ဂျာမနီနိုင်ငံ ဘာလင်မြို့လယ်က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း Kaiser Wilhelm ရဲ့အပြင်မှာ ရောင်းချနေတဲ့ ခရစ်စမတ်ဈေးတန်း တခုကို မနေ့ညနေက အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ထရပ်ကား တစီးက ဝင်တိုက် ရာ လူ ၁၂ဦး သေဆုံးကာ ၄၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဂျာမန်ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒါဟာ အကြမ်းတိုက်ခိုက်တခုဖြစ်နိုင်တယ်လို့ ဆိုလိုက်ပြီး၊ တိုက်ခိုက်သူ လို့ သံသယရှိသူဟာ ကားပေါ်မှ ထွက်ပြေးသွားပြီနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ကားပေါ်ပါ နောက်တဦးကတော့ သေဆုံးသွား ကြောင်း ရဲတပ်ဖွဲ့ရဲ့Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။
ရဲတပ်ဖွဲက ဘယ်လူမျိုးဖြစ်ကြောင်း ထုတ်ဖော်မပြောပေမယ့် ဒေသတွင်းဂျာမန်သတင်းမီဒီယာတွေ ကတော့ မျက်မြင်သက်သေတွေရဲ့အဆိုအရ တိုက်ခိုက်သူလို့ သံသယရှိသူဟာ အာဖဂန်နစ္စတန် ဒါမှမဟုတ် ပါကစ္စတန်ကနေ ဂျာမနီထဲကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မှ ဒုက္ခသည်အဖြစ် ဝင်ရောက်လာသူဖြစ်ပါတယ်။
ဂျာမနီနိုင်ငံမှာ အစ္စလမ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားလာရာ ယခုနှစ်အတွင်း အာဖဂန်လူငယ်တဦး မီးရထားပေါ်မှာ ခရီးသည်တွေကို ဓားနဲ့ တိုက်ခိုက်အတွက် ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပါတယ်။