အားကစား

အမျိုးသား အားကစားဝတ်စုံ အကောင်းဆုံး တံဆိပ်များ

Want create site? Find Free WordPress Themes and plugins.

ဒီနေ့ခေတ်ကို အားကစားခေတ်လို့ ဆိုရပါမယ်။ ပြည်တွင်းမှာ ဘောလုံးကို လူကြိုက် အများဆုံး ဆိုပေမယ့် ဘတ်စကတ်ဘော၊ ဘောလုံး၊ အမေရိကန် ဖွတ်ဘော၊ ဂေါက်သီး၊ တင်းနစ်၊ နပန်းက အစ အများစုသော အားကစားသမားတွေက ဝင်ငွေ ကောင်းတယ်၊ ချမ်းသာတယ်၊ နာမည်ကြီးတယ်။ အခု ပြောပြချင်တာက အမျိုးသားဝတ် အားကစားဝတ်စုံတွေ ထုတ်လုပ်တဲ့ အမှတ်တံဆိပ်ပေါင်း များစွာ ရှိတဲ့ အထဲက ဘယ်တံဆိပ်က အကောင်းဆုံးလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အားကစားကို စိတ်ဝင်စား သဘောကျတဲ့ ခေတ်ထဲမှာ ဘယ်တံဆိပ်က အကောင်းဆုံးလဲ၊ ဆွဲဆောင်မှု အရှိဆုံးလဲ လေ့လာကြည့်ရအောင်ပါ။

(၁၀) Reebok ။ ။ အစက တံဆိပ် အမည်က Rhebok ၊ နောက်မှာReebok ဖြစ်လာတဲ့ တောင်အာဖရိက အားကစား ဝတ်စုံထုတ် အမှတ်တံဆိပ်ပါ။ နည်းပညာ ကောင်းတယ်၊ ကမ္ဘာမှာ ဈေးအကြီးဆုံး အားကစား ဝတ်စုံ အမှတ်တံဆိပ်တွေထဲက တခုပါ။ သူ့ကို လူကြိုက်များတဲ့ အချက်က ၁၈၉၀ ကတည်းက အားကစားဝတ်စုံတွေ ထုတ်လုပ်လာလို့ သက်တမ်းရင့်တယ်၊ စိတ်ချရတယ်၊ အခုတော့ Adidas အုပ်စုထဲက လုပ်ငန်းတခု ဖြစ်နေပါပြီ။ အပြေး၊ လမ်းလျှောက်၊ တောက်တက်သမားတွေ အကြိုက်ဆုံး တံဆိပ်ပါ။ ဒါပေမယ့် သူ့ရဲ့ ဒီဇိုင်းက မလှလို့ ဆွဲဆောင်နိုင်မှုတော့ အားနည်းပါတယ်။

(၉) Gap ။ ။ အရင်က အမျိုးသမီးတွေ အတွက်ပဲ ဝတ်စုံတွေ ထုတ်လုပ်နေပေမယ့် အခုတော့ အမျိုးသားတွေ အတွက်လည်း ရလာတဲ့ အပြင် ကိုယ်ကျပ် ချွေးခံဝတ်စုံတွေနဲ့ အတူ နာမည် ရလာတာပါ။ ဈေးနှုန်း ချိုသာတယ်၊ ဒီဇိုင်းလည်း လှတယ်၊ အပြေးဝတ်စုံ တစုံကို ဒေါ်လာ ၂၀ လောက်ပဲ ဈေးရှိပါတယ်။ ရွေးချယ်စရာလည်း များတယ်၊ ဒါကြောင့် လူကြိုက်များ ပေမယ့် ဒီဇိုင်းက ခေတ်ရှေ့ မပြေးဘူး၊ လက်ရှိ လူကြိုက်များတဲ့ ပုံစံအတိုင်းပဲ လိုက်ထုတ်နေသလို အမျိုးသားဝတ် ဝတ်စုံတွေ အတွက် အကောင်းဆုံး ဖန်တီးနိုင်မှု မရှိသေးဘူးလို့ သုံးသပ်ရပါတယ်။

(၈) Under Armour ။ ။ Gym ကစားသူတွေ အကြိုက်ဆုံးနဲ့ အအောင်မြင်ဆုံး ဝတ်စုံ ထုတ်သူပါ။ ကိုယ်ကျပ် ဒီဇိုင်း၊ လည်ပင်းက V ပုံစံနဲ့ လှတယ်၊ ခါးရှည် မဟုတ်ဘဲ အကျႌအရွယ် အလိုက် Fit ဖြစ်အောင် ချုပ်လုပ် ရောင်းချသူပါ။ ရွေးချယ်စရာ ဒီဇိုင်း များပြားတယ်၊ ဘောလုံးသမားတွေ အကြိူက် အများဆုံးတံဆိပ် အဖြစ် လူသိများပါတယ်၊ အမှတ်တံဆိပ်ကို ဦးစားပေး ဖော်ပြထုတ်လုပ်မှု တခုကတော့ ဒီဇိုင်းပိုင်းမှာ ဆန်းသစ်နိုင်မှု အားနည်းသွားစေပါတယ်။

(၇) Eysom ။ ။ အမေရိကန်နိုင်ငံ လော့အိန်းဂျလိစ် အခြေစိုက် အမှတ်တံဆိပ် တခု ဖြစ်ပြီး Gym သမားတွေ နှစ်သက်တဲ့ တံဆိပ်ပါပဲ။ ဈေးအရမ်းကြီးလို့ လူတိုင်းတော့ မဝတ်နိုင်ကြပါဘူး။ ၈ လက်မ လေ့ကျင့်ရေး ဝတ်စုံ တစုံကိုတောင် ဒေါ်လာ ၁၈၀ ရှိပါတယ်။ ရွေးချယ်နိုင်စရာ ဒီဇိုင်းပုံစံလည်း နည်းပါတယ်။ ဒါပေမယ့် အရည်အသွေးက ထိပ်တန်းအဆင့် ရှိပါတယ်။ Eysom ဆိုတာ သိလိုက်ရုံနဲ့ ဝတ်စုံက ဆရာကျပေမယ့် ဈေးများနေတာ တခုက အရောင်းထိုင်း လူကြိုက်နည်းစေပါတယ်။

(၆) Puma ။ ။ လမ်းလျှောက်သမားတွေ၊ Gym နဲ့ လှုပ်ရှားကစားသမားတွေ စိတ်ကြိုက် အမှတ်တံဆိပ်ပါပဲ။ အထူးသဖြင့် ဒီဇိုင်းပိုင်း ကြည့်ကောင်းလို့ လူကြိုက်များ ပါတယ်။ ဒါပေမယ့် ဖန်တီးချုပ်လုပ်မှု နည်းပညာပိုင်း အားနည်းချက် အနည်းငယ် ရှိနေ ပါတယ်။ အထူးသဖြင့် အပြေးနဲ့ ဆိုင်တဲ့ အားကစားနည်းတွေမှာဆိုရင် Puma ရဲ့ ဝတ်စုံတွေက ကြာကြာအသုံးမခံတာ တွေ့ရ ပါတယ်။

(၅) Adidas ။ ။ နည်းပညာပိုင်းလည်း ကောင်းမွန်သလို ဒီဇိုင်းရော ချုပ်သားပါ စိတ်ချရပါတယ်။ လှုပ်ရှားအားကစားသမား တွေ အတွက်ကတော့ မရှိမဖြစ် သုံးသင့်တဲ့ တံဆိပ် တခုပါ။ ဝတ်စုံတွေက အရည်အသွေး ကောင်းလို့ ကြာရှည်ခံပါတယ်၊ စိတ်ချ ရတယ်၊ အားကစားနည်း အစုံအတွက် ဝတ်စုံတွေ ရနိုင်ပါတယ်။ ဒါပေမယ့် လမ်းလျှောက် လေ့ကျင့်ခန်းသုံး ဝတ်စုံတွေကတော့ ကြည့် မကောင်းသလို သိပ် အဆင်မပြေပါဘူး။ အမှတ်တံဆိပ် Logo ကိုလည်း ဦးစားပေး ရိုက်နှိပ်ထားတတ်ပြီး သိပ်ကြည့် မကောင်းချင်ပါဘူး။

(၄) Nike ။ ။ တကမ္ဘာလုံးက လက်ခံတဲ့ အမှတ်တံဆိပ်ပါ။ ဈေးနှုန်းမျိုးစုံနဲ့ ဝတ်စုံ မျိုးစုံ၊ ပုံစံဒီဇိုင်းမျိုးစုံ ရနိုင်ပါတယ်။ ဘယ်နိုင်ငံမှာ မဆို Nike ဝတ်စုံတွေ ရှိပါတယ်။ ချွေးခံဝတ်စုံတွေနဲ့ ကိုယ်အပူချိန်ကို အကောင်းဆုံး ထိန်းထားပေးနိုင်မယ့် နည်းပညာမြင့် ဝတ်စုံတွေ ထုတ်လုပ်နိုင်ကြောင့် လူကြိုက်များပါတယ်။ ဒါပေမယ့် Adidas လိုပဲ Logo ကို ဦးစားပေးရိုက်နှိပ်လွန်း ပါတယ်။ ဈေးမြင့်တဲ့ ဝတ်စုံတွေ အရမ်းကောင်းသလို ဈေးနည်းတဲ့ ဝတ်စုံတွေ ညံ့လွန်းတာမျိုးတော့ ရှိပါတယ်။

(၃) Ten Thousand ။ ။ သူကတော့ တံဆိပ်သစ်ပါ၊ ထုတ်လုပ်မှု သက်တမ်းလည်း သိပ်မကြာသေးပါဘူး။ ဒါပေမယ့် အားကစားသမား အများစု လက်ခံနေတဲ့ တံဆိပ် ဖြစ်လာပါတယ်။ အဓိက အနေနဲ့တော့ ချုပ်သားကောင်းခြင်းနဲ့ အတူ နာမည်ရလာပါတယ်။ ဝတ်စုံတိုင်းမှာ အတွင်းသား ထည့်ချုပ်တတ်တာ တွေ့ရပြီး ချွေးကို အကောင်းဆုံး ထိန်းထားပေးနိုင်လို့ သဘောကျ ကြပါတယ်။ ဈေးနှုန်းလည်း သင့်ပြီးဒေါ်လာ ၅၀ ဝန်းကျင်ပဲ ဝတ်စုံတွေက ဈေးရှိပါတယ်။ ဒါပေမယ့် မော်ဒယ် ပုံစံများများ ရွေးချယ်နိုင်လောက်အောင် ထုတ်လုပ်ရောင်းချခြင်း မရှိတာက အရောင်းနှေးစေနေပါတယ်။

(၂) Rhone ။ ။ ဒီနေ့ခေတ် Gym ကစားတာများလာတာနဲ့ အပြိုင် ကိုယ်ကျပ် ဝတ်စုံကောင်းကောင်း ချုပ်လုပ်လာနိုင်မှုက Rhone ကို ဈေးကွက်နေရာ ကောင်းကောင်းရလာစေပါတယ်။ Rhone ရဲ့ ဝတ်စုံတွေက သေသပ်တယ်၊ ကြည့်ကောင်းတယ်၊ ကိုယ်တိုင်းနဲ့ ကွက်တိ ဖြစ်နေစေတယ်၊ ဒါပေမယ့် ကိုယ်ကျပ်အကျႌတွေပဲ ရနိုင်ပြီး ဒီဇိုင်းမျိုးစုံ မလာပါဘူး။ အထည်သား အရည်အသွေး ကတော့ ထိပ်တန်းအဆင့် ရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းတော့ နည်းနည်းများနေပြီး ဝတ်စုံ တစုံကိုပဲ ပျမ်းမျှ ၅၅ ဒေါ်လာလောက် ရှိပါတယ်။

(၁) Champion Sportswear ။ ။ လူသိများမှု အရ ဆိုရင်တော့ နာပတ် ၁ မဖြစ်သင့်ပေမယ့် HanesBrandsInc., ရဲ့ လက်ခွဲ အဖြစ် အသစ်ထွက်လာတဲ့ အခု အမှတ်တံဆိပ်က အားကစားအသင်းပေါင်း များစွာကို အာမခံနဲ့ ဝတ်စုံတွေ ရောင်းချထားနိုင်တာကိုတော့ မေ့ထားလို့ မရပါဘူး။ ကမ္ဘာတလွှားက အများစုသော အားကစားအသင်းငယ်တွေမှာ Champion ရဲ့ ဝတ်စုံနဲ့ သိပ်မလွတ်ကြပါဘူး။ သူက အသင်းကြီးတွေကို စပွန်ဆာပေး ရောင်းချမှုထက် ဈေးချိုချိုနဲ့ အရည်အသွေး ကောင်းကောင်း ဝတ်စုံတွေကို အသင်းငယ်တွေဆီ ရောင်းချပြီး ဈေးကွက်နေရာ အခိုင်အမာ ရယူထားပါတယ်။ ရွေးချယ်နိုင်စရာ ဒီဇိုင်း အစုံလည်း ရနိုင်ပါတယ်။ ဒါပေမယ့် မိမိနဲ့ မှန်ကန်တဲ့ ဝတ်စုံကို ရွေးချယ် တတ်ဖို့တော့ လိုအပ်ပါတယ်။ မဟုတ်ရင် ပြီးစလွယ် ဝယ်လိုက်တဲ့ Cham ရဲ့ ဝတ်စုံတွေက တော်တော်ကို ကြည့်ရဆိုးတတ်လို့ ဖြစ်ပါတယ်။ ။

Ref: www.m.huffpost.com

Did you find apk for android? You can find new Free Android Games and apps.
Loading