• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိလပ်မြေစက်ရုံ အများစု ရပ်တန့်သဖြင့် ဈေး အဆမတန် တက်လာ

by ဧရာဝတီ
19 January 2022
in သတင်း
A A
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒဟတ်တောအုပ်စု အောင်သပြေရွာရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ၂၀၁၉ ခုနှစ်က မြင်ရစဉ် / ဧရာဝတီ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒဟတ်တောအုပ်စု အောင်သပြေရွာရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ၂၀၁၉ ခုနှစ်က မြင်ရစဉ် / ဧရာဝတီ

11.8k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံအများစု မလည်ပတ်နိုင်တော့သဖြင့် ဘိလပ်မြေဈေးနှုန်းမှာ တနှစ်အတွင်း ၅၀ ရာခိုင်နှုန်း ထိ ဈေးတက်လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလဆန်းမှစ၍ တအိတ်လျှင် ကျပ် တသောင်းဝန်းကျင် ဈေးပေါက်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အချို့ထံက သိရသည်။

အာဏာမသိမ်းခင် ဖေဖော်ဝါရီလအထိ ဘိလပ်မြေ တအိတ်လျှင် ကျပ် ၅၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ ဘိလပ်မြေ တအိတ်လျှင် ကျပ် တသောင်းဝန်းကျင် ဖြစ်လာပြီး၊ လျှပ်စစ်မီးမရသဖြင့် စက်ရုံများ မလည်နိုင်ခြင်းက အဓိက အကြောင်းအရင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

အမည်မဖော်လိုသော ဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးက “ပြည်တွင်းမှာ ဘိလပ်မြေစက်ရုံ အများစုက မလည်ပတ် နိုင်တော့ဘူး။ ရပ်နေကြပြီ။ ဒါကြောင့် ဈေးက ထိုးတက်သွားတာ ဒီဇင်ဘာလလောက်က စတာ။ စက်ရုံတွေကို လျှပ်စစ် မီး မပေးနိုင်တော့ စက်ရုံအများစုက ရပ်သွားတာ၊ ဒီဇယ်နဲ့ လည်ပတ်ဖို့ကလည်း မလွယ်ဘူး။ နောက်တခါ ဝန်ထမ်းတွေ စီဒီအမ်ကြောင့်လည်း ပါတယ်” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက်ရှိ ဘိလပ်မြေဈေးများမှာ အသုံးပြုမှုများသော ဆင်နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေ တအိတ် ၁၀၅၀၀ ကျပ်၊ အယ်လ်ဖာတအိတ်လျှင် ၉၅၀၀ ကျပ်၊ ကြံ့နှစ်ကောင်တံဆိပ် ဘိလပ်မြေ တအိတ် ၉၈၀၀ ကျပ်၊ အပါချီတံဆိပ်မှာ ၉၃၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိသည်။

ပြည်တွင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှင် တဦးက “အရင်ကဆို ဆင်နှစ်ကောင် တံဆိပ်တောင် ၅၅၀၀ လောက် ပဲ ရှိတာ။ အခုက ၁ သောင်းကျော်။ အရင်က တအိတ် ၅ ထောင်ဝန်းကျင်နဲ့ ရတာကို အခု ၈၀၀၀ အောက်တောင် မရှိ တော့ဘူး။ ဈေးကွက်မှာ ပစ္စည်းတွေလည်း ပြတ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ရက်က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရပ်နားထားရသည့် Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံ ပြန်လည် လည်ပတ်ရေး မွန်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင် သွားရောက် ကြည့်ရှု ခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကျဆင်းနေရခြင်းမှာ ဓာတ်အားထုတ် စက်ရုံများ လည်ပတ်ရာတွင် အသုံးပြုသည့် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာခြင်း၊ ပြည်တွင်း ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းအား ပြုပြင်နေခြင်းနှင့် တာဝါတိုင်များ မိုင်းခွဲခံရသည့်အတွက် ဖြစ်ကြောင်း ဇန်နဝါရီလ ၆ ရက် စစ်ကောင်စီဘက်က သတင်း ထုတ်ပြန် ထား သည်။

၂၀၁၈ခုနှစ်က မော်လမြိုင်ရေဘေးအတွက် ထိုင်းနိုင်ငံ အခြေစိုက် SCG ဘိလပ်မြေကုမ္ပဏီက လှူဒါန်းသည့် ဘိလပ်မြေအိတ်များ

အလားတူ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေး ရုံးမတက်လှုပ်ရှားမှု (CDM) တွင် ဘိလပ်မြေ စက်ရုံ၌ အလုပ်လုပ်နေသော ဝန်ထမ်း အများစုလည်း ပါဝင်ခဲ့ခြင်းကလည်း အကြောင်းအရင်းတခုဖြစ်သည်။

ဘိလပ်မြေဈေးနှုန်းများ နှစ်ဆနီးပါး ဈေးတက်သွားခြင်းကြောင့် လက်ရှိ တည်ဆောက်နေသော ဆောက်လုပ်ရေး လုပ် ငန်းများ တွက်ခြေမကိုက် ဖြစ်နေကြပြီး၊ လုပ်လက်စလုပ်ငန်းများ ပြီးဆုံးပါက ဆက်လက် လုပ်ဆောင်နိုင်မည် မဟုတ် ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အုတ်၊သဲ၊ ကျောက် ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင်တဦးကလည်း “ဈေးကွက်ကတော့ သိပ် မတည်ငြိမ်ဘူးဗျ။ မနက်တမျိုး ညတမျိုးနဲ့ ကျပ် ၁၀၀၊ ကျပ် ၂၀၀ လောက် ကစားနေတယ်။ ကျလည်း ကျပ် ၁၀၀၊ ၂၀၀၊ တက်လည်း ကျပ် ၁၀၀၊ ၂၀၀ ပေါ့။ ဘိလပ်မြေကတော့ သူ့အမျိုးအစားပေါ် မူတည်ပြီးတော့ ဈေးကွာတယ်။ ပြည်ပက သွင်းတာတော့ ဆင်တမျိုးပဲရှိတယ်။ သူကတော့ တအိတ်ကို ကျပ် ၁ သောင်းလောက် ရှိတယ်။ အဝယ် လည်းကျဲသလို ပစ္စည်းအဝင်ကလည်း နည်းတယ်။ အဲ့ဒီတော့ ဈေးနူန်းတွေ ကွာဟသွားတဲ့ တာဗျ”ဟု ပြောသည်။

ပြည်ပမှ SCG ဆင်တံဆိပ် ဘိလပ်တမျိုးသာရှိပြီး ပြည်တွင်းထုတ် ဘိလပ်မြေများမှာ အယ်လ်ဖာ၊ ကြံ့နီ၊ မြင်းခေါင်း အစရှိသဖြင့် တံဆိပ်များစွာရှိပြီး လက်ရှိတွင် ဈေးကွက်အတွင်းသို့ ပြည်တွင်းထုတ် ဘိလပ်မြေများကလည်း ယခင် ထက် သိသိသာသာ ဝင်ရောက်မှု နည်းပါးနေ ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၇ ရုံနှင့် နိုင်ငံပိုင် စက်ရုံ ၃ရုံ ရှိပြီး တနှစ်လျှင် တန်ချိန် ၉ သန်း အထိ ထုတ်လုပ်နိုင်သည်ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောဆိုကြပြီး တနိုင်ငံလုံး ဘိလပ်မြေ လိုအပ်ချက်မှာ တနှစ်လျှင် တန်ချိန် ၁၁သန်းခန့်ရှိရာ ပြည်ပမှနေ၍ နှစ်စဉ် တန်ချိန် ၁ သန်းခန့် တင်သွင်းနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်က မန္တလေးတိုင်း သာစည်မြို့နယ် ပြည်ညောင်ကျေးရွာအနီး Yadanar Sai Kaung Myat Kyaw Mining Co.Ltd မှ နေ၍ တနေ့လျှင် ဘိလပ်မြေ တန် ၆၀၀၀ ကျ စက်ရုံ တိုးချဲ့ တည်ဆောက်နေကြောင်း စစ်ကောင်စီထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

You may also like these stories:

မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

Your Thoughts …
Tags: ဘိလပ်မြေဘိလပ်မြေ စက်ရုံလျှပ်စစ်မီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

(အပေါ် လက်ဝဲမှ လက်ယာသို့) အာဏာရှင်ဟောင်း ဦးသန်းရွှေ, လက်ထောက်ဟောင်း ဦးမောင်အေး, (အောက်ခြေ လက်ဝဲမှ လက်ယာသို့) သမ္မတဟောင်း ဦးသိန်းစိန်, ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

by ဧရာဝတီ
19 March 2022
22.1k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဦးသန်းရွှေသည် စစ်ကောင်စီထိန်းချုပ် မီဒီယာတွင် ပါဝင်လာသည်မှာ ၂ ကြိမ် ရှိပြီဖြစ်သည်

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

by လျှပ်စီး
6 January 2025
4.7k

ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။

စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ

စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ

by ဧရာဝတီ
31 May 2024
2.9k

ရခိုင်ပြည်နယ်အတွင်း ဒေသအချို့ကို အာဏာသိမ်းစစ်ကောင်စီ လက်လွတ်ခဲ့ရပြီးနောက်ပိုင်း မြို့တော်စစ်တွေကို ခံစစ်ပြင်ဆင်ကာ မြို့ကို ပိတ်ဆို့ထားပြီး ရပ်ကွက်နေပြည်သူများကို လူဖမ်းပွဲပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။

ဘိလပ်မြေ ဈေးမြင့်၍ ဝယ်ရန် ခက်နေ

ဘိလပ်မြေ ဈေးမြင့်၍ ဝယ်ရန် ခက်နေ

by ဧရာဝတီ
12 April 2025
2.7k

ငလျင် လှုပ်ခတ်ပြီးနောက်တွင် အမျိုးအစား ပေါ်မူတည်၍ တအိတ်လျှင် ကျပ် ၃၇၀၀၀ မှ ကျပ် ၄၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိ အရောင်း ဆိုင်တချို့မှာ ဘိလပ်မြေအဝင်မရှိသဖြင့် အရောင်းပိတ် ထား

ကွန်လုံ ဟူသည်မှာ…

ကွန်လုံ ဟူသည်မှာ…

by သိန်းဖေမြင့်
10 December 2023
2.5k

နမ့်နင်းချောင်းက သံလွင်ထဲစီးဝင်ပြီး အနောက်မှ အရှေ့သို့ ၄ မိုင်ကျော်ကျော် စီးဆင်းခဲ့ရာ မြောက်မှ တောင် သို့ မစီးမီကလေးတွင် နမ့်တင်း ဟူသော အခြား ချောင်းတချောင်းသည် သံလွင်မြစ်ထဲသို့ စီးဝင်ပြန်လေသည်။ ထိုသို့ စီးဝင် ရာ၌...

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

by ဧရာဝတီ
4 December 2023
2.5k

စစ်ကောင်စီက ခွဲတမ်းနှင့် စက်သုံးဆီ ရောင်းချပေးရာမှ ရပ်ဆိုင်းလိုက်သဖြင့် ဆီရရှိမှုခက်ခဲကာ ကုန်ထုတ် လုပ်ငန်းများ ရပ်ဆိုင်းလာနိုင်ကြောင်း

Next Post
ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတတွင်း / မြစ်ကြီးနားဂျာနယ် 

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

မြိုင်တွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ် (ရုပ်/သံ)

မြိုင်တွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved