူများက စစ်ဆေးခဲ့ရာ WY စိတ်ကြွရူးသွပ်ဆေး ၁၀၉၀ ပြား ဖမ်းမိခဲ့သည့်အတွက် အကျဉ်းသား ဘူကြီး (ခ) လှဝင်းကို မြောင်းမြမြို့မရဲစခန်းမှ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
34
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

စိတ်ကြွဆေး ၁၀သန်းကျော် ရခိုင်ပြည်နယ်တွင် ဖမ်းမိ

မြောင်းမြ ထောင်၌ ၂ ရက်အတွင်း မူးယစ်ဆေးဝါး ၂ မှု ဖမ်းဆီးရမိ

စစ်တွေ ထောင်ဝန်ထမ်း တဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Your Thoughts …
Tags: WYမူးယစ်ဆေးမြောင်းမြထောင်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

ရွှေကုက္ကိုလ်ရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ

by ဧရာဝတီ
4 May 2024
12.5k

လူကြီးပိုင်းတွေကို လိမ်တာများတယ်။ လူကြီးပိုင်းတွေက အသက်ကြီးလာတော့ ရင်းနှီးမြှုပ်နှံမှုကို ပိုစိတ်ဝင်စားတယ်။ အသက်ကြီးသွားတော့ အလုပ်တွေဘာတွေမရှိတော့ဘူးလေ။ ရင်းနှီးမြှုပ်နှံမှုကရတဲ့ အမြတ်နဲ့ ထိုင်စားဖို့ပဲ ရှိကြတော့ အဲဒီလိုမျိုး မြူဆွယ်တာပေါ့။

၂၀၁၉ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပသော ကရင့်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အခမ်းအနား  / AFP

အမေရိကန် DEA ၏လုပ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များကို သိက္ခာချခြင်းသာ ဖြစ်

by Bertil Lintner
9 May 2022
54.1k

DEA သည် မြန်မာနိုင်ငံတွင်းမှ မည်သူမျှ မကြားဖူးသည့် အပြောကောင်းသော ဂျပန် လူလိမ်တယောက်နှင့် ထိုင်း လူလိမ် သုံးဦးကို ဖမ်းမိခြင်းသာ ဖြစ်နိုင်သည်။

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

ထိုင်း ဆေးခြောက်မူဝါဒ အပြောင်းအလဲ ဝေဖန်ခံနေရ

by ဧရာဝတီ
11 May 2024
1.3k

ပါလီမန်တွင် ဆေးခြောက်ဥပဒေ ပြဋ္ဌာန်းရခြင်း မရှိသေးသောကြောင့် ဆေးခြောက်လွတ်လပ်ခွင့်မည်မျှရှိသည်ကို မေးခွန်းထုတ်စရာဖြစ်စေသည်။

...

လူကုန်ကူးမှု၊ ဒုစရိုက်ဂိုဏ်းများနှင့် ဝ ဒေသ

by မာဂရတ်
28 June 2023
6.8k

ပြည့်တန်ဆာလုပ်ငန်းဟု ဆိုရာတွင်လည်း နာရီပိုင်းအလိုက် အပျော်မယ်လုပ်ရသည့် အလုပ်တခုတည်း မဟုတ်ပေ။

ထိုကော့တေးလ်တွင် MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများကို အမှုန့်ကြိတ် အရည်ဖျော်ပြီး ဟက်ပီးဝါးတား “happy water” ဟုခေါ်သည် စိတ်ကြွဆေးရည်ကို ဖော်စပ်ထားသည်

ဟက်ပီးဝါးတား စိတ်ကြွဆေးရည်ဆိုတာ ဘာလဲ

by ဧရာဝတီ
8 June 2022
27.7k

အရှေ့တောင်အာရှမှ အာဏာပိုင်များသည် မကြာသေးမီက ထိုင်းနှင့် မြန်မာတွင် ရေပန်းစားလာသော မူယစ်ဆေးပေါင်းစုံ ရောစပ်ထားသည့် စိတ်ကြွရည် ကော့တေးလ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လာကြသည်။

၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ရာ ထွန်းမင်းလတ် (လည်စီးအဝါ ဝတ်ဆင်ထားသူ) လိုက်ပါလာခဲ့သည်

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

by ဧရာဝတီ
16 January 2023
13.9k

ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အစောဆုံး စီးပွားဖက်တဦးဖြစ်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုကြသည်။

Next Post
နိုင်ငံခြားသား ချစ်သူနဲ့အတူ တွေ့ရတဲ့ သင်ဇာဝင့်ကျော် / Thinzar Wint Kyaw's Facebook

ချစ်သူနဲ့တွေ့တာ ၆ လပဲ ရှိသေးလို့ လေ့လာနေဆဲလို့ သင်ဇာဝင့်ကျော် ပြော

ယခုနှစ် ဧပြီလ ၂၆ ရက်နေ့က ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ

ပုလောမြို့နယ် မလိကျွန်းအနီး မျောပါနေသည့် ICE မူးယစ်ဆေးများ ပိုင်ရှင်မဲ့တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved