Health

Night Cream လိမ်းပြီး အသားအရေ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းများ

တလောက စာရေးသူ အင်တာဗျူးတခု ကြည့်မိတော့ မော်ဒယ် မင်းသမီးတယောက် သူ့ရဲ့ အသားအရေ ထိန်းသိမ်းနည်းအတွက် Night Cream က အရေးပါကြောင်း ပြောပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း နေ့စဉ် အသားအရေ ထိန်းသိမ်းပေမယ့် ညဘက်ဆို ပျင်းပြီး မလုပ်ဖြစ်ပါဘူး။

ဒါပေမယ့် Night Cream ကို အသားအရေ ထိန်းသိမ်းသူများက မှန်မှန်သုံးဖို့ အကြံပြုကြတာကြောင့် Night Cream ရဲ့ အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဝေမျှရေးသား လိုက်ပါတယ်။

Night Cream လိမ်းခြင်းရဲ့ အကျိုးကျေးဇူးများ

Night Cream က သင့်မျက်နှာမှာ ခြောက်သွေ့နေတဲ့ နေရာကို အစိုဓာတ် ရစေပါတယ်။ အမြဲ ရေဓာတ် ပြည့်ဝနေစေဖို့ Night Cream က စွမ်းဆောင်ပေးနိုင်ပါတယ်။

– သင့်ရဲ့ မျက်နှာကို ချောမွေ့စေပါတယ်။
– သင့် အသားအရေအတွက် Collagen ကို တိုးစေပါတယ်။
– သွေးလည်ပတ်မှု အတွက်ပါ အထောက်အကူ ပြုနိုင်ပါတယ်။
– အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကို သက်သာစေပါတယ်။
– သင့် မျက်နှာကို နူးညံံ့စေပါတယ်။
– ဆဲလ်အသစ် ပြန်ဖြစ်ခြင်းကို အထောက်အကူပြုပြီး အရွယ်တင် နုပျိုလှပစေနိုင်ပါတယ်။
– Night Cream မှာ ပါဝင်တဲ့ ဓာတ်တွေကို သင့်အရေပြားက ညအချိန်မှာ ကောင်းကောင်း စုပ်ယူ နိုင်ပါတယ်။

ဘယ်လို Night Cream ရွေးချယ်ရမလဲ

Night Cream ရွေးချယ်တော့မယ်ဆိုရင် အရမ်းထူတာမျိုး မရွေးချယ်သင့်ပါဘူး။ ထူလွန်းတဲ့ Night Cream တွေက သင့်မျက်နှာချွေးပေါက်ကို ပိတ်ဆို့နေပါလိမ့်မယ်။ သင်က Hypo-allergenic ဖြစ်တယ်ဆိုရင် အနံ့မပါတဲ့ Night Cream ရွေးချယ်သင့်ပါတယ်။

Night Cream မှာဘာတွေ ပါဝင်သလဲ

Night Cream မှာ vitamin C, vitamin E, vitamin A, Jojoba oil, Olive oil, Apricot oil, နှင်းဆီရဲ့အဆီ၊ ရှားစောင်းလက်ပတ်၊ ပျားရည်၊ စံပယ်၊ ကိုလာဂျင်၊ Antioxidants, Amino acids, Peptides, Retinol, Anti နဲ့ အသက်အရွယ် ကြီးရင့်မှုကို လျှော့ချပေးနိုင်တဲ့ ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။

ဘယ်လို သုံးရမလဲ

Night Cream မသုံးခင် မျက်နှာ အရင်သစ်ပါ။ သင့်တော်တဲ့ ပမာဏယူပြီး မျက်နှာမှာ လိမ်းပါ။ ပြီးရင် စက်ဝိုင်း ပုံသဏ္ဍာန် နှိပ်နယ်ပေးပါ။ မျက်ခွံတွေအထိ Night Cream လိမ်းစရာ မလိုပါဘူး။

ဒါဆိုရင် Night Cream အကြောင်း တော်တော်လေး သိလောက်ပြီမို့ မသုံးရသေးရင် စပြီး သုံးကြည့်ပါနော်။ အချိန်တို အတွင်းမှာပဲ လှပလာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

Loading