မြန်မာနိုင်ငံအနေဖြင့် နုနယ်သည့် ပါတီစုံဒီမိုကရေစီအတွေ့အကြုံကြောင့် တပ်မတော်အနေဖြင့် လွှတ်တော်အတွင်း ပါဝင်ပြီး ထိန်းညှိပေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥရောပသမဂ္ဂကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee-EUMC Meeting) တွင်ပြောဆိုလိုက်ပါတယ်။
တပ်မတော်အနေဖြင့် ပြည်သူ့ဆန္ဒနှင့် အညီထွက်ပေါ်လာသည့် အစိုးရများအပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်းမှ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေံဥပဒေသည် မိမိနိုင်ငံရဲ့ ပကတိအခြေအနေနှင့် ကိုက်ညီသည့် တပ်မတော် အခန်းကဏ္ဍကို ရေးဆွဲထားကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူတို့၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမို ကရေစီစနစ်ကို အခြေခံကျကျ ကာကွယ်ထိန်းသိမ်းနိုင်ရေး ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိနိုင် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တပ်မတော်က နိုင်ငံတော်အာဏာကို အလွယ်တကူမသိမ်းနိုင်ရန်၊ သမ္မတ၏ သဘောတူညီချက်ကြောာင့် နိုင်ငံတော်ကို တပ်မတော်က တာဝန်ယူခဲ့ရလျှင်လည်း အချိန်အကြာကြီး ဆုပ်ကိုင်မထားနိုင်ရန် ပြဋ္ဌားန်ချက်အဆင့်ဆင့်ဖြင့် စနစ်တကျ ပြဋ္ဌာန်းထားကြောင်း၊ဤသည်မှာ တပ်မတော်၏ ပြည်သူ့ဆန္ဒအပေါ် အာမခံချက်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိတွင် တပ်မတော်မှ အစိုးရအဖွဲ့၌ ကာကွယ်ရေးနှင့် ပြည်ထဲရေးတို့တွင် လုံးဝချုပ်ကိုင်ထားသလို၊ လွှတ်တော်အတွင်းတွင်လည်း တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်နေဆဲဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် တပ်ချုပ် ဥရောပခရီးစဉ် မြန်မာ့တပ်မတော်နှင့် လူ့အခွင့်အရေး အဓိက ပါဝင်