• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် မန္တလေးအခြေစိုက် ယာဉ်လိုင်းတချို့ ရပ်နားလာကြ

by ဧရာဝတီ
28 January 2022
in သတင်း
A A
မန္တလေးမြို့ရှိ ကားဝင်းတချို့  / ဧရာဝတီ

မန္တလေးမြို့ရှိ ကားဝင်းတချို့ / ဧရာဝတီ

8.6k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့မှတဆင့် ပြည်နယ်နှင့် တိုင်းများသို့ ပြေးဆွဲနေသည့် အဝေးပြေး ယာဉ်လိုင်းများနှင့် ကုန်စည်ပို့ဆောင်ရေး အသင်းအချို့သည် သယ်ဆောင်ရမည့်ပစ္စည်းများကို ကန့်သတ်ထားခြင်းနှင့် စစ်ဆေးရေးဂိတ်များက သိမ်းဆည်းမှုများ ကြောင့် ယာဉ်လိုင်း ပြေးဆွဲမှုများကို ရပ်နားထားကြသည်ဟု ယာဉ်လိုင်း ပိုင်ရှင်များထံက သိရသည်။

မန္တလေးအခြေစိုက်ကာ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ကချင်၊ ကယား၊ ရခိုင်၊ ချင်း၊ ရှမ်းပြည်နယ်သို့ ပြေးဆွဲနေသော အဝေး ပြေး ယာဉ်လိုင်းများနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်း ၁၉ မျိုးကို သယ်ယူပို့ဆောင်ခွင့် ကန့် သတ်ထားကြောင်း ထုတ်ပြန်ချက် ပျံ့နှံ့လာပြီးနောက် ခရီးသည်တင်ယာဉ်လိုင်း ၅ လိုင်းနှင့် ကုန်စည်ပို့ဆောင်ရေး ယာဉ် အသင်း ၃၀ ကျော်ခန့် ယာယီ ရပ်နားထားကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ပြောသည်။

မန္တလေးအခြေစိုက် ကုန်တင်ယာဉ် အသင်းတခုမှ ဂိတ်တာဝန်ခံတဦးက “လက်ရှိမှာတော့ ကျနော်တို့ဆီကို စာထုတ်ပြီး တရားဝင် အကြောင်းကြားလာတာမျိုး မဟုတ်ပေမယ့် လိုင်းပေါ်မှာ ပျံ့နေတဲ့အတိုင်း အဲဒီ ကုန်ပစ္စည်းတွေကို လက်မခံဖို့နဲ့ လက်ခံလို့ လမ်းမှာ စစ်ဆေးတွေ့ရှိရင် ကုန်ပစ္စည်း အသိမ်းခံရနိုင်တဲ့အပြင် ကားနဲ့ လူကိုပါ ဖမ်းလို့ ရတယ်ဆိုတာမျိုးတော့ ယကက (မန္တလေးတိုင်း ပုဂ္ဂလိက ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ- အဝေးပြေး) အဖွဲ့တွေက လာပြောသွားတာ ရှိတယ်” ဟု ပြောသည်။

ကုန်ပစ္စည်း ကန့်သတ်မှုများ အနေဖြင့် ဖုန်း (၂ လုံးထက် ပို၍ မရ) နှင့် ဆက်စပ်ပစ္စည်းများ၊ လပ်တော့ ကွန်ပျူတာ (၂ လုံး ထက် ပို၍ မရ)၊ CCTV ၊ ဒရုန်း၊ ကင်မရာ၊ ဘက်ထရီနှင့် ဓာတ်ခဲများ၊ မှန်ဘီလူး၊ မှန်ပြောင်း၊ လျှပ်စစ်မီးအိမ်၊ ဓာတ်မီး၊ စကားပြောစက်၊ ဝါယာကြိုး၊ ရွှေထည်ပစ္စည်း၊ ကော်/စတီးနှင့် သံထည် ပစ္စည်းများ၊ ရေပိုက် (ကော်၊ စတီး၊ သံ)၊ အက်စစ်၊ ယမ်းမှုန့်၊ သစ်သား၊ ကျောက်တုံး၊ မီးသွေး၊ အဝတ်အထည် (အများအပြား- ဘေထုပ် အပါအဝင်)၊ ပြောက်ကျား တူညီ ဝတ်စုံ၊ အစားအသောက်၊ အကြော်အလှော် (အများအပြား) တို့ကို တင်ဆောင်ခွင့် မပြုကြောင်း ပျံ့နှံ့လျက်ရှိသည်။

မန္တလေး-မုံရွာ ပြေးဆွဲနေသည့် ယာဉ်လိုင်းတခုမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ယာဉ်လိုင်းက ပါဆယ်လက်ခံတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၊ ပျောက်ဆုံးရင် ပစ္စည်းတန်ဖိုး ပေးလျော်မယ်ဆိုတာ မူတခုအနေနဲ့ ရှိပါတယ်။ အခုက လမ်းမှာ စစ်ဆေးရေးဂိတ်တွေက လက်ခံစာရင်း ပြရုံနဲ့ မရတော့ဘူး။ အကုန် ဖောက်စစ်တာဆိုတော့ ပါဆယ် တန်ဖိုး လျော် ရမှာထက် ကျနော်တို့အတွက် အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေမို့ ကုန်စည် လက်ခံတာကို နားထားပါတယ်။ ခရီးသည် သီးသန့်ပဲ တင်တော့တယ်” ဟု ပြောသည်။

ယင်းသို့ အီလက်ထရောနစ် ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်း ၁၉ မျိုးကို သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းအပေါ် ၎င်းတို့ ညွှန်ကြားထားခြင်းမျိုး မရှိကြောင်း မန္တလေးတိုင်း ပုဂ္ဂလိက ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး) က ငြင်းဆိုသည်။

“ကျနော်တို့အနေနဲ့ အဲဒီလို ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားတာ မရှိဘူးဗျ။ ပြောရရင် သိတောင် မသိဘူးရယ်၊ ဘယ်ကနေ ဘယ်လို ထွက်လာသလဲတော့ မသိဘူးဗျ။ တခုတော့ ဖြစ်နိုင်တယ်။ ဘာလဲဆိုရင် လမ်းမှာ စစ်ဆေးတဲ့အဖွဲ့တွေက အဲဒီ ပစ္စည်းတွေ ပါ/ မပါ ဆိုတာ အသေးစိတ် စစ်ဆေးတာမျိုးကြောင့် အသင်းတွေက လက်မခံတာမျိုး ဖြစ်နိုင်တယ်” ပြော သည်။

သတ်မှတ်ချက်ထက် ပို၍ လက်ခံသော ပစ္စည်းများကို လမ်းခရီးတွင် စစ်ဆေးသည့်အဖွဲ့များက သိမ်းဆည်းခြင်း၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဖမ်းဆီးခြင်း၊ ယာဉ်လိုင်များအား ယာယီပိတ်သိမ်းခြင်းတို့ကို ပြုလုပ်ခံနေရ ကြောင်း သိရသည်။

“နယ်အမှာ ပစ္စည်းတွေ ပို့ဖို့ သွားတော့ အချို့ ကားသင်းတွေက လက်မခံတော့ဘူးဗျ။ သူတို့အနေနဲ့ လက်ခံပေးလို့ မရဘူး ဆိုတာပဲ ဖြေတယ်။ ကျနော်တို့ အရင်ပို့နေကျ ကားဂိတ်ကလည်း ပိတ်ထားတော့ အတော်လေး အကျပ်ရိုက်ရတယ်၊ အခု နယ်အမှာ အော်ဒါအချို့ကို Cancel လုပ်ထားရတယ်” ဟု ချမ်းအေးသာစံမြို့နယ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် တဦးက ပြောသည်။

ယခုအခါ ပြေးဆွဲနေဆဲဖြစ်သည့် ယာဉ်လိုင်းများအနေဖြင့်လည်း အီလက်ထရွန်နစ်ပစ္စည်းများ အပါအဝင် ကန့်သတ်ကုန် ပစ္စည်း ၁၉ မျိုးကို ကန့်သတ်ချက်များ အတိုင်းသာ လက်ခံသည် ဟု ဆိုသည်။

“ကျနော်တို့အသင်းက ကားသမားတယောက်က ရင်းနှီးတဲ့ မိတ်ဆွေမို့ အစားအသောက် အကြော်အလှော်ဗူးတွေကို တင်သွားတာမှာ သီပေါဘက်က စစ်ဆေးရေးဂိတ်က စစ်တော့ အဲဒီ အကြော်အလှော်ဗူးတွေ ပို့တဲ့သူရဲ့ နာမည်၊ ဖုန်းနံပါတ် တွေ အကုန်ပေးလိုက်ရတယ်။ အဲဒီတော့ ကျနော်တို့ဘက်က လုံခြုံရေးစည်း ချိုးဖောက်သလို ဖြစ်နေတာပေါ့၊ အဲဒါကြောင့် ကျနော်တို့ကတော့ ကန့်သတ်ကုန်စည်ဆိုရင် လက်မခံတော့ဘူး” ဟု မန္တလေး-လားရှိုး ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ် လိုင်းတခုမှ ပြောသည်။

ထိုသို့ ကုန်ပစ္စည်းများ ဖောက်၍ စစ်ဆေးသည့်အပေါ်တွင်လည်း ပို့ဆောင်သူများက ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ် လျက်ရှိသည်။

ယခုလို ယာဉ်လိုင်းများ ရပ်နားကြခြင်းမှာ အဆိုပါ ကန့်သတ်ချက်များကြောင့် ကုန်ပစ္စည်းများ တင်ဆောင်ရရှိမှုနည်းကာ တွက်ခြေမကိုက်တော့ခြင်း၊ ဆီဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေခြင်းနှင့် လမ်းခရီး မလုံခြုံခြင်းတို့ကြောင့်လည်း ပါဝင်ကြောင်း ယာဉ်လိုင်းပိုင်ရှင်တချို့က ဆိုသည်။

မန္တလေး-ကလေး ပြေးဆွဲနေသည့် ယာဉ်မောင်းတဦးက “လက်ရှိ အခက်အခဲကတော့ လမ်းမှာ အစစ်အဆေးတွေ များတာ နဲ့ လမ်းကြောင်း လုံခြုံရေး စိတ်မချရတာတွေပေါ့။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်သွားနေရတာ၊ ကားတွေ ၅ စီးလောက် စုပြီး မှ လမ်းကြောင်းပေါ် ဖြတ်ရဲတာ၊ ဒါတောင် တိုက်ပွဲတွေ ဖြစ်တာမျိုးနဲ့ ကြုံရင် လမ်းမှာ နားပေးရတာတွေလည်း ရှိတယ်။ နောက်တခုက လမ်းကြောင်းပေါ်မှာ တခုခု ဖြစ်ပြီဆိုရင် ဂိတ်တွေတင် မဟုတ်တော့ဘဲ လမ်းမှာ ပိတ်စစ်တာတွေလည်း ရှိနေတော့ မလိုအပ်ဘဲ အချိန်တွေ ကြာကုန်တယ်။ မိသားစု စားဝတ်နေရေး အတွက်မို့သာ လုပ်နေရတာ။ ဖြစ်နိုင်ရင် နား တာ အကောင်းဆုံးပဲ” ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

မန္တလေးမြို့တွင် အဝေးပြေး ယာဉ်လိုင်းများအနေဖြင့် ကားဝင်း ၅ ခုနှင့် အဝေးပြေး ကုန်တင်ယာဉ်များအတွက် ကားဝင်း ၁ ဝင်းရှိပြီး မန္တလေး အခြေစိုက်၍ ပြေးဆွဲနေသော အဝေးပြေး ခရီးသည် ယာဉ်လိုင်း ၁၀၀ ကျော်ထိ ရှိသလို အဝေးပြေးကုန် စည် ပို့ဆောင်ရေးနှင့် မြို့တွင်းခေါက်တို ကုန်စည်ပို့ဆောင်ရေးဂိတ် ၁၀၀ ကျော် ရှိကြောင်း သိရသည်။

You may also like these stories:

စက်သုံးဆီဈေး အတက်ကြမ်းသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်လာ

ချေးငွေ ပြန်မဆပ်နိုင်သဖြင့် ကုန်တင်ယာဉ်များ ပြန်သိမ်းခံရမှု ရှိနေ

ရွှေနှင့် ငွေကြေး ကစားသူများကို ထိန်းချုပ်ရန် စစ်ကောင်စီ ပြင်ဆင်လာ

Your Thoughts …
Tags: ကန့်သတ်ကုန်ပစ္စည်းကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်းရပ်နား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

by ဧရာဝတီ
1 October 2024
1.7k

ဆည်ရေများ လွှတ်နေမှုကြောင့် လွိုင်ကော်မြို့နှင့် ၁၀ မိုင်အကျော်၌ တည်ဆောက်ထားသည့် လောပိတရေအား လျှပ်စစ်စက်ရုံဝင်းအတွင်းထိ ရေများဝင်ရောက်လာနေပြီး စက်ရုံ အမှတ် ၂ နှင့် အမှတ် ၃ ကို ရပ်နားထားကြောင်း

ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းတချို့  / ဧရာဝတီ

စက်သုံးဆီဈေးကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ရပ်ဆိုင်း

by ဧရာဝတီ
25 June 2022
11.2k

ယာဉ်လိုင်းများကလည်း ၎င်းတို့၏ ဝန်ထမ်းများ စားဝတ်နေ ရေး ပြေလည်စေရန်အတွက်သာ အဓိက ထား၍ လုပ်ငန်းမပျက်ရုံ ဟန်မပြတ် ပြေးဆွဲပေးနေရသော်လည်း ယခုကဲ့သို့ စက်သုံးဆီးဈေးနှင့် ယာဉ်အပိုပစ္စည်း ဈေးများတက်ခြင်း၊ စက်သုံးဆီ ရှားပါးမှုများ ဆက်ကြုံနေရမည်ဆိုပါက လာမည့်လပိုင်းအတွင်း ထပ်မံ...

ချင်းတွင်းတံတားသည် စစ်ကိုင်းတိုင်း အနောက်ပိုင်းနှင့် မကွေးတိုင်းသို့ ဆက်သွယ်ထားသည် / RNA

ချင်းတွင်းတံတားမှ စားနပ်ရိက္ခာဖြတ်သယ်ခွင့် စစ်ကောင်စီ ပိတ်ပင်

by ဧရာဝတီ
4 May 2023
3.1k

လူတသန်းကျော် အငတ်ဘေး ကြုံနိုင်ကြောင်း စစ်ကိုင်းတိုင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောသည်။

မန္တလေးမြို့ရှိ ကားဝင်းတချို့  /  ဧရာဝတီ

လောင်စာဆီ အကျပ်အတည်းကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲလာ

by ဧရာဝတီ
6 June 2022
7.1k

ရန်ကုန်နှင့် ပဲခူးကို Daewoo Intercity Bus များနှင့် ပြေးဆွဲနေသည့် မြန်မာကုန်သွယ်မှု စင်တာကုမ္ပဏီကလည်း ၎င်းတို့အနေဖြင့် အရှုံးခံပြေးဆွဲသော်လည်း ထပ်မံမြင့်လာသည့် စက်သုံးဆီဈေး ဒဏ်ကို မခံနိုင်တော့သဖြင့် ယခု ဇွန် ၁၀ ရက် မှ...

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတရုံရှိ အလုပ်ခွင်မှ အထည်ချုပ်သမများ  / ဧရာဝတီ

လျှပ်စစ်မီး မမှန်သဖြင့် အထည်ချုပ် စက်ရုံတချို့ ရပ်ဆိုင်းမှု ရှိလာ

by ဧရာဝတီ
16 March 2022
11k

လျှပ်စစ်မီးရရှိမှုမှာ ပို၍ ဆိုးရွားလာခြင်း၊ အချိန် မမှန်ခြင်း တို့ကြောင့် တနိုင်ငံလုံး အတိုင်းအတာ အနေ နှင့် အထည်ချုပ်စက်ရုံ ဆယ်နှင့်ချီ၍ ရပ်ဆိုင်းရမှုများရှိနေပြီး အများစုမှာ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းများ ဖြစ် ကြကာ အိမ်တွင်း အထည်ချုပ်လုပ်ငန်း...

Next Post
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသည့် ရန်ကုန်မီးရထားဝန်ထမ်းများ  / ဧရာဝတီ

CDM လှုပ်ရှားမှုများကြောင့် မီးရထားပြေးဆွဲမှု ပုံမှန်မလည်ပတ်နိုင်

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီး ဦးစိုးညွှန့်လွင်

ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဝန်ကြီးဦးစိုးညွှန့်လွင်တို့အား ထောင်ဒဏ် ၁၆ နှစ်စီချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved