ဒိန်ချဉ်မှာ သင်မသိသေးတဲ့ကျန်းမာရေးအတွက်အသုံးဝင်တဲ့အချက်တွေ အများကြီးရှိပါတယ်။ ပုံမှန်အားဖြင့် ဝိတ်ကျချင်တဲ့ သူတွေနဲ့ အသားအရည်လှချင်သူတွေက ဒိန်ချဉ်ကိုစားသုံးကြပါတယ်။ ဒါ့အပြင် အခြားဘယ်လို အကျိုးကျေးဇူးရှိမလည်းဆိုတာ ဖတ်ကြည့်ပါဦးနော်။
(၁) ဒိန်ချဉ်ကဗိုက်သားချပ်ချပ်လေးရစေတယ်။
တနေ့ကို ဒိန်ချဉ်၁၈ အောင်စ စားပေးခြင်းဖြင့် ချပ်ရပ်တဲ့ဗိုက်သားလေးရစေပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ အမိုင်နိုအက်ဆစ်က ဝမ်းဗိုက်ကအဆီတွေလောင်ကျွမ်းလျော့ကျစေပါတယ်။
(၂) ဒိန်ချဉ်အများစုမှာပါဝင်တဲ့ဘက်တီးရီးယားက သင့်ကျန်းမာရေးအတွက်ကောင်းတယ်။
ဒိန်ချဉ်မှာ Probiotics လို့ခေါ်တဲ့ ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ဘက်တီးရီးယားက သင့်အစာခြေလမ်းကြောင်းမှာရှိတဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်စေတဲ့ Microoraganisms တွေကို တိုက်ထုတ်ပေးတယ်။
(၃) ဒိန်ချဉ်မှာ ဗီတာမင်တွေအများကြီးပါတယ်။
ဒိန်ချဉ်မှာ ပိုတက်စီယမ်၊ အိုင်အိုဒင်း၊ ဗီတာမင် B5 စတဲ့ဓာတ်တွေအများကြီးပါဝင်သလို သွေးနီဆဲလ်နဲ့ အာရုံကြောကို အထောက်အကူပြုတဲ့ B12 လဲ ပါဝင်ပါတယ်။ ဒါ့အပြင် အရွယ်ရောက် အမျိုးသမီးတယောက်အတွက် မရှိမဖြစ်လိုအပ် တဲ့ ဗီတာမင်ဓာတ်တွေ ၆၀ ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။
(၄) ကြွက်သားတွေကို ပြန်လည်အားဖြည့်ပေးတယ်။
ဒိန်ချဉ်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က လေ့ကျင့်ခန်းလုပ်လို့နာကျင်နေတဲ့ကြွက်သားတွေ ပြန်လည်တည်ဆောက်ဖို့နဲ့ သန်မာစေဖို့ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဒိန်ချဉ်တခွက်သောက်ပေးရင် ရေဓာတ် ပြန်လည်ပြည့်ဝစေပါတယ်။
(၅) သွေးဖိအားတက်ခြင်းကို ကာကွယ်ပေးတယ်။
တနေ့ကို ဒိန်ချဉ်နှစ်ခါလောက်စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုများခြင်းနဲ့ ကျောက်ကပ်၊ နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေပါတယ်။
(၆) ဖျားနာခြင်းကို ကာကွယ်ပေးတယ်။
ဒိန်ချဉ်ကို စားသုံးတဲ့အမျိုးသမီးတွေမှာ နာမကျန်းဖြစ်ခြင်းနဲ့ ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ T cells ကို ရရှိပါတယ်။
(၇) ဒိန်ချဉ်ဟာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်တဲ့ အစားအစာဖြစ်တယ်။
ဒိန်ချဉ်မှာ အခြားအစားအစာတွေထက် ပရိုတင်းဓာတ် ၂ဆ ပိုပါဝင်ပါတယ်။ ဒါကြောင့် သင်ဟာ ပရိုတင်း ဓာတ်ပြည့်ပြည့်ဝဝလိုချင်တယ်ဆိုရင် ကွာလတီကောင်းဒိန်ချဉ်ရွေးဝယ်ပြီး ပုံမှန်စားသုံးသင့်ပါတယ်။
အထက်ပါအကြောင်းအရာတွေကတော့ ဒိန်ချဉ်ကနေရနိုင်မဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။