အင်ဒိုနီးရှားနိုင်ငံမှာ လိုင်စင်မဲ့ တရားမဝင် အရက်ပုန်းကြောင့် သေဆုံးသူ အနည်းဆုံး ၉၀ ဦးရှိ သွားပြီဖြစ်ရာ သေဆုံးမှု အများဆုံးအဖြစ် မှတ်တမ်းဝင်သွားပြီး၊ အရေးပေါ်ကြေညာချက်လည်း ထုတ်ပြန်ထားရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂ ါနေ့က မြို့တော် ဂျာကာတာ၊ ဂျာဗားပြည်နယ်အနောက်ပိုင်းနှင့် ပါပူးဝါးအရှေ့ပိုင်း နေရာအနှံအပြားတွင် ရက်သတ္တ နှစ်ပတ်အတွင်း လူအနည်းဆုံး ၉၀ဦး ခန့် အရက်အဆိပ်သင့်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံသားအများစုဟာ အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်ရင် အလယ်အလတ်လမ်းစဉ် ကျင့်သုံးသူဖြစ်ကြပြီး မြို့ကြီးများတွင် မူးယစ်သေစာများကို အလွယ်တကူရရှိနိုင်သော်လည်း အခွန် အတုပ်မြှင့်၍ ဈေးကြီးအောင်ဖန်တီးထား သဖြင့် ဝင်ငွေနည်းတဲ့ အလုပ်သမားများမှာ ဈေးပေါသည့် ချက်အရက်များဘက် တခါတရံ ခြေဦးလှည့်ကြပါတယ်။
ချက်အရက်(အရက်ပုန်း)များ ရောင်းချမှုကို မြို့အသီးသီးမှာ ဖမ်းဆီးနေပေမယ့် ယခုဖြစ်စဉ်က သေဆုံးသူဦးရေ တိုးလာဖွယ်ရှိ တယ်လို့ ရဲက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အရက်ပုန်းရောင်းချသူ အနည်းဆုံး ၉ဦးကို ဖမ်းဆီးထိန်းသိမ်းထားပေမယ့် လက်ရှိအချိန်အထိ တအိမ်ဝင် တအိမ်ထွက် တရားမဝင် အရက်ပုန်း အဓိကဖြန့်ဖြူး ရောင်းချသူများကို အာဏာပိုင်များက ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အရက်ပုန်းချက်ရာတွင် ထည့်သည့် ပစ္စည်းများမှ အတိုင်းအဆမရှိ ပါဝင်တတ်သဖြင့် သောက်သုံးသူများ အန္တရာယ်ဖြစ်စေ ရာ ၂၀၁၆ ခုနှစ်ကလည်း ဂျာဗားအလယ်ပိုင်းတွင် ချက်အရက်သောက်ပြီး လူ ၃၆ ဦး သေဆုံးခဲ့ဖူးပါတယ်။