Health

တခြားသူတွေနဲ့ အတူ မျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

တကိုယ်ရေ သန့်ရှင်းရေးအတွက် နေ့စဉ်ပုံမှန် အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတွေထဲမှာ တချို့သော အသုံးအဆောင် ပစ္စည်းတွေဟာ တခြားသူတွေနဲ့ မျှဝေ မသုံးစွဲသင့်ပါဘူး။

မျှဝေ မသုံးစွဲသင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို မျှဝေအသုံးပြုမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တာကြောင့် အတူမျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို ရေးသားဖော်ပြ လိုက်ပါတယ်။

(၁) ရေချိုးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာခဲတွေမှာ ပြည်တည်နာကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေများစွာ ကပ်ငြိနေနိုင်တာကြောင့် ဆပ်ပြာခဲတွေကို မျှဝေမသုံးစွဲသင့်ဘူးလို့ ဆေးသုတေသနပညာရှင်တွေက ဆိုပါတယ်။

(၂) နေ့စဉ်အသုံးပြုတဲ့ မျက်နှာသုတ်ပုဝါတွေဟာ စိုလိုက်၊ခြောက်လိုက်ဖြစ်နေတာကြောင့် ဘက်တီးရီးယားနဲ့ မှိုတွေ အလွယ်တကူ ပေါက်ဖွားတဲ့ နေရာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ ်ခြောက်သွေ့အောင် အသုံးပြုတဲ့ မျက်နှာသုတ် ပုဝါတွေကို မျှဝေအသုံးပြုခြင်းဟာ မျက်စိနာရောဂါက အစပြုလို့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်လာ စေနိုင်တာကြောင့် မျှဝေ မသုံးစွဲသင့်ပါဘူး။

(၃) လက်သည်းညှပ်ကို မျှဝေ အသုံးပြုခြင်းဟာ လက်သည်းမှိုစွဲခြင်းအပြင် လက်သည်းညှပ်က တဆင့် ဗိုင်းရပ်စ် ရောဂါပိုးတွေကို ကူးစက်နိုင်စေတာကြောင့် လက်သည်းညှပ်တွေကို မျှဝေ မသုံးစွဲသင့်ပါဘူး။

(၄) ခန္ဓာကိုယ်ရဲ့ အနံအသက်တွေကို ပျောက်ကင်းစေတဲ့ ကိုယ်နံ့ပျောက်ဆေးတွေနဲ့ ချွေးနံ့ပျောက်ဆေး၊ Roll on အစရှိတာတွေကို ချွေးနံ့နဲ့ကိုယ်နံ့တွေကိုသာ သက်သာစေနိုင်တာပါ။ Roll on နဲ့ ချွေးနံ့ပျောက်ဆေးတောင့်တွေမှာ ကပ်ငြိပြီး ပါလာမယ့် ဘက်တီးရီးယားတွေဟာ အရေပြားယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်လာစေနိုင်တာ ကြောင့် မျှဝေမသုံးစွဲသင့်ပါဘူး။

(၅) ခေါင်းဖြီးတဲ့အခါ အသုံးပြုတဲ့ ဘီးဟာ ဦးရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတာကြောင့် ဘီးကတဆင့် ဦးရေပြားပေါ်က မှိုတွေ ကူးစက်စေနိုင်ပြီး ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်း ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ ဘီးကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။

Ref ; buzzfeed.com

Did you find apk for android? You can find new Free Android Games and apps.
Loading