• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်

by John Squire
15 June 2021
in သူ့အတွေး သူ့အမြင်
A A
အရေးယူပိတ်ဆို့ခြင်း၏ ထိရောက်မှုသည် နိုင်ငံတကာဘဏ်များက လိုက်နာခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ်များစွာမူတည်နေသည်

အရေးယူပိတ်ဆို့ခြင်း၏ ထိရောက်မှုသည် နိုင်ငံတကာဘဏ်များက လိုက်နာခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ်များစွာမူတည်နေသည်

15.5k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း စစ်တပ်၏ ငွေမာအသုံးပြုနိုင်စွမ်းအား ပိတ်ဆို့ခြင်းဖြင့် စစ်အာဏာသိမ်းသူများအပေါ် ဖိအားပေးခြင်းကို အာရုံစိုက်လာသည်။ အမေရိကန်ဗဟိုဘဏ်ရှိ မြန်မာနိုင်ငံမှ ငွေစာရင်းကို အမေရိကန်က သိမ်းဆည်းလိုက်ကြောင်းနှင့် စင်္ကာပူရှိ ဘဏ်လုပ်ငန်း အာဏာပိုင်များက စင်္ကာပူဘဏ်များကို စစ်ဆေးပြီးကြောင်း၊ မြန်မာကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များက အပ်နှံထားသော ငွေများများစားစား မရှိကြောင်း ထုတ်ပြန်ကြေညာသည့် သတင်းများ အလျင်အမြန် ထွက်ပေါ်လာသည်။ ထိုသို့သော သတင်းများသည် အာဏာသိမ်း နောက်ဆက်တွဲ အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများအဖြစ် အမေရိကန်နိုင်ငံက သတ်မှတ်သည့် စစ်ကောင်စီအဖွဲ့ဝင်များ၊ ၎င်းတို့၏ ကလေးများ၊ စစ်တပ် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့နှင့်ပတ်သက်သည့် အခြားအဖွဲ့များကို အမေရိကန်၏ အရေးယူမှုနှင့် တိုက်ဆိုင်နေသည် သို့မဟုတ် အရေးယူမှု ဖြစ်လာစေမည့် နမိတ်ကို ပြသနေခြင်း ဖြစ်သည်။

ပိတ်ဆို့အရေးယူခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစာရင်းသည် ဆက်လက်ကျယ်ပြန့်လာနေသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ အဖွဲ့ဝင်တဦးချင်းအပြင် စစ်ကောင်စီသည် အမေရိကန်ဘဏ္ဍာရေးဌာန၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ စစ်ကောင်စီကို ထိုသို့သတ်မှတ်ထားခြင်းသည် ၎င်း၏ကိုယ်စား လုပ်ကိုင်နေသည့် အစိုးရဝန်ကြီးဌာနများ၊ ဌာနခွဲများမပါဟု အမေရိကန်ဘဏ္ဍာရေးဌာနက ရှင်းလင်းပြောကြားမှု မရှိလျှင် အစိုးရတခုလုံးကို အရေးယူပိတ်ဆို့ထားခြင်းဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်နေသည်။

ထို့ပြင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုများသည် အမေရိကန် တသီးပုဂ္ဂလနှင့် ကုမ္ပဏီများအနေဖြင့် အရေးယူပိတ်ဆို့ခံရသူများနှင့် ဆက်ဆံခြင်းကို တားမြစ်ရုံသာမက အရေးယူခံရသော လူ၊ အဖွဲ့အစည်းနှင့် ဆက်ဆံသူသည် အမေရိကန် နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်း မဟုတ်လျှင်ပင် အမေရိကန်ဒေါ်လာ ပါဝင်ပတ်သက်သည့် ငွေပေးငွေယူများ သို့မဟုတ် အမေရိကန် ဘဏ္ဍာရေး စနစ်ကို ကြားခံအဖြစ် အသုံးပြုမှုများကိုပါ ပိတ်ပင်သည်။

ထို့ကြောင့် အရေးယူပိတ်ဆို့ခြင်း၏ ထိရောက်မှုသည် နိုင်ငံတကာဘဏ်များက လိုက်နာခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ်များစွာမူတည်နေသည်။ ကမ္ဘာ့ဘဏ္ဍာရေးအချက်အခြာနှင့် မြန်မာရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများစု၏ ရင်းမြစ်ဖြစ်သော စင်္ကာပူမှဘဏ်လုပ်ငန်း အာဏာပိုင်များ၏ ထုတ်ပြန်ကြေညာချက် ရှိသော်လည်း စင်္ကာပူဘဏ်များသည် အရေးယူပိတ်ဆို့ခံထားရသော မြန်မာနိုင်ငံသားများနှင့်အဖွဲ့အစည်းများ၏ အပ်နှံငွေ အများအပြားကို လက်ခံထားကြောင်းမှာ သေချာသလောက်ရှိသည်။ စင်္ကာပူဘဏ်များသည် မြန်မာနိုင်ငံ၏ အရံနိုင်ငံခြားသုံးငွေများကို လက်ခံထားသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ စစ်တပ်ပိုင် မြဝတီဘဏ်အပါအဝင် မြန်မာဘဏ်များသည် တရုတ်၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်း ဘဏ်များနှင့် ကြားခံဆက်ဆံရေးရှိကြသည်။

ယေဘုယျအားဖြင့်ဆိုပါက ဘဏ်များသည် အရေးယူပိတ်ဆို့မှုစနစ်တွင် အားနည်းသော ကွင်းဆက်များ ဖြစ်ပြီး အချို့သောဘဏ်များသည် အဆိုးရွားဆုံး ချိုးဖေါက်သူများဖြစ်ကြောင်း မကြာသေးမီက BNP Paribas နှင့် HSBC ဘဏ်များအပေါ် ချမှတ်လိုက်သည့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံက ပြသနေပေသည်။ လိုက်နာမှုအစီအစဉ်များကို အကောင်အထည်ဖေါ်ပြီး ငွေပေးငွေယူများကို စိစစ်ရန် ဘဏ်လုပ်ငန်းဝန်ဆောင်မှု သုံးသူကို သိရှိစေသည့် ဘဏ်တွင်းစနစ်များ တပ်ဆင်ထားသော်လည်း ဘဏ်များသည် အင်တိုက်အားတိုက် စစ်ဆေးမှုလုပ်ရန် စိတ်အားထက်သန်မှု အမြဲမရှိနိုင်ပေ။

ယခုအခါ အရေးယူပိတ်ဆို့မှု ထိန်းချုပ်မှုများကို ရှောင်ရှားလိုသူများက လုပ်ကိုင်နေသည့် အစီအမံများကို ကောင်းစွာ မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ထိုသို့ရှောင်ရှားရာတွင် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများကို အတုလုပ်ခြင်းနှင့် လိုသလိုပြုပြင်ခြင်း၊ ငွေပေးငွေယူ ပြုလုပ်သူများကို ဖုံးကွယ်ရန် ကြားခံများအသုံးပြုခြင်းတို့ ပါဝင်သည်။ မြန်မာအရေးယူပိတ်ဆို့မှုများ လိုက်နာရေးအတွက် ဘဏ်များသည် အရေးယူပိတ်ဆို့ခံရသူနှင့် အဖွဲ့အစည်းများအား ဆက်ဆံသည်ဟု သိရှိသော သူများ၊ ကုမ္ပဏီများနှင့်ပတ်သက်သည့် မကောင်း သတင်းများကို သုတေသနပြုခြင်းဖြင့် ၎င်းတို့၏ လိုက်နာမှု အစီအစဉ်များကို အဆင့်မြင့်တင် သင့်ပေသည်။ မြန်မာနိုင်ငံတွင်းသို့ ငွေသွင်းရာတွင်နှင့် မြန်မာနိုင်ငံမှ ငွေထုတ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးသည့် တရားမဝင် ငွေလွဲသည့်ကွန်ရက်ဖြစ်သော ဟွန်ဒီများကို ကူညီခြင်းနှင့်ပတ်သက်၍လည်း ဘဏ်များအနေဖြင့် သတိထားသင့်သည်။

အရေးယူခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို အမေရိကန် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်မှုများအဖြစ် သတ်မှတ်သောကြောင့် အမေရိကန် ဘဏ္ဍာရေးဌာနသည် ချိုးဖေါက်မှုများကို အပြင်းအထန်ဖေါ်ထုတ်မည်ဖြစ်သည်။ အမေရိကန်ဘဏ္ဍာရေးဌာနသည် ၎င်း၏အမိန့်များကို အကောင်အထည်ဖေါ်သည့် ဌာနဖြစ်သော ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) မှတဆင့် ၎င်း၏လုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ရင်းမြစ်အများအပြားရှိသည်။ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် အလားအလာရှိသော အရေးယူမှု သက်သာစေရန် ၎င်းတို့၏ ချိုးဖေါက်မှုများကို မိမိဆန္ဒအလျောက် တင်ပြနိုင်သည်။ OFAC သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဌာန (FBI)၊ ဗဟိုထောက်လှမ်းရေးဌာန (CIA) နှင့် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) စသည့် အစိုးရဌာနများနှင့် သတင်းအချက်အလက် ဖလှယ်ခြင်းကိုလည်း မှီခိုလုပ်ကိုင်ရသည်။ ဝန်ထမ်းများက ဖေါ်ထုတ်ပေးခြင်းသည်လည်း အခြားအားထားရသော အချက်တခုဖြစ်ပြီး ထိိုသို့ ချိုးဖေါက်သောဘဏ်သည် အမေရိကန်ပြည်ထောင်စုတွင် ရှိနေပါက ဖက်ဒရယ်ဥပဒေ ဆုကြေးငွေ ဒေါ်လာ ၁ ဒဿမ ၆ သန်းအထိ တောင်းခံခွင့်ရှိသည်။

အသေးစိတ် စစ်ဆေးရန်နှင့် အရေးယူပိတ်ဆို့ခံရသူများကို စနစ်တကျ စစ်ဆေးရန် မည်သည့်ပျက်ကွက်မှုမဆိုသည် အမေရိကန်ပြည်ထောင်စု၏ ရန်သူနှင့် ကုန်သွယ်ခြင်းဖြစ်ကြောင်း ဘဏ်များကို သတိပေးထားပြီးဖြစ်သည်။ စံချိန်တင်ဒဏ်ငွေဖြစ်သည့် ဒေါ်လာ ၁၅ ဘီလျံ (BNP Paribas က ဒေါ်လာ ၈ ဒဿမ ၉ ဘီလျံ၊ HSBC က ဒေါ်လာ ၁ ဒဿမ ၉ ဘီလျံနှင့် UBAF က ဒေါ်လာ ၄ ဒဿမ ၁ ဘီလျံ) ကိုချမှတ်ပြီးနောက် OFAC သည် ဘဏ္ဍာရေးအဖွဲ့အစည်းများကို အသေးစိတ်စစ်ဆေးမှုများ အပြင်းအထန် ထပ်မံလုပ်ဆောင်နေပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တလတည်းတွင် OFAC သည် အရေးယူပိတ်ဆို့ခံရသူများကိုယ်စား ဒေါ်လာဖြင့် ငွေပေးငွေယူလုပ်ခဲ့သော ဆော်ဒီအာရေးဗျနှင့် ပြင်သစ်အခြေစိုက် ဘဏ္ဍာရေး အဖွဲ့အစည်းများကို ဒေါ်လာဘီလျံချီ ဒဏ်ရိုက်ခဲ့သည်။ ဘိုင်ဒင်အစိုးရသက်တမ်းတွင် ထိုသ်ို့သော အရေးယူမှုများ ပိုမိုများပြားလာမည်ဟု မျှော်လင့်ရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
238

ယခုအခါ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများကို အာရုံစိုက်နေကြပြီး ၎င်းတို့သည် အရေးယူပိတ်ဆို့မှုများ အတိအကျလိုက်နာခြင်း သို့မဟုတ် လုပ်ငန်း ထိခိုက်လောက်အောင် များပြားသော ဒဏ်ငွေပေးဆောင်ရခြင်းနှင့် အမေရိကန် ဘဏ္ဍာရေးစနစ် အသုံးပြုခွင့်ပိတ်ပင်ခံရခြင်း တခုခုကို ရွေးချယ်ရတော့မည်ဖြစ်သည်။

(John Squire သည် ကလောင်အမည်ဖြစ်သည်။ သူသည် အမေရိကန် အရေးယူပိတ်ဆို့မှုများနှင့် ပို့ကုန် ဥပဒေများကို အထူးပြုသည့် ရှေ့နေဖြစ်သည်။ သူသည် တရားမမှုနှင့် ရာဇဝတ်မှု ပြစ်ဒဏ်များလျှော့ကျရေးအတွက် အကြံဉာဏ်များပေးသည်။ ယခုဆောင်းပါးသည် သူ၏အမြင်သာဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US Sanctions on Myanmar Put International Banks in the Spotlight ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်

မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်

စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ

စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်

Your Thoughts …
Tags: စစ်တပ်ပိုင် စီးပွားရေးနိုင်ငံတကာဘဏ်များဘဏ္ဍာရေးအဖွဲ့အစည်းအမေရိကန် ပိတ်ဆို့အရေးယူမှုအာဏာသိမ်း စစ်ကောင်စီ
John Squire

John Squire

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.2k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

by ဧရာဝတီ
30 May 2024
1.5k

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်ဆန္ဒပြပွဲတနေရာ / ဧရာဝတီ

၁၉၈၈ ကလို ၂၀၂၁ က စစ်ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်

by Bertil Lintner
14 October 2021
18.4k

ယခု စစ်ကောင်စီ မည်သို့ကျဆုံးမည်ကို မခန့်မှန်းနိုင်ပါ။ ၁၉၈၈ ကဗိုလ်ချုပ်များကဲ့သို့ ၂၀၂၁ ဗိုလ်ချုပ်များ ကံကောင်းမည် မဟုတ်ပေ။

Next Post
Makeup Artist ဟန်နာယူရီ  / Hannayuri's Facebook

“စစ်ဘေးရှောင်တွေအတွက် ငဲ့ညှာပေးကြပါ”လို့ ဟန်နာယူရီ ဆို

ရခိုင်ပြည်နယ် တောင်ကုတ်မြို့  / ဓာတ်ပုံ- CJ

စစ်တပ် ဖမ်းဆီးထားသည့် တောင်ကုတ် ပရဟိတကျောင်းမှ ၇ ဦး၏ သတင်းအစအန မရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved