Entertainment

" ညီလင်းညို ကာရိုက်တာက ဘဝမှာမှတ်တိုင်တခုပါ”

Want create site? Find Free WordPress Themes and plugins.

“အရိပ်” ဇာတ်လမ်းတွဲမှာ “ညီလင်းညို” ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်များက နှစ်သက်သဘောကျခဲ့ကြတဲ့ သရုပ်ဆောင် ဟိန်းထက်ကတော့ ” အရိပ် “ဇာတ်လမ်းတွဲထဲက ညီလင်းညို ကာရိုက်တာဟာ သူ့ဘဝရဲ့မှတ်တိုင်တခုပါ လို့ ဧရာဝတီကို ပြောပါတယ်။

“အရိပ်ကားက ဘဝမှာဆိုရင် တကယ့်မှတ်တိုင်တခုပေါ့။ ပရိသတ်တွေ တခဲနက်အားပေးပြီးတော့ ညီလင်းညို ဆိုပြီး ကျနော့်ရဲ့အနုပညာလမ်းကြောင်းမှာ ပိုပြီးတော့ အောင်မြင်လာစေတဲ့ မှတ်တိုင်လေးတခုပါ။ ဒီထဲမှာဆိုရင် အမှတ်တရ တွေက အများကြီးဆိုမှ အများကြီးပဲ။ နေ့တိုင်းနေ့တိုင်းမှာ အမှတ်တရတွေရှိတယ်” လို့ ဟိန်းထက်က ပြောပါတယ်။

အဲ့ဒီ အရိပ်ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီး ဒီလိုမျိုး ပရိသတ်များရဲ့ ဝန်းရံအားပေးခြင်းခံရမယ်လို့ မမျှော်လင့်ခဲ့ဘဲ အကောင်းဆုံး သရုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခု လက်ရှိအချိန်မှာတော့ “တတိယမြောက်ဆုံမှတ်” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး အရိပ် ဇာတ်ကားထဲက ညီလင်းညို ကာရိုက်တာနဲ့ ကွဲပြားတဲ့ တည်ကြည်ခံ့ငြားပြီး ယောင်္ကျားပီသတဲ့ ရဲအုပ် တယောက်အနေနဲ့ သရုပ်ဆောင် ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။

“အခုလတ်တလော ” တတိယမြောက်ဆုံမှတ် ” ဆိုတဲ့ အက်ရှင်ဇာတ်လမ်းတွဲကို မေမြို့မှာ ရိုက်ကူးနေပါတယ်။ အရမ်း ကွာပါတယ်။ အရိပ်ထဲမှာကျတော့ ကလေးပုံစံပေါ့။ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်တဲ့ ကောင်လေး တယောက်။ ဒီ ” တတိယမြောက်ဆုံမှတ်” ထဲမှာကျတော့ ရဲအုပ်ကာရိုက်တာပေါ့။ တကယ့်ကို တည်တည်ကြည်ကြည်နဲ့ ယောင်္ကျားပီသတဲ့ ပုံစံပေါ့။ ဇာတ်အိမ်အနေနဲ့လည်း ကွာခြားမှုရှိပါတယ်” လို့ ဟိန်းထက် ကပြောပါတယ်။

သရုပ်ဆောင် ဟိန်းထက် ကတော့ MRTV 4 ရဲ့သရုပ်ဆောင်မင်းသားတယောက်ဖြစ်ပြီး ဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ရရသူတဦးဖြစ်ပါတယ်။ တခေတ်တခါကအောင်မြင်ခဲ့တဲ့ အရိပ်ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်လည် ပုံဖော် ရိုက်ကူးခဲ့တဲ့ “အရိပ်” ဇာတ်လမ်းတွဲမှာတော့ ပရိသတ်ရဲ့သတိပြုအားပေးခြင်းခံခဲ့ရတဲ့ သူတယောက်ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading