• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၃

by မွန်မွန်မြတ်
17 August 2024
in Politics, သူ့အတွေး သူ့အမြင်
A A
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၃

ရန်ကုန်မြို့လယ်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေသော လူငယ်များ/ ဧရာဝတီ

1.9k
VIEWS
Share on FacebookShare on Twitter

နှလုံးရည်တော်လှန်ရေး၊ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွဲပြောရင် ရယ်ပွဲဖွဲ့ကြသူတချို့လည်း ရှိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်လမ်းစဉ်လို့ တွင်တွင်ပြောပြီး ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တာကိုကျတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အထိသွားပြီး စစ်တပ်ဘက်က ခုခံချေပတဲ့သူ၊ အပြောတမျိုး အလုပ်တမျိုး ဟစ်ပိုခရက်လို့ မြင်တဲ့သူတွေလည်း အများကြီးပါပဲ။

ဒီလိုမြင်တဲ့သူတွေအတွက် ပြောစရာစကားတော့ သိပ်မရှိလှပါဘူး။ သူတို့ဟာ သတင်းခေါင်းစဉ်ကိုတောင် မှန်မှန်ကန်ကန် မဖတ်တတ်တဲ့သူတွေလို့ပဲ ပြောရမှာပါပဲ။

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် ခေါင်းစဉ်မှာ “လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုခံချေပ” (International Court of Justice: Aung San Suu Kyi defends Myanmar from accusations of genocide) လို့ ရေးထားပါတယ်။ သတင်းခေါင်းစဉ်ကိုတောင်မှ မှန်မှန်ကန်ကန် မဖတ်နိုင်တဲ့သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချေပချက်အပြည့်အစုံကိုလည်း နားလည်ဖို့ ကြိုးစားမှာ၊ နားလည်အောင် နားထောင်မှာ မဟုတ်တာ သေချာပါတယ်။

အဲဒီသတင်းရဲ့ ကောက်စာထဲမှာလည်း “ရခိုင်ပြည်နယ်မှာ စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ် ဆိုရင်လည်း လုံးဝသည်းခံမှာ မဟုတ်ဘဲ တရားစွဲဆိုသွားမှာ ဖြစ်တယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကိုလည်း အတိအကျ ထုတ်နုတ် ဖော်ပြထားပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
373
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
157
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.2k

မြန်မာဘုရင်ခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့ အယူအဆအတိုင်းပါပဲ။ စစ်ဘုရင်တိုင်းဟာ သူတို့က ရန်သူလို့ သတ်မှတ်တဲ့သူတွေဆိုရင် ဆွေစဉ်ခုနစ်ဆက် မျိုးစဉ်ခုနစ်ဆက် သတ်ဖြတ်ပစ်ဖို့ ဝန်မလေးပါဘူး။

မြန်မာဘုရင်ခေတ်ကတည်းက ကျင့်သုံးခဲ့တဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့ အယူအဆအတိုင်းပါပဲ။ စစ်ဘုရင်တိုင်းဟာ သူတို့က ရန်သူလို့ သတ်မှတ်တဲ့သူတွေဆိုရင် ဆွေစဉ်ခုနစ်ဆက် မျိုးစဉ်ခုနစ်ဆက် သတ်ဖြတ်ပစ်ဖို့ ဝန်မလေးပါဘူး။ ရိုဟင်ဂျာတင် မဟုတ်ဘူး၊ ဗမာအပါအဝင် တနိုင်ငံလုံးက ဆန့်ကျင်ပုန်ကန်သူတွေဟာ စစ်အုပ်စုအတွက်တော့ “ရန်သူလူမျိုး” ပါပဲ။

ဒါကို လူမျိုးတုံးသတ်ဖြတ်မှုလို့ ခေါ်မယ်ဆိုရင်တော့ စစ်အုပ်စုက မြန်မာနိုင်ငံအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုသာ ဖြစ်တယ်။ မြန်မာက ရိုဟင်ဂျာအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ဘူးဆိုတာကို ဒီကနေ့ ကမ္ဘာက ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။

ဒါပေမယ့် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ ရုရှားကျူးကျော်စစ်နဲ့ ဂါဇာစစ်မီးတွေ တောက်လောင်လာကတည်းက ကမ္ဘာ့မီဒီယာတွေဟာ ရိုဟင်ဂျာကိုရော မြန်မာကိုပါ မေ့ထားလိုက်ကြပါပြီ။ လတ်တလော ရေပန်းစားနေတဲ့ ကမ္ဘာ့သတင်းခေါင်းစဉ်တွေ နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားကြပါပြီ။

၂၀၁၇ ခုနှစ်က စစ်တပ် တိုက်ခိုက်လို့ လူထောင်ချီသေဆုံးပြီး ရိုဟင်ဂျာ ၇ သိန်းကျော် ဘေးလွတ်ရာ ပြေးခဲ့ကြရတာကြောင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်တယ်လို့ စွဲချက်တင်ခဲ့တဲ့ ကမ္ဘာကြီးက ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လေယာဉ်နဲ့ဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ရွာလုံးကျွတ် မီးရှို့တာတွေကြောင့် ဘေးလွတ်ရာပြေးနေကြရတဲ့ လူ ၂ သန်းကျော်ကို စကားထဲ ထည့်မပြောကြတော့ပါဘူး။

ဒီတကြိမ် စစ်အုပ်စုရဲ့ တကျော့ပြန် အာဏာသိမ်းမှုက မြန်မာပြည်သူအများစု နှစ် ၃၀ လောက် ကိုင်စွဲခဲ့ကြတဲ့ အကြမ်းမဖက်လမ်းစဉ်ကိုပါ ရိုက်ချိုးပစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်က လုပ်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ အယုံအကြည် မရှိကြတော့ပါဘူး။

ဒီတကြိမ် စစ်အုပ်စုရဲ့ တကျော့ပြန် အာဏာသိမ်းမှုက မြန်မာပြည်သူအများစု နှစ် ၃၀ လောက် ကိုင်စွဲခဲ့ကြတဲ့ အကြမ်းမဖက်လမ်းစဉ်ကိုပါ ရိုက်ချိုးပစ်ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်က လုပ်မယ့် ဘယ်ရွေးကောက်ပွဲကိုမှ အယုံအကြည် မရှိကြတော့ပါဘူး။

စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ အတိုက်အခံအင်အားစုတွေ နာလန်မထူနိုင်အောင် ဖိနှိပ်မှုတွေက နိုင်ငံကို ကမောက်ကမ ဖြစ်စဉ်တွေဆီ ဦးတည်စေခဲ့တယ်။ နွေဦးတော်လှန်ရေးဟာ အဲဒီ မတရားသဖြင့် ဖိနှိပ်မှုတွေအောက်က ပေါ်ထွက်လာတဲ့ တော်လှန်ရေးပုံစံ အသစ်တခုပါပဲ။ ဒီတော်လှန်ရေးပုံစံအသစ်ကို တောင်းဆိုသူတွေဟာ ငယ်စဉ်ကတည်းက Warcraft Game တွေကို နှစ်နှစ်ခြိုက်ခြိုက် ကစားလာခဲ့ကြတဲ့ Net Generation မျိုးဆက်အသစ် ဖြစ်တယ်။

တခါက ဂိမ်းဆော့ရတာကို အင်မတန်နှစ်ခြိုက်တဲ့ သားတော်မောင်နဲ့ စကားစစ်ထိုးတဲ့အကြောင်း ကဗျာတပုဒ် ရေးဖူးပါတယ်။

ဂိမ်းမှဂိမ်းအစစ်ပဲ

သားသား ဂိမ်းဆော့နေတာလား
ကင်မရာဟာ သေနတ်ပြောင်းဝပေါ်မှာပဲ စူးစိုက်လို့
ကျည်တတောင့်ထွက်တာနဲ့ မီးတချက် လင်းသွားတယ်
လူတယောက်ကျတာလား၊ အရုပ်တရုပ်ကျတာလား
ဂိမ်းတော့ဂိမ်းပဲ၊ ဒါပေမယ့် အသေအပျောက်များတယ်၊ သွေးထွက်သံယိုများတယ်
ဒါဟာ သွေးအေးအေးနဲ့ လူသတ်တမ်းကစားတဲ့နည်းပဲ

မဟုတ်ဘူး … မေမေ ဒါဟာ နည်းပညာဖွံ့ဖြိုးမှု
ဉာဏ်ရည်ဖွံ့ဖြိုးအောင် လုပ်ပေးတာ
ကိုယ့်ကိုယ်ကို ဘယ်လိုရှင်သန်အောင်လုပ်မလဲဆိုတာ လေ့ကျင့်ပေးတာ။

ဒီနွေဦးတော်လှန်ရေးရဲ့ ရှေ့တန်းမှာ မျိုးဆက်သစ် Gen Z Gamer တွေက ဘယ်လိုပုံစံနဲ့ တိုက်ပွဲဖော်ကြသလဲ။ သူတို့ရဲ့ တော်လှန်ရေးက ဘယ်လိုတော်လှန်ရေးမျိုးလဲ။ နောက်ဆုံးတပိုင်းမှာ ဆက်ရေးပါဦးမယ်။

(ဆက်လက်ဖော်ပြပါမည်။)

(မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။)

You may also like these stories:

နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၁

နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၂

ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်

မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု

Your Thoughts …
Tags: CDMGen ZNLDစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတော်လှန်ရေးဒေါ်အောင်ဆန်းစုကြည်နွေဦးတော်လှန်ရေးနှလုံးရည်တော်လှန်ရေးရိုဟင်ဂျာရွေးကောက်ပွဲလက်နက်ကိုင်လမ်းစဉ်လူမျိုးတုံးသတ်ဖြတ်မှုလေကြောင်းတိုက်ခိုက်မှုအကြမ်းမဖက်လမ်းစဉ်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာဖီဆန်မှုအိန္ဒိယဦးဘိုးလှိုင်
မွန်မွန်မြတ်

မွန်မွန်မြတ်

မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗိုလ်မှူးကြီးများ ရာထူးမတိုးရေး ဆုတောင်းနေရပြီ

ဗိုလ်မှူးကြီးများ ရာထူးမတိုးရေး ဆုတောင်းနေရပြီ

ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved