အောက်တိုဘာလ ၅ ရက်နေ့သည် “ကမ္ဘာ့ဆရာများနေ့” (World Teachers’ Day) ဖြစ်သည်။ ပညာရေး မြင့်မားရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သလို ကျောင်းဆရာ၊ ဆရာမတို့သည်လည်း ပညာရေးတွင် မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ယူနက်စကိုက ဦးဆောင်ပြီး ၁၉၉၄ ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးကဏ္ဍတွင် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်များကို ပြန်လည်သုံးသပ်ပြီး မှတ်ချက်ပြုရလျှင် မြန်မာ စစ်ခေါင်းဆောင်များသည် နိုင်ငံ၏ စစ်မှန်သော အမျိုးသားသစ္စာဖောက်ကြီးများ ဖြစ်ကြသည်ဟု သတ်မှတ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုပါသည်။
အမျိုးသားသစ္စာဖောက် စစ်အာဏာရှင် ခေါင်းဆောင်များ
နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေး၏ အရေးကြီးအခန်းကဏ္ဍကို သိရှိပါသည်။ သို့သော် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု မလုပ်ပါ။ လက်တွေ့ ကြိုးစားအားထုတ်မှုလည်း မရှိပါ။
နိုင်ငံတဝန်းရှိ စာသင်ကျောင်းများကို လေယာဉ်ဖြင့် လိုက်လံ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးနေသည်။ ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို ဗုံးကြဲသတ်ဖြတ်ခြင်းသည် နိုင်ငံကို သတ်ဖြတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းကြောင့် စစ်ကော်မရှင် (စကမ) အဖွဲ့ဝင်များ အားလုံးကို နိုင်ငံတော်သစ္စာဖောက်ကြီးများအဖြစ် သတ်မှတ်နိုင်ပါသည်။
ထို့ပြင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများကို လေယာဉ်ဖြင့် လိုက်လံ ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးနေသည်။ ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို ဗုံးကြဲသတ်ဖြတ်ခြင်းသည် နိုင်ငံကို သတ်ဖြတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်းကြောင့် စစ်ကော်မရှင် (စကမ) အဖွဲ့ဝင်များ အားလုံးကို နိုင်ငံတော်သစ္စာဖောက်ကြီးများအဖြစ် သတ်မှတ်နိုင်ပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့် အခမ်းအနားတွင် စကမ ဒုဥက္ကဋ္ဌ စိုးဝင်းက ပညာရေး၏ အရေးကြီးပုံကို ဩဂုတ်လ ၂၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် အကျယ်တဝင့် ဖော်ပြထားပါသည်။
“ပညာရေးသည် တဦးတယောက်အတွက်သာလျှင် အရေးပါခြင်းမဟုတ်ဘဲ လူ့ပတ်ဝန်းကျင် တည်ဆောက်ခြင်းနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွင်လည်း အဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း” စကမ ဒုဥက္ကဋ္ဌ စိုးဝင်းက ထည့်သွင်းပြောခဲ့သည်။
စကမ အဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည်လည်း “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရာ၌ ပညာရေးသည် “အခြေခံ အုတ်မြစ်” ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ အနာဂတ်အတွက် “အရေးပါဆုံး ရင်းနှီးမြှုပ်နှံမှု” ဖြစ်ကြောင်း၊ “ပညာမြင့်မှ လူမျိုးတင့်မည်” ဟူသောဆောင်ပုဒ်နှင့် မိန်းခွန်းခြွေသွားသည်ကို သြဂုတ်လ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖတ်ရသည်။
သို့သော်လည်း ပညာရေးအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ရေးတွင် တာဝန်ပျက်ကွက်ကြသည်။ ဥပမာ ၂၀၁၀ ပြည့်နှစ် အစောပိုင်းအထိ စစ်ခေါင်းဆောင်းများသည် နိုင်ငံ၏ ပညာရေးအတွက် ဘဏ္ဍာငွေ သုံးစွဲရာ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အနိမ့်ဆုံးဖြစ်နေသည်ကို The ASEAN Socio-Cultural Community ၏ သုတေသန မှတ်တမ်းက ဖော်ပြနေသည်။
သူများနိုင်ငံ၏ အစိုးရခေါင်းဆောင်များသည် ပညာရေးအတွက် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၂ ရာခိုင်နှုန်းအထက် သုံးစွဲပြီး ပညာရေးကို မြှင့်တင်နေစဉ်၊ မြန်မာစစ်ခေါင်းဆောင်များသည် ၁ ရာခိုင်နှုန်းပင် မပြည့်ဖြစ်နေသည်။ လူထုအပေါ်တွင် စေတနာ လုံးဝမရှိကြောင်း ဖော်ညွှန်းနေသည်။
သူများနိုင်ငံ၏ အစိုးရခေါင်းဆောင်များသည် ပညာရေးအတွက် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ ၂ ရာခိုင်နှုန်းအထက် သုံးစွဲပြီး ပညာရေးကို မြှင့်တင်နေစဉ်၊ မြန်မာစစ်ခေါင်းဆောင်များသည် ၁ ရာခိုင်နှုန်းပင် မပြည့်ဖြစ်နေသည်။ လူထုအပေါ်တွင် စေတနာ လုံးဝမရှိကြောင်း ဖော်ညွှန်းနေသည်။
စစ်တပ်နောက်ခံဖြင့် တက်လာသည့် အစိုးရသည် ပညာရေးအတွက် မည်သည့်အခါမှ အားပေးခဲ့ခြင်းမရှိဟု ဆိုနိုင်ပါသည်။
ဥပမာ ၂၀၁၄ ခုနှစ်တုန်းက စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ ဦးထွန်းမြင့်၏ “ဝေးလံခက်ခဲသောဒေသရှိ ပညာရေးဝန်ထမ်းများ၏ နွေရာသီအပြန်ခရီးစရိတ်အဖြစ် ထုတ်ပေးခဲ့သောငွေအား နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရန် ညွှန်ကြားခဲ့ခြင်း ရှိ/မရှိ” မေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က “ဝေးလံခက်ခဲသောဒေသရှိ ပညာရေးဝန်ထမ်းများ၏ နွေရာသီအပြန်ခရီး စရိတ်အဖြစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ထုတ်ပေးခဲ့သော ပညာရေးဝန်ထမ်းများ၏ နွေရာသီ အပြန်ခရီးစရိတ်အား နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရန် ညွှန်ကြားခဲ့ကြောင်း” ဝန်ခံဖြေဆိုခဲ့သည်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖတ်ရသည်။
ထို့ကြောင့် ပညာရေး၏ အရေးပါပုံကို သိသိကြီးနှင့် ပညာရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကို မလုပ်ဘဲ စစ်ရေးစရိတ်ကိုသာမြှင့်တင်ပြီး မိမိနိုင်ငံသားအချင်းချင်း သတ်ဖြတ်နေခြင်းသည် အမျိုးသားသစ္စာဖောက်များအဖြစ် သတ်မှတ်နိုင်သည်ဟု ယူဆမိပါသည်။

ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်လို
စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းပါတို့သည် တိုင်းပြည်စီးပွားရေးကို လက်နက်အားကိုးဖြင့် လိုသလို ခြယ်လှယ်၊ ချုပ်ကိုင်ပြီး ကျိကျိတက် ချမ်းသာကြွယ်ဝကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ သားသမီးများကို နိုင်ငံခြားကျောင်းများ၊ ပုဂ္ဂလိကကျောင်းများသို့ ပို့ထားနိုင်ကြပါသည်။ ထို့ကြောင့် ပြည်တွင်းပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်လိုသည့် စိတ်အာသီသ မရှိကြဟု သုံးသပ်နိုင်ပါသည်။
ပညာရေးမြင့်မားတိုးတက်လာလျှင် သူတို့၏ အာဏာစက်တည်မြဲမှုကို ထိခိုက်လာနိုင်သည်ဆိုသည့် အယူအဆမျိုးကြောင့် စစ်အာဏာရှင်ခေါင်းဆောင်တို့သည် ပညာရေးကဏ္ဍ တိုးတက်အောင် လက်တွေ့ကျကျ ဆောင်ရွက်လိုသောစိတ်ဆန္ဒ မရှိကြဟု ယူဆနိုင်ပါသည်။
“ပညာဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပင်ဖြစ်ကြောင်း” ဒုစစ်ခေါင်းဆောင် စိုးဝင်းက အဓိပ္ပာယ်ဖွင့်ပါသည်။ ထို့ကြောင့် လူထု ပညာရေးမြင့်မားလာမည်ကို ကြောက်ရွံ့နေပုံရပါသည်။ လူထု အသိဉာဏ်မြင့်မားလာလျှင် စစ်ခေါင်းဆောင်များ စိတ်တိုင်းကျအုပ်ချုပ်၍ မရမည်ကို စိုးရိမ် ကြပုံရသည်ဟု သုံးသပ်နိုင်ပါသည်။
ကျေးဇူးတင်ပါသည်
“ကမ္ဘာ့ဆရာများနေ့” သည် ဆရာ၊ ဆရာမများကို ကျေးဇူးတင်ဂုဏ်ပြုသောနေ့ဖြစ်သည်နှင့်အညီ စာရေးသူကို ပညာသင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများ အားလုံးကို ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုသည်။ ထို့အတူ ပြုစုပျိုးထောင်ပေးခဲ့ကြသည့် လက်ဦးဆရာများဖြစ်ကြသော မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ပါသည်။
တချိန်က ကျောင်းသူ ကျောင်းသားများဖြစ်ခဲ့ကြသော လူထုအားလုံးသည်လည်း ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးတင်ကြမည်ဟု ယုံကြည်မိပါသည်။
နာ သုံးနာပေါ် မှီခိုနေရဆဲ မြန်မာ့ပညာရေး
လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးအခြေအနေသည် ဆရာ၊ ဆရာမတို့၏ နာ သုံးနာ (စေတနာ၊ ဝါသနာ၊ အနစ်နာ) ပေါ် မှီခိုအားထားနေရဆဲဟု ဆိုလျှင် မှားမည်မထင်ပါ။ အစိုးရခေါင်းဆောင်လုပ်သည့် ပုဂ္ဂိုလ်တွေက ဆရာ၊ ဆရာမတို့ကို လုံလောက်သော လုပ်ခ၊ လစာ မပေးနိုင်၍ ဖြစ်ပါသည်။ လစာ ပမာဏကို အဓိကမထားဘဲ မိမိတို့၏ နာ သုံးနာကို အရင်းခံပြီး ကလေးများကို စာသင်ကြားပေးနေကြသော ဆရာ၊ ဆရာမတို့၏ ကျေးဇူးအပေါ် မှီခိုနေရ၍ ဖြစ်ပါသည်။
ဥပမာ မူလတန်းအဆင့် ဆရာ၊ ဆရာမတို့ကို ပေးထားသည့် စစ်ကော်မရှင်၏ လက်ရှိလစာသည် ကျပ် သုံးသိန်းခန့် ရှိပါသည်။ ဤလစာဖြင့် ရန်ကုန်တွင်ဆိုလျှင် ဝက်သား ၈ ပိဿာခွဲ၊ မြစ်ကြီးနားတွင် ၅ ပိဿာခွဲခန့် ဝယ်နိုင်ပါသည်။ ထိုသို့ဝယ်ပြီးလျှင် အခြားသောအရာအတွက် ငွေမကျန်တော့ပါ။ တနည်းအားဖြင့် ဤပမာဏသည် လက်ရှိကုန်ဈေးနှုန်းအရ ဆရာ၊ ဆရာမ၏ မိသားစုအတွက်မဆိုထားနှင့် ကာယကံရှင် ဆရာ၊ ဆရာမ တဦးတည်း အတွက်ပင်လျှင် လုံလောက်သော ပမာဏမဟုတ်သည်မှာ အားလုံး အသိပင်။
ဥပမာ မူလတန်းအဆင့် ဆရာ၊ ဆရာမတို့ကို ပေးထားသည့် စစ်ကော်မရှင်၏ လက်ရှိလစာသည် ကျပ် သုံးသိန်းခန့် ရှိပါသည်။ ဤလစာဖြင့် ရန်ကုန်တွင်ဆိုလျှင် ဝက်သား ၈ ပိဿာခွဲ၊ မြစ်ကြီးနားတွင် ၅ ပိဿာခွဲခန့် ဝယ်နိုင်ပါသည်။ ထိုသို့ဝယ်ပြီးလျှင် အခြားသောအရာအတွက် ငွေမကျန်တော့ပါ။ တနည်းအားဖြင့် ဤပမာဏသည် လက်ရှိကုန်ဈေးနှုန်းအရ ဆရာ၊ ဆရာမ၏ မိသားစုအတွက်မဆိုထားနှင့် ကာယကံရှင် ဆရာ၊ ဆရာမ တဦးတည်း အတွက်ပင်လျှင် လုံလောက်သော ပမာဏမဟုတ်သည်မှာ အားလုံး အသိပင်။
တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော စာရေးသူ၏ ကျေးရွာက ဆရာ၊ ဆရာမများ၏ လစာသည် ကျပ် ၁ သိန်း၊ ၁ သိန်းခွဲခန့် ဖြစ်ပါသည်။ ပုံမှန် မရှိပါ။
တချို့နေရာများ အထူးသဖြင့် တော်လှန်ရေးအင်အားစုများလည်း ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ခြင်းမရှိ၊ စစ်ကော်မရှင်လည်း ထိန်းချုပ်နိုင်မှု မရှိသောဒေသများတွင်ဆိုလျှင် ထို့ထက်ဆိုးပါသည်။ ကျောင်းသူ ကျောင်းသား မိဘများထံမှ ဝိုင်းဝန်းစုဆောင်းပြီး ထောက်ပံ့ပေးရသည့်အခြေအနေကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဆရာ၊ ဆရာမတို့၏ နာ သုံးနာအပေါ် မှီခိုနေရဆဲ မြန်မာ့ပညာရေးဟု သုံးသပ်ခြင်းဖြစ်သည်။

လူကောင်းကို မွေးထုတ်ပေးသောပညာရေး လိုအပ်
လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းသည် “လူကောင်း ရှားပါးမှုကြောင့်” ဖြစ်ကြောင်း ခရစ်ယာန် ဓမ္မဆရာ တဦးက ဟောပြောပွဲတခုတွင် ပြောခဲ့သည်ကို နားထောင်ခဲ့ဖူးပါသည်။ သူ့သုံးသပ်ချက်က ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ယူဆနိုင်ပါသည်။
ခေါင်းဆောင်များ၊ ဆရာ၊ ဆရာမများ စာသင်ကျောင်းများ၊ ဟောပြောပွဲများတွင် ဟောပြောကြသည့်အခါ “လူချွန် လူကောင်း” (သို့မဟုတ်) “လူတော် လူကောင်း” ဖြစ်ရမည်ဟူ၍ ပြောလေ့ရှိကြသည်ကို သတိရသည်။ တနည်း အားဖြင့် “လူချွန်”၊ “လူတော်”ကို ဦးစားပေးသည့် အယူအဆဖြစ်သည်ဟု ယူဆနိုင်ပါသည်။
“လူတော် လူကောင်း” မှ “လူကောင်း လူတော်” သို့ပြောင်းလဲ စဉ်းစားသင့်ပြီဟု ယူဆသည်။ စာရေးသူ၏ လုပ်ဖော်ကိုင်ဖက်တချို့က “ကောင်းပဲကောင်းပြီး မတော်လျှင် ဘာမှ သုံးစား၍ မရ” ဟု တုံ့ပြန်ကြသည်။ တော်ပဲတော်ပြီး မကောင်းသောလူ ဖြစ်မသည်ဆိုရင် လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ပို၍ ကြီးသည်ဟု ယူဆပါသည်။
လူကောင်းလည်းဖြစ်မည်၊ တော်လည်းတော်မည်ဆိုလျှင် အကောင်းဆုံးပင်။ သို့သော် လူကောင်းနှင့် လူတော် နှစ်ဦးထဲက တဦးကိုသာ ရွေးရမည်ဆိုလျှင် လူကောင်းကို ရွေးသင့်သည်။ လူကောင်းတယောက်က သူတပါးကို မကူညီနိုင်သည့်တိုင်အောင် ဒုက္ခပေးမည့် လူစားမျိုးမဟုတ်သောကြောင့်ဖြစ်သည်။ တနည်းအားဖြင့် သူတပါးကို ဒုက္ခပေးမည့် လူစားမျိုးထဲတွင် လူတော်သည် လူကောင်းထက်ပို၍ အလားအလာရှိသည်ဟု သုံးသပ်နိုင်ပါသည်။
မြန်မာနိုင်ငံကို ဦးဆောင်နေကြသော ခေါင်းဆောင်များသည် မိမိတို့လူထုအပေါ်၊ တိုင်းပြည်အပေါ်တွင် စေတနာမရှိကြသော လူတော်ကြီးများ ဖြစ်ကြသည်ဟု ပြောလျှင် မှားမည်မထင်ပါ။ နိုင်ငံ၏ နေရာဒေသအနှံ့တွင် သဘာဝသယံဇာတများကို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ပုံစံဖြင့်တူးဖော်ပြီး ကောင်းစားနေကြသည်။
မြန်မာနိုင်ငံကို ဦးဆောင်နေကြသော ခေါင်းဆောင်များသည် မိမိတို့လူထုအပေါ်၊ တိုင်းပြည်အပေါ်တွင် စေတနာမရှိကြသော လူတော်ကြီးများ ဖြစ်ကြသည်ဟု ပြောလျှင် မှားမည်မထင်ပါ။ နိုင်ငံ၏ နေရာဒေသအနှံ့တွင် သဘာဝသယံဇာတများကို အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ပုံစံဖြင့်တူးဖော်ပြီး ကောင်းစားနေကြသည်။
ပျက်စီးသွားသော သဘာဝပတ်ဝန်းကျင်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြဖို့ မည်သူမှ စိတ်ကူး မယဉ်ကြပါ။ စီးပွားရေးလုပ်ပိုင်ခွင့်များကို လက်ဝါးကြီးအုပ်ထားကြသည်။ ဤသည်မှာ လူထုအပေါ် စေတနာ မထားသော သာဓကအနည်းမျှသာ ဖြစ်သည်။

နိဂုံး
အချုပ်အားဖြင့်တင်ပြရလျှင် လူတဦးချင်း တိုးတက်ရေးအတွက်၊ နိုင်ငံတိုးတက်ရေးအတွက် ပညာရေးသည် မရှိမဖြစ် အရေးကြီးသော အရာဖြစ်သည်ကို အားလုံးသိရှိပြီး လက်ခံထားသည့် အချက်ဖြစ်သည်။ ထို့ကြောင့် လုံလောက်သော လုပ်ခ လစာ ပေးနိုင်အောင်ကြိုးစားခြင်းသည် ဆရာ၊ ဆရာမတို့၏ မွန်မြတ်သော စေတနာ၊ ထက်သန်သော ဝါသနာ၊ အနာခံ တတ်သော အနစ်နာ (နာ သုံးနာ) တို့ကို လက်တွေ့ကျကျ အသိအမှတ်ပြုရာရောက်သည်သာမက၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ရာရောက်ကြောင်းကို တင်ပြခြင်းဖြစ်သည်။
ထို့အတူ မိမိတို့တိုင်းပြည်နှင့် လူမျိုးအပေါ်တွင် စေတနာထားတတ်သော အနာဂတ်လူငယ်ခေါင်းဆောင်များ ပေါ်ထွန်းလာရေးနှင့် အချင်းချင်း အားပေးကူညီတတ်သော လူမှုအသိုင်းအဝန်းကို တည်ဆောက်နိုင်ရေးအတွက် လူကောင်းကို ဦးစားပေးသည့် “လူကောင်း လူတော်” အယူအဆဖြင့် သင်ကြားပို့ချပေးသည့် ပညာရေးကို ပြောင်းလဲကျင့်သုံးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
ကသောင်းကနင်း မြန်မာ့ပညာရေး ဘယ်လိုခရီးဆက်မလဲ
မြန်မာလူငယ်တွေ ရင်ဆိုင်နေရတဲ့ ပညာရေး ခရီးကြမ်း (ရုပ်/သံ)
မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်
စာသင်ကျောင်းများ ဖရိုဖရဲဖြစ်နေသောကြောင့် ပညာရေးတွင် စစ်ကောင်စီ ကျရှုံး
ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ
မြန်မာ့ပညာရေး အကျပ်အတည်းဆိုက်ဟု ကမ္ဘာ့ဘဏ်ပြော
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်
ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒကို မူကြမ်းရေးဆွဲထားပြီ













