ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ခံတွင်းထဲမှာ အပူကန်နာတွေပေါက်ခြင်းဟာ အစာစားတဲ့ အခါမျိုးတွေမှာ နာကျင်မှုဝေဒနာကို ခံစားရလေ့ ရှိပါတယ်။
ဒါကြောင့်မို့လို့ ခံတွင်းထဲက အပူကန်နာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေမယ့် နည်းလမ်းကောင်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အုန်းနို့ရည်ဟာ ခံတွင်းမှာဖြစ်တဲ့ အပူကန်နာတွေကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေး နည်းပဲ ဖြစ်ပါတယ်။ အုန်းနို့ရည်နဲ့ မကြာခဏ ပလုပ်ကျင်းပေးခြင်းအားဖြင့် အပူကန်နာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၂) ပျားရည်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းရှိပြီး ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် အပူကန်နာ ဖြစ်ပေါ်နေတဲ့ နေရာကို ပျားရည် သုတ်လိမ်းပေးခြင်းအားဖြင့်လည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၃) အပူကန်နာဖြစ်နေတဲ့ နေရာကို ရေခဲကပ်ပေးခြင်းကလည်း နာကျင်မှုကို သက်သာစေနိုင်သလို ရောင်ရမ်းမှုကိုလည်း လျော့ပါးစေတာကြောင့် အနာကျက်မြန်စေပါတယ်။
(၄) တရုတ်နံနံပင်မှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ် ဆတ် တရုတ်နံနံပင်ကို ဝါးစားပေးခြင်းအားဖြင့်လည်း ခံတွင်းထဲက အပူကန်နာတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
(၅) ရှားစောင်းလက်ပတ်ဟာ ခံတွင်းမှာ ဖြစ်တဲ့ အပူကန်နာတွေအပြင် လည်ချောင်းနာတာနဲ့ သွားဖုံးရောင်တာတွေကို ပါ ပျောက်ကင်းစေနိုင်တာကြောင့် အပူကန်နာပေါ်ကို ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ် သုတ်လိမ်းပေးခြင်းကလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၆) ဆားနဲ့ ရေခပ်နွေးနွေးကို ရောစပ်ပြီး ပလုတ်ကျင်းပေးခြင်းဟာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း နိုင်ပေမယ့် အပူကန်နာတွေကို အမြန်ဆုံး ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
Ref : www.top10homeremedies.com