အားကစား

လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် မြန်မာနိုင်ငံသို့ ရောက်ရှိနေ

အင်္ဂလန် ပထမတန်း လိဂ် ချန်ပီယန်ရှစ်၏ နာမည်ကြီး လိဒ်ယူနိုက်တက်အသင်း၏ ဥက္ကဋ္ဌနှင့် ပိုင်ရှင်ဖြစ်သူ အန်ဒရီးယား ရာဒရစ်ဇ်ဇန်နီ (Andrea Radrizzani) သည် ဇန်နဝါရီ ကစားသမား အပြောင်း အရွှေ့ရာသီပိတ်ချိန် နောက်ဆုံးရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

၎င်းတို့ အနေဖြင့် ပရီးမီးယားလိဂ် မြှင့်တင်ရေးနှင့် ရာဒရစ်ဇန်နီ၏ အကြိုရာသီအတွင်း ထိပ်တန်း ၆ လ ကုန်ဆုံးရန် သတ်မှတ်ထား သဖြင့် အဆိုပါ ဘောလုံးရာသီကာလ မကုန်ဆုံးမီ အဖြူရောင်ဝတ်စုံဝတ် လိဒ်ယူနိုက်တက်အသင်း တာဝန်ရှိသူများက တိုက်စစ်မှူးတဦး ရရှိရန် မျှော်လင့်ကြထားသည်။

သို့ရာတွင် ယခုအခါ မြန်မာနိုင်ငံသို့ ရာဒရစ်ဇန်နီ ရောက်ရှိနေပြီး ၎င်းသည် ကစားသမား အပြောင်းအရွှေ့ကိစ္စမျိုး၊ သို့မဟုတ် လိဒ်ယူနိုက်တက်အသင်း အနေဖြင့် ကစားသမား အရွှေ့အပြောင်းကိစ္စ ဆွေးနွေးစရာမျိုး မရှိလျှင် အရေးပါသူ အဖြစ် အများမြင်ကွင်းတွင် ထွက်ပေါ်လာလေ့ရှိသူ မဟုတ်ချေ။

အီတလီ လူမျိုးဖြစ်သူ ရာဒရစ်ဇန်နီသည် မြန်မာနိုင်ငံရှိ နိုဗိုတယ် ရန်ကုန်မက်စ် ဟိုတယ်တွင် ၎င်းရိုက်ကူးထားသည့် ဓာတ်ပုံကို အင်စတာဂရမ် လူမှုကွန်ရက်သို့ ၎င်းကိုယ်တိုင် လွှင့်တင်ခဲ့ပြီး ပုံစာကို “မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနေရှင်နယ်လိဂ် ဥက္ကဋ္ဌနှင့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ မစ္စတာဇော်ဇော်နှင့် အထူးတွေ့ဆုံခြင်း” ဟု ရေးသားထားသည်။

ရာဒရစ်ဇန်နီ မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း လိဒ်အသင်းအနေဖြင့် နောက်တနေ့ညနေ ကစားသမား အပြောင်းအရွှေ့ရာသီ မကုန်ဆုံးမီ မည်သည့် လုပ်ငန်းများ လုပ်ကိုင်ရန် ရှိသေးသနည်း ဟူသော မေးခွန်းများ မြင့်တက်နေခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် လိဒ်ယူနိုက်တက် အသင်းသည် ချန်ပီယံရှစ်တွင် ရလဒ်များ လွဲချော်ခဲ့ရသလို အဆင့် ၉ သို့ပါ လျှောကျသွားခဲ့ရာ ပရိသတ်များကလည်း တိုက်စစ်မှူးတဦး ခေါ်ယူရန် တောင်းဆိုလျက်ရှိသည်။

(www.insidefutbol.com တွင် ဖော်ပြထားသည့် Leeds United Supremo In Myanmar As Transfer Window Approaches Climax ကို ဘာသာပြန်သည်။)

Loading