• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး

by ဉာဏ်စိုးဝင်း
21 March 2020
in သတင်း
A A
သံဖြူဇရပ်မြို့  / ဧရာဝတီ

သံဖြူဇရပ်မြို့ / ဧရာဝတီ

62.7k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ ဆွေမျိုးအိမ်သို့ ခေတ္တလာရောက် လည်ပတ်သည့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး တဦးတွင် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ တွေ့ရှိရသော်လည်း ထိုကလေးသည် ဆေးကုသမှုမခံဘဲ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

ဆွေမျိုးအိမ်သို့ လာရောက် လည်ပတ်စဉ် ဖျားခြင်း၊ ချောင်းဆိုးခြင်းများကြောင့် ဆေးရုံတက်၍ စမ်းသပ်စစ်ဆေးရန် ညှိနှိုင်းမှုပြုလုပ်နေချိန် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ ဝတ်မှုံက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
90
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

ဒေါက်တာ ဝတ်မှုံက “အနင်းရွာမှာ ဘုရားပွဲတခုရှိတယ်ဆိုပြီး အလည်ပြန်ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ချောင်းဆိုးတယ်၊ ဖျားတယ်ပေါ့နော်၊ မသက်သာလို့ ၁၉ ရက်နေ့မှာ အနင်းတိုက်နယ်ဆေးရုံကို လာပြတယ်၊ လာပြတော့ ထိုင်းက ပြန်လာတာလည်းဖြစ်တယ်၊ ချောင်းဆိုးတယ်၊ ဖျားတယ်ဆိုတော့ ဆေးရုံတက်ပြီးတော့ စစ်ဆေးဖို့ပြောတော့ သူ့မိဘ ၂ ပါးက သဘောမတူဘူး” ဟု ပြောသည်။

၎င်းကဆက်၍ “လူကြီးတွေခေါ်ပြီးတော့ (ဆေးကုသရန်) ညှိနှိုင်းနေတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေကလည်း သူတို့အလုပ်တွေ သူတို့လုပ်နေတဲ့အချိန် သတင်းပြန်မရဘဲ ကြာလာလို့ သွားကြည့်တဲ့အခါမှာ ကလေးတွေက အိမ်ပြန်သွားပြီလို့ ပြောတယ်၊ အိမ်ထိလိုက်သွားတဲ့အခါကျတော့ မတွေ့တော့ဘူး” ဟု ရှင်းပြသည်။

ထိုသို့ ထွက်ပြေးသွားခဲ့သော ကလေးငယ်မှာ ထိုင်းနိုင်ငံ၊ လာလီမြို့နယ်ရှိ အစိုးရကျောင်း (ဖစ်စဘန်နွန်) တွင် ကျောင်းတက်နေသည့် ကျောင်းသားဖြစ်ပြီး မတ် ၈ ရက်နေ့ စာမေးပွဲဖြေဆိုပြီးချိန် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး အနင်းကျေးရွာရှိ ဆွေမျိုးတဦးနေအိမ်သို့ မတ် ၁၄ ရက်နေ့က အလည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရှိရသည်။

ဒေါက်တာ ဝတ်မှုံ က “အိမ်လိုက်သွားတော့ အိမ်မှာက သူ့အဖွားတယောက်ပဲကျန်ခဲ့တယ်၊ အဲ့မှာမေးကြည့်တော့ ဘုရားသုံးဆူမှာ ကားထားခဲ့တယ်၊ သူတို့က ထိုင်းမှာလည်း နေထိုင်ခွင့်တွေ ရှိပြီးသားလို့ပြောတယ်၊ ပြန်သွားပြီးပြောတော့ ကျမတို့ကလည်း ဒီပြည်နယ်အစိုးရအဖွဲ့ထံ ကလေးရဲ့ပုံရော၊ အိမ်ရှိတဲ့မြေပုံရော တင်ပြတယ်။ ကရင်ပြည်နယ်ကိုလည်း ဖုန်းဆက်လိုက်တယ်၊ အဲ့ဒါနဲ့ အုပ်ချုပ်ရေးတွေ လိုက်သွားတဲ့ အခါကျတော့ သူတို့က သူတို့နေထိုင်တဲ့ ထိုင်းနိုင်ငံထဲက မြို့နယ်ကို ပြန်ရောက်သွားပြီ” ဟု ဆိုသည်။

ထိုကလေးငယ်မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသော လက္ခဏာများကြောင့် အနင်းတိုက်နယ်ဆေးရုံသို့ မတ် ၁၉ ရက်နေ့ နံနက်က ပြသခဲ့ရာတွင် ကိုယ်အပူချိန် ၉၉ ံ F ရှိနေသည်။

သံဖြူဇရပ်ဒေသခံ ကိုမင်းလတ်က “သံသယ ဆိုတာနဲ့ နောက်ကြောင်းလိုက်သင့်တယ်။ သူ (ကလေး) က Positive ဆို ရောဂါဖြန့်တဲ့သူဖြစ်ပြီးသွားပြီးလေ။ သူသွားခဲ့တဲ့နေရာတွေကို ကျန်းမာရေးစစ်ဆေးစောင့်ကြည့်ဖို့ နောက်ကြောင်းလိုက်သင့်တယ်။ နောက်ကြောင်းလိုက်ဖို့က ကျန်းမာရေးဘက်က လိုက်နိုင်မှာမဟုတ်ဘူး၊ အုပ်ချုပ်ရေးပိုင်းကလုပ်ရမှာ” ဟု  ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာမှ အသက် ၃၂ နှစ်ရှိ အမျိုးသမီးတဦးသည်လည်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ ၉ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက်မတ် ၁၇ ရက်နေ့က ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ချောင်းဆိုး နှာစေးခြင်း စသည့် ကိုရိုနာဗိုင်းရပ်စ် သံသယဖြစ်ဖွယ် လက္ခဏာများကြောင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ မတ် ၁၉ ရက်နေ့တွင် သံဖြူဇရပ်ဆေးရုံသို့ ထားရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံအထိ ကူးစက်ပြန့်နှံ့နေပြီး ထိုရောဂါကြောင့် သေဆုံးသူ ၉၈၄၀ ဦးရှိပြီဖြစ်ကာ ကူးစက်ခံနေရသူ ၂၃၄၀၇၃ ဦး ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်တော့ ကူးစက်ခံရသူနှင့် သေဆုံးသူ တဦးမှ မရှိသေးသော်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယရှိသူ ၂ ဦး၊ စောင့်ကြည့်ခံထားသည့် လူနာပေါင်း ၁၈၇ ဦးရှိပြီး ဓာတ်ခွဲခန်း အဖြေစောင့်ကြည့်နေသူ ၁၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်း အထိ ထုတ်ပြန်ချက်အရသိရသည်။

You may also like these stories:

မြန်မာက နိုင်ငံအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ဧပြီကုန်ထိ ယာယီရပ်ဆိုင်း

COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်

COVID-19 မကူးစက်ရေး ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ယာယီပိတ်မည်

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်ထိုင်းနိုင်ငံသံဖြူဇရပ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ  တောင်းဆို

မြန်မာစစ်တပ်ရန်မှ ကာကွယ်ပေးရန် ထိုင်းအရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

by ဧရာဝတီ
8 August 2023
2.8k

ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌသစ်ထံသို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၇ ခုက စာပို့ တောင်းဆိုလိုက်သည်။

Next Post
တံတွေးထွေးခဲ့တဲ့ တရုတ်အမျိုးသမီးကို ထိုင်းကတာဝန်ရှိသူများက ဖမ်းဆီး

ထိုင်းနိုင်ငံမှာ တံတွေးလိုက်ထွေးနေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ

တုပ်ကွေးရောဂါ ဆေးတမျိုးဖြစ်တဲ့ Favipiravir ဆေး

ဂျပန်တုပ်ကွေးရောဂါဆေးက ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ ရလဒ်ကောင်းတွေထွက်ပေါ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved