Health

မနက်ခင်းတွေမှာ ကြည်ကြည်လင်လင် နိုးထစေဖို့ ပြုလုပ်ရမယ့် အချက် ၅ ချက်

Want create site? Find Free WordPress Themes and plugins.

မနက်ခင်းတွေဟာ လူတချို့အတွက်တော့ အိပ်ရာထဖို့ ခက်ခဲပြီး သုတေသနတွေအရ ၇ ရာခိုင်နှုန်းသော လူငယ်တွေသာ မနက်စောစော အိပ်ရာ ထနိုင်ကြတယ်လို့ ဆိုပါတယ်။ အိပ်ရာ စောစောထပြီး မနက်ခင်းတွေမှာ ကြည်ကြည်လင်လင် နိုးထစေနိုင်ဖို့ အခုဖော်ပြမယ့် အချက်တွေနဲ့ အပြောင်းအလဲ လုပ်ကြရမှာ ဖြစ်ပါတယ်။

(၁) စောစော အိပ်ရာဝင်ပါ

စောစော အိပ်ရာဝင်ဖို့ဆိုတာဟာ အခုခေတ်မှာတော့ အပြောထက် အလုပ်က လိုက်နာဖို့ ခက်ခဲပါတယ်။ လူတယောက် အတွက် ပျမ်းမျှအားဖြင့် အိပ်ချိန်ဟာ ၇ နာရီကနေ ၉ နာရီအထိ လိုအပ်ပြီး စောစော အိပ်ရာဝင်တဲ့ အလေ့အထကိုတော့ ၁၅ မိနစ်စောပြီး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်ထက် ၁၅ မိနစ်ခန့်စောပြီး အိပ်ရာဝင်ခြင်းက စောစောအိပ်ဖို့ အလေ့အကျင့် ရစေမှာ ဖြစ်ပါတယ်။

(၂) ဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ

အိပ်ရာဝင်ခါနီး ဖုန်းအသုံးပြုခြင်းဟာ ဖုန်းရဲ့စူးရှတဲ့ အလင်းရောင်ကြောင့် အိပ်ချင်စိတ်ကို နည်းပါးစေပြီး အိပ်စက်ခြင်း စက်ဝန်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

(၃) အစားအသောက် သတိပြုပါ

အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ကို အနားပေးခြင်းဖြစ်တဲ့အတွက် အိပ်ရာမဝင်ခင်မှာ စားသောက်တဲ့ အစားအစာတွေကိုလည်း ဂရုပြုဖို့ လိုပါတယ်။ အထူးသဖြင့် ကဖင်းဓာတ်ကို အဓိကထား ရှောင်ကြဉ်ရမှာဖြစ်ပြီး ကဖင်းဓာတ်အစား ရေတဖန်ခွက် ဒါမှမဟုတ် နွားနို့ပူပူတဖန်ခွက်က သင့်ကို အိပ်မောကျစေမှာဖြစ်ပြီး မနက်အိပ်ရာ နိုတဲ့အခါမှာလည်း ဦးနှောက်ကို ရှင်းရှင်း လင်းလင်း ဖြစ်စေမှာ ဖြစ်ပါတယ်။

(၄) ကြိုတင်ပြင်ဆင်ပါ

နောက်တနေ့အတွက် အချိန်ဇယားဆွဲပြီး ကြိုတင်ပြင်ဆင်ခြင်းက သင့်ကို စိတ်ဓာတ်တက်ကြွစေမှာ ဖြစ်ပါတယ်။ ဒီလို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် စိတ်ဖိစီးမှုနည်းနည်းနဲ့ မနက်ခင်းတွေမှာ နိုးထနိုင်မှာဖြစ်ပြီး နောက်တနေ့မှာ လုပ်မယ့် အစီအစဉ်တွေအတွက် ကောင်းမွန်တဲ့ စိတ်ခံစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

(၅) အနှစ်သက်ဆုံး သီချင်းတွေကို စုစည်းပါ

သင့်ရဲ့အနှစ်သက်ဆုံးသီချင်းတွေကို စုစည်းထားတဲ့ Playlist က သင့်ရဲ့မနက်ခင်းတွေမှာ သီချင်းလေးတွေကို နားထောင်ရင်း တက်တက်ကြွကြွနဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်မှာလည်း ဖြစ်ပါတယ်။

Ref ; thedailynet.com

Did you find apk for android? You can find new Free Android Games and apps.
Loading