ဒီနေ့ခေတ်မှာ လူတွေအတွက် အင်တာနက်ဟာ မရှိမဖြစ် အရာတခုလို့ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်က လူတော်တော်များများဟာ အင်တာနက်ကို အသုံးပြုကြပါတယ်။ အဲဒီထဲမှာမှ ဘယ်နိုင်ငံတွေဟာ အင်တာနက်အသုံးပြုသူဦးရေ အများဆုံးလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) တရုတ်နိုင်ငံ
ကမ္ဘာပေါ်မှာ အင်တာနက် အများဆုံးသုံးတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံမှာ နေထိုင်သူ လူဦးရေက ၁ ဘီလီယံကျော် ရှိပါတယ်။ အဲဒီ လူဦးရေထဲကမှ ၇၄၆ သန်းကျော်ကတော့ အင်တာနက်ကို အသုံးပြုကြပြီး မကြာသေးခင် နှစ်များအတွင်းကပဲ အင်တာနက် ကွန်ရက်တွေကို ထပ်မံ တိုးချဲ့ထားပါတယ်။ လူအများစုကတော့ အင်တာနက်ကို မိုဘိုင်းဖုန်းတွေနဲ့ အသုံးပြုကြပါတယ်။
(၂) အိန္ဒိယနိုင်ငံ
အိန္ဒိယကတော့ ကမ္ဘာပေါ်မှာ အင်တာနက်သုံးတဲ့ လူဦးရေ ဒုတိယ အများဆုံး နိုင်ငံ တနိုင်ငံပါ။ အိန္ဒိယ လူဦးရေရဲ့ ၆၉၉ သန်းကျော်က အင်တာနက် အသုံးပြုကြပါတယ်။ အများဆုံး အသုံးပြုသူတွေက မြို့ပြက လူတွေဖြစ်ပြီး ကျေးလက်ဒေသ အများစုကတော့ အင်တာနက်လိုင်း နှေးကွေးနေပါသေးတယ်။ အိန္ဒိယနိုင်ငံကလည်း တရုတ်နိုင်ငံလိုပဲ အင်တာနက်ကို မိုဘိုင်းဖုန်းတွေနဲ့ အသုံးပြုကြတာ များပါတယ်။
(၃) အမေရိကန်ပြည်ထောင်စု
အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ ၂၄၅ သန်းဟာ အင်တာနက် အသုံးပြုပြီး ဒီလူဦးရေ ပမာဏက နိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အင်တာနက် စတင်ခဲ့တဲ့ နေရာတခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုတဲ့ လူဦးရေ အများဆုံး နိုင်ငံတနိုင်ငံပါ။
(၄) ဘရာဇီး
ဘရာဇီးနိုင်ငံ လူဦးရေ ၁၂၃ သန်း ကျော်က အင်တာနက် အသုံးပြုကြပါတယ်။ ဘရာဇီးနိုင်ငံဟာ အင်တာနက်အသုံးပြုတာ စတုတ္ထ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အပြင် အင်တာနက် အသုံးပြုသူ အများစုကလည်း တနေကုန်နီးပါး အင်တာနက် အသုံးပြုလေ့ ရှိကြပါတယ်။ အများစုကတော့ Facebook အသုံးပြုကြတာပါ။
(၅) ဂျပန်
ဂျပန်နိုင်ငံဟာ ပဉ္စမမြောက် အင်တာနက် အများဆုံး အသုံးပြုတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး လူဦးရေ ၁၁၇ သန်းနီးပါးက အင်တာနက် အသုံးပြုပါတယ်။ ဂျပန်နိုင်ငံဟာ အစောပိုင်းကာလတွေကတည်းက အင်တာနက်အသုံးပြုခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ လောက်ကတည်းက မြန်နှုန်းမြင့် အင်တာနက်လိုင်း ရရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်မှာတော့ မိုဘိုင်းဖုန်းကနေ အင်တာနက် အသုံးပြုလို့ရအောင် တီထွင်နိုင်ခဲ့ပါတယ်။
ယနေ့ခေတ်မှာဆိုရင် ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလို သုံးစွဲသူဦးရေဟာ နှစ်တိုင်း ပိုမို တိုးလာခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကျေးလက်ဒေသတွေ အများစုကလည်း အင်တာနက်ကို သုံးစွဲလာနိုင်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပို တိုးလာခဲ့ပါတယ်။
Ref : worldatlas