• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ

by ဧရာဝတီ
16 March 2022
in သတင်း
A A
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံရှိ အလုပ်ခွင်မှ အထည်ချုပ်သမများ  / ဧရာဝတီ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံရှိ အလုပ်ခွင်မှ အထည်ချုပ်သမများ / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး မကြာခဏ ပြတ်တောက်ခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်းနှင့် စက်သုံးဆီ အပါအဝင် အထွေထွေ ကုန်ကျစရိတ်များ ကြီးမြင့်လာမှုကြောင့် နိုင်ငံအတွင်းရှိ အထည်ချုပ် စက်ရုံများ ရပ်ဆိုင်းလာ ကြကြောင်း အထည်ချုပ် လုပ်ငန်းရှင်များနှင့် အလုပ်သမား သမဂ္ဂများထံက သိရသည်။

ယခု မတ်လအတွင်း၌ လျှပ်စစ်မီးရရှိမှုမှာ ပို၍ ဆိုးရွားလာခြင်း၊ အချိန် မမှန်ခြင်း တို့ကြောင့် တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် အထည်ချုပ်စက်ရုံ ဆယ်နှင့်ချီ၍ ရပ်ဆိုင်းရမှုများရှိနေပြီး အများစုမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းများ ဖြစ် ကြကာ အိမ်တွင်း အထည်ချုပ်လုပ်ငန်း အများစုလည်း ပါဝင်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ပြောသည်။

အထည်ချုပ် စက်ရုံပိုင်ရှင် တဦးက “တရားဝင် စာနဲ့ပေနဲ့ အသင်းကို တင်ပြတာတော့ မရှိသေးဘူး။ ဆွေးနွေးတာတော့ ရှိပါတယ်။ အလွတ်သဘော မေးကြ မြန်းကြ ဆွေးနွေးတာမျိုးတော့ ရှိပါတယ်။ ဒီအတွက်ကြောင့် တရားဝင် ရပ်နားပါ တယ် ဆိုတာမျိုးတော့ မလုပ်ကြဘူးပေါ့နော်။ ရပ်နားတဲ့ စက်ရုံတွေတော့ ရှိပါတယ်။ အခုက စက်ရုံ ၃၀၀ ကျော် လောက် လည်နေတဲ့ ဆိုပေမယ့် စက်ရုံ ၁၀၀ ကျော်လောက်က ရပ်သွားကြပြီ ဖြစ်တယ်။ ဒီထဲမှာ အပြီးရပ်တာရော၊ ယာယီရော၊ လုပ်သား လျှော့တာရော ပါတယ်။ တချို့ ပြန်လို့ရတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကလည်း ပြန်ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောဆိုသည်။

လက်ရှိ အခြေအနေအရ စစ်ကောင်စီ၏ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေး ဌာနဘက်မှလည်း စက်ရုံအလုပ်ရုံများ အခက်အခဲ ပိတ်သိမ်းရမှုများနှင့် ပတ်သက်ပြီး သတင်း ထုတ်ပြန်ခြင်း မရှိသလို အလုပ်သမားအရေးကို ဆောင်ရွက်နေ သူများလည်း ယခုအချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် မြေပြင်အခြေအနေအရ ရပ်နားသွားသည့် စက်ရုံ အရေအတွက်ကို မပြောပြနိုင်သော အနေအထား ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အရင်က စက်ရုံ တရုံ ပိတ်တယ်ဆိုရင် တော်တော်ကြီးကို ဂယက်ရိုက်တာလေ။ အခုကတော့ ရှင်းရှင်းပြောရရင် ရာနဲ့ချီပြီး ပြန်ထွက်ကုန်ကြတာ။ နည်းလမ်းမျိုးစုံ အကြောင်းအရာမျိုးစုံနဲ့ပေါ့။ မလုပ်နိုင်တဲ့ အခြေ အနေတွေက အများကြီးပဲ။ အခု လျှပ်စစ်မီးမရသလို စက်သုံးဆီဈေး မြင့်လာတဲ့အခါမှာတော့ စက်ရုံတွေ ပိတ်လိုက် ရတာက သိပ်ပြီး မထူးဆန်းတော့သလို ဖြစ်နေကြတာ။ စိတ်ဓာတ်တွေတော့ ကျနေကြတာပေါ့” ဟု ပြောသည်။

လည်ပတ်နေသော အထည်ချုပ် စက်ရုံအများစုမှာ လုပ်ငန်း လည်ပတ်နိုင်ရုံအဆင့်သာ ရှိနေပြီး စစ်တပ်အာဏာ မသိမ်းခင်က အထည်ချုပ်လုပ်ငန်း ၆၀၀ ကျော်ရှိရာမှ ပြည်ပပို့၊ သွင်းကုန်နှင့် လုပ်ကိုင်နေသည့် စက်ရုံ ၄၅၀ ရှိကာ ယခုအချိန်တွင် စက်ရုံ ၁၅၀ ဝန်းကျင်က လျော့သွားသည့် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းက သိရသည်။

အဆိုပါ ပိတ်သိမ်းသွားသည့် စက်ရုံများမှာ ပျမ်းမျှအားဖြင့် လူဦးရေ ရာကျော်မှ ထောင်နှင့်ချီသည်အထိ ရှိသောကြောင့် အလုပ်လက်မဲ့ဦးရေမှာ အနည်းဆုံး သိန်းဂဏန်း ဝန်းကျင်ရှိနိုင်ကြောင်း ယင်းအသင်းရှိ စက်ရုံပိုင်ရှင် တဦးက ပြော သည်။

အလုပ်သမားအရေး ဆောင်ရွက်သူ တဦးက “အခုလပိုင်းမှာတင် ရပ်နားသွားတဲ့ စက်ရုံတွေ ရှိတယ်။ ဒါပေမယ့် ဘယ် လောက် ရပ်နားတယ်ဆိုတာက ပြောဖို့တော့ ခက်တယ်။ အစ်မတို့ကျတော့ အရေအတွက် အတိအကျ မသိရဘူး။ ရပ်နားတယ် ဆိုတာလောက်ပဲ သိတာ။ အလုပ်လက်မဲ့ကတော့ စက်ရုံပိတ်တာဆိုရင်တော့ အလုပ်လက်မဲ့ပေါ့။ တချို့ ကျတော့ မန်နေဂျာနဲ့ အလုပ်သမား ပြဿနာ တက်တာ၊ အပြစ်ရှာပြီး ဖြုတ်တာ၊ စူပါနဲ့ ပြဿာနာတက်ပြီး အလုပ် ပြုတ်တာ ဒီလိုမျိုး အလုပ်လက်မဲ့တွေလည်း ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလော အထည်ချုပ်၊ စက်ရုံအလုပ်ရုံများ ပိတ်သိမ်းလာရခြင်းမှာ လျှပ်စစ်မီး အချိန်မှန် မရရှိခြင်း၊ ပြတ်တောက် ချိန် ကြာမြင့်ခြင်း၊ စက်သုံးဆီဈေး မြင့်တက်ခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ပြည်ပ တွန်းအားများကြောင့် လည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင် တဦးက “အခုကတော့ ကျနော်တို့မီးစက်နဲ့ လုပ်နေရတာပေါ့နော်။ လုပ်ငန်းကို မရပ်သွားအောင် ထိန်းလုပ်နေရတဲ့ အနေအထားမျိုးပဲ။ လျှပ်စစ်မီးက အရမ်းပျက်တော့ တချို့ စက်ရုံတွေ ကတော့ ချုံ့လိုက်တာတွေရှိတယ်။ မီးစက်ပဲ အမြဲမောင်းနေရတော့ စက်က မခံနိုင်လို့ ဖြစ်တယ်။ မီးစပျက်ကတည်း ကိုက ဘယ်အချိန် လာမယ် ဆိုတာမေးလို့မရ၊ ခန့်မှန်းလို့လည်း မရဘူး။ အဲဒီတော့ စက်ရုံတွေကတော့ အခု ၂၄ နာရီ အချိန်ပိုင်း ဖြတ်မယ် ပြောတော့လည်း ထူးခြားပြီး ခံစားရတာ မရှိဘူး။ လူနေအိမ် တွေကတော့ ပိုပိုပြီး မီးပျက်လာ တယ်။ လာတဲ့အချိန် ပိုတိုသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီက မတ်လ ၁၂ ရက်မှ ၁၈ ရက်အထိ တရက်လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်မည်ဟု ကြေညာပြီးတောက် ပိုင်း ယခင်က တရက် မီး ၈ နာရီဝန်းကျင်လာလျှင် ယခု ၆ နာရီပင် မပြည့်သည့် အခြေအနေဖြစ်ကြောင်း၊ စက်မှုဇုန် များတွင်လည်း အလုပ် လုပ်ချိန်များတွင် လျှပ်စစ်မီးပြတ်တောက်နေသည်က ပိုများနေကြောင်း ၎င်းက ရှင်းပြသည်။

ပြည်တွင်း နိုင်ငံရေး အခြေအနေအပါအဝင် ကမာ္ဘ့နိုင်ငံရေး အခြေနေများကြောင့်လည်း ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများ၏ ဆက်လက်လုပ်ကိုင်နိုင်မှုမှာ မရေရာမှုများ ဖြစ်နေပြီး အထည်ချုပ်စက်ရုံများ၏ အော်ဒါရရှိမှုမှာ ဧပြီနှင့် မေလ နှစ်လတာ ကျန်သေးသည့်အတွက် ယခုအတိုင်း စက်သုံးဆီဈေးမြင့်ပြီး လျှပ်စစ်မီးမရရှိသည့်အချိန် ပိုဆိုးလာပါ က လုပ်ငန်းများ ပိတ်သိမ်းသွားရမည့် အခြေအနေသို့ ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဧပြီလ သင်္ကြန်ပြီးကာလများတွင် အထည်ချုပ် စက်ရုံအများစု ထပ်မံ ရပ်နားသွားရမည့် အလားအလာများ ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

You may also like these stories:

မြင့်လာသည့် စက်သုံးဆီဈေးကြောင့် ကုန်တင်ယာဉ်တချို့ ပြေးဆွဲမှု ရပ်ဆိုင်း

လျှပ်စစ်မီးသာမက ရေမလုံလောက်သည့် ဒုက္ခပါ ရန်ကုန်လူထု ရင်ဆိုင်နေရ

စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ

၇ရက်တိုင် ၂၄ နာရီ မီးဖြတ်မည်ဆိုသဖြင့် ရန်ကုန် စက်ရုံအချို့ ယာယီရပ်နားရန် ပြင်

Your Thoughts …
Tags: ရပ်နားလျှပ်စစ်မီးအထည်ချုပ်စက်ရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

စစ်ယူနီဖောင်းများ ဧပြီလ အပြီးချုပ်ရန် ညွှန်ကြား

by ဧရာဝတီ
20 February 2024
11.8k

လှိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အထည်ချုပ်စက်ရုံတွင် ယခုလ ၁၆ ရက်မှ စတင်ပြီး စစ်ယူနီဖောင်း အများအပြားအား အချိန်မီ ပြီးစီးရန် ချုပ်လုပ်နေရကြောင်း ယင်းစက်ရုံ၏ ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

by လျှပ်စီး
6 January 2025
4.7k

ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

ဖမ်းဆီးတရားစွဲထားသည့် အလုပ်သမားများကို စစ်ကောင်စီ ပြန်လွှတ်

by ဧရာဝတီ
5 September 2023
3.3k

ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော အလုပ်သမား ၁၂ ဦးကို ယမန်နေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Next Post
ရန်ကုန်မြို့လည် ဆူးလေစေတီတော်နှင့် ရန်ကုန်မြို့တော်ခန်းမ  / ဧရာဝတီ

ရန်ကုန်သူရန်ကုန်သားများ၏ ဘဝခါးခါး

၂၀၂၀ ဇူလိုင်က မဲဆောက်တွင် တွေ့ရသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ  / ဧရာဝတီ

ထိုင်းရှိ MoU လုပ်သား ၁ သိန်းကျော်ကို ၂ နှစ် သက်တမ်းတိုးခွင့်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved