• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ရှိသမျှဒေတာတွေကို တနေရာတည်းမှာ သိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ်

by Nigma
1 July 2018
in IT
A A
ရှိသမျှဒေတာတွေကို အများကြီးသိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ်

ရှိသမျှဒေတာတွေကို အများကြီးသိမ်းထားနိုင်မယ့် 128TB ဆံ့ SD ကတ်

7.4k
VIEWS
Share on FacebookShare on Twitter

မကြာမီအချိန်အတွင်း SD ကတ်သေးသေးလေး တခုတည်းမှာပဲ သင် နှစ်ရှည်လများစုဆောင်းထားတဲ့ ရုပ်ရှင်ကား၊ သီချင်း၊ ဓာတ်ပုံစတဲ့ များပြားလှတဲ့ ဒေတာတွေအားလုံးကို သိမ်းဆည်းထားနိုင်တော့မှာဖြစ်ပါတယ်။

မမ်မိုရီကတ်စံနှုန်းတွေကို ဖော်ဆောင်တဲ့ SD Association အဖွဲ့အစည်းဟာ SD Card စံနှုန်းအသစ်တခုဖြစ်တဲ့ SD 7.0 Specification အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခု Specification အသစ်မှာ SD Express နဲ့ SD Ultra Capacity (SDUC) ဆိုတဲ့ Feature အသစ်နှစ်မျိုးပါဝင်လာပြီဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
312
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
804
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

SD Express feature ဟာ လက်ရှိ SSD တွေမှာ အသုံးပြုနေတဲ့ မြန်နှုန်းမြင့် PCIe interface နဲ့ NVMe protocol တို့ကို ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး၊ ဒေတာကူးပြောင်းမှုမြန်နှုန်း တစက္ကန့် ကို 985MP အထိ ရှိမှာဖြစ်ပါတယ်။ ဒီလို အံ့သြဖွယ်ရာမြန်နှုန်းကြောင့် SD 7.0 Specification သုံးထားတဲ့ SD ကတ်တွေကို removalbe SSD တွေပုံစံမျိုးပါ အသုံးပြုလာနိုင်မှာပါ။

SD 7.0 ရဲ့ နောက်ထပ် Feature တခုဖြစ်တဲ့ SDUC မှာတော့ ဒေတာသိုလှောင်နိုင်မှုပမာဏကို အဆပေါင်းများစွာ မြှင့်တင်လိုက်ပြီး၊ အများဆုံးအနေနဲ့ 128TB အထိ သိုလှောင်နိုင်မှာဖြစ်ပါတယ်။ 2TB အထိပဲ အများဆုံးသိုလှောင်နိုင်တဲ့ လက်ရှိ SDXC Card တွေထက် Storage အများကြီးပိုလာတာပါ။

128TB အထိ များပြားတဲ့ပမာဏကြောင့် SD Express ကတ်တကတ်မှာ Full HD ရုပ်ရှင်ကားတွေချည်း ထည့်သိမ်း မယ်ဆိုရင်တောင် ဇာတ်ကားပေါင်း ၂၉,၀၀၀ လောက်ဆံ့ပြီး၊ တပုဒ်ကို 8MB လောက်ရှိတဲ့ သီချင်းတွေသိမ်းမယ်ဆိုရင် ပုဒ်ရေ ၁၆ သန်းအထိ သိမ်းထားနိုင်မှာဖြစ်ပါတယ်။

ဒီ့အပြင် Transfer Rate က 985MB/s ဆိုတော့ ကင်မရာတွေအနေနဲ့ Resolution အမြင့်စား Super-Slow motion ဗီဒီယိုတွေကို ရိုက်လာနိုင်မှာဖြစ်ပြီး၊ 8K Video ရိုက်ကူးမှုတွေ၊ 360-video ရိုက်ကူးမှုတွေမှာလည်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ရရှိလာမှာပါ။

“SD Express” ကတ်လို့ပဲ နာမည်ပေးထားတဲ့ ယခု SD ကတ်အသစ်တွေမှာ Pins နောက်တတန်း အသစ်ပါလာပေမယ့်၊ Backward Compatibility ဖြစ်တာကြောင့် လက်ရှိဈေးကွက်ထဲမှာရှိပြီးသား SD Hosts (SD Card Reader, Camera) စတဲ့ Device ပေါင်းသန်းချီမှာလည်း ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် မိမိလက်ပ်တော့၊ Camera စတဲ့ Device တွေကလည်း SD Express နည်းပညာအသုံးပြုနိုင်မှ တစက္ကန့် 985MB မြန်နှုန်းရရှိမှာဖြစ်ပြီး၊ မဟုတ်ရင်တော့ ပုံမှန်မြန်နှုန်းဖြစ်တဲ့ 50MB/s ကနေ 100MB/s ကြားပဲ သွားပါလိမ့်မယ်။

” SD Express ကတ်တွေဟာ ပိုမိုမြန်ဆန်တဲ့ Protocols တွေအသုံးပြုထားတဲ့ မမ်မိုရီကတ်တွေဖြစ်ပြီး၊ Removable SSD တွေအဖြစ် အသုံးပြုလာနိုင်မှာပါ”

“ဆန်းသစ်တီထွင်မှုအမြောက်အများအသုံးပြုထားတဲ့ SD 7.0 အသစ်ဟာ အနာဂတ်မှာထွက်လာမယ့် Speed နဲ့ Capacity အရမ်းလိုအပ်တဲ့ Applications တွေ၊ Devices အသစ်တွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှာလည်းဖြစ်ပါတယ်” လို့ SD Association ရဲ့ ဥက္ကဌဖြစ်သူ Hiroyuki Sakamoto က ပြောကြားခဲ့ပါတယ်။

Ref: Gadgets 360, Gary Explains

Your Thoughts …
Tags: SD ExpressSD Ultra Capacity
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
သူငယ်ချင်းတွေနဲ့ ဒီအရွယ်ထိ ပျော်လို့ကောင်းနေတာကြောင့် ရည်းစားမလိုသေးတာလည်း ပါပါတယ်။

အသက် ၃၀ တိုင်အောင် Single ဖြစ်နေပေမယ့် ကောင်းတဲ့အချက်များ

မယ်ဆိုင်လှိုဏ်ဂူထဲက ကျောင်းသားတွေ ကယ်ထုတ်နိုင်ရေး ဘယ်အဆင့် ရောက်နေပြီလဲ (ရုပ်/သံ)

မယ်ဆိုင်လှိုဏ်ဂူထဲက ကျောင်းသားတွေ ကယ်ထုတ်နိုင်ရေး ဘယ်အဆင့် ရောက်နေပြီလဲ (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
2.8k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.3k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate