• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာပြည်သည် ကပ်ဆိုး ၂ ပါးနှင့် ရင်ဆိုင်နေရသည်

by နိုင်ခေတ်
22 July 2021
in သူ့အတွေး သူ့အမြင်
A A
ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်/ / ဧရာဝတီ

ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ်/ / ဧရာဝတီ

24.6k
VIEWS
Share on FacebookShare on Twitter

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကပ်ကြီးနှစ်ပါးနှင့် ကြုံတွေ့နေရသည်။ တခုမှာ မင်းဆိုးမင်းညစ် စစ်အာဏာသိမ်းမှုဖြစ်ပြီး အခြားတခုမှ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်သည်။ ထိုကပ်နှစ်ခုလုံးသည် ဆိုးရွားလှသော်လည်း သတ္တန္တရကပ်သည် ရောဂန္တရကပ်ကို ပိုမိုဆိုးရွားစေသည်။

ယခုရက်ပိုင်း ရန်ကုန်သူရန်ကုန်သားများသည် အရေးပေါ်လူနာတင်ယာဉ်မှ အချက်ပေးသံများကြောင့် အိပ်ရာက နိုးကြရသည်။ ထိုအရေးပေါ်လူနာတင်ယာဉ်သံများသည် လူဦးရေ ၇ သန်းကျော်ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော်တွင် နေထိုင်သူများ၏ ဝမ်းနည်းကြေကွဲမှုများနှင့် စိုးရိမ်ပူပန်မှုများကိုလည်း ဖေါ်ပြနေသည်။

ဇူလိုင်လ အစောပိုင်းမှစတင်ပြီး အရေးပေါ်လူနာတင်ယာဉ်များသည် ပတ်ဝန်းကျင်မှ အလျှင်အမြန် အလောတကြီးဖြတ်သန်းသွားနေကြပြီး ၎င်းတို့၏ အသံကို မကြာခဏကြားနေရသည်။ လွန်ခဲ့သော အပတ်က စတင်ပြီး ထိုအရေးပေါ်လူနာတင်ယာဉ်များကို ပိုမိုတွေ့မြင်လာရသည်။ တခါတရံတွင် အရေးပေါ်လူနာတင်ယာဉ် ၆ စင်း၊ ၇ စင်း ဥသြဆွဲကာ လမ်းပိတ်နေသောနေရာများတွင် ဟွန်းများကို အဆက်မပြတ်တီးပြီး မောင်းနှင်နေသည်ကို တပြိုင်နက်တွေ့ရသည်။ ထိုသို့သောအသံများသည် တနေကုန် ရပ်ဆိုင်းခြင်း မရှိတော့ပေ။

အရေးပေါ်လူနာတင်ယာဉ်များအတွင်း ပိုးမွှားကာကွယ်ရေး ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျန်းမာရေးလုပ်သားများနှင့် ယာဉ်မောင်းများကို ရန်ကုန်၏ အဓိကလမ်းမတခုတွင် တည်ရှိသော စာရေးသူ၏တိုက်ခန်းမှ မကြာခဏတွေ့နေရသည်။

နေ့စဉ်ရာနှင့်ချီသော မြန်မာနိုင်ငံသားများ သေဆုံးကြောင်း စစ်ကောင်စီက ကြေညာသည်။ သို့သော် အမှန်တကယ် သေဆုံးမှုမှာ ထိုထက်များပြားသည်ဟု ယုံကြည်ရသည်။

တနင်္လာနေ့တွင် တနိုင်ငံလုံးမှ လူ ၈၉ ဦးသေဆုံးကြောင်း စစ်ကောင်စီက ကြေညာသည်။ (နေ့စဉ်ရာနှင့်ချီသော မြန်မာနိုင်ငံသားများ သေဆုံးကြောင်း စစ်ကောင်စီက ကြေညာသည်)။ သို့သော် အမှန်တကယ် သေဆုံးမှုမှာ ထိုထက်များပြားသည်ဟု ယုံကြည်ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့မှ သေဆုံမှုစာရင်းကို ကြည့်ပါက ဇူလိုင်လ ပထမပတ်အတွင်းမှာပင် လူ ၂၀၇ ဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု စေတနာ့ဝန်ထမ်းများနှင့်ဒေသခံများ၏ အဆိုအရ သိရသည်။ လွန်ခဲ့သောလကလည်း လူ ၄၀၀ ပတ်ဝန်းကျင်သေဆုံးကြောင်း ၎င်းတို့ပြောသည်။ သို့သော် စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင်လ ပထမပတ်က ထိုမြို့တွင်လူ ၆ ဦးသေဆုံးပြီး ဇွန်လ နောက်ဆုံး ၂ ပတ်က လူ ၁၁ ဦးသေဆုံးသည်ဟုသာ ကြေညာသည်။

မေလမှ ယနေ့အထိ မြန်မာနိုင်ငံ၏ ၉၀ ရာခိုင်နှုန်းတွင် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းနှင့် ရင်ဆိုင်နေရပြီး တနိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀ အနက် ၃၀၀ နီးပါးတွင် ကူးစက်မှု ပျံ့နှံ့နေသည်။

လွန်ခဲ့သော ၂ ပတ်အတွင်း စာရေးသူ၏ မိတ်ဆွေနှင့် လုပ်ဖေါ်ကိုင်ဖက် အများအပြား ဖျားနာကြပြီး အချို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသည်။ သို့သော် အများပြည်သူ ကျန်းမာရေးကဏ္ဍတွင် စနစ်ကျသော လုပ်ထုံးလုပ်နည်းနှင့် ယန္တရားများမရှိသောကြောင့် ၎င်းတို့အများစုသည် အခြား မရေတွက်နိုင်သည့် လူနာများကဲ့သို့ပင် ဆေးရုံ တက်ရောက်ခွင့် မရကြပေ။ လူအများအပြားသည် ကိုဗစ်-၁၉ နှင့် ဖျားနာနေသည့် မိသားစုဝင်များအတွက် အောက်ဆီဂျင်ကို မျှော်လင့်ချက် ကင်းမဲ့စွာ လိုက်လံရှာဖွေနေကြသည်။ အောက်ဆီဂျင်ရနိုင်သော နေရာတိုင်းတွင် ပြည်သူများသည် အောက်ဆီဂျင်အိုးများဖြင့် တန်းစီနေကြသည်။ သို့သော် စစ်ကောင်စီက ပြည်သူများ အောက်ဆီဂျင်ဝယ်ခြင်းကို မကြာသေးမီက တားမြစ်ထားသည်။ ထို့ကြောင့် ပြည်သူများ ပိုမိုစိုးရိမ်ပူပန်ပြီး ရန်ကုန်နှင့် အခြားနေရာများတွင် ကစဉ့်ကလျား ဖြစ်စေသည်။

ကျန်းမာရေးစနစ်သည် ပြိုကျပျက်စီးသွားသောကြောင့် စာရေးသူ၏ မိတ်ဆွေများနှင့် လုပ်ဖေါ်ကိုင်ဖက်များအပါအဝင် အားလုံးသည် ကိုယ့်ကိုယ်ကိုယ်သာ စောင့်ရှောက်ကြရသည်။

ပြည်သူများမှာ ဘာမျှ မတတ်နိုင်ကြပေ။ ကျန်းမာရေးစနစ်သည် ပြိုကျပျက်စီးသွားသောကြောင့် စာရေးသူ၏ မိတ်ဆွေများနှင့် လုပ်ဖေါ်ကိုင်ဖက်များအပါအဝင် ၎င်းတို့အားလုံးသည် ၎င်းတို့ကိုယ်၎င်းတို့ စောင့်ရှောက်ကြရသည်။

ထိုဖြစ်စဉ်များအားလုံးသည် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်များဖြစ်သည်။ လူထုထောက်ခံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး အစိုးရ ခေါင်းဆောင်အားလုံးကို ထောင်သွင်း သို့မဟုတ် နေအိမ်တွင် အကျဉ်းချပြီးလျှင်ပြီးခြင်း စနစ်ကျသော ယန္တရားများ ပျောက်ကွယ်သွားသည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတဝှမ်းမှ လူအများအပြားကို တုန်လှုပ်စေသော ထိုစစ်အာဏာသိမ်းမှုသည် နိုင်ငံမှ စနစ်အားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ ထွန်းသစ်စ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှသည် စီးပွားရေးလုပ်ငန်းများအထိ အရာရာ ဂျွမ်းထိုးမှောက်ခုန်ဖြစ်သွားသည်။ ယခုအခါ ကျန်းမာရေးစနစ် မည်မျှပျက်စီးသွားသည်ကို စာရေးသူတို့ မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ပြည်သူများက အပြင်းအထန်ဆန့်ကျင်ကြသည်။ သို့သော် စစ်အာဏာသိမ်း ခေါင်းဆောင်များသည် အညှာအတာကင်းမဲ့သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် သာမန်တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် အသက်မွေးဝမ်းကြောင်း ပေါင်းစုံမှ ပြည်သူများ အပါအဝင် ပြည်သူများသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှု၊ ပစ်ခတ်မှု နှင့် ဖမ်းဆီးမှုများကို ရင်ဆိုင်ရသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီ တပ်နှင့် ရဲတို့သည် ဒါဇင်ပေါင်းများစွာသော ကလေးငယ်များအပါအဝင် ပြည်သူ ၉၀၀ နီးပါးကို သတ်ဖြတ်ထားပြီး ဖြုတ်ချခံ ဝန်ကြီးများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများနှင့် နိုင်ငံရေးသမား ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည်။ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြီး အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများပြုုလုပ်ရန် ကြိုးစားနေသောကြောင့် အများအပြားမှာလည်း ပုန်းအောင်းနေရသည်။

တနိုင်ငံလုံးတွင် ထိုသို့ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူများတွင် ဆရာဝန်များနှင့် သူနာပြုများလည်းပါဝင်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သောကြောင့် စစ်ကောင်စီက ဆရာဝန် ၄၀၀ နှင့် သူနာပြု ၁၈၀ ကို ဖမ်းဝရမ်းထုတ်ထားသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးသမားတော်များအဖွဲ့ (Physicians for Human Rights) ကဖေါ်ပြသည်။ အာဏာသိမ်းပြီးချိန်မှ ဇူလိုင်လ ၆ ရက်နေ့အတွင်း ကျန်းမာရေးလုပ်သား အနည်းဆုံး ၁၅၇ ဦးဖမ်းဆီးခံရပြီး ၃၂ ဦးဒဏ်ရာရကာ ၁၂ ဦး သတ်ဖြတ်ခံရကြောင်း အထက်ပါအဖွဲ့ကပြောသည်။ သို့သော် များပြားလှသော ကျန်းမာရေးလုပ်သားများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် CDM တွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည်။

မန္တလေးတွင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူတဦးအား ပရဟိတ ကူညီသယ်ဆောင်လာစဉ်

မြန်မာပြည်သူများသည် စစ်ကောင်စီ၏ သတ်ဖြတ်ဖမ်းဆီးမှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။ ပြည်သူ ၅၄ သန်းကျော်လုံးသည် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာသိမ်းမှု ကပ်ဘေးကို ဖြတ်သန်းနေရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

ယခုအခါပြည်သူများသည် ကိုဗစ်-၁၉ သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂန္တရကပ်ဘေးကို ဖြတ်သန်းနေရပြန်သည်။

စစ်တပ်ကသာ စစ်အာဏာသိမ်းမှုကပ်ဘေးကို မဖန်တီးခဲ့လျှင် ပြည်သူများသည် ယခုအတိုင်းအတာအထိ ဒုက္ခရောက်ကြမည် မဟုတ်ပေ။

သို့သော် စစ်တပ်ကသာ စစ်အာဏာသိမ်းမှုကပ်ဘေးကို မဖန်တီးခဲ့လျှင် ပြည်သူများသည် ယခုအတိုင်းအတာအထိ ဒုက္ခရောက်ကြမည် မဟုတ်ပေ။

မြန်မာသည် ဆင်းရဲသောန်ိုင်ငံဖြစ်သော်လည်း အုပ်ချုပ်မှုကောင်းနှင့် အများပြည်သူ ယုံကြည်မှုကို ထူထောင်နိုင်လျှင် ဆင်းရဲနွမ်းပါးခြင်းကို အလေးထားရန် မလိုကြောင်း လွန်ခဲ့သောနှစ်က ကမ္ဘာတဝှမ်း လူအသေအပျောက်များသော ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ဖြုတ်ချခံ အရပ်သားအစိုးရက သက်သေပြခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများကဲ့သို့ ဖွံဖြိုတိုးတက်ပြီး ချမ်းသာကြွယ်၀သော နိုင်ငံများတွင် ပြည်သူများ မည်မျှ ဆိုးရွားစွာခံစားခဲ့ရသည့် သတင်းများကို ယှဉ်ပြီး မိမိတို့ ပြန်ကြည့်နိုင်သည်။

နိုင်ငံတော်အဆင့်မှ ရပ်ကျေးအဆင့်အထိ ပြည်သူများနှင့် ကျန်းမာရေးလုပ်သားများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် ကမ္ဘာတဝှမ်းကူးစက်ရောဂါကို လေးနက်မှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို အသုံးပြုကာ ကိုင်တွယ်နိုင်ကြောင်း ဖြုတ်ချခံမြန်မာအစိုးရက ပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရအောက်တွင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး မည်သို့ မြင်သနည်း ဟုမေးသောအခါ “ မြန်မာနိုင်ငံက လက်ရှိအချိန်အထိ အရမ်းကို ကောင်းကောင်းမွန်မွန် လုပ်နိုင်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကိုယ်စားလှယ်က လွန်ခဲ့သောနှစ်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောသည်။

မြန်မာနိုင်ငံသည် လေကြောင်းခရီးစဉ်များ၊ အများပြည်သူ စုဝေးမှုများကို ဆိုင်းငံ့ပြီး တနိုင်ငံလုံးတွင် တစိတ်တပိုင်း ပိတ်ဆို့လော့ဒေါင်းချခြင်းနှင့် အခြားအစီအမံများကို အကောင်အထည်ဖေါ်ပြီး အစိုးရတဖွဲ့လုံး ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းကို အသုံးပြုကြောင်း ဒေါက်တာ စတီဖင် ပေါလ် ဂျော့စ်ထ် ပြောသည်။ ထိုအစီအမံများသည် ပြည်သူ့ကျန်းမာရေး အသင့်ဖြစ်မှု တောင့်တင်းရန် တနိုင်ငံလုံး မည်သို့ အစွမ်းကုန် လုပ်ခဲ့သည်ကို ပြသသည့် ဥပမာများဖြစ်ကြောင်းပြောသည်။

သို့သော် လက်ရှိအချိန်တွင်မူ စစ်အာဏာသိမ်းမှုကြောင့် ထိုသို့သော ယန္တရားများ ပျောက်ကွယ်နေဆဲဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာပြည်သူများသည် အန္တရာယ်အများဆုံး ရာစုနှစ်တခုတွင် တကြိမ်သာ ကြုံရသည့် ကပ်ရောဂါအတွင်းတွင် ဆိုးနိုင်သမျှ အဆိုးဆုံး အုပ်ချုပ်သူကို ရခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသည့် စစ်ကောင်စီသည် နိုင်ငံကို စီမံနိုင်သည့် စွမ်းရည် မရှိကြောင်း လပိုင်းအတွင်း ပြသပြီးဖြစ်သည်။

လက်တွေ့ကျကျပြောရပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသည့် စစ်ကောင်စီသည် နိုင်ငံကို စီမံနိုင်သည့် စွမ်းရည် မရှိကြောင်း လပိုင်းအတွင်း ပြသပြီးဖြစ်သည်။ သူသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အရာရာတွင် သူ၏ ဆရာသမားများဖြစ်သည့် ယခင်စစ်အာဏာရှင်များ၏ ညံဖျင်းမှုထက်ပင် ပိုမိုညံ့ဖျင်းနေသည်။ ထို့ကြောင့်ပင် သူသည် အဆိုးရွားဆုံး စစ်အာဏာရှင်အဖြစ် မြန်မာပြည်သူများက မြင်ကြခြင်းဖြစ်သည်။

ကိုဗစ် တတိယလှိုင်းတိုက်ဖျက်မှုနှင့်ပတ်သက်ပြီး ပြည်သူအများအပြားက ၎င်းတို့၏ နိုင်ငံရေးအမြင်ကို လူမှုကွန်ရက်တွင် ရေးသားကြသည်။ “စစ်အာဏာသိမ်းမှုတိုက်ဖျက်ဖို့ တော်လှန်ရေးလိုတယ်။ ကိုဗစ်ကို တိုက်ဖျက်ဖို့ အောက်ဆီဂျင်လိုတယ်” ဟု ရေးသားကြသည်။ ထိုရေးသားမှုက ၎င်းတို့သည် စစ်အာဏာသိမ်းမှု ကိုသာမက ကိုဗစ်ကိုပါ အရှုံးပေးမည်မဟုတ်ကြောင်း ပြသနေသည်။

နိုင်ငံရေးသည် အရာရာကို အဆုံးအဖြတ်ပေးသည်။ နိုင်ငံရေးစနစ်တခု သို့မဟုတ် ၎င်း၏တည်ငြိမ်မှုပျက်စီး သွားသောအခါ အရာရာပြိုကွဲပျက်စီးရသည်။

နိုင်ငံတွင် ကိုဗစ် တတိယလှိုင်းဖြစ်ပေါ်နေသောကြောင့် CDM တွင် ပါဝင်နေသော ကျန်းမာရေးလုပ်သားများသည် ဆေးရုံဆေးခန်းများတွင် ဝင်ရောက်အင်အားဖြည့်သင့်သည်ဟု စစ်ကောင်စီ အညံ့ခံရေးသမားအချို့က ပြောသည်။ သို့သော် ကျန်းမာရေးလုပ်သားအများအပြားကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသောကြောင့် ထိုသို့ မလုပ်နိုင်ကြပေ။

(ဦး) မင်းအောင်လှ်ိုင် အာဏာစွန့်လွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်လျှင် ကျန်းမာရေးလုပ်သားများသာမက စေတနာ့ဝန်ထမ်းများ၊ ယခင်အစိုးရခေတ်က ကိုဗစ်လူနာများအတွက် နိုင်ငံတဝှမ်းလုံးတွင် ကုသရေးဌာနများတည်ဆောက်ရန် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအပါအဝင် ပြည်သူတရပ်လုံးသည် ယခင်က ၎င်းတို့လုပ်ခဲ့သည့်အတိုင်း ကိုဗစ် တတိယလှိုင်းကို တိုက်ဖျက်ရန် ပြန်လာကြမည်ဟု Facebook အသုံးပြုသူအများအပြားက ရေးသားကြသည်။

ထိုဖေါ်ပြချက်သည် ပြည်သူများ၏ တုံ့ပြန်မှုဖြစ်ပြီး ၎င်းတို့ အမှန်တကယ်မြင်တွေ့လိုသော အခြေအနေဖြစ်သည်။ သို့သော် လိုရာဆွဲတွေးခြင်းလည်း ဖြစ်နေပြန်သည်။

ပကတိအခြေအနေမှာ မြန်မာနိုင်ငံသည် ကောက်ကျစ်သော စစ်ကောင်စီနှင့် အကျည်းတန်လှသော ကပ်ရောဂါကို တပြိုင်တည်း ရင်ဆိုင်နေရသည်။

သို့သော် မြန်မာနိုင်ငံသည် ၁၉ ရာစုမှ စတင်သည့် ကိုလိုနီခေတ်ရာစုတခု၊ ၁၉၄၈ ခုနှစ်နောက်ပိုင်း နှစ် ၇၀ ကြာ ပြည်တွင်းစစ်နှင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်အာဏာရှင်စနစ် ရာစုဝက် စသည့် အမှောင်ခေတ်များစွာကို ဖြတ်သန်းရှင်သန်ခဲ့ပြီးနောက် ခံနိုင်ရည်ရှိနေပြီးဖြစ်သည်။

(နိုင်ခေတ်သည် နိုင်ငံရေးဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ သူ၏Myanmar Hit by the Two Cs—Coup d’Etat and COVID-19 ကို ဘာသာပြန်သည်။)

You may also like these stories:

ကျန်းမာရေးနှင့် သုဿာန်က သေစာရင်း အဆမတန် ကွာဟနေ

ကိုဗစ် တတိယလှိုင်းကြား မြန်မာနိုင်ငံ ကျရှုံးနေသည်

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

ပဲခူးနှင့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဖြစ်နေ

Your Thoughts …
Tags: ကပ်ဆိုး ၂ ပါးကိုဗစ်တတိယလှိုင်းစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာပြည်ရင်ဆိုင်နေရသည်
နိုင်ခေတ်

နိုင်ခေတ်

Contributor

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အလှမယ် သူဇာဝင့်လွင်  / Thuzar Wint Lwin's Facebook

လန်ဒန်မှာ Modeling အလုပ် ဆက်လုပ်ကိုင်သွားမယ့် သူဇာဝင့်လွင်

၂၀၂၁ ဇူလိုင်လသည် မြန်မာနိုင်ငံတွင် ကပ်ရောဂါကြောင့် သေဆုံးမှု အများဆုံးလဖြစ်ပြီး ၃ ပတ်အတွင်း လူ ၂၀၀၀ ကျော်သေဆုံးသည်

စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved