• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံ လာမည်

by ဧရာဝတီ
29 June 2022
in သတင်း
A A
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ 

9k
VIEWS
Share on FacebookShare on Twitter

ဒေသတွင်းအစည်းအဝေးတခုတက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ယခုအပတ်ကုန်တွင် မြန်မာသို့ လာရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူက အင်္ဂါနေ့တွင်ပြောသောကြောင့် စစ်အာဏာသိမ်းပြီးနောက် မြန်မာသို့လာရောက်သည့် တရုတ်မှ အဆင့်အမြင့်ဆုံး အရာရှိဖြစ်လာမည်ဖြစ်သည်။

တရုတ်သည် စစ်ကောင်စီကို လက်နက်အဓိကရောင်းချပြီး မဟာမိတ်ဖြစ်ကာ လွန်ခဲ့သောနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်သည့် အာဏာသိမ်းမှုကို အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခြင်း မရှိပေ။

ဝမ်ယိသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရန် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံမြို့ကို လာမည်ဖြစ်သည်။

ဇူလိုင်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိကြာမည့် ထိုအစည်းအဝေးသို့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများတက်ရောက်မည်ဖြစ်သည်။ စစ်ကောင်စီနှင့် နီးစပ်သော စီးပွားရေးသမားများ ပိုင်ဆိုင်သည့် Sakura, Heritage နှင့် Aureum Palace ဟိုတယ်များတွင် ထိုအစည်းအဝေးကို ကျင်းပမည်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဝမ်ယိတို့ တွေ့မည်၊ မတွေ့မည်ကို သေသေချာချာ မပြောနိုင်သေးပေ။

တရုတ်ကျောထောက်နောက်ခံပြု ထိုအစည်းအဝေးသည် မဲခေါင်မြစ်နှင့်ထိစပ်နေသော နိုင်ငံများကို စုစည်းထားသည်။ ထိုမြစ်၏ မြစ်ဖျားပိုင်းကို တရုတ်တွင် လန်ချန်း ဟု ခေါ်ကြသည်။

ဝမ်ယိသည် မြန်မာသို့ ၂၀၂၁ ခုနှစ်ဇန်နဝါရီလက နောက်ဆုံးလာရောက်ခဲ့သည်။ ထိုစဉ်ကသူသည် အရပ်သား သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့သည်။ နောက် ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ မင်းအောင်လှိုင်က အရပ်သား အစိုးရထံမှ အာဏာသိမ်းလိုက်သည်။

အာဏာသိမ်းပြီးနောက် အတိုက်အခံများကို အကြမ်းဖက်နှိမ်နင်းသောကြောင့် အနောက်နိုင်ငံအစိုးရများက စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း စစ်ကောင်စီသည် တရုတ်နှင့် ရုရှားအပါအဝင် မဟာမိတ်များကို အားကိုးနေသည်။

အခြေအနေမည်မျှ ပြောင်းလဲသည်ဖြစ်စေ တရုတ်သည် မြန်မာ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း ဘေ့ဂျင်းက ဧပြီလတွင် ပြောသည်။

နိုင်ငံတွင်းရှိ တရုတ်စီမံကိန်းများအနီးတွင် အရပ်သားများကို သတ်ပြီး ရွာများကို မီးရှို့သည့် စစ်သားများကို ထိုစီမံကိန်းနေရာများတွင် လက်ခံထားသောကြောင့် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင် ခုခံရေး အင်အားစုများက တိုက်ခိုက်မှုများ ပြုလုပ်ပြီးချိန်တွင် ဝမ်ယိ မြန်မာသို့ လာရောက်ခြင်းဖြစ်သည်။

မကြာသေးမီက စစ်ကိုင်းတိုင်းရှိ တရုတ်ပိုင် ဝမ်ပေါင်သတ္တုတူးဖေါ်ရေး ကုမ္ပဏီကို ဖေါက်ခွဲပစ္စည်းများဖြင့် တိုက်ခိုက်ပြီး ဓာတ်အားလိုင်းများကို ဖေါက်ခွဲခဲ့သည်။ ထိုတိုက်ခိုက်မှုများကို ဝမ်ပေါင်က ရှုတ်ချသော်လည်း စစ်သားများကို ၎င်းတို့ စီမံကိန်းဝင်းအတွင်း လက်ခံထားသည့် ကိစ္စကို တစုံတရာ ပြောကြားခြင်းမရှိပေ။

ဖမ်းဆီးခံ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားရာမှ ထောင်ထဲသို့ တဦးတည်းပို့ဆောင်လိုက်ပြီး မကြာမီ တရုတ်နိုင်ငံခြားရေး ဝန်ကြီးလာရောက်ခြင်းလည်း ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) က ဒေါ်အောင်ဆန်းစုကြည်ကို မူလက ဖမ်းဆီးထားသည့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် စစ်ကောင်စီကို တိုက်တွန်းထားသောကြောင့် ယခုခရီးစဉ်အတွင်း ဝမ်ယိသည် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံပါက ထိုကိစ္စကို ဆွေးနွေးမည်မှာ သေချာသလောက်ရှိသည်။ တရုတ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး လုံးဝနှုတ်ပိတ်နေသော်လည်း မြန်မာကို မူလအခြေအနေပြန်ရောက်အောင် လုပ်ဆောင်သည့် ASEAN ၏ အစောပိုင်း အစီအစဉ်များကို ထောက်ခံသည်။

ထိုသို့မလုပ်သောကြောင့် စစ်ကောင်စီသည် နိုင်ငံတကာစင်မြင့်တွင် ပိုမိုအထီးကျန်လာပြီး အာဏာသိမ်းပြီးနောက် မြန်မာသို့လာရောက်သူမှာ ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန်တဦးသာ ရှိသည်။

အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ ရပ်ဆိုင်းအောင် လုပ်ဆောင်ရာတွင် တိုးတက်မှုမရှိသောကြောင့် ဖေဖေါ်ဝါရီလတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပေးခဲ့ပေ။

တရုတ်နှင့် ရုရှားတို့သည် ဂျက်တိုက်လေယာဉ်များနှင့် သံချပ်ကာယာဉ်များအပါအဝင် လက်နက်များကို မြန်မာသို့ ဆက်လက်ထောက်ပံ့နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာ့ရေးရာ ကျွမ်းကျင်သူတဦးက ထိုလတွင်ပင် ပြောကြားခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အတိုက်အခံများကို ဖြိုခွဲရာတွင် လူ ၂၀၀၀ ကျော် သတ်ဖြတ်ခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တခုက ဆိုသည်။

You may also like these stories:

ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား

သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ

နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်

Your Thoughts …
Tags: တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဒေါ်အောင်ဆန်းစုကြည်ပုဂံမင်းအောင်လှိုင်လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဥကရစ်ထစခန်း တိုက်ပွဲဝင်နေသည့် ဗိုလ်စလုံးနှင့် တပ်ဖွဲ့ဝင်တဦး / CJ

ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ

မြောက်ဦးဆရာတော် နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မဟာမုနိဘုရား သိမ်ကို ပြုပြင်ဖို့အတွက် သိမ်တိုင်တတိုင်ကို သိန်းနှစ်ရာလောက် ကုန်ကျတဲ့အကြောင်း မျှဝေပါတယ်

ရခိုင်ပြည် မဟာမုနိသိမ်တော် ပြုပြင်ရေးက ထွက်လာသော အတွေးများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved