• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

လက်နက်ကိုင်အဖွဲ့ ဖမ်းသွားသည့် ရမ်းဗြဲ NLD အမှုဆောင် ပြန်လွတ်လာ

by မင်းအောင်ခိုင်
9 June 2020
in သတင်းတို
A A
ရမ်းဗြဲမြို့  / Ko Gyi Facebook

ရမ်းဗြဲမြို့ / Ko Gyi Facebook

12.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရမ်းဗြဲမြို့နယ် အလုပ် အမှုဆောင်၊ မြို့နယ်ဘဏ္ဍာရေးမှူးလည်း ဖြစ်သူ ဦးဇေယျာမင်းမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်း ခံခဲ့ပြီးနောက် ဇွန်လ ၅ ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း သတင်း ရရှိသည်။

ဖမ်ဆီးခံခဲ့ရသူ ဦးဇေယျာမင်းမှာ ထိခိုက်မှု တစုံတရာ မရှိဘဲ ကျန်းကျန်း မာမာနှင့်ပြန်လည်လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုးလေးက ပြောသည်။

ဦးစိုးလေးက “ ကိုဇေယျာမင်း ပြန်လွတ်လာတယ်ဆိုတာ ဟုတ်ပါတယ်။ ကျနော်ကို ရမ်းဗြဲမြို့နယ်အလုပ်အမှုဆောင်တွေ ပြောပြတာက ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ပြန်လွတ်လာတာ ဖြစ်တယ်လို့ ပြောတယ်။ အသေးစိတ်ကတော့ ကျနော်လည်း မသိဘူး။” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဇေယျာမင်း ဖမ်းဆီးခဲ့ခဲ့ရသည့် အကြောင်းအရင်းနှင့် မည်ကဲ့သို့ ပြန်လည် လွတ်မြောက်လာသည် ဆိုသည့် အသေးစိတ် အချက်အလက်ကို သိရှိနိုင်ရန် ကာယကံရှင် မိသားစုဝင်များနှင့် ရမ်းဗြဲမြို့နယ်အတွင်းမှ NLD ပါတီဝင်များ ကို ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ ။

NLD ပါတီဝင် ရမ်းဗြဲမြို့နယ်အလုပ်အမှုဆောင် ဦးဇေယျာမင်းသည် ယခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် ရမ်းဗြဲမြို့နှင့် ၁၀ မိုင်ခန့်အကွာ ကျောက်ဆောက်ရွာနှင့် ကုလားပုန်းကျေးရွာအကြားတွင် တည်ရှိသော သစ်စက်မှ ညီအစ်ကို ဝမ်းကွဲတော်စပ်သူ ၁ ဦးနှင့်အတူ အိမ်ပြန်လာစဉ် လက်နက်ကိုင် ၈ ဦး ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဦးဇေယျာမင်း ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် NLD ပါတီဝင်များက ရက္ခိုင့်စစ်တပ် ( AA ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသည်ဟု စွပ်စွဲကြသော်လည်း AA ဘက်က ငြင်းဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ရမ်းဗြဲမြို့ပေါ်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ ) တွင် သွားရောက် ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြို့နယ် NLD ပါတီဝင်များက ဦးဆောင် ကာ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ခဲ့ကြပြီးနောက် မြို့နယ် ပါတီခေါင်းဆောင်အချို့မှာ ဖုန်းဖြင့်လည်းကောင်း၊ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် လည်းကောင်း ခြိမ်းခြောက်ခံရမှုများ ရှိခဲ့ကြောင်း အဆိုပါ ပါတီခေါင်းဆောင်အချို့က ပြောပြကြသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၁ရက်က ဘူးသီးတောင်မြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းအား အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲပြုလုပ်မည်ကို မနှစ်မြို့သဖြင့် AA က ဖမ်းဆီးခဲ့သည်၊ ထို့နောက် AA အဖွဲ့၏ လက်တွင် ဦးရဲသိန်း အသက်ဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ ဖြစ်ပွားနေသော တိုက်ပွဲ ကာလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် အရပ်သားများမှာ နှစ်ဘက် တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းကို ခံနေရသည့်အတွက် ဒေသခံ ရခိုင်လူထုကြားတွင် စိုးရိမ်မှုများ မြင့်တက်လျှက် ရှိသည်။

ဆက်စပ်လင့်

ရမ်းဗြဲမြို့နယ် NLD အလုပ်အမှုဆောင် ဦးဇေယျာမင်း လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းခံရ

ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြော

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
133
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
96
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
124

ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ သေဆုံးမှု တိုက်ပွဲကြောင့် မဟုတ်ဟု တပ်မတော် ပြော

ချင်းအမတ် ဦးဝှေ့တင်း အသက်ရှင်နေကြောင်းကို သက်သေပြမည် မဟုတ်ဟု AA ပြော

Your Thoughts …
Tags: NLD ပါတီရမ်းဗြဲလက်နက်ကိုင်အဖွဲ့
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုး

ပါတီဝင်များ နောက်တကြိမ် လာတွေ့မှု ဒေါ်အောင်ဆန်းစုကြည် လက်မခံ

by ဧရာဝတီ
5 April 2023
12.7k

သွားရောက်တွေ့ဆုံ နှစ်ဦးသည် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌဟောင်း ဦးအောင်စိုးနှင့် ဒီပဲယင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်အောင်တို့ဖြစ်သည်။

ရမ်းဗြဲ ကျောက်နီမော်ရွာဗုံးကြဲခံရမှု အရပ်သား ၄၀ ကျော်သေဆုံး (ရုပ်/သံ)

ရမ်းဗြဲ ကျောက်နီမော်ရွာဗုံးကြဲခံရမှု အရပ်သား ၄၀ ကျော်သေဆုံး (ရုပ်/သံ)

by ဧရာဝတီ
9 January 2025
290

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ကျေးရွာ လေကြောင်း ဗုံးကြဲတိုက်ခိုက် ခံရမှုမှာ အရပ်သား ၄၀ လောက်သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က အတည်ပြုပြောပါတယ်။

စစ်ရေးပြပွဲတွင် တွေ့ရသည့် RCSS တပ်ဖွဲ့များ / Col. Sai Ngern Facebook

ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား

by စောရယ်
25 January 2022
12.9k

အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူတဦးကမူ SSPP, TNLA နှင့် RCSS တို့အကြား ဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှုအပေါ် မူတည်သည့် ပဋိပက္ခများသည် လတ်တလောတွင် စစ်ရေးတင်းမာနေပြီး ပြေလည်ရန် မလွယ်သည့် အနေအထားဖြစ်နေကြောင်း

ကရင်ပြည်နယ် မြဝတီ မြို့အတွင်း ယခုလ ၂၁ ရက်နေ့က အဖွဲ့အစည်း တံဆိပ်အတု အသုံးပြုမှုကို အဖွဲ့စုံပူးပေါင်း အဖွဲ့က စိစစ်နေစဉ် / Win Zaw / FB

ကရင် လက်နက်ကိုင်အဖွဲ့အမည် တံဆိပ်အတု တပ်သူများကို အရေးယူမည်

by ဇင်လင်းထက်
29 May 2020
12.4k

အချို့အရာရှိများမှတဆင့် အဖွဲ့၏ အမှတ်အသား တံဆိပ်များသည် ကုန်သည် အချို့ထံ ရောက်ရှိနေကြောင်း၊ အဆိုပါ ကုန်သည်များသည် အဖွဲ့၏ တံဆိပ်များကို ကုန်စည်များ ကူးသန်းရောင်းဝယ်ရာတွင် အသုံးပြုသည်များလည်း ရှိ ကြောင်း

ပြီးခဲ့သည့် ဧပြီ ၇ရက်က ဖျက်ဆီးခံလိုက်ရသည့် မန္တလေးတိုင်း တောင်သာမြို့နယ် NLD ပါတီရုံး(CJ )

NLD ကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် ပါတီရုံးများ ဆက်တိုက် ဖျက်ဆီးခံရ

by ဧရာဝတီ
12 April 2023
38.2k

ထိုသို့ ဖျက်ဆီးခြင်းများကို ညအချိန်၌ ပြုလုပ်လေ့ရှိပြီး အရပ်ဝတ်ဖြင့်လူအုပ်စုတစုက လာရောက်၍ ဖျက်ဆီးနေကြခြင်း ဖြစ်ကြောင်း ပါတီဝင်များနှင့် ဒေသခံများထံက သိရသည်။

Mi Htaw Mon အကောင့်တွင် တင်ထားသော ပိုစ့်

အသရေဖျက်မှုဖြင့် Mi Htaw Mon အကောင့်ပိုင်ရှင် အမှုဖွင့်ခံရ

by ဇူးဇူး
5 October 2020
29.9k

Mi Htaw Mon အကောင့်ပိုင်ရှင်အား အောက်တိုဘာ ၃ ရက်၊ ည ၈ နာရီခန့်က ချောင်းဆုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၄ ရက်တွင် အမှုဖွင့်ခံရသူအား ရဲစခန်းက...

Next Post
မလေးရှား မြန်မာသံရုံးရှေ့တွင် စွန့်ပစ်ခံရသည့် မြန်မာလုပ်သား ၁၉ ဦးနှင့် ကူညီသူ တဦး / Bar Bu

ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ

သတ္တုတွေ့ရှိရင် တူးဖော်ထုတ်လုပ်ခွင့် ပေးရမယ်ဆိုတာ ဥပဒေထဲမှာပါပြီးသားဖြစ်နေတယ် (ရုပ်/သံ)

သတ္တုတွေ့ရှိရင် တူးဖော်ထုတ်လုပ်ခွင့် ပေးရမယ်ဆိုတာ ဥပဒေထဲမှာပါပြီးသားဖြစ်နေတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved