• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ရုပ်ရှင်ကားကောင်းကြိုက်သူတွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ “Nocturnal Animals”

by ဟယ်လ်သင်
15 June 2018
in Entertainment
A A
Nocturnal Animals ရုပ်ရှင်ကား

Nocturnal Animals ရုပ်ရှင်ကား

5.7k
VIEWS
Share on FacebookShare on Twitter

ဒီတခါမှာတော့ IMDB rating (7.5) ရရှိထားတဲ့ Crime Drama အမျိုးအစား ဇာတ်ကားကောင်းလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဒါရိုက်တာ Tom Ford ကရိုက်ကူး ထားတာဖြစ်ပြီး မင်းသား Jake Gyllenhaal နဲ့ မင်းသမီး Amy Adams တို့အပါအဝင် မင်းသားကြီး Michael Shannon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားဟာ စာရေးဆရာ Austin Wright ရဲ့ “Tony and Susan” ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.8k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
876
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
616

ဇာတ်လမ်းအကျဉ်းကတော့ အနုပညာပြခန်းတခုရဲ့ ပိုင်ရှင်ဖြစ်သူ Susan (ဆူဆန်) ရဲ့အိမ်ကို ပါဆယ်ထုပ် တခု ရောက်နေပြီး ဖွင့်ကြည့်လိုက်တဲ့ အခါ ခင်ပွန်းဟောင်းဖြစ်သူ Edward ကနေ သူမဖတ်ဖို့ပို့ပေးလိုက်တဲ့ ဝတ္ထုစာမူကြမ်း တပုဒ်ပဲ ဖြစ်ပါတယ်။ စာမူကြမ်းရဲ့နာမည်က “Nocturnal Animals” လို့ အမည်ရပြီး စာအုပ်အဖုံးမှာတော့ “For Susan” (ဆူဆန် အတွက်) လို့ ရေးသားထားပါတယ်။

အနှစ် ၂၀ ကျော်ကြာ ဘာအဆက်အသွယ်မှ မလုပ်ခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်သူက ပို့ပေးလိုက်တဲ့ စာမူကြမ်းကို မဖတ်ချင်ပေမယ့် တယောက်တည်း အထီးကျန်နေတဲ့ သူမအဖို့တော့ ဒီစာမူကြမ်းကို ဖတ်ဖို့ကလွဲပြီး ဘာမှ ရွေးချယ်စရာ မရှိခဲ့ပါဘူး။

ဒီမှာတင်ပဲ စာအုပ်ထဲက ဇာတ်လမ်းက စပါတော့တယ်။ ဟေးစတင်းဟာ မိန်းမ၊ သမီးဖြစ်သူတို့နဲ့ မိသားစု ၃ ယောက်တို့ ကားမောင်းပြီး တက္ကဆက်ပြည်နယ်ကို ထွက်လာတဲ့လမ်းမှာ အမူးသမားတချို့နဲ့ဆုံပြီး ပြဿနာ ရှာခံခဲ့ရပါတယ်။ အမူးသမားတွေဟာ ကားမှန်တွေကို ရိုက်ခွဲပြီး သမီးဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ကို ဖမ်းဆီးခေါ်သွားပြီး ဟေးစတင်းကိုလည်း ကားတစီးနဲ့ သက်သက်ခွဲပြီး ခေါ်သွားရာကနေ ဟေးစတင်းကတော့ လမ်းမှာတင်ပဲ ထွက်ပြေး လွတ်မြောက်သွားပါတယ်။

မိန်းမနဲ့သမီးဖြစ်သူကို ရှာဖို့ပဲအားသန်နေတဲ့ ဟေးစတင်းကို အမူးသမားတွေကလည်း ပိုက်စိတ်တိုက် ရှာဖွေနေတဲ့ ဇာတ်ဝင်ခန်းကို ဖတ်ရှုနေတဲ့ Susan တယောက်ကတော့ စာအုပ်ဖတ်ရင်းနဲ့ ကယောင်ချောက်ချား ဖြစ်နေပါတော့တယ်။

စာအုပ်ထဲက ဇာတ်ကောင် ဟေးစတင်းနဲ့အတူ သူမကပါ လိုက်လံခံစားနေရပြီးတော့ စာအုပ်ထဲကဇာတ်လမ်းနဲ့ အပြင်က Susan တို့ရဲ့ဇာတ်လမ်းတို့ကို ဒါရိုက်တာက တပြေးညီ ပုံစံ ရိုက်ပြထားတာကြောင့် တခြားသောရုပ်ရှင်တွေနဲ့ ကွဲထွက် နေတဲ့ ရုပ်ရှင်ဇာတ်ကားကောင်း တကားလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ ဇာတ်လမ်း၊ ဇာတ်ကွက် တင်ဆက်ပုံ ဆန်းသစ်တာကြောင့် လူအများစု ကြိုက်လောက်မယ့် ဇာတ်ကားမျိုး မဟုတ်ပေမယ့် ရုပ်ရှင်ဇာတ်ကားကောင်း တကားကို လက်မလွှတ်ချင်သူတွေအနေနဲ့တော့ ကြည့်ဖြစ် အောင် ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ညွှန်းဆိုပေးလိုက်ပါတယ်။

Your Thoughts …
Tags: Nocturnal Animals ရုပ်ရှင်
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
အသက် ၃၇ နှစ် ပြည့်သွားပြီ ဖြစ်တဲ့ မင်းသား Chris Evans

မွေးနေ့ဆုတောင်း များစွာရရှိခဲ့တဲ့ မင်းသား Chris Evans ရဲ့ အသက် ၃၇ နှစ်ပြည့် မွေးနေ့

နှာခေါင်းရိုး ပြင်ထားတဲ့ သရုပ်ဆောင် ကျော်ကျော်ဗို / မန်းသူ

ဇာတ်ကရင်း ထိခိုက်မိတဲ့အတွက် နှာခေါင်းရိုး ပြင်ထားရတဲ့ ကျော်ကျော်ဗို

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate