ဒီတပတ်တော့ ဝါတွင်းကာလမို့ သက်သက်လွတ် စားတဲ့သူတွေအတွက် အဆင်ပြေမယ့် အစားအစာချက်နည်း ဝေမျှ ပေးချင်ပါတယ်။ လုပ်ရတာလည်း လွယ်သလို အရသာလည်းရှိတဲ့ ချိုချိုချဉ်ချဉ်နဲ့ အအီပြေ နာနတ်သီး ထမင်းကြော်ဆို အကြိုက်တွေ့ကြမယ် ထင်ပါတယ်။
နာနတ်သီးထမင်းကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
နာနတ်သီး
ရေ
ထမင်း
ဆီ
ကြက်ဥ
နှမ်းဆီ
ပဲပြား
မှို
ပဲငံပြာရည်
ကြက်သွန်မြိတ်
မုန်လာဥနီ တို့လိုပါတယ်။ တခြားထည့်ချင်တဲ့ အသီးအရွက်တွေ ထပ်ဖြည့်နိုင်ပါတယ်။
ပြင်စရာတွေ အကုန်ပြင်ဆင်ပြီးသွားရင် နာနတ်သီးကို အလောတော် အတုံးလေးတွေ တုံးပြီး ခွက်တခုထဲ ထည့်ပါ။ အိုးတလုံးယူပြီး မီးဖိုပေါ်တင်ပါ။ အိုးထဲကို ရေထည့်ပြီး ဆန်နဲ့ နာနတ်သီးအတုံးလေးတွေရော ထည့်ပြုတ်ပါ။ နာနတ်သီးနဲ့ ဆန်ကို ရောမွှေပေးပြီး တည်ထားပါ။ နာရီဝက်လောက်နေရင် ထမင်းကျက်သွားပါလိမ့်မယ်။
ဒယ်အိုးတလုံးကို မီးဖိုပေါ်တင် အပူပေးပါ။ ပူလာရင် ဆီထည့် ကြက်ဥကို မွှေကြော်ပါ။ ပန်းကန်းတချပ်ထဲ ဖယ်ထားလိုက်ပါ။ ပြီးရင် ကျန်တဲ့ ပဲပြား၊ မှို၊ ကြက်သွန်မြိတ်၊ မုန့်လာဥနီတို့ကို ပဲငံပြာရည်အနည်းငယ်ထည့်ပြီး နှမ်းဆီနဲ့ နွမ်းသွားတဲ့အထိ ၄ မိနစ် လောက်ကြော်ပါ။
အသီးအရွက်တွေ နွမ်းသွားပြီဆိုရင် ထမင်းနဲ့ နာနတ်သီးရယ်၊ ကြက်ဥကြော်ထည့်ပြီး ရောကြော်လိုက်ရင် ချိုချိုချဉ်ချဉ် အရသာလေးနဲ့ စားကောင်းမယ့် သက်သက်လွတ် ဟင်းတခွက်ရပါပြီ။
Ref: All Recipes