မြန်မာနိုင်ငံရှိ အော်ပရေတာများအနေနဲ့ သမားရိုးကျ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ (CSP) အဖြစ်ကနေ ပိုမိုအဆင့်မြင့်တဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုကုမ္ပဏီ (DSP) အဖြစ် ပြောင်းလဲဖို့အတွက် ဝန်ဆောင်မှုပေးရန် Nokia ဟာ အကောင်းဆုံးအနေအထားမှာရှိနေကြောင်း Nokia ကုမ္ပဏီက သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
Nokia ကုမ္ပဏီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ Mobile World Congress (MWC) 2018 ပွဲမှာ 5G ကွန်ရက်အတွက် နည်းပညာအသစ်တွေနဲ့အတူ ကုမ္ပဏီရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုနည်းပညာအသစ်တွေကို မိတ်ဆက်ခဲ့ပြီးမကြာခင်မှာပဲ၊ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍပြောင်းလဲမှုအတွက်လည်း ကုမ္ပဏီဘက်က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
MWC 2018 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Nokia ရဲ့ နည်းပညာသစ်တွေမှာ ကွန်ရက်ထိုးဖောက်မှုစွမ်းဆောင်ရည်အပြင် ကုန်ကျစရိတ်ပါသက်သာစေမည့် 5G အတွက် Future X ကွန်ရက် ဗိသုကာဒီဇိုင်း၊ ကွန်ရက်များ၏ လုံခြုံရေး ဆိုင်ရာ ဝန်ဆောင်မှုများအား စီမံခန့်ခွဲမှု၊ အော်ပရေတာများအနေဖြင့် ရင်ဆိုင်ကိုင်တွယ်နိုင်ရန် ကူညီပေးသော ဝန်ဆောင်မှုနှင့် နည်းပညာများ၊ တအိမ်လုံး ဝိုင်ဖိုင်ဖြန့်ကြက်မှုကို တိုးချဲ့လုပ်ဆောင်ပေးခြင်း၊ 60 GHZ ကျော်လွန်သော Fixed Wireless Access အတွက် ဂေဟစနစ်ကျယ်ပြန့်လာစေရန် Facebook နှင့် ပူးပေါင်းနေမှု စသဖြင့် အကြောင်းအရာ များစွာပါဝင်ပါတယ်။
“Mobile World Congress ၂၀၁၈ မှာ လာရောက်ကြည့်ရှုလေ့လာသူတွေဟာဆိုရင် Nokia ရဲ့ အယူအဆတွေ ဖြစ်တဲ့ ဒီဂျစ်တယ်မြို့တော်၊ ဒီဂျယ်တယ် အင်တာပရိုက်စ်၊ ဒီဂျယ်တယ်ကျန်းမာရေး နှင့် 5G စတာ တွေကို တကယ့်ကို စိတ်ဝင်စားကြပါတယ်။ Industry 4.0 ကို ဦးတည်တဲ့ နိုင်ငံတော်ရဲ့ပြောင်းလဲမှု အပေါ် ချိန်ညှိပြီး Nokia ကနေ မြန်မာ့ဆက်သွယ်ရေး အော်ပရေတာတွေအတွက် လုပ်ရိုးလုပ်စဉ် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးအပ်သူ(CSP-traditional Communication Service Provider)မှ ဒီဂျစ်တယ်ဝန်ဆောင်မှုပေးအပ်သူ(DSP- Digital Communication Service Provider)အဖြစ် ပံ့ပိုးကူညီနိုင်ပုံကို ထူးခြားတဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်”
“တခုတည်းသာရှိခြင်း၊ ပေါင်းစည်းထား သော စ-လယ်-ဆုံး ကွန်ရက် နှင့် ဝန်ဆောင်မှု ပေးအပ်နိုင်သော ကမ္ဘာပေါ်မှာ အဓိက ဝန်ဆောင်မှု ပေးအပ်သူတစ်ဦးတည်း ဖြစ်လာစေဖို့ AI(Artificial Intelligence)နည်းပညာ နှင့် Machine Learning နည်းပညာများကို ပေါင်းစပ်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံ ပြောင်းလဲဖော်ဆောင်မှုကို ပံ့ပိုးကူညီရန် အကောင်းဆုံး အနေထားမှာရှိနေတာ ဖြစ်ပါတယ်” လို့ Nokia Myanmar ရဲ့ Country Senior Officer ဖြစ်သူ Mr. Danabalan Amirthalingam က ပြောပါတယ်။
ကမ္ဘာ့အော်ပရေတာ ကုမ္ပဏီကြီးတွေဟာ 5G ကွန်ရက်သစ်ကို ၂၀၁၉ ခုနှစ်ကျရင် သုံးစွဲသူတွေထံ အပြည့်အဝမိ တ်ဆက်ပေးနိုင်ဖို့ ရည်မှန်းချက်နဲ့ ယခု ၂၀၁၈ ခုနှစ်မှာ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ Nokia ဟာ အရှေ့တောင်အာရှဒေသ အပါအဝင် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့မှာ 5G ကွန်ရက် ဝန်ဆောင် မှုပေးနိုင်ဖို့အတွက် Ooredoo ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူညီမှုစာချုပ် လက်မှတ် ရေးထိုးထားပြီးလည်း ဖြစ်ပါတယ်။
Ref: Nokia