Samsung ဟာ 512GB ဆံ့ microSD card တခု ထုတ်ဖို့ လုပ်နေကြောင်း ပြီးခဲ့တဲ့နွေရာသီမှာ ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ အဲ့ဒီ microSD card ကို Samsung ရဲ့ ဂျာမနီဝက်ဘ်ဆိုဒ်မှာ တင်ထားတာကို စတင်မြင်တွေ့ရပြီ ဖြစ်ပါတယ်။
Samsung ရဲ့ ပထမဆုံး 512GB microSD card ကို ၂၈၉ ဒဿမ ၉၀ (ဒေါ်လာ ၃၃၀ ) နီးပါးနဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ အလတ်တန်းစား ဖုန်းတလုံး ဈေးနီးပါးပါပဲ။ 256GB ဗားရှင်းကတ်ကို လက်ရှိမှာ ၉၉ ယူရိုနဲ့ ရောင်းချလျက်ရှိတာကြောင့်၊ Storage ၂ ဆ ပိုလိုချင်ရင် ငွေ ၃ ဆ လောက် ပိုသုံးစွဲရမယ့် သဘောမှာ ရှိပါတယ်။
အဆိုပါ 512GB microSD card ကို Samsung US ဝဘ်ဆိုဒ်မှာလည်း တင်ထားတာတွေ့ရပေမယ့်၊ ဈေးနှုန်းကိုတော့ မဖော်ပြထားသေးပါဘူး။
Samsung ရဲ့ မြန်နှုန်းမြင့် Evo Plus ကတ်အမျိုးအစားဖြစ်ပြီး၊ တစက္ကန့်ကို Read Speed 100MB နဲ့ Write Speed 90MB အထိ ရှိပါတယ်။ Samsung ရဲ့ တခြား Evo Plus microSD ကတ်တွေလိုပဲ ၁၀ နှစ် အာမခံသက်တမ်း ပါရှိမှာဖြစ်ပြီး၊ ရေစိုလည်းခံနိုင်ဖွယ် ရှိပါတယ်။
Samsung ရဲ့ ပြောကြားချက်အရ 4K ရုပ်ထွက်အရည်အသွေးရှိ 3G ပမာဏ ဗီဒီယိုတကားကို ၃၈ စက္ကန့်အတွင်းမှာတင် ကူးယူနိုင်မယ်လို့ သိရပါတယ်။ Full HD ဗီဒီယို ၇၈ နာရီစာ (သို့မဟုတ်) ဓာတ်ပုံပေါင်း ၁၅၀,၃၀၀ အထိ သိမ်းဆည်းထားနိုင်မှာလည်း ဖြစ်ပါတယ်။
512GB အထိ မလိုအပ်တဲ့သူတွေအနေနဲ့ Storage ပိုနည်းတဲ့ Evo Plus ကတ်တွေကိုလည်း Samsung က ဈေးလျော့ပေးထားပါတယ်။
256GB ကတ်ကို ဒေါ်လာ ၇၀ အထိ လျော့ပြီး ၁၀၉ ဒဿမ ၉၉ ဒေါ်လာဈေး၊ 128GB ဗားရှင်းကို ၆၂ ဒေါ်လာလျော့ပြီး ၃၇ ဒဿမ ၉၉ ဒေါ်လာဈေး၊ 64GB နဲ့ 32GB တို့ကိုတော့ ၂၁ ဒဿမ ၉၉ ဒေါ်လာနဲ့ ၁၃ ဒဿမ ၉၉ ဒေါ်လာဈေး အသီးသီးတို့နဲ့ ဝယ်ယူရရှိနိုင် ပါတယ်။
Ref: Android Authority, GSM Arena