သင့်ပတ်ဝန်းကျင်က လူတွေကိုု ပျော်ရွှင်အောင်လုပ်ပေးချင်တယ်လို့များ အတွေးရှိနေတယ်ဆိုရင် အောက်မှာဖော်ပြပေးမဲ့ အချက်တွေက အသုံးဝင်မှာပါ။ အထူးတလည်အားစိုက်ထုတ်စရာမလိုဘဲ ပျော်ရွှင်မှုတွေ ဝေမျှနိုင်တာမို့ ဖတ်ကြည့်ပါနော်။
– သင်မသုံးတဲ့ ကူပွန် (သို့) discount လက်မှတ်တွေကိုအခြားသူတွေကိုု ဝေမျှပါ။
– အလှူတစ်ခုခုလုပ်ဖို့အတွက် သင့်ငွေကြေးထဲက ပမာဏအနည်းငယ်လောက်ကိုု စုထားပါ။
– မိသားစုနဲ့အတူ သစ်ပင်စိုက်ပါ။
– မိသားစုနဲ့ အဖိုးအဖွားတွေဆီကို ဖုန်းခေါ်ကြည့်ပါ။
– သင်ချစ်ရသူကို ချောကလက်နဲ့ စာတိုလေးပေးကြည့်ပါ။
– တွေ့တဲ့သူကို နှုတ်ဆက်ပြုံးပြပါ။
– ပရဟိတလုပ်ငန်းလေးတွေ လုပ်ကြည့်ပါ။
– လမ်းမှာတွေ့တဲ့ အသက်ကြီးသူတွေကို အကူအညီပေးပါ။
– ရုံးက လုပ်ဖော်ကိုင်ဖက်တွေကိုု ကော်ဖီဝယ်တိုက်တာမျိုး လုပ်ကြည့်ပါ။
– အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အချိန်ပေးပြီးဆော့ပါ။
– မိသားစုတွေကို မုန့်ဝယ်ကျွေးပါ။
– ကိုယ်သဘောကျသူရဲ့ အိမ်ရှေ့မှာ ပန်းစည်းသွားထားပါ။
– မိဘမဲ့ဂေဟာတွေ သွားလည်ပြီး အကူအညီပေးပါ။
– စာအုပ်တအုပ်ဖတ်ပြီးရင် စာဖတ်ရတာသဘောကျတဲ့ သူငယ်ချင်းကိုု အဲဒီ့စာအုပ် ပြန်ဝေမျှပါ။
ကဲ အထီးကျန်တယ်၊ ဘယ်သူကမှဂရုမစိုက်ကြဘူးဆိုပြီး စိတ်ညစ်နေမဲ့အစား လွယ်ကူရိုးရှင်းတဲ့ ဒီအချက်တွေကိုလိုက်လုပ်ကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်နေကြည့်ကြရအောင်။