ကမ္ဘာတဝှမ်းမှာ တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိကြပြီး တချို့သော တိရစ္ဆာန် မျိုးစိတ်တွေဟာဆိုရင် မျိုးသုဉ်းလုနီးပါးကို ရှားပါးနေပြီပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာတဝှမ်းက တိရစ္ဆာန်ချစ်သူတွေကြားမှာ ရေပန်းစားလှတဲ့ ကမ္ဘာပေါ်က ဈေးအကြီးဆုံး တိရစ္ဆာန်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်တွေထဲမှာ နံပါတ်တနေရာကနေ ရပ်တည်နေတာကတော့ Green Monkey လို့ ခေါ်တဲ့ အလွန်လှပပြီး လျင်မြန်တဲ့မြင်းပဲ ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာ အနိုင်ရရှိခဲ့တဲ့ ဒီမြင်းဟာဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀၀၀ ခန့် တန်ဖိုးရှိပါတယ်။
(၂) အာဖရိကရဲ့ ရွှံ့နွံထူထပ်လှတဲ့ သစ်တောတွေထဲမှာ ကျက်စားနေထိုင်ကြတဲ့ De Brazza’s မျောက်မျိုးနွယ်တွေရဲ့ နာမည်ကိုတော့ ပြင်သစ် စူးစမ်းရှာဖွေသူတွေက အမည်ပေးခဲ့ကြတာဖြစ်ပြီး မျောက်တွေရဲ့သက်တမ်းဟာ ပျမ်းမျှ ၂၂ နှစ်ခန့်ရှိကာ အမေရိကန်ဒေါ်လာ ၇၀၀၀ ကနေ ၁၀၀၀၀ ကြား တန်ဖိုးရှိပါတယ်။
(၃) ရုတ်တရက် ကြည့်လိုက်ရင် ကျားသစ်တကောင်နဲ့ ဆင်တူတဲ့ savannah ကြောင်တွေဟာဆိုရင်လည်း ကမ္ဘာ့ဈေးအကြီးဆုံး တိရစ္ဆာန်မျိုးနွယ်ဝင်တွေ ဖြစ်ပါတယ်။ Savannah ကြောင်တွေကို မွေးမြူမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ခန့်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကျွေးမွေးပြုစုဖို့ အတွက်ကလည်း အင်မတန်မှ အကုန်အကျများတဲ့ တိရစ္ဆာန်ပဲ ဖြစ်ပါတယ်။
(၄) Missy လို့အမည်ရတဲ့ နွားမလေးကတော့ သာမန်အားဖြင့် ရိုးရိုးနို့စားနွားတကောင်လို့ ထင်စရာရှိပေမယ့် သူမဟာ တကမ္ဘာလုံးမှာ ရေပန်းအစားဆုံး Animal Show မှာ Western Fall National Show North America’s Grand Champion ဆုကိုရရှိထားတာဖြစ်ပြီး Missy ကိုမွေးစားဖို့အတွက်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၂၀၀၀၀၀ ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။
(၅) ရှားပါးမျိုးစိတ်ဝင်ဖြစ်ကြတဲ့ Palm Cockatoo လို့ခေါ်တဲ့ ကတ္တဝါတွေဟာဆိုရင်တော့ ရှားပါးငှက်မွေးမြူသူတွေကြားမှာ ရေပန်းစားလှတဲ့ ငှက်မျိုးစိတ်တမျိုးပဲ ဖြစ်ပါတယ်။ ၆၀ စင်တီမီတာ ရှည်လျားပြီး အလေးချိန် ၉၁၀ ကနေ ၂၁၀၀ ခန့်ကြားရှိတဲ့ ကတ္တဝါတွေဟာ အမေရိကန်ဒေါ်လာ ၁၆၀၀၀ ခန့် တန်ဖိုးရှိပါတယ်။
Ref : www.wonderlist.com